ILO ကအဆိုပြုသော UHC နှင့်ပတ်သက်သည့် အခြေခံလို အပ်ချက်များ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အဆိုပြုသော လူတိုင်းလက်လှမ်းမီ ကျန်းမာရေးလွှမ်းခြုံမှုနှင့်ပတ်သက်သည့် ဥပဒေမူဝါဒများတွင် ထည့်သွင်းတွက်ချက်သင့်သည့် အခြေခံလိုအပ်ချက်များ အောက်ပါအတိုင်းဖြစ်သည်။ ၁။ ဆက်သွယ်ပေါင်းစည်းမှု ၂။ ငွေကြေးတတ်နိုင်မှု ဆေးကုသမှုကုန်ကျစာရိတ်ကြောင့် ဆင်းရဲ မွဲတေသွားရသည့်အဖြစ်မျိုး မရောက်စေရန်ငွေကြေး အရ တတ်နိုင်သည့်အတိုင်းအတာအတွင်း အရည် အချင်းပြည့်မီသော ကျန်းမာရေးစောင့်ရှောက် မှုရသင့်သည်ဟူသော အယူအဆဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့အိတ်ထဲမှ ကျခံရမည်ဆိုလျှင်ပင် တတ်နိုင်သော ကုန်ကျစားရိတ်အတွင်းရှိခြင်းသည် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်လွှမ်းခြုံမှု၏ ညွှန်းကိန်းတစ်ခုဖြစ်သင့်သည်ဟု အိုင်အယ်လ်အိုကသဘောထား သည်။ ၃။ ငွေကြေးအရ အကာအကွယ်ပေးခြင်း အိုင်အယ်လ်အိုက မိမိအိတ်ထဲကကျခံရမည်ဆိုလျှင်ပင် ကျန်းမာရေးအတွက် ကုန်ကျစရိတ် များစွာလျော့ချကျခံနိုင်ခြင်း၊ ဆေးကုသနေရသည့်အတွက် ဝင်ငွေပျောက်ဆုံးသွားရမှုကို ကာမိစေခြင်းတို့အား ငွေကြေးအရအကာအကွယ်ပေးခြင်းအဖြစ် သဘောထားပါသည်။ ၄။ အရံသင့် အသုံးပြုနိုင်ခြင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရုပ်ဝတ္ထု […]

Read More →
ကျန်းမာရေးလွှမ်းခြုံမှုဆိုင်ရာ နိုင်ငံတကာပုံစံများ

 နိုင်ငံတကာတွင် ယခုကဲ့သို့ လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုပုံစံ (UHC) ရှေ့တန်းသို့ မရောက်ရှိမီက ကျန်းမာရေးလွှမ်းခြုံမှုဆိုင်ရာ ပုံစံများ အကြောင်းကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။ ဘစ်မခ်ပုံစံ Bismarck Model             ယင်းပုံစံမှာ ဂျာမဏီနိုင်ငံတွင် ဘစ်မခ်က ၁၈၈၁ ခုနှစ်နှင့် ၁၈၈၉ ခုနှစ်တို့အတွင်း လူမှု ရေးဆိုင်ရာဥပဒေများကို စတင်အဆိုပြုရာမှ ပေါ်ပေါက်ခဲ့သည်။ ကျန်းမာရေးအာမခံနှင့် ကျန်းမာ ရေးစောင့်ရှောက်ဝန်ဆောင်မှုတို့သည် ယခုစနစ်ပုံစံတွင် အရေးပါသည်။ ယင်းအတွက်လိုအပ် သော ရန်ပုံငွေကို အခွန်အခများထံမှ မကောက်ယူဘဲ လူမှုရေးအရ မျှဝေသုံးစွဲသည့်ထံမှရယူ သည်။ တနည်းအားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများက လူမှုရေးအတွက် ဖယ်ချန်ထားသော ရန်ပုံငွေကို ကုမ္ပဏီနှင့် အလုပ်သမားများ ပါဝင်သော စီမံခန့်ခွဲသည့်အဖွဲ့တစ်ခုထားရှိကာ ကိုင် တွယ်စေခြင်း ဖြစ်သည်။ အစိုးရအနေဖြင့် ငွေကြေးထည့်ဝင်မှု […]

Read More →
အားလုံးအတွက် ဆေးဖိုးဝါးခ (သို့မဟုတ်) လူတိုင်းအကျုံးဝင် ကျန်းမာရေးအာမခံဥပဒ

သမိုင်းနောက်ခံ             မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်အထိ လူထုကျန်းမာ ရေးစရိတ်စက အများစုကို ‘ဆိုရှယ်လစ်စနစ်’ (socialis-ed health care) ဖြင့်ကျခံစီစဉ်ခဲ့သည်။ လုပ်ငန်းအားလုံးကို ပြည်သူပိုင်ဟုခေါ်သည့် နိုင်ငံပိုင်ပြုလုပ်ပြီး ဝင်ငွေအားလုံး ကို နိုင်ငံတော်ကသာရယူ စီမံခန့်ခွဲကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဝန်ဆောင်မှုစရိတ်များကို အစိုးရက အဓိက စိုက်ထုတ်သုံးစွဲခဲ့သည်။ ဆေးဝါးများ မှောင်ခိုစျေးကွက်၊ ပုဂ္ဂလိကဆေးခန်းနှင့် အချို့ကိစ္စများအတွက် လူထုဘက်က မိမိဘာသာကျခံသုံးစွဲရခြင်း ရှိနိုင်သော်လည်းလိုအပ်သော ကျန်းမာရေးစရိတ်ကို နိုင်ငံတော်က တာဝန်အပြည့်အဝ နီးပါးယူထားခဲ့သည်။             ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံ၏စီမံခန့်ခွဲပုံကို ‘စျေးကွက်စီးပွားရေးစနစ်’ဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည်။ အုပ်ချုပ်ရေးစနစ်ပြောင်းလဲသွားမှှုုက သိသာသော်လည်း စီးပွားရေးစနစ် ပြောင်းလဲသွားသည့်အတွက် လိုအပ် ချက်များပေါ်ထွက်လာခြင်းကို လူအများနား မလည်ခဲ့ကြပါ။ စနစ်ပြောင်းသွားပြီးနောက် အစိုးရသည် နိုင်ငံ၏ […]

Read More →
ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

သဘာဝအလျောက် ဖြစ်တည်နေသော ဓာတုပစ္စည်းများထက် လူတို့တီထွင်ထုတ်လုပ်ထားသော ဓာတုပစ္စည်းအရေအတွက်က ပိုမိုများပြားနေသော ယနေ့ကမ္ဘာကြီးတွင် ပလတ်စတစ်သည်လည်း လူလုပ်ဓာတုပစ္စည်းတစ်ခုအဖြစ် ပါဝင်သည်။ အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် Alexander Parkes က ၁၈၆၂ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပ သော Great International Exhibition နိုင်ငံတကာပြပွဲကြီး၌ လူသိ ရှင်ကြားထုတ်ပြန်ပြသခဲ့သော Parkesine အမည်ရှိ အော်ဂဲနစ်ဓာတုပစ္စည်းမှာ လူတို့ပြုလုပ်သော ပထမဆုံး ပလတ်စတစ်ပင် ဖြစ် သည်။ Parkesine သည် Cellulose အော်ဂဲနစ်ပိုလီမာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အပူပေး၊ ပုံသွင်း နိုင်သော လူလုပ်ဓာတုပစ္စည်း ဖြစ်သည်။ ပလတ်စတစ်ရုပ်ဂုဏ်သတ္တိများဖြစ်သော ပေါ့ပါးခြင်း၊ ပျော့ပျောင်းခြင်း၊ ရေငွေ့ဒဏ်ခံနိုင်ခြင်း၊ ခိုင်ခန့်ခြင်းတို့အပြင် ဈေးနှုန်းအားဖြင့်လည်း အထိုက်အလျောက်ချိုသာမှုတို့ကြောင့် ၁၉၅၀ ပြည့်နှစ် များ အတွင်းမှ […]

Read More →
Social media & sharing icons powered by UltimatelySocial