မြန်မာ့ရိုးရာ ခြင်းပွဲ၊ ဂျက်ဇ်ပွဲ၊ ၂ဝ၂ဝ ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲ

 မြန်မာ့ရိုးရာခြင်းပွဲ             မြန်မာရိုးရာခြင်းလုံးကစားပွဲအား ကိုယ်တိုင်ဝင် ရောက်မကစားဖူးသော်လည်း ကြည့်ဖူးမြင်ဖူး ကြပါ လိမ့်မည်။ ခြင်းလုံးကစားပွဲ၏ အလှတရားမှာ ပြိုင်ဖက် မပါခြင်းပင် ဖြစ်ပါသည်။ ကစားနေသူအားလုံးသည် အသင်းသားများ ဖြစ်ပါသည်။ အသင်းသားတိုင်းတွင် တစ်ဦးချင်းစီ၏ စိတ်သန်ရာ ကစားကွက်များ ရှိသလို ထိုကစားကွက်များကိုလည်း ကိုယ့်သမ္ဘာအလိုက် ထုတ် ဖော်ပြီး ကစားသွားကြလေ့ရှိသည်။ ‘ရင်လိန်ဖနောင့်’ အားသာသူရှိသလို ‘ခေါင်းစလွယ်’ စိတ်သန်သူလည်းရှိ သည်။ ‘ñွန့်ဒူး’နှင့် လိုက်ဖက်သူရှိသလို ‘တည့်ဖ နောင့်’ နှင့် အသားကျသူလည်း ရှိပါသည်။ မြန်မာ့ရိုးရာ ခြင်းပွဲကို အနောက်နိုင်ငံများက အသိအမှတ်ပြုပြော လေ့ရှိသော စကားစုမှာ ‘အားကစားနှင့်အက’ ပေါင်း စပ်ထားသော ကစားနည်းဟု ပင်ဖြစ်သည်။ ဤအား ကစား၏ အနှစ်သာရမှာ အနိုင်ယူ အနိုင်ရရန်မဟုတ်ပဲ မည်သို့သော […]

Read More →
ရွေးကောက်ပွဲနှင့်နိုင်ငံပြုအုပ်ချုပ်ရေးစနစ်ဆိုင်ရာ တင်ပြချက်များ

            စင်စစ် နိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲစနစ်ဟူသည် ယင်းနိုင်ငံ၏ နိုင်ငံပြု အုပ်ချုပ်ရေးစနစ်ပေါ်တွင် များစွာ တည်မှီနေပါသည်။ သို့ဖြစ်ပါသဖြင့် လတ်တလော ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကဲ့သို့သော ညီလာခံမျိုး ပြီးဆုံးသွားသည့်အခါ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် နိုင်ငံရေးအစုအဖွဲ့များအား လုံးက သဘောတူလက်ခံကာ ကျင့်သုံးနိုင်မည့် နိုင်ငံပြုအုပ်ချုပ်ရေးစနစ်သစ်တစ်ခု ပေါ်ပေါက်လာမည်ကို မျှော်လင့်ထားကြရမည် ဖြစ်ပါသည်။ ထိုအခါ မြန်မာနိုင်ငံ ၏ ရွေးကောက်ပွဲစနစ်သည်လည်း ယင်းနိုင်ငံပြုအုပ်ချုပ်ရေးစနစ်နှင့် လျော်ညီစွာ ပြောင်းလဲရမည် ဖြစ်ပါသည်။ တနည်းဆိုရသော် ယခုအခါ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံပြုအုပ်ချုပ်ရေးစနစ်ကို လက်ခံကျင့်သုံးသွားနိုင်ရန် အကျေအလည် အခြေအတင် ဆွေးနွေးနေကြသဖြင့် အဆိုပါစနစ်နှင့် လျော်ညီအောင် ရွေးကောက်ပွဲစနစ်အား ပြင် မည်ဆိုပါက ယခုကျင့်သုံးနေသော First-past-the-post FPTP အနိုင်ရသူ အကုန်ယူ စနစ်ကို ယင်းအတိုင်း ကျင့်သုံးနိုင်တော့မည် မဟုတ်ပေ။ […]

Read More →
ရွေးကောက်ပွဲစနစ်(၅)မျိုး၏ အားသာချက်၊ အားနည်းချက်များ

  ရွေးကောက်တင်မြှောက်ပုံစနစ်များကို ခွဲခြားသုံးသပ်ရာတွင် အခြေခံအကျဆုံး နည်းလမ်းတစ်ခုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရသောမဲများကို လွှတ်တော် ကိုယ်စားလှယ်နေရာများအဖြစ် အနီးစပ်ဆုံးမည်မျှအထိ ပြောင်းလဲပေးနိုင်သည်။ (တစ်နည်းအားဖြင့်) ရွေးကောက်ပုံစနစ်သည် မည်မျှအထိ အချိုးအစားညီမျှသည် ဆိုသည့်အချက်ပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်များကို အုပ်စုခွဲ၍ နိုင်ငံအသီးသီးတွင် ကျင့်သုံးလျက်ရှိသည်။ တစ်ခါတစ်ရံ၌ အနိုင်ရသူအကုန်ယူစနစ် FPTP  ကဲ့သို့သော အချိုးအစားမညီမျှသော ရွေးကောက်တင်မြေ§ာက်ပုံစနစ်များသည်လည်း ယေဘုယျ အားဖြင့် အချိုးအစားညီမျှသည့် ရလဒ်မျိုးကို မထင်မှတ်ဘဲ ပေါ်ပေါက်စေသည်။သို့ပါ၍ အဓိက ရွေးကောက်ပွဲစနစ် ၅ ခုနှင့် ယင်းတို့၏ အားသာချက်နှင့် အားနည်းချက်များကို အောက်ပါဇယားအတိုင်း လေ့လာနိုင်မည်ဖြစ်သည်။

Read More →
အတည်ပြုကြောင်း ကြေညာခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုကြောင်း ကြေညာခြင်း နိုဝင်ဘာ ၈ ရက် ညနေပိုင်း မဲရုံပိတ်ချိန်အပြီးတွင် မဲရေတွက်၍ ရရှိလာသော ဆန္ဒမဲရလဒ်များကို သက်ဆိုင်ရာမဲရုံတွင် ကပ်ထားပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။ ယင်းဆန္ဒမဲရလဒ်များကို စုစည်းပြီး ရပ်ကွက်မှတစ်ဆင့် မြို့နယ်၊ မြို့နယ် မှတစ်ဆင့် ခရိုင်၊ ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီး (သို့) ပြည်နယ်ကော်မရှင်အဖွဲ့ခွဲထံသို့ ပေးပို့ရမည်။ ထိုစာရင်းများအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်ကို တိုင်းကော်မရှင်ရုံးမှ အတည်ပြုကြောင်း ကြေညာရမည်။ မဲရုံအတွင်းဆန္ဒမဲရရှိမှုရလဒ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ကြိုတင်ဆန္ဒမဲရလဒ်နှင့် မဲရုံတွင် မဲပေးသည့် ဆန္ဒမဲရလဒ်တို့ကိုပေါင်း၍ စာရင်းမှန်ကန်ကြောင်း မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အနည်းဆုံးသက်သေ လေးဦးက လက်မှတ်ရေးထိုးပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တစ်စောင်၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ […]

Read More →
Social media & sharing icons powered by UltimatelySocial