အဖွဲ့ဝင်များ

အယ်ဒီတာချုပ် မျိုးမြင့်ညိမ်း တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း) အယ်ဒီတာ ဟန်ဇော် လက်ထောက်အယ်ဒီတာ အောင်ဖြိုးဇော် အချက်အလက်နှင့်ထုတ်လုပ်မှု မချစ်နှင်းဖြူနှင့်မဖြူဖြူဝင်း ဈေးကွက်တာဝန်ခံ မဖြူပွင့်ဇော် ဆက်သွယ်ရန် လိပ်စာ – တတိယထပ်၊ ပြည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၉၇၅၅၅၆၀၄၈ အီးမေးလ် – info@myanmarinfodigest.com

Read More →
Info Digest အကြောင်း

Info Digest Media House Info Digest Media House ကို ၂၀၁၅ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ Info Digest Media House အနေဖြင့် ၂ ပတ် တစ်ကြိမ်ထုတ် ဂျာနယ်တစ်စောင်ကို Info Digest Journal အမည်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီမှစတင်၍ ထုတ်ဝေနိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် Info Digest Journal အထူးစာစောင်များကို တစ်လလျှင် တစ်ကြိမ် အခမဲ့ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလထုတ်ဂျာနယ်ကို ရွေးကောက်ပွဲအထူးစာစောင်အနေဖြင့် ထုတ်ဝေခဲ့ပါသည်။ ထို့အပြင် ရုပ်သံထုတ်လွှင့်မှုမီဒီယာလုပ်ငန်းကို လွတ်လပ်သောအာရှအသံ(RFA)နှင့်ပူးတွဲ၍ စီစဉ်ထုတ်လွှင့်လျက် ရှိပါသည်။ Info Digest Journal Info Digest […]

Read More →
ရွေးကောက်ပွဲဆိုင်ရာ လိမ်ညာတိုင်ကြားမှု

ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတစ်ရပ်ရပ်ကို လိမ်လည်စွပ်စွဲပြီး တိုင်ကြားခဲ့လျှင် ထိုတိုင်ကြားသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။ ရဲစခန်းတွင် တိုက်ရိုက်တိုင်တန်းခွင့်ရှိခြင်း ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားပါသည်။ တိုင်ကြားလိုသူသည် သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်၍ တိုင်ကြားခွင့်ရှိပါသည်။ တိုင်ကြားခွင့်ရှိသူများ (၁) မဲဆန္ဒရှင်တစ်ဦးက ဖြစ်စေ၊ (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း(သို့မဟုတ်)ရွေးကောက်ပွဲကိုယ်စားလှယ်က ဖြစ်စေ၊ (၃) သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တစ်ဦးဖြစ်စေ၊ (၄) မဲရုံအဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ၊ သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်တန်းခွင့်ရှိသည်။ တိုင်တန်းရမည့် အချိန်ကာလ (၁) ရွေးကောက်ပွဲ မကျင်းပမီဖြစ်စေ၊ (၂) ရွေးကောက်ပွဲ ကျင်းပနေစဉ်ဖြစ်စေ၊ (၃) ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၁၅ ရက်အတွင်းဖြစ်စေ၊ ဥပဒေနှင့်အညီ တိုင်တန်းခွင့်ရှိသည်။ ကိုးကား-လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ

Read More →
ရွေးကောက်တင်မြှောက်ခြင်း ပျက်ပြယ်စေသည့်အချက်များ

ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးသည် အောက်ပါအချက်တစ်ရပ်ရပ်၌ ငြိစွန်းကြောင်း တွေ့ရှိလျှင် ယင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းသည် ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်သည်။ (က) ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်သည်- (၁) တရားမဲ့ပြုကျင့်မှုများဖြင့် မဲအများဆုံးကို ရယူခဲ့သည်ဟုလည်းကောင်း၊ (၂) ထိုးနည်းဖြင့်ပင် သွေးဆောင်၍ ရယူခဲ့သည်ဟုလည်းကောင်း၊ (၃) ရွေးကောက်ပွဲအနိုင်အရှုံးသည် တရားမဲ့ပြုကျင့်မှုများကြောင့်သာ ဖြစ်ရသည်ဟုလည်းကောင်း၊ ပေါ်လွင် ထင်ရှားခြင်း၊ (ခ) ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်၏ အကျိုးငှာ တရားမဲ့ပြုကျင့်မှုတစ်ခုခုကိုပြုကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ (ဂ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ (ဃ) လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက်ခြင်းတို့ကြောင့်၊ (၁) လွတ်လပ်စွာ မဲပေးနိုင်စွမ်းရှိသော ရွေးကောက်ပွဲမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ (၂) ယင်းသို့ပြုလုပ်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ (င) အောက်ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးဦးဖြစ်ကြောင်း […]

Read More →
Social media & sharing icons powered by UltimatelySocial