အမုန်းစကားကို လက်နက်အဖြစ် မသုံးစွဲရေး

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဟုဆိုရာတွင် စာရေးဆရာများ၊သတင်း စာ ဆရာများ၊ လူ့ရပိုင်ခွင့်လှုပ်ရှား တက်ကြွသူများအား သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်ကွပ်အရေးယူသည့်အခါ ‘စကားလုံးများသည် ရာဇဝတ်မှု မမြောက်ပါ’ဟု ခုခံတုံ့ပြန်လေ့ရှိကြသည်။ သို့ရာတွင် သမိုင်း တလျှောက်တွင် ပေါ်ပေါက်ခဲ့သော လူမျိုး သုဉ်းသတ်ဖြတ်မှုကြီးမျိုးမှသည် လူသားအချင်းချင်း အမုန်းပွားရန်လိုမှုလေးများအထိ မုန်းတီးမှုကို တိုးပွားစေရန် အားပေးနိုင်သော အရာများတွင် စကားလုံးများ၊ အမုန်းစကားများ၊ အမုန်းဇာတ် ကြောင်း ပြောများပါနေသည်မှာ ငြင်းစရာ မရှိပါ။ ယနေ့ခေတ် ဆိုရှယ်မီဒီယာတွင်လည်းသည်ဥပမာက အထင်အရှား ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အမုန်းစကားနှင့် ပတ်သက်လျှင် စကားလုံးများသည် ရာဇဝတ်မှု မဟုတ်ဟု အခိုင်အမာ ငြင်းဆိုနိုင်ရန် မည်သည့် စကားလုံးများကို မည်သို့သုံးစွဲရမည် ဟူ သည်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကန့်သတ်မှုအောက်တွင် ဆုံးဖြတ်မည်လော၊ ဥပဒေပိုင်းဆိုင်ရာ […]

Read More →
သား ရွှေအိုးထမ်းလာသည်ကို မြင်သည့်အဖြစ်မျိုးနှင့် မြေယာအရေး

စိုက်ပျိုးရေးကို အဓိကထားပါသည်ဟု ခံယူထားသော မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှု၊ မြေယာအသုံးချမှု တို့နှင့် သက်ဆိုင်သော အခက်အခဲများ၊ အငြင်းပွား မှုများ၊ ပြဿနာများ ရှိနေဆဲဖြစ်နေသည်မှာ မည်သို့မျှ မဆီလျော် ပေ။ ထိုသို့ဖြစ်ရ ခြင်းမှာ နိုင်ငံရေးအုပ်ချုပ်မှုစနစ်အမျိုးမျိုး ပြောင်းလဲခဲ့ခြင်းက အဓိကကျသော အကြောင်းရင်း ဖြစ်သည်ကို တွေ့ရပေမည်။ မြေယာပြုပြင်ပြောင်းလဲမှုများကို ကိုလိုနီ အလွန်ခေတ်မှစပြီး ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးစနစ်အလိုက် အုပ်ချုပ်သူအာဏာ ရှိသူအလိုက် အမျိုးမျိုးပြောင်းလဲခဲ့သလောက် ရိုးရာဓလေ့မြေယာစီမံမှုမှာ လွန်စွာအားနည်းခဲ့ရသည်။ ထို့ကြောင့် ဓားမဦးချလုပ်ကိုင်သူများက မြေကို ထွန်ယက် စိုက်ပျိုးရန်သာ အာရုံထား နေချိန်တွင် မြေယာမှတ်ပုံတင်ခြင်း၊ အခွန်ပေးဆောင်ခြင်း များဖြင့် မြေယာပိုင်ဆိုင်မှုအတွက် တရားဝင်ဖြစ်အောင် လုပ်နည်းကိုသိသော အာဏာရှိ၊ ငွေကြေးရှိသူများက ထိုမြေယာကို တရားဝင်ပိုင်ဆိုင်သူမှာ သူတို့သာ ဖြစ်သည်ဟု အငြင်းပွားမှုများ အပါအဝင် […]

Read More →
ပြည်သူ့ယုံကြည်မှုအတွက် လူသားလုံခြုံမှုကို အလေးထားရမည့် ပြည်သူ့ရဲ

အာဏာရှင်စနစ်အောက်တွင် မဏ္ဍိုင်သုံးရပ်ကို လူတစ်စု၏အလုံးစုံအာဏာအဖြစ် လက်ခံကျင့်သုံးရာမှ မြန်မာ့ တရားစီရင်ရေးမဏ္ဍိုင်သည်မည်သည့်အခါမျှအာဏာရှင် လောင်းရိပ်အောက်မှ မလွတ်မြောက်နိုင်ခဲ့ သည့်နည်းတူ တရားစီရင်ရေး၏အရေးပါဆုံး အစိတ်အပိုင်းဖြစ်သော ပြည်သူ့ရဲတပ်ဖွဲ့သည်လည်း မည်သည့်အခါကမျှ တရားစွဲ အဖွဲ့ အစည်း၏ မူလတာဝန်ကို အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါချေ။ ယင်း အားနည်းချက်သည် အရပ် သားအစိုးရဟုဆိုနိုင်သော ယနေ့အခြေအနေတွင်လည်း တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရပင် ဆက်လက် တည်မြဲနေသေးသည်။ တရားရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားစီရင်ရေးမဏ္ဍိုင်၏ တိုက်ရိုက် အစိတ်အပိုင်းဖြစ်ရမည့် ပြည်သူ့ရဲတပ်ဖွဲ့မှာ တရားရေးဝန်ကြီးဌာနဟူရွေ့ မရှိသည်ကတစ် ကြောင်း၊ အစဉ် အလာအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးအနေဖြင့် တပ်မတော်၏ လက်အောက်ခံဖြစ်နေရသည်က တစ်ကြောင်း ကြောင့် ယင်း၏ မူလတာဝန်ဖြစ်သော လူသားလုံခြုံရေးအတွက် အားထုတ်ရခြင်းကိုပင် ကျေပွန်စွာ မထမ်း ဆောင်နိုင်သေးပေ။ ထို့ပြင် သမိုင်းတစ်လျှောက် အတွေ့အကြုံအရ […]

Read More →
လွတ်လပ်ခြင်း၊တရားမျှတခြင်းနှင့်တရားစီရင်ရေး

အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစနစ်သည် အချုပ်အခြာနယ်နမိတ်တစ်ခုအတွင်း အာဏာလက် ဝယ်ရှိသော အုပ်ချုပ်သူအစိုးရ(သို့)အဖွဲ့အစည်းက ယင်းနယ်နမိတ်အတွင်း နေထိုင်သောလူသားများ အပေါ် မတရားဖိနှိပ်မှုများ၊ လူသားရပိုင် ခွင့်ချိုးဖောက်မှု များကို ကျူးလွန်လာလျှင် ယင်းတို့ အတွက် တရားမျှတမှုကို ပြန်လည်ဖြစ်ပေါ်စေရန် နှင့်မတရားမှု၊ ချိုးဖောက်မှုများအား အဆုံးသတ်ရန်၊ ကာကွယ် ရန်တို့အတွက် ယင်း နယ်နမိတ်အပြင်ရှိ အခြားလူသားများနှင့်နိုင်ငံများက အားထုတ်ဆောင် ရွက်သင့်သည် ဟူသော အတွေးအခေါ်ကို အခြေခံကာ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်တွင် အဓိကကျသောအဆုံးအဖြတ်သည် အချုပ်အခြာ နယ်နမိတ်ပြင်ပရှိ လူသားများ၊ အဖွဲ့အစည်းများနှင့်နိုင်ငံများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ မတရားမှုများ ဖြစ်ပွားရာ၊ လူ့ရပိုင်ခွင့်များချိုးဖောက်ရာ ယင်း အချုပ်အခြာနယ်နမိတ်အတွင်းရှိ လူသားများ၊ အဖွဲ့ အစည်းများ၏ ဆောင်ရွက်မှု၊ တုံ့ပြန်မှု နှင့် ပြင်ဆင်မှုတို့အပေါ်တွင်သာ တည်မှီနေကြောင်း […]

Read More →
Social media & sharing icons powered by UltimatelySocial