အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)၏ လက်ရှိအနေအထားနှင့်အနာဂတ်အလားအလာ

SMEs အဓိပ္ပာယ်သတ်မှတ်ချက်များ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် သဗ္ဗရနံပေါင်းသောင်းပြောင်းတွေ လာရောနှောပေါင်းစည်းနေသော အစုတစ်ခုဖြစ်သည်။ SME များကို ကျေးရွာဈေးကွက်အတွက် လယ်ယာသုံး ကိရိယာများ ထုတ်လုပ်ပေးသည့် လက်မှုပညာလုပ်ငန်းကလေး၊ ကျေးရွာလမ်းဆုံလမ်းခွမှ လက်ဖက်ရည်ဆိုင် ငယ်၊ မြို့ငယ်လေးတစ်မြို့မှ အင်တာနက်ကဖေး စသည် မှသည် ပင်လယ်ရပ်ခြားဈေးကွက်များသို့ တင်ပို့ရောင်းချ နေသော ခေတ်မီဆန်းသစ်သည့် အင်ဂျင်နီယာပစ္စည်း သို့မဟုတ် ဆော့လ်ဝဲလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များရှိ နိုင်ငံစုံကားလုပ်ငန်းကုမ္ပဏီများသို့ တင်ပို့ရောင်းချနေသော အလတ်စားကားအစိတ်အပိုင်း ထုတ်လုပ်ရေးလုပ်ငန်းအထိရှိသည့် စီးပွားရေးလှုပ်ရှားမှု အခင်းအကျင်းကျယ်ကြီးထဲတွင် မမြင်ချင်အဆုံး တွေ့ မြင်နိုင်သည်။ မြို့ပြ၊ ကျေးလက်၊ ဒေသခံ၊ နိုင်ငံတွင်းနှင့်နိုင်ငံတကာ စသော လွန်စွာကွဲပြားခြားနားသည့် ဈေးကွက်များအတွင်း SME လုပ်ငန်းများက လည်ပတ်နေကြသည်။ မတူကွဲပြားသည့် အတတ်ပညာ၊ ကျွမ်း ကျင်မှု၊ အရင်းအနှီး၊ […]

Read More →
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရေးတွင် သီးခြားစဉ်းစားသင့်သည့်လုပ်ငန်းအချို့

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက် သင့်သည့် စီးပွားရေးလုပ်ငန်းများတွင် ရေတိုရေရှည် နှစ်ခုစလုံးအတွက် သတင်းအချက်အလက်နှင့် နည်းပညာ ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရပါသည်။ တစ်ဖန် ပုံနှိပ်လုပ်ငန်းကိုလည်း အသေးစားနှင့် အလတ်စားကုန်ထုတ်လုပ်မှုလုပ်ငန်းအဖြစ် ထည့်သွင်းသတ်မှတ်ထားပါသည်။ စင်စစ်လတ်တလော အခြေအနေ တွင် အမှီအခိုကင်းသော ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းလုပ်ငန်းများသည် ဆက်လက်ရပ်တည်ရန်ပင် ခက်ခဲလှသဖြင့် ရပ်သူရပ်၊ နားသူနားဖြင့် ကြိုးစားရပ်တည်နေကြရပါသည်။ ထိုလုပ်ငန်းများသည် ရေတိုရေရှည် ဦးစားပေးဆောင်ရွက်ရမည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသာ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။ ချေးငွေလျှောက်ထားပြီး လုပ်ဆောင်နိုင်သည့်လုပ်ငန်းများ ဖြစ်ကြသော်လည်း အသေးစား သို့မဟုတ် အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် မှတ်ပုံတင်ရန်ပင် အားထုတ်ခဲ့ကြသည်မှာလည်း ထိုပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများဖြစ်ပါလိမ့် မည်။ အကြောင်းမှာ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ များသောအားဖြင့် ထိုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံရသောကာလမှာ […]

Read More →
အွန်လိုင်း၊ အော့ဖ်လိုင်း စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးတွေက အလုပ်ဖြစ်ရဲ့လား

ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ  မြန်မာ့ တပ်မတော်ရဲ့ လျှို့ဝှက်ဝါဒဖြန့်ချိရေးကမ်ပိန်းအတွက် ပလက်ဖောင်းသဖွယ်ဖြစ်ခဲ့ပြီး (ရိုဟင်ဂျာ)မူဆလင်တွေ ကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က တာဝန် ရှိသူတွေက ပြောကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းဆောင်းပါးက ဆိုပါတယ်။ ဒါ့ အပြင် အောက်တိုဘာ ၁၅ ရက်ထုတ် နယူးယောက်တိုင်းမ်သတင်းစာဆောင်းပါးတစ်ပုဒ်ကလည်း မြန်မာ့တပ်မတော်ဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ဖေ့စ်ဘွတ်ခ်ကနေ လှုံ့ဆော်ခဲ့တယ်လို့ ရေးလိုက်ပြန်ပါတယ်။ ဆောင်းပါးနှစ်ခုမှာ ပါခဲ့တဲ့ အချက်အလက်တွေကို လေ့လာကြည့်ရာမှာ မြန်မာနိုင်ငံအနေနဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ ၁၈ သန်းရှိတယ်လို့ သိရပါတယ်။ လူဦးရေ ၅၄ သန်းရှိတဲ့နိုင်ငံမှာ အသက် ၁၅ ကနေ ၆၄ နှစ်ကြား လူဦးရေဟာ ပျမ်းမျှခြင်းအားဖြင့် ၆၈ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတော့ ၃၆ သန်းပေါ့။ အဲဒီထဲမှာ […]

Read More →
ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ကြမယ်ဆိုရင်

     မြန်မာ့ဒီမိုကရေစီခရီးလမ်းမှာ တာထွက်နေရာဟာ လမ်းမြှောင်လေးထဲ ရောက်နေသလို ဖြစ်နေတယ်လို့ ဆိုရပါမယ်။ တကယ့်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်ဖို့အတွက် လမ်းမြှောင်လေးထဲကနေ ထွက်ဖို့ကို တောင် အတော်လေး ခက်ခဲနေတာကိုလည်း အားလုံးက သတိပြုမိကြမှာပါ။ ဒီမိုကရေစီလမ်းမကြီးပေါ်တောင် မရောက်သေးဘဲ နောက်ကြောင်းပြန်သွားမှာလားလို့ စိုးရိမ်ပူပန်သူတွေက ပြည်တွင်းရော ပြည်ပမှာပါ ဒုနဲ့ဒေး ဖြစ်နေလေရဲ့။ ဒီနေရာမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုက ရေစီနဲ့ ရွေးကောက်ပွဲ အထောက်အကူပြုအင်စတီကျူဒ် (ှီုနဗ)ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၉၇၅ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်ထိ နှစ်လေးဆယ်ကာလအတွင်း ဒီမိုကရေစီလမ်းကြောင်း ဘယ်လိုဦးတည်ဖွံ့ဖြိုးနေတယ် ဆိုတာကို လေ့လာထားတဲ့ စစ်တမ်းထဲက နောက် ကြောင်းပြန်တာနဲ့ ပတ်သက်တဲ့ သုတေသနရလဒ်ကို ပြောပြချင်ပါတယ်။ နောက်ကြောင်းပြန်တာမှာ အာဏာ သိမ်းခြင်းနဲ့ ရွေးကောက်ပွဲနေ့မှာ မဲလိမ်ခြင်းဆိုတာ ရှေး ခေတ်က […]

Read More →
Social media & sharing icons powered by UltimatelySocial