မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းစွာစုဝေး၊ စီတန်းလှည့်လည်ခွင့်

နောက်ခံအခင်းအကျင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းဆိုင်ရာဥပဒေကို ၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၅ အဖြစ် ပြည်ထောင်စုလွှတ်တော်က ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေတွင် အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း၊ စည်းကမ်းသတ်မှတ် ချက်များ အရေးယူဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အထွေထွဟူ၍ အခန်းရှစ်ခန်းခွဲခြားဖော်ပြထားကာ ဥပဒေပုဒ်မ ၂၄ ရပ်ပါဝင်သည်။ စစ်အုပ်ချုပ်ရေးကာလနောက်ပိုင်း ပြည်သူလူထု၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်အတွက် ပထမဆုံးပေါ် ပေါက်လာခဲ့သော ဥပဒေဖြစ်သော်လည်း နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသောဥပဒေတစ်ရပ် ဖြစ်မလာခဲ့ပါ။ အဓိကကွဲလွဲချက်မှာ ထိုသို့ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းထံမှ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခွင့်ကိုပါ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းအား အပ်နှင်းထားခြင်းပင်ဖြစ်သည်။ […]

Read More →
မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသော နိုင်ငံဖြစ်ပြီး၊ တစ်ဦးချင်းရေအရင်းအမြစ်ပိုင်ဆိုင်မှု အချိုးချကြည့် ပါက အိမ်နီးချင်းနိုင်ငံများထက် သာလွန်သည် ကိုတွေ့ရသည်။ ရေအရင်းအမြစ်နှင့် အခြားသောသဘာဝသယံဇာတ များ ပြည့်စုံကြွယ်ဝသည့့်် နိုင်ငံတစ်ရပ်အနေဖြင့်ဘက်ညီသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းနိုင်မည့် အလား အလာကောင်းများစွာလည်း ရှိနေပေသည်။ မြန်မာ့ရေအရင်းအမြစ်အားလုံးသည် နိုင်ငံတော်နယ်နိမိတ်အပိုင်းအခြား အတွင်း၌သာတည်ရှိကာ ယင်းတို့၏ လေးပုံ၊ သုံးပုံခန့်မှာ အမျိုးသားအဆင့်သတ်မှတ်ထားသော မြစ်များဖြစ်သည်။ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းရေအရင်းအမြစ် ပိုင်ဆိုင်မှုအချိုးမှာ နှစ်စဉ်လူတစ်ဦးလျှင် ၁၉,ဝ၀ဝ စတုရန်း မီတာရှိသည်။ အဆိုပါအချိုးမှာ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်း ရေအရင်းအမြစ်ပိုင်ဆိုင်မှုအချိုးထက် ကိုးဆမြင့်မား ကာ အိန္ဒိယထက် ၁၆ ဆ၊ ဗီယက်နမ်ထက်ငါးဆနှင့် ဘင်္ဂလားဒေ့ရှ်ထက် ၁၆ ဆမြင့်မားသည်။ နိုင်ငံတော်အတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ရေကြောင်းခရီးလမ်းများသည် ဒေသတွင်းကုန်စည် နှင့် ပြည်သူတို့အားပေါင်းစည်း ဆက်သွယ်ပေးမည့်၊ […]

Read More →
ဂိုဏ်းဂဏအခြေခံစိတ်နဲ့တရားမျှတမှုကို ချဉ်းကပ်မယ်ဆိုရင် အလုပ်ဖြစ်ပါ့မလား

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီရေးအုံကြွမှုတွေဖြစ်တဲ့အခါ ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ သုံးနှုန်း ခဲ့ကြတာကို ခုတလော သတိရနေမိပါတယ်။ ပထမလွတ်လပ်ရေးတိုက်ပွဲက နယ်ချဲ့ဗြိတိသျှကို တွန်းလှန်တဲ့ တိုက်ပွဲဖြစ်ပြီး အခုတိုက်ပွဲကတော့ ကိုယ့်နိုင်ငံသားအချင်းချင်းရဲ့ ကျွန်ပြုသလို အနိုင့်အထက်ပြုမှုကိုတွန်း လှန်ရတာမို့ အဲဒီလိုခိုင်းနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ဒီနေရာမှာဆက်တွေးနေမိတာက ကျမတို့ လူ့အဖွဲ့အစည်း မှာ တော်လှန်ရေးဆိုတာ အကောင်အထည်ရှိတဲ့ အစုအဖွဲ့တစ်ခုခုကို ဆန့်ကျင်ဖို့ စုစည်းထားတဲ့ နောက်ထပ် အကောင်အထည် ရှိအစုအဖွဲ့ရဲ့ ရုန်းကန်မှုအဖြစ်ပဲ နားလည်ထားကြတာပဲ၊ ခေတ်အဆက်ဆက်က မျိုးဆက် တွေကြားမှာ သယ်ဆောင်လာခဲ့တဲ့ မှားယွင်းနေတဲ့၊ ခေတ်နဲ့မညီတော့တဲ့၊ ငြိမ်းချမ်းရေးကို အထောက်အကူ မပြုတဲ့ အတွေးအခေါ်၊ အယူအဆနဲ့ စိတ်ထားတွေကို ဘယ်အစုအဖွဲ့ထဲကမဆို ဆွဲထုတ်ပြောင်းလဲပစ်ဖို့ဆိုတဲ့ သဘောထားပိုင်းဆိုင်ရာ ရုန်းကန်မှုအဖြစ်တော့ သိပ်နားမလည်တတ်ကြသေးဘူးဆိုတာပါ။ တကယ်တော့ သမိုင်းအတွေ့အကြုံတွေက ကျမ တို့မျိုးဆက်အဆက်ဆက်ထဲမှာ ဂိုဏ်းဂဏ အခြေခံ […]

Read More →
အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women-CEDAW) ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကုလသမဂဂအထွေ ထွေညီလာခံက ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ နိုင်ငံတကာစာချုပ်တစ်ရပ်အဖြစ် အကျိုးသက်ရောက်မှုစတင်ခဲ့သည်။ စာချုပ်ဝင် နိုင်ငံပေါင်းနှစ်ဆယ်ဖြင့် အစပြုခဲ့ရာမှ လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၉ နိုင်ငံအထိရှိနေပြီဖြစ်သည်။ အဆိုပါ ကွန်ဗင်းရှင်းသည် အမျိုးသမီးများ၏ ရပိုင် ခွင့်များ မြႇင့်တင်ရေးနှင့် ကမ္ဘာ့အမျိုးသမီးထု၏ အခြေ အနေကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၄၆ ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သော UN […]

Read More →
Social media & sharing icons powered by UltimatelySocial