နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်မြန်မာ့ရှေ့ရေး

တရားမျှတမှု မပြည့်ဝခဲ့သော်လည်း လွတ်လပ်မှုအတန်အသင့်ရှိခဲ့သော ရွေး ကောက်ပွဲကား မဲတစ်မဲ၏ တန်ဖိုးကို အရာအားလုံးထက် အလေးထားခဲ့ကြသော မိဘပြည်သူများ၏ မပျက်မကွက် တစ်ခဲနက် မဲပေးမှုကြောင့် အောင်မြင်အေးချမ်းစွာ ပြီးမြောက်ခဲ့ပြီး ဖြစ်ပေသည်။ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုစာရင်းများအား လက်လီစိတ်ထုတ်ပြန်နေသည့်တိုင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကသာလျှင် မဲဆန္ဒနယ်မြေအများစုကို အနိုင်ရခဲ့ကြောင်း သိနေရပေသည်။ တစ်နည်အားဖြင့် ၂၀၁၆ မတ်လဝန်းကျင်တွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့နိုင်ခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရရှိနိုင်မည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထူးခြားလှစွာသော ဝိသေသ များကြောင့် ယခုပေါ်လာမည့် အစိုးရအဖွဲ့သည် တပ်မတော်နှင့်အာဏာခွဲဝေ ထမ်း ဆောင်ရမည့်အနေအထားတွင် ရှိနေသည်။ အုပ်ချုပ်ရေးအာဏာတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရန် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ်ခန့်ထားမည့် ကာကွယ်ရေး ဝန်ကြီး၊  ပြည်ထဲရေးဝန်ကြီးနှင့်နယ်စပ်ရေးရာဝန်ကြီးများသည် ရွေးကောက်ပွဲအနိုင်ရ ပါတီကဦးဆောင်ပြီး […]

Read More →
ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ပြည်သူတို့၏ သိပိုင်ခွင့်

မြန်မာ့သမိုင်းတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲဟူသည် ရှားတောင့်ရှားခဲ ကျင်းပရသော အခင်းအကျင်း တစ်ခုပင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများထက် ထူးခြားသော ဝိသေသများ ပိုင်ဆိုင်ထားသည်။ လွတ်လပ်ရေးရပြီးစခေတ် ရွေးကောက်ပွဲများတွင် တပ်မတော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ အခန်းကဏ္ဍကို ပူပန်ကြောင့်ကြစရာအဖြစ် ရှုမြင်ခံရခြင်း နည်းပါးခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မူရင်းတို့၏ အခန်းကဏ္ဍမှာ မေးခွန်းထုတ်စရာဖြစ်ရသည်။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ အရေအတွက်ရော၊ ရွေးကောက်ခံနိုင်မည့် ကိုယ်စားလှယ်လောင်းနေရာ အရေအတွက်ပါ သိသိသာသာပိုမိုများပြား လှသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၃ ရပ် ပေါ်ထွန်းသဖြင့် ယခုအခင်းအကျင်းသည် ပိုမိုမြိုင်ဆိုင်သလောက် ပိုမိုသည်းထန်သည့် ပြိုင်ဆိုင်မှုကို ဖော်ညွှန်းနေလေသည်။ သမိုင်းတစ်လျှောက် မေ့လောက်ရှိမှ တစ်ခါ (အချို့လူများအတွက် တစ်သက်မှာ တစ်ခါဟုဆိုချင်လောက်အောင်) မဲပေးပိုင်ခွင့် ဆိတ်သုဉ်းခဲ့ရသော […]

Read More →
Social media & sharing icons powered by UltimatelySocial