အားလုံးအတွက် ဆေးဖိုးဝါးခ (သို့မဟုတ်) လူတိုင်းအကျုံးဝင် ကျန်းမာရေးအာမခံဥပဒ

သမိုင်းနောက်ခံ             မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်အထိ လူထုကျန်းမာ ရေးစရိတ်စက အများစုကို ‘ဆိုရှယ်လစ်စနစ်’ (socialis-ed health care) ဖြင့်ကျခံစီစဉ်ခဲ့သည်။ လုပ်ငန်းအားလုံးကို ပြည်သူပိုင်ဟုခေါ်သည့် နိုင်ငံပိုင်ပြုလုပ်ပြီး ဝင်ငွေအားလုံး ကို နိုင်ငံတော်ကသာရယူ စီမံခန့်ခွဲကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဝန်ဆောင်မှုစရိတ်များကို အစိုးရက အဓိက စိုက်ထုတ်သုံးစွဲခဲ့သည်။ ဆေးဝါးများ မှောင်ခိုစျေးကွက်၊ ပုဂ္ဂလိကဆေးခန်းနှင့် အချို့ကိစ္စများအတွက် လူထုဘက်က မိမိဘာသာကျခံသုံးစွဲရခြင်း ရှိနိုင်သော်လည်းလိုအပ်သော ကျန်းမာရေးစရိတ်ကို နိုင်ငံတော်က တာဝန်အပြည့်အဝ နီးပါးယူထားခဲ့သည်။             ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံ၏စီမံခန့်ခွဲပုံကို ‘စျေးကွက်စီးပွားရေးစနစ်’ဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည်။ အုပ်ချုပ်ရေးစနစ်ပြောင်းလဲသွားမှှုုက သိသာသော်လည်း စီးပွားရေးစနစ် ပြောင်းလဲသွားသည့်အတွက် လိုအပ် ချက်များပေါ်ထွက်လာခြင်းကို လူအများနား မလည်ခဲ့ကြပါ။ စနစ်ပြောင်းသွားပြီးနောက် အစိုးရသည် နိုင်ငံ၏ […]

Read More →
လူတိုင်းလက်လှမ်းမီမည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ်ဆီသို့

ကျန်းမာရေးစောင့်ရှောက်မှုသည် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာ စာတမ်း၏ အပိုဒ် ၂၅ တွင် ဖော်ပြထားသော အခြေခံလူ့ရပိုင်ခွင့်တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့နိုင်ငံအချို့တွင်် ရောင်းကုန်ပစ္စည်းသဖွယ် စျေးကွက်တွင်ကျယ်နေသည်မှာ လည်း ပကတိအရှိတရားတစ်ခုပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူတိုင်းလက် လှမ်းမီနိုင်သည့်၊ အရည်အသွေးနှင့် ပြည့်မီပြီး အခကြေးငွေအရ ဝန်ထုပ်ဝန်ပိုး မဖြစ်စေနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုဟူသည် သမိုင်းတလျှောက် မည်သည့် အခါကမျှ မရှိသေးသည်မှာလည်း ဝမ်းနည်းဖွယ်အမှန်တရားပင် ဖြစ်ပါသည်။ ဆိုရှယ်လစ်ခေတ်က ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ ရခဲ့သော်လည်း နေရာတိုင်း လူတိုင်းအတွက် အကျုံးမဝင်ခဲ့သကဲ့သို့ အခကြေးငွေပေးလျှင်ရသည်ဆိုသော သည် နေ့ခေတ်မှာပင် အရည်အသွေး ပြည့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုကို စိတ်ချ လက်ချ မမျှော်လင့်နိုင်သေးပါ။             ထိုသို့သော နှစ်ပေါင်းများစွာ ဖြစ်နေသည့်အခြေအနေမှာ မြန်မာနိုင်ငံတွင် ပျှမ်းမျှလူ့သက်တမ်းသည် ၂ဝ၂ဝ […]

Read More →
အွန်လိုင်းအမုန်းစကားကို တန်ပြန်ခြင်းအစီရင်ခံစာ

ယူနက်စ်ကို၏ ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ကျင်းပသော ၃၇ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဆုံးဖြတ်ချက်အမှတ် ၅၂ ကို ယင်း၏ အဖွဲ့ဝင်နိုင်ငံ ၁၉၅ နိုင်ငံက ချမှတ်ခဲ့ကြသည်။ ယင်းမှာ ‘ ပြည့်စုံကျယ်ပြန့်ပြီး အကြံဉာဏ်ပေးနိုင်သော သက်ဆိုင်ရာအစုအဖွဲ့အများစုပါဝင်သည့် လေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်ရန်’ ဖြစ်သည်။၁။ လူမျိုးရေးဆိုင်ရာ အမုန်းစကားများအတွက် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရေးပဋိဉာဉ်က လူမျိုးအဖြစ် အုပ်စုခွဲခြားသတ်မှတ်ခံထားရသော လူများကို ပိုမိုမြင့်မားသည်ဟုလည်းကောင်း၊ ပိုမိုနိမ့်ကျသည်ဟုလည်းကောင်း အတွေးအမြင်မျိုးအားဖွင့်ဟ ထုတ်ဖော်မှု မှန်သမျှကို တားမြစ်ပိတ်ပင်ရန် တောင်းဆို ထားသည်။၂။ နိုင်ငံသား သို့မဟုတ် ဘာသာရေးကို အခြေခံသော မုန်းတီးမှုအတွက် ICCPR ၏ အပိုဒ် ၂၀ အရ ရာဇဝတ်မှုမြောက်သည်ဟု ဆိုထားသည်။ သို့ရာတွင် […]

Read More →
အမုန်းပိရမစ်

အမုန်းစကားနှင့်ပတ်သက်၍ တိကျရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားသည့် အမုန်းပိရမစ် ၂ ခုရှိပါသည်။ တစ်ခုမှာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်သဘောတူညီချက်များကို အခြေခံထား သည့် Article 19 ၏ အမုန်းပိရမစ်ဖြစ်ပြီး ကျန်တစ်ခုမှာ အမုန်းစကားပညာပေးအစီအစဉ်များ ကို အားသွန်ခွန်စိုက်ပြုလုပ်ပေးနေသော Anti-Defamation League – ADL ၏ အမုန်းပိရမစ် ဖြစ်ပါသည်။ အမုန်းပိရမစ်တွင် အဆင့် တိုင်းသည် သက်ရောက်မှုရှိသော်လည်း အောက်ခြေမှ အပေါ်သို့ တက်လာလေ အမုန်းပြင်းထန်လာလေဖြစ်ပြီး နောက်ဆုံးတွင် လူအုပ်စုတစ်ခုလုံး၏ အသက်ကိုပင် အန္တရာယ်ပြုနိုင်ကြောင်း အမုန်းပိရမစ်များတွင် လေ့လာတွေ့ရှိရပါသည်။ အမုန်းစကားဟုဆိုနိုင်သော အမျိုးအစားအဆိုပြုချက် ပြင်းထန်သောအဆင့်အလိုက် အမုန်းစကားဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ထုတ်ဖော်ပြသပြောဆိုမှုများကို ပိုမိုရှင်းလင်းစေရန်နှင့် အမုန်းစကားများကို သင့်တော် ထိရောက်သည့်ကိုင်တွယ်ဖြေရှင်းမှုများ လွယ်ကူစွာပြုလုပ်နိုင်စေရန် အဆင့် ၃ ဆင့် ခွဲ၍ အမုန်းစကားအမျိုးအစားကို […]

Read More →
Social media & sharing icons powered by UltimatelySocial