လူထုကို ဦးတည်ကာ ဗဟိုပြုမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း

ဒုတိယကမ္ဘာစစ်အပြီး စစ်‌အေး‌ခေတ်ကို လွန်သည့်အခါ ယဉ်‌ကျေးမှုနှင့်လူမှု‌ရေးဓ‌လေ့ထုံးတမ်းတို့နီးစပ်သည့် ဥ‌ရောပနိုင်ငံအချို့ကြားတွင် နိုင်ငံ‌ရေးနှင့်စီးပွား‌ရေး အရ ပူး‌ပေါင်း‌ဆောင်ရွက်သည့် အသိုက်အဝန်းတစ်ခု‌ပေါ်ထွက်လာကာ ဥ‌ရောပသမဂ္ဂအဖြစ် အမည်တွင်‌လေသည်။ သည့်‌နောက်အ‌ရှေ့‌တောင်အာရှ ၁ဝ နိုင်ငံ အစုအဖွဲ့ဖြစ်သည့် အာဆီယံ ASEAN ‌ပေါ်ထွက်လာခဲ့သည်။ သို့ရာတွင် အာဆီယံသည် အီးယူဟု အတို‌ကောက်‌ခေါ်သည့် ဥ‌ရောပသမဂ္ဂနှင့်မတူကွဲပြား‌သော အသင်းအဖွဲ့ဆန်သည့် နိုင်ငံ‌ပေါင်းချုပ်ဟန် အစုအဖွဲ့ဖြစ်‌နေသည်။ တစ်နည်းအားဖြင့် နိုင်ငံ့အုပ်ချုပ်‌ရေးမဏ္ဍိုင်ဦး‌သျှောင်များ၏ ‌မောင်းနှင်မှုဖြင့် တည်တံ့‌နေ‌သော အစုအဖွဲ့ ဖြစ်‌နေ‌သေးသည်။ သို့ဖြင့် အာဆီယံစီးပွား‌ရေးအသိုက်အဝန်းASEAN Economic Community (AEC) ဟူ‌သော ‌ရေရှည်‌မျှော်အိပ်မက်တစ်ခု‌မွေးဖွား လာခဲ့သည်။ ယင်းတွင် ရည်ရွယ်ချက် ၅ ခုရှိကာ ယင်းတို့အနက် ၁ ခုမှာ ခိုင်မာပြီး အားလုံးပါဝင်‌သော လူထုကို ဦးတည်ကာ ဗဟိုပြုသည့် အာဆီယံဖြစ် လာရန်ဖြစ်သည်။ ထိုအ‌ခြေအ‌နေတွင် […]

Read More →
ငြိမ်းချမ်းရေးနှင့်တန်းတူရည်တူမှု

ငြိမ်းချမ်းရေးသည် နိုင်ငံ၏ ၂၀ ရာစုနှောင်းပိုင်းမှသည် ၂၁ ရာစု ဦးပိုင်းထိ သက်တမ်းတစ်လျှောက် တဖွဖွပြောကြရသော ဝေါဟာရ ဖြစ်လေ၏။ နိုင်ငံလွတ်လပ်ရေးနှင့် မတိမ်းမယိမ်း မွေးဖွားခဲ့သော ပြည်တွင်း စစ်မီးသည် မျိုးဆက်များအဆက်ဆက်အကြား ဒေါင်လိုက်အားဖြင့်လည်းကောင်း၊ မတူကွဲပြား လူအစုအဖွဲ့များ (လိင်၊ ပညာ၊ ဘာသာ၊ လူမျိုး၊ သက်မွေးပညာ)အဖုံဖုံအကြား အလျားလိုက်အားဖြင့်လည်းကောင်း တောက်လောင် နေခဲ့သည်မှာ ယနေ့အထိလည်း မအေးငြိမ်းနိုင်သေးပေ။ မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ဆင့်ကမ်းခဲ့သည့် ကောင်းမွေဟု လက်ညှိုးထိုးပြစရာ ဖွယ်ဖွယ်ရာရာထက် အမုန်း၊ သံသယနှင့် စစ်ဟူသည့် ဆိုးမွေကိုဖြင့် လက်ဆင့်ကမ်းခဲ့ကြ၊ လက်ဆင့်ကမ်းကြဆဲ ဖြစ်နေပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဟုဆိုလျှင် ဆိုရှယ်လစ်ခေတ်ကတည်းက အနှစ်သာရပါပါ မဆောင်ရွက်နိုင်ခဲ့ကြသဖြင့်လည်း ယခုအချိန်ထိ အထမမြောက်နိုင်သေးချေ။ စင်စစ်ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် ငြိမ်းချမ်းရေးအဖြေကို ရှာဖွေခြင်းသည် အမြော်အမြင်ရှိသော လုပ်ငန်းစဉ်ဖြစ်သည့်တိုင် […]

Read More →
အစိုးရသစ်အတွက် လတ်တလော သင်ခန်းစာ

မြန်မာ့နိုင်ငံရေးအပြောင်းအလဲက လတ်တလော မြန်မာ့စီးပွားရေးအနေအထား များအပေါ်ပါ သက်ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားကြပြီးဖြစ်သည်။ စင်စစ် အစိုးရသစ် မပေါ်ပေါက်သေးခင်အထိ အစိုးရဌာနများသာမက ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအပါအဝင် လူမှုရေးအဖွဲ့အချို့တွင်ပါ ဆောင်ရွက်မြဲလုပ်ငန်းတို့မှအပ အသစ်အသစ်သော ဖော်ဆောင်မှုများကို မလုပ်ကြသေးဘဲ စောင့်ကြည့်နေကြသည်။ ရပ်ဆိုင်းထားရန် မဖြစ်သော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရာတွင်လည်း ဗျူဟာသစ်ကို အစိုးရသစ်ပေါ်ပေါက်ပြီးမှ ချမှတ်မည်ဟု သဘောထားကြသည်က များနေသည်။ လူထု၏မဲအများဆုံးကို ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ ဖွဲ့နိုင်ခွင့်ရလာသော်လည်း အချိန်ကာလအားဖြင့် ၃ လမျှ စောင့်နေရဦးမည့် အဆင့်ဆင့် များကြောင့် ကြားကာလအတွင်း လူထု၏ ဇွဲမှာ မခိုင့်တခိုင် ဖြစ်လာရပြန်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံမှုများကို တောင်းဆိုခဲ့ သော်လည်း ၁၂ပွင့်၊ ၄၈ပွင့်၊ ၆ပွင့်စသဖြင့် အမျိုးမျိုးအဖုံဖုံ ကြုံခဲ့ရသည်များ အဆုံး သတ်သွားချိန်မှာ ရွေးကောက်ပွဲရလဒ် […]

Read More →
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်မြန်မာ့ရှေ့ရေး

တရားမျှတမှု မပြည့်ဝခဲ့သော်လည်း လွတ်လပ်မှုအတန်အသင့်ရှိခဲ့သော ရွေး ကောက်ပွဲကား မဲတစ်မဲ၏ တန်ဖိုးကို အရာအားလုံးထက် အလေးထားခဲ့ကြသော မိဘပြည်သူများ၏ မပျက်မကွက် တစ်ခဲနက် မဲပေးမှုကြောင့် အောင်မြင်အေးချမ်းစွာ ပြီးမြောက်ခဲ့ပြီး ဖြစ်ပေသည်။ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုစာရင်းများအား လက်လီစိတ်ထုတ်ပြန်နေသည့်တိုင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကသာလျှင် မဲဆန္ဒနယ်မြေအများစုကို အနိုင်ရခဲ့ကြောင်း သိနေရပေသည်။ တစ်နည်အားဖြင့် ၂၀၁၆ မတ်လဝန်းကျင်တွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့နိုင်ခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရရှိနိုင်မည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထူးခြားလှစွာသော ဝိသေသ များကြောင့် ယခုပေါ်လာမည့် အစိုးရအဖွဲ့သည် တပ်မတော်နှင့်အာဏာခွဲဝေ ထမ်း ဆောင်ရမည့်အနေအထားတွင် ရှိနေသည်။ အုပ်ချုပ်ရေးအာဏာတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရန် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ်ခန့်ထားမည့် ကာကွယ်ရေး ဝန်ကြီး၊  ပြည်ထဲရေးဝန်ကြီးနှင့်နယ်စပ်ရေးရာဝန်ကြီးများသည် ရွေးကောက်ပွဲအနိုင်ရ ပါတီကဦးဆောင်ပြီး […]

Read More →
Social media & sharing icons powered by UltimatelySocial