မြန်မာနိုင်ငံနှင့်ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း

စပါးသီးနှံသည် နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာ ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ ဒေသအတွင်း ဆန်စားသုံးမှု အမြင့်ဆုံးနိုင်ငံလည်းဖြစ်သောကြောင့် တိုးပွားလာသောလူဦးရေအတွက် စားသုံးမှုဖူလုံစေရန်သာမက ပြည်ပသို့ဆန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေပိုမို ရရှိစေရန်လည်းလိုအပ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် သင့်တော်ကောင်းမွန်သော ရေမြေသဘာဝနှင့် ရာသီဥတုရှိသော မြန်မာ နိုင်ငံတွင် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကဏ္ဍ၏ အဓိက လုပ်ငန်းလည်းဖြစ်သည်။ ၂၀၁၅-၁၆ ခုနှစ်အတွက် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ နိုင်ငံ၏ စုစုပေါင်းသီးနှံ စိုက်ပျိုးမြေဧကအနက် ၃၄ ရာခိုင်နှုန်း(ဟက်တာ ၇.၂သန်း) တွင် စပါးသီးနှံစိုက်ပျိုးရေးလုပ်ကိုင် ခဲ့ကြပြီး၊ စုစုပေါင်းလူဦးရေ ၅၂.၂ သန်းအနက်မှ ၆၅.၄ ရာခိုင်နှုန်းသော နိုင်ငံသားတို့က ဆန်စပါးနှင့် အခြားဆက်စပ်လုပ်ငန်းအသီးသီးတွင် အလုပ်လုပ်ကိုင်ခဲ့ကြကြောင်း သိရှိရသည်။ သို့ဖြစ်ရာ ဆန်စပါး လုပ်ငန်းသည် နိုင်ငံတော်၏ ဂျီဒီပီစာရင်းတွင် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်သည် […]

Read More →
ဗျူဟာမြောက်ဆောင်ရွက်ရမည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ

မြန်မာ့ဆန်စပါးသည် နိုင်ငံ့စီးပွားရေးအတွက် အားထားရာ ပို့ကုန်ဖြစ်သကဲ့သို့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလှုံရေးအတွက် အရေးကြီးသောထုတ်ကုန်လည်း ဖြစ်ပါသည်။ ယခုနှစ် မတ်လက ပြုလုပ်သော မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲတွင် တိုက်တွန်းခဲ့ချက်များအနက် သိုလှောင်ရုံ တည်ဆောက်ပေးရန်နှင့် ဆက်စပ်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေးရန်၊ အခြေခံစပါးဈေးနှုန်း သတ်မှတ်ပေးရန်၊ မြန်မာ့ဆန်စပါး ဥပဒေ ပေါ်ထွက်လာရန်စသည်တို့မှာ လွန်စွာလက်တွေ့ကျသည့် တိုက်တွန်းအကြံပြုချက်များ ဖြစ်ပါသည်။ လယ်မြေများကို သိမ်းယူခံရခြင်းသည် ပိုင်ဆိုင်မှု ဆုံးရှုံးရသည်သာမက အသက်မွေးဝမ်းကျောင်းပါ ပျောက်ဆုံးရခြင်းဖြစ်သဖြင့် တောင်သူလယ်သမားများအတွက် လွန်စွာနစ်နာစေပါသည်။ အလားတူပင် လယ်မြေ တွင် စိုက်ပျိုးခွင့်ရကာ ပေါ်ထွက် လာသည့် ဆန်စပါးစသည့် ကောက်ပဲသီးနှံများကို ဈေးကောင်းဖြင့် ရောင်းချခွင့် ရရေးသည်လည်း လွန်စွာအရေးကြီးပေရာ ဈေးကောင်းမရမချင်း သိုလှောင်ထားနိုင်ရေး သည်လည်း အလေးထား ဆောင်ရွက်ရမည့်အရာ ဖြစ်ပါသည်။ […]

Read More →
မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလားအလာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍအခြေခံမူသဘောတူညီချက် ၄ ချက်၊ စီးပွားရေး ကဏ္ဍအခြေခံမူသဘောတူညီချက် ၁ ချက်၊  လူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူသဘော တူညီချက် ၂ ချက်၊ စုစုပေါင်းအခြေခံမူသဘောတူညီ ချက် ၁၄ ချက် တို့ကို ထပ်မံရေးဆွဲချမှတ်နိုင်ခဲ့ပြီဖြစ် ပါသည်။ ၂၀၁၇ ခုနှစ်၊ မေလအတွင်းက ကျင်းပခဲ့ သည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးက ရေးဆွဲချမှတ်ခဲ့သော မူဝါဒသဘောတူညီချက် ၃၇ ချက်နှင့် ဆိုပါက စုစုပေါင်း ၅၁ ချက်အထိ ရေးဆွဲချမှတ်ပြီးခဲ့ပေပြီ။ ရှေ့ဆက်၍လည်း သတ်မှတ်အချိန်ကာလနှင့် အညီ […]

Read More →
ငြိမ်းချမ်းရေးဗိသုကာအား ပြန်လည်စဉ်းစားသင့်

ငြိမ်းချမ်းရေးသည် လက်ရှိအစိုးရ၏ အဓိကဦးစားပေးအကြောင်းအရာ ဖြစ်နေ သည်မှာ ထင်ရှားပါသည်။ ငြိမ်းချမ်းရေးဟုဆိုလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး သည် အခြေခံမူဝါဒဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟူသော မူဝါဒပေါ်တွင် အခြေခံကာ ဒီဇိုင်းရေးဆွဲဆောင်ရွက်ပါမှ သဘာဝကျအောင်မြင် မည် ဖြစ်သည်။ လတ်တလောတွင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အပစ်အခတ်ရပ်စဲရန်နှင့် ရေရှည်တွင် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲရပ်တည်နိုင်ရေး ကြိုးပမ်းရန် သဘောထားပေးထားသည်။ ယင်းအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်နှင့် မကိုက်ညီသည်များရှိလျှင်ရှိသည့်ပုဒ်မ၊ အပိုဒ် တို့ကို မည်ကဲ့သို့ ပြောင်းလဲသင့်ပါ ကြောင်း ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတွင် ဆွေးနွေးအဖြေရှာကြရန် သဘောထားပေး သည်။ သို့သော် ရခိုင့်တပ်မတော်၊ ကေအိုင်အေအပါအဝင် ၄ ဖွဲ့ မပါဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် […]

Read More →
Social media & sharing icons powered by UltimatelySocial