သတင်းအချက်အလက်ရပိုင်ခွင့်အပေါ်နိုင်ငံတကာစံနှုန်းများနှင့် ချိန်ညှိခြင်း

သတင်းအချက်အလက်ရရှိပိုင်ခွင့်ကို နိုင်ငံတကာတွင် လူ့ရပိုင်ခွင့်တစ်ရပ်အဖြစ် အသိအမှတ်ပြု ထားပြီးRight to Information (RtI) သို့မဟုတ် Access to Information (AtI) သို့မဟုတ် Right to Know အဖြစ်လည်း သတ်မှတ်သုံးနှုန်းကြပါသည်။ ယခုကဏ္ဍတွင် အပြည်ပြည်ဆိုင် ရာ လူ့ရပိုင်ခွင့်အရေးကြေညာစာတမ်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အပြည်ပြည် ဆိုင်ရာပြည်သူ့အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါ နိုင်ငံတကာစံနှုန်း များကို ဖော်ပြသွားမည်ဖြစ်သည်။ Universal Declaration of Human Rights UDHR အပြည်ပြည်ဆိုင်ရာလူ့ရပိုင်ခွင့်ကြေငြာစာတမ်း အပိုဒ် ၁၉ လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့် အပြင်နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘော တရားများကို တစ်နည်းနည်းဖြင့် […]

Read More →
အားလုံးအတွက် ဆေးဖိုးဝါးခ (သို့မဟုတ်) လူတိုင်းအကျုံးဝင် ကျန်းမာရေးအာမခံဥပဒ

သမိုင်းနောက်ခံ             မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်အထိ လူထုကျန်းမာ ရေးစရိတ်စက အများစုကို ‘ဆိုရှယ်လစ်စနစ်’ (socialis-ed health care) ဖြင့်ကျခံစီစဉ်ခဲ့သည်။ လုပ်ငန်းအားလုံးကို ပြည်သူပိုင်ဟုခေါ်သည့် နိုင်ငံပိုင်ပြုလုပ်ပြီး ဝင်ငွေအားလုံး ကို နိုင်ငံတော်ကသာရယူ စီမံခန့်ခွဲကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဝန်ဆောင်မှုစရိတ်များကို အစိုးရက အဓိက စိုက်ထုတ်သုံးစွဲခဲ့သည်။ ဆေးဝါးများ မှောင်ခိုစျေးကွက်၊ ပုဂ္ဂလိကဆေးခန်းနှင့် အချို့ကိစ္စများအတွက် လူထုဘက်က မိမိဘာသာကျခံသုံးစွဲရခြင်း ရှိနိုင်သော်လည်းလိုအပ်သော ကျန်းမာရေးစရိတ်ကို နိုင်ငံတော်က တာဝန်အပြည့်အဝ နီးပါးယူထားခဲ့သည်။             ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံ၏စီမံခန့်ခွဲပုံကို ‘စျေးကွက်စီးပွားရေးစနစ်’ဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည်။ အုပ်ချုပ်ရေးစနစ်ပြောင်းလဲသွားမှှုုက သိသာသော်လည်း စီးပွားရေးစနစ် ပြောင်းလဲသွားသည့်အတွက် လိုအပ် ချက်များပေါ်ထွက်လာခြင်းကို လူအများနား မလည်ခဲ့ကြပါ။ စနစ်ပြောင်းသွားပြီးနောက် အစိုးရသည် နိုင်ငံ၏ […]

Read More →
လူတိုင်းလက်လှမ်းမီမည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ်ဆီသို့

ကျန်းမာရေးစောင့်ရှောက်မှုသည် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာ စာတမ်း၏ အပိုဒ် ၂၅ တွင် ဖော်ပြထားသော အခြေခံလူ့ရပိုင်ခွင့်တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့နိုင်ငံအချို့တွင်် ရောင်းကုန်ပစ္စည်းသဖွယ် စျေးကွက်တွင်ကျယ်နေသည်မှာ လည်း ပကတိအရှိတရားတစ်ခုပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူတိုင်းလက် လှမ်းမီနိုင်သည့်၊ အရည်အသွေးနှင့် ပြည့်မီပြီး အခကြေးငွေအရ ဝန်ထုပ်ဝန်ပိုး မဖြစ်စေနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုဟူသည် သမိုင်းတလျှောက် မည်သည့် အခါကမျှ မရှိသေးသည်မှာလည်း ဝမ်းနည်းဖွယ်အမှန်တရားပင် ဖြစ်ပါသည်။ ဆိုရှယ်လစ်ခေတ်က ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ ရခဲ့သော်လည်း နေရာတိုင်း လူတိုင်းအတွက် အကျုံးမဝင်ခဲ့သကဲ့သို့ အခကြေးငွေပေးလျှင်ရသည်ဆိုသော သည် နေ့ခေတ်မှာပင် အရည်အသွေး ပြည့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုကို စိတ်ချ လက်ချ မမျှော်လင့်နိုင်သေးပါ။             ထိုသို့သော နှစ်ပေါင်းများစွာ ဖြစ်နေသည့်အခြေအနေမှာ မြန်မာနိုင်ငံတွင် ပျှမ်းမျှလူ့သက်တမ်းသည် ၂ဝ၂ဝ […]

Read More →
ပြည်သူ့ယုံကြည်မှုအတွက် လူသားလုံခြုံမှုကို အလေးထားရမည့် ပြည်သူ့ရဲ

အာဏာရှင်စနစ်အောက်တွင် မဏ္ဍိုင်သုံးရပ်ကို လူတစ်စု၏အလုံးစုံအာဏာအဖြစ် လက်ခံကျင့်သုံးရာမှ မြန်မာ့ တရားစီရင်ရေးမဏ္ဍိုင်သည်မည်သည့်အခါမျှအာဏာရှင် လောင်းရိပ်အောက်မှ မလွတ်မြောက်နိုင်ခဲ့ သည့်နည်းတူ တရားစီရင်ရေး၏အရေးပါဆုံး အစိတ်အပိုင်းဖြစ်သော ပြည်သူ့ရဲတပ်ဖွဲ့သည်လည်း မည်သည့်အခါကမျှ တရားစွဲ အဖွဲ့ အစည်း၏ မူလတာဝန်ကို အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါချေ။ ယင်း အားနည်းချက်သည် အရပ် သားအစိုးရဟုဆိုနိုင်သော ယနေ့အခြေအနေတွင်လည်း တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရပင် ဆက်လက် တည်မြဲနေသေးသည်။ တရားရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားစီရင်ရေးမဏ္ဍိုင်၏ တိုက်ရိုက် အစိတ်အပိုင်းဖြစ်ရမည့် ပြည်သူ့ရဲတပ်ဖွဲ့မှာ တရားရေးဝန်ကြီးဌာနဟူရွေ့ မရှိသည်ကတစ် ကြောင်း၊ အစဉ် အလာအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးအနေဖြင့် တပ်မတော်၏ လက်အောက်ခံဖြစ်နေရသည်က တစ်ကြောင်း ကြောင့် ယင်း၏ မူလတာဝန်ဖြစ်သော လူသားလုံခြုံရေးအတွက် အားထုတ်ရခြင်းကိုပင် ကျေပွန်စွာ မထမ်း ဆောင်နိုင်သေးပေ။ ထို့ပြင် သမိုင်းတစ်လျှောက် အတွေ့အကြုံအရ […]

Read More →
Social media & sharing icons powered by UltimatelySocial