အထည်ချုပ်လုပ်သားထု၏အင်အားနှင့် ဒေသန္တရဖွံ့ဖြိုးမှု

မြန်မာနိုင်ငံ၏ အထည်ချုပ်စက်ရုံများ တည်ရာဒေသများကို လေ့လာရာတွင် ရန်ကုန်မြို့တွင်သာ အများဆုံး (စက်ရုံ ၂ဝဝ ဝန်းကျင်) တွေ့ရှိရပြီး မန္တလေတွင် အတန်အသင့်ရှိကာ ပဲခူးတွင် ၁ဝ ရုံ မပြည့်ဘဲ ဘားအံတွင်တစ်ရုံနှင့် သီလဝါတွင်လည်း ဆောက်နေဆဲအလုပ်ရုံရှိနေပါသည်။ စင်စစ်အထည်ချုပ်လုပ်ငန်းသည် အတန်းပညာတတ်မြောက် မှု လိုအပ်ချက်သိပ်မရှိသည့်အပြင် ကျွမ်းကျင်လုပ်သားများကို ပြုစုပျိုးထောင်ရန်လည်း မခက်ခဲသည့် လုပ်ငန်းအမျိုး အစားဖြစ်ပါသည်။ တစ်ဖန်ရန်ကုန်မြို့၏ အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ လုပ်သားများအကြောင်း သုတေသနရလဒ် များကို တွေ့ရသည့်အခါ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ လုပ်သားထု၏ ၉၄ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများ ဖြစ်ကြကာ ၆ဝ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်း ဖြစ်နေခြင်းပင်။ တစ်ဖန် လုပ်သားထု၏ ၇၅ ရာခိုင်နှုန်းမှာ ဗမာလူမျိုးများ ဖြစ်နေပြန်သည်။ တစ်နည်းအားဖြင့် […]

Read More →
စွန့်ပစ်ပစ္စည်းများကို ထိရောက်စွာ စီမံခန့်ခွဲခြင်း

စွန့်ပစ်ပစ္စည်းများသည် ယခုကဲ့သို့သော နည်းပညာတိုးတက်နေသည့်ခေတ်တွင် အမျိုး အစားရော ပမာဏပါ တစ်နေ့တခြား တိုးပွားနေပေသည်။ အထူးသဖြင့်  ထိလွယ် ရှလွယ် ပျက်စီးဆွေးမြေ့လွယ်သည့် လူသုံးကုန်များကို ကြာရှည်ခံနိုင်အောင် ကြံဆရာမှ ပေါ်ထွက်ခဲ့သော ပလတ်စတစ်သည် ယနေ့ခေတ် စွန့်ပစ်ပစ္စည်းများထဲတွင် ပြဿနာအကြီးဆုံး ဖြစ်လာနေပေ သည်။ သို့ဖြင့် နည်းပညာကိုပင် အသုံးချကာ ဆွေးမြေ့ပျက်စီးနိုင်သော ပလတ်စတစ်မျိုးကို တီထွင်ဖန်တီးမှုများ ပြုလုပ်လာကြရသည်။ တစ်နည်းအားဖြင့် သဘာဝ၏အနိစ္စတရားကို မထီမဲ့မြင်ပြုရန် ကြိုးစားခဲ့ခြင်း၏ရလဒ်သည် လူသားများအပေါ် ကောင်းကျိုးရော ဆိုးကျိုးကို ပါ ပေါ်ထွက်စေခြင်းပင် ဖြစ်သည်ဟု ဆိုရပါမည်။ မည်သို့ပင်ဖြစ်စေ သဘာဝအတိုင်း ဆွေးမြေ့ ပျက်စီးနိုင်သည့် စွန့်ပစ်ပစ္စည်းအမျိုးအစားနှင့် ပမာဏကပင် တစ်ပုံတပင်ရှိနေသည့် ကမ္ဘာမြေ ပေါ်တွင် သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးမလွယ်သည့်စွန့်ပစ်ပစ္စည်းများကို ကန့်သတ် တီထွင် အသုံးချကာမှ အဆင်ပြေမည့်အနေအထားသို့ […]

Read More →
အခွန်၊ နိုင်ငံသားနှင့် နိုင်ငံတော်

နိုင်ငံတကာတွင် အခွန်ထမ်းပြည်သူဟူသည့် ဂုဏ်ပုဒ်သည် အတော့်ကို သြဇာ ကြီးသော ဂုဏ်ပုဒ်သာ ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာ၏ အစိတ်အပိုင်းများထဲတွင်  အခွန်ထမ်းပြည်သူများက ထမ်းရွက်သောအခွန်များပါနေသည်။ အခွန်ထမ်း ပြည်သူများက ထမ်းဆောင်လိုက်သောအခွန်အခများသည် နိုင်ငံ၏ လုပ်ငန်းဆောင်တာများအတွက် အထောက်အကူဖြစ် သည်။ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ လျှပ်စစ်မီးစသဖြင့် အခြေခံအဆောက်အအုံနှင့် အခြေခံဝန်ဆောင်မှုများ ကို အခွန်ထမ်း ပြည်သူများက ပေးသော အခွန်ဘဏ္ဍာများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရသည်။ ထို့ကြောင့် အခွန်ထမ်းပြည်သူများက နိုင်ငံတော်သည် သူတို့၏ သဘောဆန္ဒ ကို ဖြည့်ဆည်းအကောင်အထည်ဖော်ခြင်းဖြင့် သူတို့အပေါ် သစ္စာရှိကြောင်း ပြသရန် မျှော်လင့်ကြသည်။ ထိုသို့ သူတို့ အခွန်ပေးထားသော နိုင်ငံတော်၏ အရေးအရာ ကိစ္စများကို သူတို့ကိုယ်စား ဆောင်ရွက်လုပ်ကိုင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ပေးကြမည်၊ […]

Read More →
နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဟန့်အတားများ

နိုင်ငံရေးအကျဉ်းသားဟု သီးသန့်အသိအမှတ်ပြုခဲ့သောကာလတစ်ခုကို လွန်လေသော် ရာဇဝတ်သားသာ ရှိပြီး နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိဟု ခံငြင်းသော ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့ရဖူးပါသည်။ ထိုသို့ခေတ် အမျိုးမျိုးကို လွန်လေသော် လူတို့၏ နိုင်ငံရေးအကျဉ်းသားများအပေါ်ထားအပ်သော ရှုမြင်ပုံသည်လည်း အမျိုးမျိုး အဖုံဖုံပြောင်းလဲလာတော့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား ဖမ်းဆီးခဲ့ရာတွင် အရေးပေါ် စီမံ ချက်ကဲ့သို့သော တရားမဲ့ဖမ်းဆီးခွင့်ကို တရားဝင်ဖြစ်အောင် ပြုထားသည့် ဥပဒေပုဒ်မမျိုးကို အဓိကသုံးစွဲခဲ့ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတစ်ဦးပင် ရှိစေကာမူ လွန်စွာများပြားနေပြီဟု နိုင်ငံ တကာအသိုင်းအဝိုင်းက ခံယူကြသော်လည်း စစ်အစိုးရခေတ်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းကျ ခံရခြင်းသည် ထိုက်တန်သော သို့မဟုတ်ကြောင်း ကျိုးဆီလျော်သော ဖြစ်ရပ်အဖြစ် လူထုကပါ ရှုမြင်ခဲ့ကြသည်။  နိုင်ငံရေးလှုပ်ရှားသူ များကို ၁၉၈၈ မှ ၁၉၉၃ ခုနှစ်ကြားတွင် ပုဒ်မ ၅ […]

Read More →
Social media & sharing icons powered by UltimatelySocial