အွန်လိုင်းအမုန်းစကားကို တန်ပြန်ခြင်းအစီရင်ခံစာ

ယူနက်စ်ကို၏ ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ကျင်းပသော ၃၇ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဆုံးဖြတ်ချက်အမှတ် ၅၂ ကို ယင်း၏ အဖွဲ့ဝင်နိုင်ငံ ၁၉၅ နိုင်ငံက ချမှတ်ခဲ့ကြသည်။ ယင်းမှာ ‘ ပြည့်စုံကျယ်ပြန့်ပြီး အကြံဉာဏ်ပေးနိုင်သော သက်ဆိုင်ရာအစုအဖွဲ့အများစုပါဝင်သည့် လေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်ရန်’ ဖြစ်သည်။၁။ လူမျိုးရေးဆိုင်ရာ အမုန်းစကားများအတွက် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရေးပဋိဉာဉ်က လူမျိုးအဖြစ် အုပ်စုခွဲခြားသတ်မှတ်ခံထားရသော လူများကို ပိုမိုမြင့်မားသည်ဟုလည်းကောင်း၊ ပိုမိုနိမ့်ကျသည်ဟုလည်းကောင်း အတွေးအမြင်မျိုးအားဖွင့်ဟ ထုတ်ဖော်မှု မှန်သမျှကို တားမြစ်ပိတ်ပင်ရန် တောင်းဆို ထားသည်။၂။ နိုင်ငံသား သို့မဟုတ် ဘာသာရေးကို အခြေခံသော မုန်းတီးမှုအတွက် ICCPR ၏ အပိုဒ် ၂၀ အရ ရာဇဝတ်မှုမြောက်သည်ဟု ဆိုထားသည်။ သို့ရာတွင် […]

Read More →
အမုန်းပိရမစ်

အမုန်းစကားနှင့်ပတ်သက်၍ တိကျရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားသည့် အမုန်းပိရမစ် ၂ ခုရှိပါသည်။ တစ်ခုမှာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်သဘောတူညီချက်များကို အခြေခံထား သည့် Article 19 ၏ အမုန်းပိရမစ်ဖြစ်ပြီး ကျန်တစ်ခုမှာ အမုန်းစကားပညာပေးအစီအစဉ်များ ကို အားသွန်ခွန်စိုက်ပြုလုပ်ပေးနေသော Anti-Defamation League – ADL ၏ အမုန်းပိရမစ် ဖြစ်ပါသည်။ အမုန်းပိရမစ်တွင် အဆင့် တိုင်းသည် သက်ရောက်မှုရှိသော်လည်း အောက်ခြေမှ အပေါ်သို့ တက်လာလေ အမုန်းပြင်းထန်လာလေဖြစ်ပြီး နောက်ဆုံးတွင် လူအုပ်စုတစ်ခုလုံး၏ အသက်ကိုပင် အန္တရာယ်ပြုနိုင်ကြောင်း အမုန်းပိရမစ်များတွင် လေ့လာတွေ့ရှိရပါသည်။ အမုန်းစကားဟုဆိုနိုင်သော အမျိုးအစားအဆိုပြုချက် ပြင်းထန်သောအဆင့်အလိုက် အမုန်းစကားဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ထုတ်ဖော်ပြသပြောဆိုမှုများကို ပိုမိုရှင်းလင်းစေရန်နှင့် အမုန်းစကားများကို သင့်တော် ထိရောက်သည့်ကိုင်တွယ်ဖြေရှင်းမှုများ လွယ်ကူစွာပြုလုပ်နိုင်စေရန် အဆင့် ၃ ဆင့် ခွဲ၍ အမုန်းစကားအမျိုးအစားကို […]

Read More →
အမုန်းစကားနှင့် ဖွင့်ဆိုချက်

အင်္ဂလန်နိုင်ငံ University of East Anglia ၏ နိုင်ငံရေးဌာနက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်ထုတ်ဝေ သော ‘ အမုန်းတရားဟူသည်မှာ အဘယ်နည်း။ အပိုင်း(၁) အမုန်း၏ဒဏ္ဍာရီ’ အမည်ရှိသော သုတေသနပညာရှင် အက်လက်ဇန်းဒါးဘရောင်း ၏ သဘောတရားရေးရာသုတေသနစာစောင် ပါ ဖွင့်ဆိုချက်ဥပမာကိုလည်း အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။ အမုန်းစကား ဟူသည် အသွားနှစ်ဘက်ရှိသော ဓားကဲ့သို့ ဖြစ်သည်။ တစ်ဘက်မှာ အမုန်းစကား၏ ခြိမ်းခြောက်ဖိ အားပေးနိုင်စွမ်းကြောင့် ကိုယ့်ဘာသာ ဆင်ဆာလုပ် နှုတ်ဆိတ်သွားနိုင်သကဲ့သို့ တစ်ဘက်မှာ လည်း အမုန်းစကား မပြန့်ပွားရေးအတွက် ဥပဒေများ၊ တားမြစ်ချက်များကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများ နည်းပါး ဆိတ်သုဉ်းသွားနိုင်နေသည်။ ဥပမာ – တောင်အာဖရိကနိုင်ငံ တွင် ၂၀ဝ၀ ပြည့်နှစ်၌ တန်းတူညီမျှမှု တိုးတက်စေရေးနှင့် […]

Read More →
အမုန်းစကားကို လက်နက်အဖြစ် မသုံးစွဲရေး

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဟုဆိုရာတွင် စာရေးဆရာများ၊သတင်း စာ ဆရာများ၊ လူ့ရပိုင်ခွင့်လှုပ်ရှား တက်ကြွသူများအား သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်ကွပ်အရေးယူသည့်အခါ ‘စကားလုံးများသည် ရာဇဝတ်မှု မမြောက်ပါ’ဟု ခုခံတုံ့ပြန်လေ့ရှိကြသည်။ သို့ရာတွင် သမိုင်း တလျှောက်တွင် ပေါ်ပေါက်ခဲ့သော လူမျိုး သုဉ်းသတ်ဖြတ်မှုကြီးမျိုးမှသည် လူသားအချင်းချင်း အမုန်းပွားရန်လိုမှုလေးများအထိ မုန်းတီးမှုကို တိုးပွားစေရန် အားပေးနိုင်သော အရာများတွင် စကားလုံးများ၊ အမုန်းစကားများ၊ အမုန်းဇာတ် ကြောင်း ပြောများပါနေသည်မှာ ငြင်းစရာ မရှိပါ။ ယနေ့ခေတ် ဆိုရှယ်မီဒီယာတွင်လည်းသည်ဥပမာက အထင်အရှား ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အမုန်းစကားနှင့် ပတ်သက်လျှင် စကားလုံးများသည် ရာဇဝတ်မှု မဟုတ်ဟု အခိုင်အမာ ငြင်းဆိုနိုင်ရန် မည်သည့် စကားလုံးများကို မည်သို့သုံးစွဲရမည် ဟူ သည်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကန့်သတ်မှုအောက်တွင် ဆုံးဖြတ်မည်လော၊ ဥပဒေပိုင်းဆိုင်ရာ […]

Read More →
Social media & sharing icons powered by UltimatelySocial