နိုင်ငံတကာ LGBT များအရေး

LGBT ဟူသည် LGBT  သည် မိန်းမချင်းစုံမက်သူ (Lesbian), ယောကျာ်းချင်းစုံမက်သူ (Gay), လိင်စုံဆက်ဆံသူ (Bisexual) နှင့် လိင်ပြောင်းလဲ ရပ်တည်သူ (Tansgender) တို့ကို ကိုယ်စားပြုသော အတိုကောက်စာလုံးများ ဖြစ်ပြီး လိင်ကွဲဆက်ဆံသူ (Heterosexual) နှင့်အတူပင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လိင်တိမ်းညွှတ်မှု  သို့မဟုတ်  ဖို/မ သရုပ်သကန်ကို ဖော်ပြရန်အသုံးပြုသော ဝေါဟာရသတ်မှတ်ချက်ပင်ဖြစ်သည်။ ယင်းတို့ကို သည့်ထက်အသေးစိတ်ဆိုရလျှင် မိန်းမချင်းစုံမက်သူ (Lesbian) သည် ချစ်ခင်နှစ်သက်မှုအရ၊ လိင်စုံမက်မှုအရ၊ စိတ်လှုပ်ရှားခံစားမှုအရ အခြားမိန်းမတစ်ဦးအပေါ် စိတ်ပါဝင်စားသည့် မိန်းမတစ်ဦးဖြစ်သည်။ ထို့အတူ ယောကျာ်းချင်းစုံမက်သူ (Gay) သည်လည်း ချစ်ခင်နှစ်သက်မှုအရ၊ လိင်စုံမက်မှုအရ၊ စိတ်လှုပ်ရှားခံစားမှု အရအခြားယောကျာ်းတစ်ဦးအပေါ် စိတ်ပါဝင်စားသည့် ယောကျာ်းတစ်ဦးဖြစ်သည်။ လိင်စုံဆက်ဆံသူ (Bisexual)  သည်ကား ချစ်ခင်နှစ်သက်မှုအရ၊ လိင်စုံမက်မှုအရ၊ စိတ်လှုပ်ရှားခံစားမှုအရ […]

Read More →
LGBT အရေးအတွက် နှစ်လမ်းသွားပြုပြင်ရေး

လိင်စိတ်တိမ်းညွတ်မှု မတူကွဲပြားခြင်းကို အခြေခံကာ လိင်ဝိသေသခံယူမှုအမျိုးမျိုးဖြစ်နိုင်သည်မှာ သဘာဝ တရားဖြစ်သော်လည်း ယင်းကို လူအများက နားလည်သဘောပေါက်နိုင်ခြင်းနှင့် လက်ခံနိုင်ခြင်းမှာမူ အကန့်အသတ် ရှိနေမြဲဖြစ်ပါသည်။ အထူးသဖြင့် အာဏာကို လက်ဝါးကြီးအုပ်ထားသည့် လူအစုအဖွဲ့ကအရာရာကို အဆုံးအဖြတ် ပေးနိုင်သည့် လူ့အဖွဲ့အစည်းမျိုးတွင် လူထု၏ သိနားလည် မှုနှင့် သိနားလည်ထားသမျှအပေါ် လက်ခံနိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းတို့သည် အကန့်အသတ်ရှိမြဲပင်။ ထို့ကြောင့် မြန်မာ့လူ့ဘောင်တွင် လိင်ဝိသေသခံယူမှုကို အကြောင်းပြုကာ လူအချင်းချင်း ခွဲခြားဆက်ဆံနှိမ်ချမှုများကို လူမှုရေးအရဆောင်ရွက်ကြသည့်အပြင် ဥပဒေ ကြောင်းအရပါ တရားဝင်ဖြစ်အောင် ပြုမူခြင်းများရှိနေပါသည်။ ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်း သို့မဟုတ် အန္တရာယ် ရှိနေသည့် ဥပဒေများအား ပြင်ဆင် ပြောင်းလဲခြင်းသည် လွယ်ကူချောမွေ့လေ့မရှိသော်လည်း အကယ်၍ တရားဝင်အတည်ပြုနိုင်ပြီဆိုလျှင်မူ ဥပဒေ၏ သက်ရောက်မှု၊ စိုးမိုးမှုကိုယ် တိုင်က စိန်ခေါ်မှုအသစ် ဖြစ်လာလေ့ရှိပါသည်။ ယင်းစိန်ခေါ်မှုအသစ်တွင် […]

Read More →
မဟာရန်ကုန်ဖွံ့ဖြိုးရေးအိပ်မက်

(ရန်) ကုန်တဲ့ (ရန်ကုန်) (ရန်ကုန်) ကို ၁၁ ရာစုစောစောပိုင်း(ခရစ်နှစ် ၁၀၂၈-၁၀၄၃)တွင် ထိုအချိန်က အောက်ဗမာပြည် တစ်လွှား အနှံ့အပြားနေထိုင်ခဲ့သည့် မွန်လူမျိုးတို့က (ဒဂုန်)အဖြစ် စတင်ထူထောင်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများက ဆိုသည်။ ထိုဒဂုန်သည် အစက တံငါရွာငယ်လေးတစ်ခုမျှသာဖြစ်ပြီး ရွှေတိဂုံစေတီတော်အနီးဝန်းကျင်ကို ဗဟိုပြု ၍ တည်ရှိခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင်အလောင်းဘုရားက ဒဂုန်ကို အောင်မြင် သိမ်းပိုက်ခဲ့ပြီး ဒဂုန် တစ်ဝိုက် လူနေအိမ်ခြေများ တိုးမြှင့်အခြေချစေကာ ရန်အပေါင်းအား အကုန်အစင်ဖယ်ရှားနိုင်မှု အကောက်အယူ ဖြင့် (ရန်ကုန်)မြို့အဖြစ် အမည်သစ်ပေးခဲ့ကြောင်း သိရသည်။ ကိုလိုနီ (ရန်ကုန်) အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ(၁၈၂၄-၂၆)ကာလအတွင်း အင်္ဂလိပ်တို့က ရန်ကုန်ကို သိမ်းပိုက်ခဲ့သော်လည်း ယင်းစစ်အပြီးတွင် ဗမာဘုရင့်အစိုးရသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု ဆိုသည်။ သို့တစေ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင်မူ […]

Read More →
ရန်ကုန်အရေးနှင့် ရန်ကုန်လူထု

၂၀ဝ၅ ခုနှစ်တွင် မြို့တော်ရန်ကုန်သည် ရာထူးချခံလိုက်ရသည်။ အကြောင်း မှာ နေပြည်တော်ပေါ်လာပြီး မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခံလိုက်ရသောကြောင့်ပင်။ သို့ရာတွင် အစိုးရမင်းရုံးစိုက်ရာ၊ ဝန်ထမ်းများ အလုပ်လုပ်ရာနေရာ ဒေသအဖြစ်ထက် ဘာမျှမပိုသော၊ မြို့ပြအသက်ဝိညာဉ်ကင်းမဲ့နေသော နေပြည်တော်ထက် စီးပွားရေး၊ လူမှုရေးနှင့်အနုပညာ-ယဉ်ကျေးမှုတို့ များပြားစုံလင်အသွင်ကွဲပြားလှသည့် ရန်ကုန်ကသာလျှင် မြန်မာ့လူထု၏ အာရုံအကျဆုံးမြို့တော်အဖြစ် ဆက် လက်အမည်တွင်ဆဲပင်။ အာရှမြို့ကြီးများအနက် မတူကွဲပြားမှု၊ ယဉ်ကျေးမှုစုံလင်ထူးခြားမှုတို့ကို မြင်သာလှသည့် ရန်ကုန်သည် တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့ပေသည်။  သို့သော် မန္တလေးမှာ သူ၏ အခြေခံအဆောက်အအုံ တိုးတက်ပြောင်းလဲလာမှု၊ သန့်ရှင်းစည်ပင် လာမှုနှင့်မြို့နေလူထုကိုယ်တိုင်၏ တက်ကြွသော မြို့တော်သူ/သား များအဖြစ် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ပြည်တွင်းပြည်ပက ချီးကျူးအားကျမှုကို ယခုအခါ ခံယူနေရသည့် တိုင် ရန်ကုန်မှာ စမတ်စီးတီးနှစ်ရှည်စီမံကိန်းပန်းတိုင်ဆီသို့ ယက်ကန်ယက်ကန်ဖြင့် ချီတက်နေရဆဲ ဖြစ်ပေသည်။ စင်စစ်ဒေသဆိုင်ရာ […]

Read More →
Social media & sharing icons powered by UltimatelySocial