ကျန်းမာရေးလွှမ်းခြုံမှုဆိုင်ရာ နိုင်ငံတကာပုံစံများ

 နိုင်ငံတကာတွင် ယခုကဲ့သို့ လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုပုံစံ (UHC) ရှေ့တန်းသို့ မရောက်ရှိမီက ကျန်းမာရေးလွှမ်းခြုံမှုဆိုင်ရာ ပုံစံများ အကြောင်းကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။ ဘစ်မခ်ပုံစံ Bismarck Model             ယင်းပုံစံမှာ ဂျာမဏီနိုင်ငံတွင် ဘစ်မခ်က ၁၈၈၁ ခုနှစ်နှင့် ၁၈၈၉ ခုနှစ်တို့အတွင်း လူမှု ရေးဆိုင်ရာဥပဒေများကို စတင်အဆိုပြုရာမှ ပေါ်ပေါက်ခဲ့သည်။ ကျန်းမာရေးအာမခံနှင့် ကျန်းမာ ရေးစောင့်ရှောက်ဝန်ဆောင်မှုတို့သည် ယခုစနစ်ပုံစံတွင် အရေးပါသည်။ ယင်းအတွက်လိုအပ် သော ရန်ပုံငွေကို အခွန်အခများထံမှ မကောက်ယူဘဲ လူမှုရေးအရ မျှဝေသုံးစွဲသည့်ထံမှရယူ သည်။ တနည်းအားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများက လူမှုရေးအတွက် ဖယ်ချန်ထားသော ရန်ပုံငွေကို ကုမ္ပဏီနှင့် အလုပ်သမားများ ပါဝင်သော စီမံခန့်ခွဲသည့်အဖွဲ့တစ်ခုထားရှိကာ ကိုင် တွယ်စေခြင်း ဖြစ်သည်။ အစိုးရအနေဖြင့် ငွေကြေးထည့်ဝင်မှု […]

Read More →
လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှု UHC

ယခုကဏ္ဍတွင် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု (UHC) နှင့် သက်ဆိုင်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖွင့်ဆိုရှင်းပြချက်များ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော (UHC) စနစ်များ၊ နိုင်ငံတကာစံနှုန်းများနှင့် မြန်မာနိုင်ငံကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ တွင် ပြောင်းလဲတိုးတက်မှုအခြေအနေများ အစီရင်ခံစာပါအကြောင်းအရာများကို ထုတ်နုတ် ဖော်ပြသွားမည်ဖြစ်သည်။ UHC ၏ အဓိပ္ပာယ်သတ်မှတ်ချက်အနှစ်ချုပ်             အောက်ဖော်ပြပါပုံအရ ကျန်းမာရေးစနစ်၏ အဓိကရည်မှန်းချက်သုံးမျိုးဖြစ်သော ပြည်သူများ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူများ၏ ကျေနပ်နှစ်သက်မှု၊ ကျန်းမာ ရေးစရိတ်ထောင်ခြင်းအတွက် ငွေကြေးအကာ အကွယ်ပေးမှုတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုပါက လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု UHC […]

Read More →
အွန်လိုင်းအမုန်းစကားကို တန်ပြန်ခြင်းအစီရင်ခံစာ

ယူနက်စ်ကို၏ ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ကျင်းပသော ၃၇ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဆုံးဖြတ်ချက်အမှတ် ၅၂ ကို ယင်း၏ အဖွဲ့ဝင်နိုင်ငံ ၁၉၅ နိုင်ငံက ချမှတ်ခဲ့ကြသည်။ ယင်းမှာ ‘ ပြည့်စုံကျယ်ပြန့်ပြီး အကြံဉာဏ်ပေးနိုင်သော သက်ဆိုင်ရာအစုအဖွဲ့အများစုပါဝင်သည့် လေ့လာဆန်းစစ်မှုတစ်ခုကို ပြုလုပ်ရန်’ ဖြစ်သည်။၁။ လူမျိုးရေးဆိုင်ရာ အမုန်းစကားများအတွက် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရေးပဋိဉာဉ်က လူမျိုးအဖြစ် အုပ်စုခွဲခြားသတ်မှတ်ခံထားရသော လူများကို ပိုမိုမြင့်မားသည်ဟုလည်းကောင်း၊ ပိုမိုနိမ့်ကျသည်ဟုလည်းကောင်း အတွေးအမြင်မျိုးအားဖွင့်ဟ ထုတ်ဖော်မှု မှန်သမျှကို တားမြစ်ပိတ်ပင်ရန် တောင်းဆို ထားသည်။၂။ နိုင်ငံသား သို့မဟုတ် ဘာသာရေးကို အခြေခံသော မုန်းတီးမှုအတွက် ICCPR ၏ အပိုဒ် ၂၀ အရ ရာဇဝတ်မှုမြောက်သည်ဟု ဆိုထားသည်။ သို့ရာတွင် […]

Read More →
အမုန်းပိရမစ်

အမုန်းစကားနှင့်ပတ်သက်၍ တိကျရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားသည့် အမုန်းပိရမစ် ၂ ခုရှိပါသည်။ တစ်ခုမှာ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်သဘောတူညီချက်များကို အခြေခံထား သည့် Article 19 ၏ အမုန်းပိရမစ်ဖြစ်ပြီး ကျန်တစ်ခုမှာ အမုန်းစကားပညာပေးအစီအစဉ်များ ကို အားသွန်ခွန်စိုက်ပြုလုပ်ပေးနေသော Anti-Defamation League – ADL ၏ အမုန်းပိရမစ် ဖြစ်ပါသည်။ အမုန်းပိရမစ်တွင် အဆင့် တိုင်းသည် သက်ရောက်မှုရှိသော်လည်း အောက်ခြေမှ အပေါ်သို့ တက်လာလေ အမုန်းပြင်းထန်လာလေဖြစ်ပြီး နောက်ဆုံးတွင် လူအုပ်စုတစ်ခုလုံး၏ အသက်ကိုပင် အန္တရာယ်ပြုနိုင်ကြောင်း အမုန်းပိရမစ်များတွင် လေ့လာတွေ့ရှိရပါသည်။ အမုန်းစကားဟုဆိုနိုင်သော အမျိုးအစားအဆိုပြုချက် ပြင်းထန်သောအဆင့်အလိုက် အမုန်းစကားဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ထုတ်ဖော်ပြသပြောဆိုမှုများကို ပိုမိုရှင်းလင်းစေရန်နှင့် အမုန်းစကားများကို သင့်တော် ထိရောက်သည့်ကိုင်တွယ်ဖြေရှင်းမှုများ လွယ်ကူစွာပြုလုပ်နိုင်စေရန် အဆင့် ၃ ဆင့် ခွဲ၍ အမုန်းစကားအမျိုးအစားကို […]

Read More →
Social media & sharing icons powered by UltimatelySocial