Le Conqueror တံဆိပ်အဝတ်အထည်များ ထုတ်လုပ်ဖြန့်ချိသူ င်လးကိုကိုနှင့် တွေ့ဆုံခြင်း

ခေတ်စနစ်တစ်ခုထဲမှာ ရှင်သန်နေထိုင်ကြသူတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ အဲဒီခေတ်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ပြောင်းလဲမှုစတဲ့ ဆိုးမွေ၊ ကောင်းမွေတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ် ကြီး တစ်ခုပါပဲ။ ဒီနေရာ မှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် လူသားတွေဟာ သူတို့ရဲ့ ဟိရီသြတ္တပလို့ ခေါ်တဲ့ ရှက်ကြောက်ခြင်း နဲ့ သိက္ခာကို ကာကွယ် ပေးနိုင်တဲ့အတွက် အဝတ်အထည်တွေကို ကမ္ဘာဦး အစကနေ ယနေ့ အချိန် သတ္တဝါတွေရဲ့ ရန်တွေကို ကာကွယ်ဖို့အဓိကအနေနဲ့ သုံးစွဲခဲ့ကြရာက ကမ္ဘာ့ယဉ်ကျေးမှုအဆင့် အတန်းတွေ မြင့်မားပြောင်းလဲလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အဆင်တန်ဆာအနေနဲ့ ဆင်မြန်းလာကြတာကို တွေ့ရပါ တယ်။ အဝတ်အစားအဆင်တန်ဆာကို ဆင်မြန်းအသုံးပြုကြရာမှာ ရှေးယခင် ခေတ်များစွာက အလှအပဆို တဲ့စကားလုံးဟာ အမျိုးသမီးထုအတွက်သာ ဖြစ်တယ်လို့ ယူဆသတ်မှတ်ထားကြရာက ခေတ်စနစ်အခြေအနေ လူ့ယဉ်ကျေးမှုတွေ […]

Read More →
သဘောတူညီချက်အလွယ်ရမည့် အကြောင်းအရာထက် နိုင်ငံရေးပြဿနာများ အဖြေထွက်ရေးကို ဦးစားပေးစေချင်

ငြိမ်းချမ်းရေးညီလာခံကြီး တစ်ချီတစ်မောင်းပြီးပြန်ပါပြီ။ အသံမျိုးစုံလည်း ကြားရပါတယ်။ အထူးသဖြင့် အဖွင့် မိန့်ခွန်းတချို့ကို ဝေဖန်သံတွေ ညံစည်ခဲ့ပါတယ်။ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စဟာ လွယ်လွယ်နဲ့ အရာမထင်နိုင်ဘူးဆိုတာ ပြည်သူအများက မျှော်လင့်ပြီးသားပါ။ တကယ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ ငြိမ်းချမ်းရေးပဋိညာဉ်ရယ်လို့ ကတိကဝတ်ဆိုင်ရာ သဘောတူညီမှုနှစ်ရပ်ဟာ အဓိကအကျဆုံးဖြစ်ပါတယ်။ ဒီသဘောတူညီမှုနှစ်ရပ်ရသွားရင် မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းသွားမှာလားဆို တာကတော့ ပြည်သူအများဉာဏ်မမီနိုင်တဲ့အချက်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်း ပင်လုံညီလာခံကြီးတစ်နှစ်မှာ တစ်ကြိမ်ကျင်းပဖြစ်တယ်ဆိုရင်တောင် လူထောင်ကျော်တက် တဲ့ ညီလာခံမို့ ဘတ်ဂျက်ဘယ်လောက်ကြီးမယ်ဆိုတာ မှန်းကြည့်ရုံနဲ့ အဖြေထွက်ပါတယ်။ ဒါကြောင့်လည်း တစ်ခါ ဆို ဆိုသလောက်ထိရောက်တဲ့ ရလဒ်ဖြစ်စေ၊ ရလဒ်အတွက် အခြေခံအုတ်မြစ်ဖြစ်စေပေါ် ထွက်လာဖို့ကို မျှော်လင့်ကြ ပတယ်။ ဒီတစ်ခေါက်တော့ သဘောတူညီချက်က ၁၄ ချက်ပဲ ထွက်လာတာမို့ ဒုတိယအကြိမ်က […]

Read More →
မြန်မာနိုင်ငံနှင့်အခက်အခဲများကြားမှ အထည်ချုပ်လုပ်ငန်း

၂၀၁၈ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ ဘဏ်အဖွဲ့၏ Myanmar Economic Monitor အမည်ရ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ မြန်မာ့ စီးပွားရေးသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆုတ်ယုတ်ကျဆင်းမှု တစ်စိတ်တစ်ဒေသကို ပြောင်းပြန် လှန်ကာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အသင့် အတင့်တိုးတက်မှုအရှိန်နှုန်းထားဖြင့် တိုးတက်ကောင်း မွန်လာခဲ့ကြောင်း သိရှိရသည်။ နိုင်ငံ၏ GDP  တိုးတက်မှုနှုန်းထားမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၅.၉ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၆.၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းထားမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅.၅ ရာခိုင်နှုန်းသာ သင့်တင့်မျှတစွာ ရှိနေခဲ့သည်။ ငွေကြေးလဲလှယ်မှုနှုန်းထားမှာလည်း ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ တည်ငြိမ်နေခဲ့သည်။ ဘဏ္ဍာရေးလိုငွေပြမှုသည်လည်း ဘဏ္ဍာ […]

Read More →
အထည်ချုပ်လုပ်သားထု၏အင်အားနှင့် ဒေသန္တရဖွံ့ဖြိုးမှု

မြန်မာနိုင်ငံ၏ အထည်ချုပ်စက်ရုံများ တည်ရာဒေသများကို လေ့လာရာတွင် ရန်ကုန်မြို့တွင်သာ အများဆုံး (စက်ရုံ ၂ဝဝ ဝန်းကျင်) တွေ့ရှိရပြီး မန္တလေတွင် အတန်အသင့်ရှိကာ ပဲခူးတွင် ၁ဝ ရုံ မပြည့်ဘဲ ဘားအံတွင်တစ်ရုံနှင့် သီလဝါတွင်လည်း ဆောက်နေဆဲအလုပ်ရုံရှိနေပါသည်။ စင်စစ်အထည်ချုပ်လုပ်ငန်းသည် အတန်းပညာတတ်မြောက် မှု လိုအပ်ချက်သိပ်မရှိသည့်အပြင် ကျွမ်းကျင်လုပ်သားများကို ပြုစုပျိုးထောင်ရန်လည်း မခက်ခဲသည့် လုပ်ငန်းအမျိုး အစားဖြစ်ပါသည်။ တစ်ဖန်ရန်ကုန်မြို့၏ အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ လုပ်သားများအကြောင်း သုတေသနရလဒ် များကို တွေ့ရသည့်အခါ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ လုပ်သားထု၏ ၉၄ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများ ဖြစ်ကြကာ ၆ဝ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်း ဖြစ်နေခြင်းပင်။ တစ်ဖန် လုပ်သားထု၏ ၇၅ ရာခိုင်နှုန်းမှာ ဗမာလူမျိုးများ ဖြစ်နေပြန်သည်။ တစ်နည်းအားဖြင့် […]

Read More →
Social media & sharing icons powered by UltimatelySocial