မြန်မာနိုင်ငံနှင့်အခက်အခဲများကြားမှ အထည်ချုပ်လုပ်ငန်း

၂၀၁၈ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ ဘဏ်အဖွဲ့၏ Myanmar Economic Monitor အမည်ရ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ မြန်မာ့ စီးပွားရေးသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆုတ်ယုတ်ကျဆင်းမှု တစ်စိတ်တစ်ဒေသကို ပြောင်းပြန် လှန်ကာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အသင့် အတင့်တိုးတက်မှုအရှိန်နှုန်းထားဖြင့် တိုးတက်ကောင်း မွန်လာခဲ့ကြောင်း သိရှိရသည်။ နိုင်ငံ၏ GDP  တိုးတက်မှုနှုန်းထားမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၅.၉ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၆.၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းထားမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၅.၅ ရာခိုင်နှုန်းသာ သင့်တင့်မျှတစွာ ရှိနေခဲ့သည်။ ငွေကြေးလဲလှယ်မှုနှုန်းထားမှာလည်း ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ တည်ငြိမ်နေခဲ့သည်။ ဘဏ္ဍာရေးလိုငွေပြမှုသည်လည်း ဘဏ္ဍာ […]

Read More →
မြန်မာ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော SME လုပ်ငန်းများ A bank (Executive Director) စောဒီးနိုကူးနှင့် တွေ့ဆုံခြင်း

SME Sector  လို့ ပြောတဲ့နေရာမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် နေကြတဲ့ လုပ်ငန်းရှင်တွေ၊ အစိုးရရဲ့ SME ဌာနတွေ၊ စီးပွားရေးတတ်သိပညာရှင်တွေလောက်သာမကပဲ စီးပွားရေး အသိုက်အမြုံကြီးထဲမှာ စီးဆင်းနေတဲ့ ဘဏ်လုပ်ငန်း တွေဟာလည်း မရှိမဖြစ် ပါဝင်နေပါ တယ်။ အသစ်စတင် မယ့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆဲ၊ ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းတွေသာမက အောင်မြင်နေတဲ့ ဖွံ့ဖြိုး ပြီး စီးပွားရေးလုပ်ငန်းတွေစတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးရဲ့ ငွေကြေး ဆိုင်ရာ လုပ်ငန်းဆောင်တာလုပ် ဆောင်မှုတွေမှာ ဘဏ်လုပ်ငန်းတွေဟာ အဓိကနေရာက ပါဝင်နေပါ တယ်။ အဲဒါကြောင့် ဒီတစ်လမှာ တိုင်းပြည်ရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ SME လုပ်ငန်းတွေမှာ လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှု၊ စီးဆင်းမှုလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေကြတဲ့ ဘဏ်လုပ်ငန်း တွေအထဲက ဧရာဝတီတောင်သူလယ်သမားများ […]

Read More →
မြန်မာနိုင်ငံနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ

အခွန်စည်းကြပ်ကောက်ခံခြင်းသည် နိုင်ငံတစ်ခု အတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၏ အခြေခံ အုတ်မြစ်ဖြစ်သည့်အပြင် နိုင်ငံတစ်ခု ချမ်းသြွာကယ်ဝ ခြင်းအတွက် အရေးပါသောအချက်လည်းဖြစ်သည်။ အခွန် စည်းကြပ်ကောက်ခံခြင်းသည် ပညာရေးဆိုင်ရာ အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ စီးပွားရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လူမှုဖူလုံရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း အစရှိသည့် အစိုးရအဖွဲ့တစ်ရပ်၏ လုပ်ငန်းဆောင်တာများ အားလုံးအတွက် ဘဏ္ဍာရေးအခြေခံအရင်းအမြစ်လည်း ဖြစ်သည်။ အခွန်စည်းကြပ်မှုမှ ရရှိသောဝင်ငွေသည် နိုင်ငံတစ်ခုရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ ပင်ဖြစ်သည်။ ဘဏ္ဍာရေးရေရှည်တည်တံ့ခိုင်မြဲမှုသည် အစိုးရအဖွဲ့၏ အရင်းအနှီးနှင့် ကြီးပွားစည်ပင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာမခံပေးမည့် မရှိမဖြစ်လိုအပ်သော လိုအပ်ချက်တစ်ခု ဖြစ်သည်။ မြန်မာ့အခွန်စနစ် မြန်မာနိုင်ငံ၏ အခွန်စနစ်တွင် ထုတ်လုပ်မှုနှင့်သုံးစွဲ မှုဆိုင်ရာ အခွန်အခများ၊ ဝင်ငွေနှင့်ပိုင်ဆိုင်မှုဆိုင်ရာ အခွန်အခများ၊ အကောက်ခွန်နှင့် နိုင်ငံပိုင်ပစ္စည်းများ […]

Read More →
မြန်မာ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော SME လုပ်ငန်းများ၊ Glory အချိုရည်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သီတာထွန်းနှင့် တွေ့ဆုံခြင်း

`အစာလည်းဆေး၊ ဆေးလည်းအစ´ ဆိုတဲ့ ဆောင် ပုဒ်ဟာ ကမ္ဘာပေါ်က အစားအစာစားသုံးကြသူတိုင်း နဲ့ အကျုံးဝင်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ အတွက် ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုး၊ လေ့ ကျင့်ခန်း အမျိုးမျိုးကို အသုံးပြုပြီး လူပေါင်းများစွာဟာ ကမ္ဘာဦးအချိန်ကစလို့ ဒီကနေ့အထိတိုင်အောင် ကျင့်ကြံ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။`အာရောဂျံ၊ ပရမံ၊ လာဘံ´ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ သတ်မှတ် ခံယူထားကြတဲ့ မြန်မာနိုင်ငံမှာလည်း ကျန်းမာမှုဆိုတဲ့ လာဘ်လာဘကို ရရှိပိုင်ဆိုင်နိုင်ကြဖို့အတွက် နည်းစနစ်၊ ပညာရပ်မျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒီအထဲက အခြေခံအကျဆုံးအချက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ `အစာလည်း ဆေး၊ ဆေးလည်းအစ´ဆိုတဲ့ ဆောင်ပုဒ် အတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားသုံး ခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဝိသမလောဘသားတွေရဲ့ မတော်လောဘတက်မှုကြောင့် ဒီနေ့ခေတ် အစားအစာတွေထဲမှာ ဓာတုပစ္စည်းတွေ၊ […]

Read More →
Social media & sharing icons powered by UltimatelySocial