ငြိမ်းချမ်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ

ပြည်တွင်းငြိမ်းချမ်းရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဓမ္မဓိဋ္ဌာန်ကျကျ ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်နေပြီဖြစ်ပါသည်။ စင်စစ် တပ်မတော်ဟူသည် နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ် အရေးပါသော နိုင်ငံပိုင်အဖွဲ့အစည်း(Public body/ institution)သာ ဖြစ်ပါသည်။ ပြည်တွင်းစစ် ရှိနေသော နိုင်ငံများတွင် ငြိမ်းချမ်းရေး၏ သော့ချက်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုပင်ဖြစ်သည်။ ပြည်တွင်းစစ် ဟူသည် ပြည်တွင်းရှိ အစုအဖွဲ့များအကြား နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင် လောက်သည်ထိ သဘောတူညီမှု မရှိရာမှ လက်နက်ကိုင် တော်လှန်ရေးဟူ၍ ပေါ် ပေါက်ခဲ့ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ပြည်တွင်းစစ် ပြေငြိမ်းရေးအတွက် အပစ် အခတ်ရပ်စဲရေး သို့မဟုတ် ပစ်ခတ်တိုက်ခိုက်မည့်အဖွဲ့များအား အမြစ်ပြတ်ချေမှုန်း ရေးသည် အန္တိမအဖြေ မဟုတ်ပါချေ။ သည်နေရာတွင် တပ်မတော်ဟူသည် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ နိုင်ငံရေး ရပ်တည်ချက်နှင့်အညီ စစ်ရေးအရ […]

Read More →
အထိန်းနှင့်အထေ မပျက်စေလို

မြန်မာ့နိုင်ငံ‌ရေးအခင်းအကျင်းတွင် အကြွင်းမဲ့အာဏာပိုင်‌သော အာဏာရှင်စနစ်က နှစ်‌ပေါင်းများစွာ တည်တံ့ခဲ့ရာမှ အုပ်ချုပ်‌ရေးအာဏာ၊ ဥပ‌ဒေပြု‌ရေးအာဏာနှင့် တရားစီရင်‌ရေးအာဏာသုံးရပ်တို့အကြားတွင် အပြန်အလှန်ထိန်း‌ကျောင်းပြီး စိစစ်သုံးသပ်ကာ မျှတ‌နေ‌အောင် ‌မောင်းနှင်သည့် အထိန်းနှင့်အ‌ထေ ဒီမိုက‌ရေစီစနစ် သည် မြန်မာ့လူ့‌ဘောင်နှင့် အသားမကျနိုင်‌အောင် ရှိ‌နေခဲ့ပါသည်။ တစ်ဖန် မြန်မာ့နိုင်ငံ‌ရေးအခင်းအကျင်းတွင် ‌ရွေး‌ကောက်ခံအစိုးရနှင့်လွွှတ်‌တော်တို့ ‌ပေါ်‌ပေါက် ခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်၌လည်း တပ်မ‌တော်ကိုယ်ခွဲ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီက အများစုလွွှမ်းမိုးခဲ့ရာ အုပ်ချုပ်‌ရေးမဏ္ဍိုင်က ကျန်မဏ္ဍိုင်နှစ်ရပ် အ‌ပေါ် လွွှမ်းမိုးမှုမှာ ငြင်းမရ‌အောင် ပြင်းထန်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အတိုက်အခံနိုင်ငံ‌ရေးပါတီက ဥပ‌ဒေပြု‌ရေးမဏ္ဍိုင်ထဲ ‌ရောက် လာခဲ့‌သော်လည်း အနည်းစုဖြစ်သဖြင့် အုပ်ချုပ်‌ရေးနှင့်ဥပ‌ဒေပြု‌ရေးမဏ္ဍိုင်အကြား အထိန်းနှင့်အ‌ထေမှာ ဟန်ချက်မညီ ဖြစ်ခဲ့မြဲပင်။ သို့ဖြင့် ၂ဝ၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် အတိုက်အခံက အများစု‌နေရာရကာ လွွှတ်‌တော်နှစ်ရပ်ကို လွွှမ်းမိုးခဲ့ရာမှ အုပ်ချုပ်‌ရေးအာဏာပိုင်စိုးသည့် […]

Read More →
လူထုကို ဦးတည်ကာ ဗဟိုပြုမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း

ဒုတိယကမ္ဘာစစ်အပြီး စစ်‌အေး‌ခေတ်ကို လွန်သည့်အခါ ယဉ်‌ကျေးမှုနှင့်လူမှု‌ရေးဓ‌လေ့ထုံးတမ်းတို့နီးစပ်သည့် ဥ‌ရောပနိုင်ငံအချို့ကြားတွင် နိုင်ငံ‌ရေးနှင့်စီးပွား‌ရေး အရ ပူး‌ပေါင်း‌ဆောင်ရွက်သည့် အသိုက်အဝန်းတစ်ခု‌ပေါ်ထွက်လာကာ ဥ‌ရောပသမဂ္ဂအဖြစ် အမည်တွင်‌လေသည်။ သည့်‌နောက်အ‌ရှေ့‌တောင်အာရှ ၁ဝ နိုင်ငံ အစုအဖွဲ့ဖြစ်သည့် အာဆီယံ ASEAN ‌ပေါ်ထွက်လာခဲ့သည်။ သို့ရာတွင် အာဆီယံသည် အီးယူဟု အတို‌ကောက်‌ခေါ်သည့် ဥ‌ရောပသမဂ္ဂနှင့်မတူကွဲပြား‌သော အသင်းအဖွဲ့ဆန်သည့် နိုင်ငံ‌ပေါင်းချုပ်ဟန် အစုအဖွဲ့ဖြစ်‌နေသည်။ တစ်နည်းအားဖြင့် နိုင်ငံ့အုပ်ချုပ်‌ရေးမဏ္ဍိုင်ဦး‌သျှောင်များ၏ ‌မောင်းနှင်မှုဖြင့် တည်တံ့‌နေ‌သော အစုအဖွဲ့ ဖြစ်‌နေ‌သေးသည်။ သို့ဖြင့် အာဆီယံစီးပွား‌ရေးအသိုက်အဝန်းASEAN Economic Community (AEC) ဟူ‌သော ‌ရေရှည်‌မျှော်အိပ်မက်တစ်ခု‌မွေးဖွား လာခဲ့သည်။ ယင်းတွင် ရည်ရွယ်ချက် ၅ ခုရှိကာ ယင်းတို့အနက် ၁ ခုမှာ ခိုင်မာပြီး အားလုံးပါဝင်‌သော လူထုကို ဦးတည်ကာ ဗဟိုပြုသည့် အာဆီယံဖြစ် လာရန်ဖြစ်သည်။ ထိုအ‌ခြေအ‌နေတွင် […]

Read More →
ငြိမ်းချမ်းရေးနှင့်တန်းတူရည်တူမှု

ငြိမ်းချမ်းရေးသည် နိုင်ငံ၏ ၂၀ ရာစုနှောင်းပိုင်းမှသည် ၂၁ ရာစု ဦးပိုင်းထိ သက်တမ်းတစ်လျှောက် တဖွဖွပြောကြရသော ဝေါဟာရ ဖြစ်လေ၏။ နိုင်ငံလွတ်လပ်ရေးနှင့် မတိမ်းမယိမ်း မွေးဖွားခဲ့သော ပြည်တွင်း စစ်မီးသည် မျိုးဆက်များအဆက်ဆက်အကြား ဒေါင်လိုက်အားဖြင့်လည်းကောင်း၊ မတူကွဲပြား လူအစုအဖွဲ့များ (လိင်၊ ပညာ၊ ဘာသာ၊ လူမျိုး၊ သက်မွေးပညာ)အဖုံဖုံအကြား အလျားလိုက်အားဖြင့်လည်းကောင်း တောက်လောင် နေခဲ့သည်မှာ ယနေ့အထိလည်း မအေးငြိမ်းနိုင်သေးပေ။ မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ဆင့်ကမ်းခဲ့သည့် ကောင်းမွေဟု လက်ညှိုးထိုးပြစရာ ဖွယ်ဖွယ်ရာရာထက် အမုန်း၊ သံသယနှင့် စစ်ဟူသည့် ဆိုးမွေကိုဖြင့် လက်ဆင့်ကမ်းခဲ့ကြ၊ လက်ဆင့်ကမ်းကြဆဲ ဖြစ်နေပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဟုဆိုလျှင် ဆိုရှယ်လစ်ခေတ်ကတည်းက အနှစ်သာရပါပါ မဆောင်ရွက်နိုင်ခဲ့ကြသဖြင့်လည်း ယခုအချိန်ထိ အထမမြောက်နိုင်သေးချေ။ စင်စစ်ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ငြိမ်းချမ်းရေးအဖြေကို ရှာဖွေခြင်းသည် အမြော်အမြင်ရှိသော လုပ်ငန်းစဉ်ဖြစ်သည့်တိုင် […]

Read More →
Social media & sharing icons powered by UltimatelySocial