ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ကြမယ်ဆိုရင်

     မြန်မာ့ဒီမိုကရေစီခရီးလမ်းမှာ တာထွက်နေရာဟာ လမ်းမြှောင်လေးထဲ ရောက်နေသလို ဖြစ်နေတယ်လို့ ဆိုရပါမယ်။ တကယ့်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်ဖို့အတွက် လမ်းမြှောင်လေးထဲကနေ ထွက်ဖို့ကို တောင် အတော်လေး ခက်ခဲနေတာကိုလည်း အားလုံးက သတိပြုမိကြမှာပါ။ ဒီမိုကရေစီလမ်းမကြီးပေါ်တောင် မရောက်သေးဘဲ နောက်ကြောင်းပြန်သွားမှာလားလို့ စိုးရိမ်ပူပန်သူတွေက ပြည်တွင်းရော ပြည်ပမှာပါ ဒုနဲ့ဒေး ဖြစ်နေလေရဲ့။ ဒီနေရာမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုက ရေစီနဲ့ ရွေးကောက်ပွဲ အထောက်အကူပြုအင်စတီကျူဒ် (ှီုနဗ)ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၉၇၅ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်ထိ နှစ်လေးဆယ်ကာလအတွင်း ဒီမိုကရေစီလမ်းကြောင်း ဘယ်လိုဦးတည်ဖွံ့ဖြိုးနေတယ် ဆိုတာကို လေ့လာထားတဲ့ စစ်တမ်းထဲက နောက် ကြောင်းပြန်တာနဲ့ ပတ်သက်တဲ့ သုတေသနရလဒ်ကို ပြောပြချင်ပါတယ်။ နောက်ကြောင်းပြန်တာမှာ အာဏာ သိမ်းခြင်းနဲ့ ရွေးကောက်ပွဲနေ့မှာ မဲလိမ်ခြင်းဆိုတာ ရှေး ခေတ်က […]

Read More →
မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလားအလာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးကဏ္ဍအခြေခံမူသဘောတူညီချက် ၄ ချက်၊ စီးပွားရေး ကဏ္ဍအခြေခံမူသဘောတူညီချက် ၁ ချက်၊  လူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူသဘော တူညီချက် ၂ ချက်၊ စုစုပေါင်းအခြေခံမူသဘောတူညီ ချက် ၁၄ ချက် တို့ကို ထပ်မံရေးဆွဲချမှတ်နိုင်ခဲ့ပြီဖြစ် ပါသည်။ ၂၀၁၇ ခုနှစ်၊ မေလအတွင်းက ကျင်းပခဲ့ သည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးက ရေးဆွဲချမှတ်ခဲ့သော မူဝါဒသဘောတူညီချက် ၃၇ ချက်နှင့် ဆိုပါက စုစုပေါင်း ၅၁ ချက်အထိ ရေးဆွဲချမှတ်ပြီးခဲ့ပေပြီ။ ရှေ့ဆက်၍လည်း သတ်မှတ်အချိန်ကာလနှင့် အညီ […]

Read More →
သဘောတူညီချက်အလွယ်ရမည့် အကြောင်းအရာထက် နိုင်ငံရေးပြဿနာများ အဖြေထွက်ရေးကို ဦးစားပေးစေချင်

ငြိမ်းချမ်းရေးညီလာခံကြီး တစ်ချီတစ်မောင်းပြီးပြန်ပါပြီ။ အသံမျိုးစုံလည်း ကြားရပါတယ်။ အထူးသဖြင့် အဖွင့် မိန့်ခွန်းတချို့ကို ဝေဖန်သံတွေ ညံစည်ခဲ့ပါတယ်။ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စဟာ လွယ်လွယ်နဲ့ အရာမထင်နိုင်ဘူးဆိုတာ ပြည်သူအများက မျှော်လင့်ပြီးသားပါ။ တကယ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ ငြိမ်းချမ်းရေးပဋိညာဉ်ရယ်လို့ ကတိကဝတ်ဆိုင်ရာ သဘောတူညီမှုနှစ်ရပ်ဟာ အဓိကအကျဆုံးဖြစ်ပါတယ်။ ဒီသဘောတူညီမှုနှစ်ရပ်ရသွားရင် မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းသွားမှာလားဆို တာကတော့ ပြည်သူအများဉာဏ်မမီနိုင်တဲ့အချက်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်း ပင်လုံညီလာခံကြီးတစ်နှစ်မှာ တစ်ကြိမ်ကျင်းပဖြစ်တယ်ဆိုရင်တောင် လူထောင်ကျော်တက် တဲ့ ညီလာခံမို့ ဘတ်ဂျက်ဘယ်လောက်ကြီးမယ်ဆိုတာ မှန်းကြည့်ရုံနဲ့ အဖြေထွက်ပါတယ်။ ဒါကြောင့်လည်း တစ်ခါ ဆို ဆိုသလောက်ထိရောက်တဲ့ ရလဒ်ဖြစ်စေ၊ ရလဒ်အတွက် အခြေခံအုတ်မြစ်ဖြစ်စေပေါ် ထွက်လာဖို့ကို မျှော်လင့်ကြ ပတယ်။ ဒီတစ်ခေါက်တော့ သဘောတူညီချက်က ၁၄ ချက်ပဲ ထွက်လာတာမို့ ဒုတိယအကြိမ်က […]

Read More →
ဥပဒေပြုရေးမဏ္ဍိုင် ကိုယ့်အလုပ်ကိုယ် ဦးစားပေးနိုင်ပါစေ

နှစ်ပေါင်းများစွာ တစ်ပါတီစနစ်နဲ့ အာဏာရှင်စနစ်တွေ ကြီးစိုးခဲ့တာရဲ့ နောက်ဆက်တွဲအဖြစ် ရလိုက်တဲ့ အရှုံးကတော့ နိုင်ငံရေးစနစ်တွေကို နားမလည်နိုင်တော့ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ တခြားမဏ္ဍိုင်တွေအပေါ်မှာ လွှမ်းမိုးကြီးစိုးဖို့ ကြိုးစားတဲ့ဓလေ့နဲ့ တခြားမဏ္ဍိုင် တွေကလည်း အုပ်ချုပ်ရေးကို သူတို့မဏ္ဍိုင်တွေရဲ့ အထက်မှာရှိတယ်လို့ ခံယူမိတဲ့ဓလေ့တွေ ဖြစ်ပါ တယ်။ မကြာသေးခင်က လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုဆွေး နွေးကြတော့ လွှတ်တော်ကိုယ်စားလှယ်တချို့ကိုယ်တိုင် သူတို့ဟာ အစိုးရရဲ့အစိတ်အပိုင်းလို့ တွေးတော ရှုမြင်နေကြတာကို သတိထားလိုက်မိပါတယ်။ အတော်လေးအံ့အားသင့်ရသလို အန္တရာယ်များလှတယ် လို့လည်း တွေးလိုက်မိပါတယ်။ တစ်နည်းအားဖြင့် တစ်ပါတီထဲက မဲအများစုကို အနိုင်ရလိုက်တဲ့အတွက် ကိုယ့်ပါတီက အစိုးရဖွဲ့ခွင့်ရတာမို့ အစိုးရလည်း ငါတို့ပါပဲလို့များ တွေးနေသလားလို့လည်း သံသယဖြစ်ရ ပါတယ်။ ဒီမိုကရေစီရဲ့အခြေခံသဘောတရားဟာ အများစုရဲ့ဆန္ဒအတိုင်း ဆုံးဖြတ်ရတာဖြစ်ပေမဲ့ အလုံးစုံ အာဏာဆိုတာကို ဘယ်သူကမှ […]

Read More →
Social media & sharing icons powered by UltimatelySocial