မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသော နိုင်ငံဖြစ်ပြီး၊ တစ်ဦးချင်းရေအရင်းအမြစ်ပိုင်ဆိုင်မှု အချိုးချကြည့် ပါက အိမ်နီးချင်းနိုင်ငံများထက် သာလွန်သည် ကိုတွေ့ရသည်။ ရေအရင်းအမြစ်နှင့် အခြားသောသဘာဝသယံဇာတ များ ပြည့်စုံကြွယ်ဝသည့့်် နိုင်ငံတစ်ရပ်အနေဖြင့်ဘက်ညီသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းနိုင်မည့် အလား အလာကောင်းများစွာလည်း ရှိနေပေသည်။ မြန်မာ့ရေအရင်းအမြစ်အားလုံးသည် နိုင်ငံတော်နယ်နိမိတ်အပိုင်းအခြား အတွင်း၌သာတည်ရှိကာ ယင်းတို့၏ လေးပုံ၊ သုံးပုံခန့်မှာ အမျိုးသားအဆင့်သတ်မှတ်ထားသော မြစ်များဖြစ်သည်။ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းရေအရင်းအမြစ် ပိုင်ဆိုင်မှုအချိုးမှာ နှစ်စဉ်လူတစ်ဦးလျှင် ၁၉,ဝ၀ဝ စတုရန်း မီတာရှိသည်။ အဆိုပါအချိုးမှာ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်း ရေအရင်းအမြစ်ပိုင်ဆိုင်မှုအချိုးထက် ကိုးဆမြင့်မား ကာ အိန္ဒိယထက် ၁၆ ဆ၊ ဗီယက်နမ်ထက်ငါးဆနှင့် ဘင်္ဂလားဒေ့ရှ်ထက် ၁၆ ဆမြင့်မားသည်။ နိုင်ငံတော်အတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ရေကြောင်းခရီးလမ်းများသည် ဒေသတွင်းကုန်စည် နှင့် ပြည်သူတို့အားပေါင်းစည်း ဆက်သွယ်ပေးမည့်၊ […]

Read More →
ဂိုဏ်းဂဏအခြေခံစိတ်နဲ့တရားမျှတမှုကို ချဉ်းကပ်မယ်ဆိုရင် အလုပ်ဖြစ်ပါ့မလား

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီရေးအုံကြွမှုတွေဖြစ်တဲ့အခါ ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ သုံးနှုန်း ခဲ့ကြတာကို ခုတလော သတိရနေမိပါတယ်။ ပထမလွတ်လပ်ရေးတိုက်ပွဲက နယ်ချဲ့ဗြိတိသျှကို တွန်းလှန်တဲ့ တိုက်ပွဲဖြစ်ပြီး အခုတိုက်ပွဲကတော့ ကိုယ့်နိုင်ငံသားအချင်းချင်းရဲ့ ကျွန်ပြုသလို အနိုင့်အထက်ပြုမှုကိုတွန်း လှန်ရတာမို့ အဲဒီလိုခိုင်းနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ဒီနေရာမှာဆက်တွေးနေမိတာက ကျမတို့ လူ့အဖွဲ့အစည်း မှာ တော်လှန်ရေးဆိုတာ အကောင်အထည်ရှိတဲ့ အစုအဖွဲ့တစ်ခုခုကို ဆန့်ကျင်ဖို့ စုစည်းထားတဲ့ နောက်ထပ် အကောင်အထည် ရှိအစုအဖွဲ့ရဲ့ ရုန်းကန်မှုအဖြစ်ပဲ နားလည်ထားကြတာပဲ၊ ခေတ်အဆက်ဆက်က မျိုးဆက် တွေကြားမှာ သယ်ဆောင်လာခဲ့တဲ့ မှားယွင်းနေတဲ့၊ ခေတ်နဲ့မညီတော့တဲ့၊ ငြိမ်းချမ်းရေးကို အထောက်အကူ မပြုတဲ့ အတွေးအခေါ်၊ အယူအဆနဲ့ စိတ်ထားတွေကို ဘယ်အစုအဖွဲ့ထဲကမဆို ဆွဲထုတ်ပြောင်းလဲပစ်ဖို့ဆိုတဲ့ သဘောထားပိုင်းဆိုင်ရာ ရုန်းကန်မှုအဖြစ်တော့ သိပ်နားမလည်တတ်ကြသေးဘူးဆိုတာပါ။ တကယ်တော့ သမိုင်းအတွေ့အကြုံတွေက ကျမ တို့မျိုးဆက်အဆက်ဆက်ထဲမှာ ဂိုဏ်းဂဏ အခြေခံ […]

Read More →
အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women-CEDAW) ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကုလသမဂဂအထွေ ထွေညီလာခံက ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ နိုင်ငံတကာစာချုပ်တစ်ရပ်အဖြစ် အကျိုးသက်ရောက်မှုစတင်ခဲ့သည်။ စာချုပ်ဝင် နိုင်ငံပေါင်းနှစ်ဆယ်ဖြင့် အစပြုခဲ့ရာမှ လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၉ နိုင်ငံအထိရှိနေပြီဖြစ်သည်။ အဆိုပါ ကွန်ဗင်းရှင်းသည် အမျိုးသမီးများ၏ ရပိုင် ခွင့်များ မြႇင့်တင်ရေးနှင့် ကမ္ဘာ့အမျိုးသမီးထု၏ အခြေ အနေကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၄၆ ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သော UN […]

Read More →
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လွှတ်တော်ရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ဖို့

ဒီကနေ့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အကျပ် အတည်း၊ အခက်အခဲအားလုံးဟာ ငြိမ်းချမ်းရေးကင်းမဲ့ ခြင်းမှာ အခြေခံတယ်လို့ ဆိုရမဲ့အနေအထားပါ။ ပြည်တွင်းစစ်ရှည်ကြာတာနဲ့အမျှ စီးပွားရေးအပါအဝင် အခြေခံလူမှုရေးအဆောက်အအုံ မညီမျှမှုတွေဟာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ လူမှုရေးသဟဇာတ လျော့ကျ မှုကို ကြီးထွားစေပါတယ်။ ဒီလိုအနေအထားမှာ ဥပဒေ ပြုရေးမဏ္ဍိုင်အနေနဲ့ ဘယ်လောက်အရေးပါပါ အား ထုတ်နိုင်ခဲ့သလဲ၊ အားထုတ်သွားမလဲဆိုတာ မေးခွန်း ထုတ်စရာပါ။ တစ်နည်းအားဖြင့် ၂ဝ၁၆ ခု နှစ်ဆန်းက စတင်လိုက်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွွှတ်တော်၊ ပြည်သူ့လွွှတ်တော်၊ အမျိုးသားလွွှတ်တော်နဲ့ တိုင်းဒေသ ကြီး-ပြည်နယ်လွွှတ်တော်တွေမှာ လက်ရှိအာဏာရအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွွှတ်တော်ကိုယ်စား လှယ်တွေ အများစုရှိနေချိန်မို့ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ရော၊ ပြင်ဆင်ဖျက်သိမ်းဖို့ပါ သိပ်မခက်ခဲနိုင် တဲ့အနေအထား ရှိနေပါတယ်။ ဒီလွွှတ်တော်အသီးသီးက နေ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိရောက် တဲ့ […]

Read More →
Social media & sharing icons powered by UltimatelySocial