မြန်မာနိုင်ငံနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ

အခွန်စည်းကြပ်ကောက်ခံခြင်းသည် နိုင်ငံတစ်ခု အတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၏ အခြေခံ အုတ်မြစ်ဖြစ်သည့်အပြင် နိုင်ငံတစ်ခု ချမ်းသြွာကယ်ဝ ခြင်းအတွက် အရေးပါသောအချက်လည်းဖြစ်သည်။ အခွန် စည်းကြပ်ကောက်ခံခြင်းသည် ပညာရေးဆိုင်ရာ အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ စီးပွားရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လူမှုဖူလုံရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း အစရှိသည့် အစိုးရအဖွဲ့တစ်ရပ်၏ လုပ်ငန်းဆောင်တာများ အားလုံးအတွက် ဘဏ္ဍာရေးအခြေခံအရင်းအမြစ်လည်း ဖြစ်သည်။ အခွန်စည်းကြပ်မှုမှ ရရှိသောဝင်ငွေသည် နိုင်ငံတစ်ခုရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ ပင်ဖြစ်သည်။ ဘဏ္ဍာရေးရေရှည်တည်တံ့ခိုင်မြဲမှုသည် အစိုးရအဖွဲ့၏ အရင်းအနှီးနှင့် ကြီးပွားစည်ပင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာမခံပေးမည့် မရှိမဖြစ်လိုအပ်သော လိုအပ်ချက်တစ်ခု ဖြစ်သည်။ မြန်မာ့အခွန်စနစ် မြန်မာနိုင်ငံ၏ အခွန်စနစ်တွင် ထုတ်လုပ်မှုနှင့်သုံးစွဲ မှုဆိုင်ရာ အခွန်အခများ၊ ဝင်ငွေနှင့်ပိုင်ဆိုင်မှုဆိုင်ရာ အခွန်အခများ၊ အကောက်ခွန်နှင့် နိုင်ငံပိုင်ပစ္စည်းများ […]

Read More →
မြန်မာ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော SME လုပ်ငန်းများ၊ Glory အချိုရည်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သီတာထွန်းနှင့် တွေ့ဆုံခြင်း

`အစာလည်းဆေး၊ ဆေးလည်းအစ´ ဆိုတဲ့ ဆောင် ပုဒ်ဟာ ကမ္ဘာပေါ်က အစားအစာစားသုံးကြသူတိုင်း နဲ့ အကျုံးဝင်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ အတွက် ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုး၊ လေ့ ကျင့်ခန်း အမျိုးမျိုးကို အသုံးပြုပြီး လူပေါင်းများစွာဟာ ကမ္ဘာဦးအချိန်ကစလို့ ဒီကနေ့အထိတိုင်အောင် ကျင့်ကြံ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။`အာရောဂျံ၊ ပရမံ၊ လာဘံ´ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ သတ်မှတ် ခံယူထားကြတဲ့ မြန်မာနိုင်ငံမှာလည်း ကျန်းမာမှုဆိုတဲ့ လာဘ်လာဘကို ရရှိပိုင်ဆိုင်နိုင်ကြဖို့အတွက် နည်းစနစ်၊ ပညာရပ်မျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒီအထဲက အခြေခံအကျဆုံးအချက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ `အစာလည်း ဆေး၊ ဆေးလည်းအစ´ဆိုတဲ့ ဆောင်ပုဒ် အတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားသုံး ခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဝိသမလောဘသားတွေရဲ့ မတော်လောဘတက်မှုကြောင့် ဒီနေ့ခေတ် အစားအစာတွေထဲမှာ ဓာတုပစ္စည်းတွေ၊ […]

Read More →
SME လေ့လာသူ ဦးဇော်သန်းနှင့် တွေ့ဆုံခြင်း

SME လို့ခေါ်တဲ့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေဖို့ အဓိကကျတဲ့နေရာကနေ အထောက်အပံ့ပေးနေကြတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။ နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရင်းခံဖြစ်တဲ့ SME လုပ်ငန်းတွေဟာ ပြောင်းလဲနေတဲ့ ဈေးကွက်လိုအပ်ချက်တွေကို အလွယ်တကူ တုံ့ပြန်ပြောင်းလဲနိုင်စွမ်းရှိတဲ့အပြင် နိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ တည်ရှိနေလို့ သက်ဆိုင်ရာဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်တွေကို အများဆုံး ဖြည့်ဆည်းပေးနိုင်ကြတယ်။ မြန်မာနိုင်ငံမှာလည်း SME ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် တိုင်းပြည်ခေါင်းဆောင်တွေက ဗျူဟာတွေ၊ နည်းစနစ်တွေ၊ မူဝါဒတွေ အမျိုးမျိုးချမှတ်ပြီး တိုက်တွန်းအားပေးလာကြတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဘက်စုံထောင်စုံက လိုအပ်ချက်တွေရှိနေသေးလို့ အောင်မြင်မှု အားနည်းနေသေးတဲ့ မြန်မာ့ SME  အသိုက်အဝန်းကို ပြည်တွင်းပြည်ပက စီးပွားရေးပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုအကြံပေးနေကြတာကို လည်း တွေ့ကြရပါတယ်။ ဒီတစ်လမှာတော့ တိုးတက် မှုအတွက်အစပျိုးနေတဲ့ မြန်မာ့ SME […]

Read More →
SME လုပ်ငန်းများ ဖွံ့ဖြိုးရန် ဘဏ္ဍာရေးဆိုင်ရာပညာရေးအစီအစဉ်များနှင့် လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းဆိုင်ရာအစီအစဉ်များ ကူညီပံ့ပိုးပေးနေသည့် Edication for Entrepreneurs ပညာရေးအစီအစဉ်မှ တာဝန်ရှိသူ မမီမီမျိုးဝင်းနှင့် တွေ့ဆုံခြင်း

တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ Small & Medium Enterprise (အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း)တွေဟာ အဓိကအသက်သွေးကြောအဖြစ် တည်ရှိနေပါတယ်။ SME တွေဟာ နိုင်ငံဖွံ့ဖြိုးမှုရဲ့ မောင်းနှင်အားဖြစ်သလို စွန့်ဦးတီထွင်မှု လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာဆိုရင် အသေးစား၊ အငယ်စားနဲ့ အလယ်အလတ်တန်း စားစီးပွားရေးလုပ်ငန်းတွေဟာ GDP ခေါ် ပြည်တွင်း ထုတ်ကုန်ရဲ့ ၉ဝ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေတာဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုလည်း အများ ဆုံးဖန်တီးပေးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ ၉ဝ ရာခိုင် နှုန်းကျော် တည်ရှိနေပြီး နိုင်ငံ့စီးပွားရေးတိုးတက်ဖို့ အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနေကြပါတယ်။ တကယ်တော့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်ခြင်းဟာ […]

Read More →
Social media & sharing icons powered by UltimatelySocial