မြန်မာနိုင်ငံရွေးကောက်ပွဲစနစ်

            ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသောရွေးကောက်ပွဲစနစ်များကို ကျင့်သုံးကြ ပြီး မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသော ရွေးကောက်ပွဲစနစ်အကြောင်းကို အကျဉ်းချုံးတင်ပြသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ၂ဝ၁ဝ ပြည့်နှစ်မှစတင်၍ ရွေးကောက်ပွဲများကို အများစုကိုယ်စားပြုစနစ် (Plurality/Majority System) ဖြင့် ကျင်းပသည်။  အများစုကိုယ်စားပြုစနစ်တွင်လည်း  အနိုင်ရသူအကုန်ယူစနစ် (First Past the Post-FPTP),  စနစ်ကို ကျင့်သုံးပါသည်။             အစိုးရအဖွဲ့ကို မဲဆန္ဒရှင်များမှ ရွေးကောက်တင်မြှောက်ရခြင်းမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များကသာ ရွေးချယ်ရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဥပဒေပြုခွင့်အာဏာအပ်နှင်းထားသော လွှတ်တော်သုံးရပ်ရှိကြရာ ယင်းတို့မှာ အမျိုး သားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တို့ ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လွှတ်တော်သုံးရပ်သို့ အနိုင်ရရှိစေရန် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ကြခြင်းဖြစ် သည်။ လွှတ်တော်သို့ဝင်ရောက်မည့် ကိုယ်စားလှယ်အားလုံးကို ပြည်သူများက […]

Read More →
ဥပဒေရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်း စဉ်းစားရမည့်အချက်များ

သတင်းအချက်အလက် လွတ်လပ်စွာတောင်းယူရရှိပိုင်ခွင့်ဥပဒေရေးဆွဲရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသောအချက်များ သတင်းအချက်အလက်လွတ်လပ်စွာတောင်းဆိုရယူပိုင်ခွင့်ကိုဦးစားပေး ခြင်း ဥပဒေတွင် သတ်မှတ်ထားသည့်ခြွင်းချက် (လျှို့ ဝှက်) သတင်းအချက်အလက်များမှလွဲ၍ ကျန် သတင်းအချက်အလက် အားလုံးကိုရယူနိုင်ရမည် ဆိုသည်ကို တိကျရှင်းလင်းစွာ ဖော်ပြရန်လိုအပ်သည်။ ဥပဒေတွင် စကားလုံးအသုံးအနှုန်းများ၏အဓိပ္ပာယ် ဖော်ပြချက်များ ရည်ရွယ်ချက်များ ရှင်းလင်းစွာ ပါဝင်သင့်သည်။ အောက်ပါရည်ရွယ်ချက်များပါ ဝင်အောင် ထိရောက်စွာပြဋ္ဌာန်း သင့်သည်။၁။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ခြင်း၊၂။ အလွှာပေါင်းစုံမှပါဝင်မှုကို တိုးမြှင့်ခြင်း၊၃။ အစိုးရ၏ အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ခြင်း၊ အကျုံးဝင်သည့်နယ်ပယ် မည်သည့်ပုံစံဖြင့်ဖြစ်စေမှတ်တမ်းတင်ထားသည့် သတင်းအချက်အားလုံး လူတိုင်း (အဖွဲ့အစည်းများအပါအဝင်) တောင်းဆိုခွင့်ရှိသည် အစိုးရ၏ မဏ္ဍိုင်သုံးရပ်လုံး၊ အစိုးရပိုင်လုပ်ငန်းများ၊ ဌာနများ၊ ဘဏ္ဍာငွေထောက်ပံ့မှု ရရှိသောဌာန/ အဖွဲ့အစည်းများ၊ အများပြည်သူဝန်ဆောင်မှု ဆောင်ရွက်သောဌာန/အဖွဲ့အစည်းများ လုပ်ထုံးလုပ်နည်းများ သတင်းအချက်အလက်တောင်းဆိုနိုင်ရန်အတွက်ရိုးရှင်းလွယ်ကူသော လုပ်ထုံးလုပ်နည်းများ- […]

Read More →
သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာဥပဒေ

နိုင်ငံအသီးသီးတွင် သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေများကို အမည်အမျိုးမျိုးဖြင့် ပြဌာန်း ထားကြသည်။ ဥပမာအားဖြင့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် Freedom of Information Act အနေဖြင့်လည်းကောင်း၊ ကနေဒါနိုင်ငံတွင် Access to Information Act အနေဖြင့်လည်းကောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံများတွင် Right to Information Act ဟူ၍ လည်းကောင်းအသီးသီး ခေါ်ဝေါ်ပြဌာန်းကြပါသည်။ အမည်နာမနှင့် လုပ်ထုံးလုပ်နည်းများ ကွဲပြားလျက်ရှိကြသော်လည်း ယူဆချက်မှာ အတူတူပင် ဖြစ်ပါသည်။ `ကမ္ဘာပေါ်တွင် ပထမဦးဆုံး သတင်းအချက်အလက်ရရှိပိုင်ခွင့်ဥပဒေကို ၁၇၆၆ ခုနှစ် (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ကျော်ခန့်ကတည်းက)တွင် ဆွီဒင်နိုင်ငံတွင် ပြဌာန်းခဲ့ပါသည်။ ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံပေါင်း – ၁၁၈ နိုင်ငံတွင် သတင်း […]

Read More →
သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာအနှစ်သာရများ

ယခုကဏ္ဍတွင် အမ်မစ်တီတက္ကသိုလ်၊ မက်(ဒ)ယာပရာဒက်(ရှ)၊ ရွာလီယာမှ ဒေါက်တာ မိုဟစ် ရှားမား ဆန်ဂျေးဆင်း ဘာဒေါရီးယား (လက်ထောက်ပါမောက္ခ)တို့ ရေးသားထားသော ‘သတင်း အချက်အလက်ရပိုင်ခွင့်၊ အားသာချက်နှင့်အားနည်းချက်များ’ ဆောင်းပါးပါအချက်အလက်များ ကို ထုတ်နုတ်တင်ပြသွားမည်ဖြစ်သည်။ သတင်းအချက်အလက်ရပိုင်ခွင့်၏ သဘောသဘာဝ သတင်းအချက်အလက်ရပိုင်ခွင့်၏ အနက်အဓိပ္ပာယ်မှာ အများဆိုင်ရာ အဖွဲ့အစည်းများမှ သတင်း ရယူပိုင်ခွင့် ပင်ဖြစ်သည်။ ယင်းတွင် အစိုးရအခမ်းအနား မှတ်တမ်းများ၊ အစည်း အဝေးဆုံးဖြတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များ၊ အစိုးရမှတ်ပုံတင်စာရင်း ဝင် ထုတ်ပြန် ကြေညာချက်များ၊ ဖိုင်တွဲများ၊ စာရင်းစာအုပ်များ၊ အသိပေးစာများ၊ စည်းမျဉ်း စည်းကမ်းများ၊ မြေပုံများ၊ သိုမှီးထားသောအချက် အလက်များ၊ ရုပ်ပုံကားချပ်များ၊ ဖန်တီးမှုလက်ရာ များ စသည့်တို့အား ရယူခွင့်အပါအဝင်ဖြစ်သည်။ ကျယ်ပြန့်သော အနက် အဓိပ္ပာယ်အရဆိုလျှင် အများဆိုင်ရာအဆောက်အအုံများမှသာမက ပုဂ္ဂလိကအဆောက်အအုံများ ယင်းကို […]

Read More →
Social media & sharing icons powered by UltimatelySocial