တိုင်းရင်းသားလူမျိုးစုများနှင့် မြေယာပိုင်ဆိုင်ခွင့်ပြဿနာ

တိုင်းရင်းသားလူမျိုးစုများ တိုင်းရင်းသားလူမျိုးစုများသည် နယ်မြေတစ်ခု တွင် သမိုင်းအစဉ်အဆက် နေထိုင်ခဲ့သူများဖြစ်ပြီးလက်ရှိ နယ်မြေကို စိုးမိုးအုပ်ချုပ်နေသည့် လူမှုအဖွဲ့အစည်းများ မှ ကွဲပြားခြားနားသည်ဟု သူတို့ကိုယ်သူတို့ မှတ်ယူကြ သူများ ဖြစ်ကြသည်။ ကုလသမဂ္ဂ၏ လူနည်းစုများ၊ တိုင်းရင်းသားလူမှုအသိုက်အဝန်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံများအပေါ် အကာအကွယ်ပေးရေးနှင့် ခွဲခြားဆက် ဆံမှုမပြုရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ  ကိုဘိုမာတီနက်(ဇ) (၁၉၈၄)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကျူးကျော်ဝင်ရောက်သူများနှင့် ကိုလိုနီနယ်ချဲ့သမားများ ၏ ကျူးကျော်သိမ်းပိုက်မှု မခံရခင်ကတည်းက သူတို့ ပိုင်နက် နယ်မြေကို တည်ထောင်ခဲ့သူများ၊ လက်ရှိထို နယ်မြေများကို လွှမ်းမိုးထားသူ အခြားလူမှုအဖွဲ့အစည်း အစိတ်အပိုင်းများမှ ကွဲပြားခြားနားသည်ဟု သူတို့ကိုယ် သူတို့ မှတ်ယူထားသူများကို တိုင်းရင်းသားလူမျိုးစုများ ဟု သတ်မှတ်သည်။ သူတို့သည် လက်ရှိသူတို့၏ ယဉ် ကျေးမှုပုံစံများ၊ လူမှုအဆောက်အအုံများ၊ ဥပဒေရေးရာ စနစ်များနှင့်အညီ […]

Read More →
မဟာရန်ကုန်ဖွံ့ဖြိုးရေးအိပ်မက်

(ရန်) ကုန်တဲ့ (ရန်ကုန်) (ရန်ကုန်) ကို ၁၁ ရာစုစောစောပိုင်း(ခရစ်နှစ် ၁၀၂၈-၁၀၄၃)တွင် ထိုအချိန်က အောက်ဗမာပြည် တစ်လွှား အနှံ့အပြားနေထိုင်ခဲ့သည့် မွန်လူမျိုးတို့က (ဒဂုန်)အဖြစ် စတင်ထူထောင်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများက ဆိုသည်။ ထိုဒဂုန်သည် အစက တံငါရွာငယ်လေးတစ်ခုမျှသာဖြစ်ပြီး ရွှေတိဂုံစေတီတော်အနီးဝန်းကျင်ကို ဗဟိုပြု ၍ တည်ရှိခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင်အလောင်းဘုရားက ဒဂုန်ကို အောင်မြင် သိမ်းပိုက်ခဲ့ပြီး ဒဂုန် တစ်ဝိုက် လူနေအိမ်ခြေများ တိုးမြှင့်အခြေချစေကာ ရန်အပေါင်းအား အကုန်အစင်ဖယ်ရှားနိုင်မှု အကောက်အယူ ဖြင့် (ရန်ကုန်)မြို့အဖြစ် အမည်သစ်ပေးခဲ့ကြောင်း သိရသည်။ ကိုလိုနီ (ရန်ကုန်) အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ(၁၈၂၄-၂၆)ကာလအတွင်း အင်္ဂလိပ်တို့က ရန်ကုန်ကို သိမ်းပိုက်ခဲ့သော်လည်း ယင်းစစ်အပြီးတွင် ဗမာဘုရင့်အစိုးရသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု ဆိုသည်။ သို့တစေ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင်မူ […]

Read More →
နိုးလော့ ထလော့ ဧရာဝတီ

မြောက်ဘက်များမှ သန္ဓေတည်မွေးဖွား သွေးသားညီရင်း ချင်းတွင်းဝန်းရံ သံလွင်စစ်တောင်း ညာလက်မောင်းဟေ့ စစ်မောင်းသံချီ ဒုဋ္ဌဝတီ မှိုင်းရီဖြိုးဖျ ရိုးမတွေဆီ နောင်တော်မြတ်မို့ လက်အုပ်ချီ ပြည်သူ့ရဲ့သွေး ပြည်သူ့ရဲ့သွေး ပြည်သူ့ရဲ့သွေး ဧရာဝတီ။ ။ (၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ကဗျာ ဖူးသစ်(ခေါ်) BED ကိုဝင်းမောင်နှင့် သံစဉ်- BED ကိုဝင်းနိုင်တို့၏ “နိုးလော့ ထလော့ ဧရာဝတီ” သီချင်းမှ) မြန်မာ့အသက်သွေးကြောဧရာဝတီ လူသားတို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေပေါ်ရှိ အရှည်လျားဆုံးမြစ်ကြီးများအနက် ယနေ့အထိ အရှိန် မပျက် ဆက်လက်စီးဆင်းနေနိုင်သေးသည်မှာ အားလုံး၏ သုံးပုံတစ်ပုံသာ ရှိတော့သည်ဟု သိရသည်။ အရှေ့ တောင်အာရှအတိုင်းအတာအရဆိုလျှင်လည်း ဤမြစ် နှစ်စင်းသာ ကျန်တော့သည်ဟု ဆိုပါသည်။ ဤသည်မှာ မြန်မာအတွက် အလွန်ရခဲလှသော မဟာဒုလ္လဘတစ်ပါးပင်။ ဧရာဝတီနှင့်သံလွင် ယှဉ်ကြည့်လျှင်ပင် […]

Read More →
ခေတ်သစ်ပိုးလမ်းမပေါ်မှ မြန်မာ

ခေတ်သစ်ပိုးလမ်းမစီမံကိန်း သို့မဟုတ် ၂၁ ရာစု ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI or One Belt and One Road-OBOR) သည် တစ်ချိန်က ပိုးထည် များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ချမ်းသာကြွယ်ဝမှုများကို သယ်ဆောင်ပေးခဲ့သည့် ရှေး ဟောင်းပိုးလမ်မကြီးကို ပြန်လည်ဆန်းသစ်ဖော်ထုတ်ရန် ရည်ရွယ်လုပ်ဆောင်သည့် တရုတ် နိုင်ငံ၏ မဟာစီမံကိန်း ကြီး ဖြစ်သည်။ ရှေးဟောင်းပိုးလမ်းမကြီး ပိုးလမ်းမကြီး (Silk Road) ခေါ် ပိုးလမ်းကြောင်းကြီး (Silk Route) ကား အဓိက အားဖြင့် ရောမနှင့်တရုတ် ဟူသော မဟာယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီးနှစ်ခုတို့အကြား ကုန်စည်များ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်အယူအဆများ၊ ယုံကြည်သက်ဝင်မှုများနှင့် အတတ် ပညာများ အပြန်အလှန်စီးဆင်းကူးလူးဖလှယ်ခဲ့ရာ တရုတ်ပြည်နှင့် အနောက်တိုင်းကို ချိတ် […]

Read More →
Social media & sharing icons powered by UltimatelySocial