ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ကြမယ်ဆိုရင်

     မြန်မာ့ဒီမိုကရေစီခရီးလမ်းမှာ တာထွက်နေရာဟာ လမ်းမြှောင်လေးထဲ ရောက်နေသလို ဖြစ်နေတယ်လို့ ဆိုရပါမယ်။ တကယ့်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တက်ဖို့အတွက် လမ်းမြှောင်လေးထဲကနေ ထွက်ဖို့ကို တောင် အတော်လေး ခက်ခဲနေတာကိုလည်း အားလုံးက သတိပြုမိကြမှာပါ။ ဒီမိုကရေစီလမ်းမကြီးပေါ်တောင် မရောက်သေးဘဲ နောက်ကြောင်းပြန်သွားမှာလားလို့ စိုးရိမ်ပူပန်သူတွေက ပြည်တွင်းရော ပြည်ပမှာပါ ဒုနဲ့ဒေး ဖြစ်နေလေရဲ့။ ဒီနေရာမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုက ရေစီနဲ့ ရွေးကောက်ပွဲ အထောက်အကူပြုအင်စတီကျူဒ် (ှီုနဗ)ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၉၇၅ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်ထိ နှစ်လေးဆယ်ကာလအတွင်း ဒီမိုကရေစီလမ်းကြောင်း ဘယ်လိုဦးတည်ဖွံ့ဖြိုးနေတယ် ဆိုတာကို လေ့လာထားတဲ့ စစ်တမ်းထဲက နောက် ကြောင်းပြန်တာနဲ့ ပတ်သက်တဲ့ သုတေသနရလဒ်ကို ပြောပြချင်ပါတယ်။ နောက်ကြောင်းပြန်တာမှာ အာဏာ သိမ်းခြင်းနဲ့ ရွေးကောက်ပွဲနေ့မှာ မဲလိမ်ခြင်းဆိုတာ ရှေး ခေတ်က အစဉ်အလာဖြစ်ရပ်ပါပဲတဲ့။ ဒါပေမဲ့ ဒီနေ့ မော်ဒန်ခေတ်မှာ နောက်ကြောင်းပြန်တယ်ဆိုတာ ရွေး ကောက်ပွဲကို ဗျူဟာမြောက် လှည့်စားခြင်းနဲ့ အုပ်ချုပ် ရေးပိုင်းက သူသာလျှင် သြဇာကြီးအောင်၊ တန်ခိုးထွား အောင် ဖန်တီးယူထားခြင်းတွေလို့ဆို ပါတယ်။ ဒီတော့ စစ်တပ်က အာဏာပြန်သိမ်းမှာ ပူစရာ မလိုပါဘူးလို့ ပြောရုံနဲ့ မြန်မာ့ဒီမိုကရေစီဟာ နောက်ကြောင်းပြန်မှာ မဟုတ်ဘူးလို့ ဆိုလိုရာ မရောက်တာလည်း သေချာ သွားတာပေါ့။ကိုယ်စားပြုအစိုးရကို ဆန်းစစ်ခြင်း၂၀ဝ၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်း ကိုယ်စားပြုအစိုးရ ရှိခြင်း-မရှိခြင်းကို အခြေအနေအတက်အကျများတဲ့ နိုင်ငံပေါင်းဆယ် နိုင်ငံ အတွက် လေ့လာရာမှာတော့ မြန်မာက အခြေအနေ အကောင်းဆုံးပါ။ သူ့နောက်မှာ နီပေါ၊ အန်ဂိုလာ၊ ကွန်ဂို၊ ဟေတီတို့ပါပြီး အခြေအနေမကောင်းဘဲ နောက် ကြောင်း ပြန်သွားတဲ့နိုင်ငံတွေထဲမှာတော့ အဆိုးဆုံးက ထိုင်းပေါ့။ စစ်တပ်က အာဏာသိမ်းလိုက်တာကိုး။ သူ့နောက်မှာတော့ ဆီးရီးယား၊ ဘူရန်ဒီ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တူရကီတို့ ပါပါတယ်။ အိမ်နီးနားချင်းတွေ အခြေအနေ သိပ်မဟန်တဲ့သဘောပါဘဲ။ ဒီနေရာမှာ လူတွေ အစု လိုက် အပြုံလိုက် ပြောင်းရွေ့မှုကလည်း ဒီမိုကရေစီ အတွက် နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုတစ်ခုလို့ ဆိုတာမို့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တွေမှာ ဒီမိုကရေစီအတိုင်းအထွာ လျော့ပါးလာနေတာမှာ ကိုယ်စားပြုအစိုးရရှိခြင်း-မရှိ ခြင်းအပြင် ဒီလိုပြောင်းရွေ့မှုနဲ့ပါ သက်ဆိုင်နေသလား လို့လည်း တွေးမိရပါတယ်။ တကယ်တော့ အာရှ ဒေသတွင်း ပြောင်းရွေ့အခြေချသူဦးရေဟာ ၂၀၁၅ ခုနှစ် စာရင်းအရ ဥရောပမှာ ၇၆ သန်းနဲ့ အာရှမှာ ၇၅ သန်းရှိနေတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ နိုင်ငံ တော်တော်များများအတွင်းမှာ သူစိမ်းကြောက်မှု၊ လူမှု ရေးကွဲလွဲမှုနဲ့ ပြောင်းရွှေ့လာသူတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာ မှာတော့ ဒီလိုဖြစ်မှုတွေကြောင့်ပဲ လူအစုလိုက်အပြုံလိုက် ကို ပြောင်းရွေ့သွားစေတာလားလို့ တွေးစရာတွေ ရှိနေ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်စားပြုအစိုးရရှိနေတာ ဟာ မြန်မာအတွက် အမှတ်တက်စရာပေါ့။

     ဒါပေမဲ့ နောင်ဆယ်နှစ်လောက်မှာ ပြန်ကြည့်တဲ့ အခါ မြန်မာ့ကိုယ်စားပြု အစိုးရရှိမှုအခြေအနေဟာ ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ဘယ်လိုများ ဖြစ်နေမလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ ဒီနေရာမှာ ကိုယ်စား ပြုအစိုးရရှိခြင်းဆိုတာဟာ သန့်ရှင်းတဲ့ရွေးကောက်ပွဲရှိမှု၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်မှု၊ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်နိုင်မှု၊ ရွေးကောက်ခံ အစိုးရရှိမှုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတော့ ရွေး ကောက်ပွဲကတော့ လုပ်ပေးပါရဲ့၊ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ်တည်ထောင်ခွင့်မရအောင် လုပ်ထား ရင်၊ မဲပေးပိုင်ခွင့်ရှိသူတချို့ မဲမပေးနိုင်အောင် ဗျူဟာ မြောက် ကြံစည်ထားရင်၊ အဲဒီလိုတွေ လုပ်ခွင့်သာအောင် လက်ရှိအုပ်ချုပ်ရေးက သူ့သြဇာ၊ သူ့တန်ခိုးကို ချဲ့ကား ထားရင် ဒီမိုကရေစီလမ်းကြောင်းဟာ ရှေ့သို့ ဦးတည် နေတာလို့ ပြောရခက်မှာပါပဲ။ မြန်မာ့အခြေအနေမှာ ရွေးကောက်ခံအစိုးရဆိုတာ တင်းပြည့်ကျပ်ပြည့် မဖြစ် နိုင်တာကိုလည်း ထည့်တွက်မယ်ဆိုရင်တော့ မြန်မာ့ဒီမို ကရေစီဟာ လမ်းမြှောင်လေးထဲကနေ တက်နိုင်ပါ့မလား လို့ တွေးစရာပေါ့။အခြေခံရပိုင်ခွင့်ကို ဆန်းစစ်ခြင်းလေ့လာချက်မှာ ဒုတိယညွှန်းကိန်းအဖြစ် သုံးထား တာကတော့ အခြေခံရပိုင်ခွင့်အပိုင်းပါပဲ။ အဲဒီမှာ တရား မျှတမှုကို လက်လှမ်းမီခြင်း၊ ပြည်သူ့လွတ်လပ်မှုရှိခြင်းနဲ့ လူမှုရေးရပိုင်ခွင့်များနဲ့ ညီမျှမှုရှိခြင်းတွေကို ဆန်းစစ်ပါ တယ်။ ပြည်သူ့လွတ်လပ်မှုရှိခြင်းဆိုတာမှာတော့ လွတ် လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနှင့် စီတန်းစုစည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ရွေ့ပြောင်းသွားလာ ခွင့်နဲ့ ပုဂ္ဂိုလ်ရေးရာ သိက္ခာရှိရှိ လုံခြုံခွင့်တွေ ပါဝင်နေ ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၉၇၅ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်လောက်ထိမှာ တရားမျှတမှုကို လက်လှမ်းမီခြင်း၊ ပြည်သူ့လွတ်လပ်မှုရှိခြင်းတွေက ဘာမှ သိပ်မကွာခြားပေမဲ့ ၁၉၈၈-၈၉ ခုနှစ်လောက် ကနေ ခုချိန်ထိမှာတော့ ပြည်သူ့လွတ်လပ်မှုရှိခြင်းဟာ တရားမျှတမှုကို လက်လှမ်းမီခြင်းထက် ပိုပြီးအခြေအနေ ကောင်းသွားပါတယ်။ လူမှုရေးရပိုင်ခွင့်များနဲ့ ညီမျှမှုရှိ ခြင်းကတော့ ဟိုး ၁၉၇၅ ခုနှစ်ကနေ ခုချိန်ကြားမှာ မဆိုစလောက်သာ တိုးတက်လာပြီး ရုတ်တရက်အခြေ အနေကောင်းလာတယ်ဆိုတာမျိုးလည်း မရှိပါဘူး။

     မြန်မာမှာတော့ တရားမျှတမှုကို လက်လှမ်းမီခြင်း ဟာ ၂၀၁၀ ပြည့်နှစ်လောက်မှစပြီး တိုးတက်လာတာကို တွေ့ရပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံကတော့ ၁၉၇၈ ခုနှစ်လောက်ကနေ မြန်မာထက် အခြေအနေအများကြီး ပိုကောင်းလာသလောက် မကြာခဏ အတက်အကျလေး တွေ များပြီး ၂၀၁၄ ခုနှစ်မှာတော့ မြန်မာအောက်ကို ရောက်သွားပါတယ်။ ပြည်သူ့လွတ်လပ်မှုရှိခြင်းမှာလည်း မြန်မာနိုင်ငံအတွက် သုတေသနကာလ နှစ် ၄၀ တစ် လျှောက်လုံးမှာ အခြေအနေအကောင်းဆုံးဟာ လွတ်လပ် စွာ ကိုးကွယ်ယုံကြည်မှု ဖြစ်ခဲ့ပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနှင့်စီတန်းစုစည်းခွင့်ကတော့အခြေအနေ အနိမ့်ဆုံးမှာ ရှိနေပေမဲ့ ၁၉၇၈-၇၉ ခုနှစ်လောက်မှာ နည်းနည်းတိုးတက်လာရာက ၂၀ဝ၉-၂၀၁၀ ပြည့်နှစ်မှာ တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။ လွတ်လပ်စွာရေး သားထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဂ္ဂိုလ်ရေးရာသိက္ခာရှိရှိ လုံခြုံခွင့်တွေလည်း အဲဒီလိုပဲ ၁၉၇၅ ခုနှစ်ကနေ အခြေ အနေ အနိမ့်ထဲမှာ တန်းနေရာက ၂၀ဝ၉-၁၀ ပြည့်နှစ် ကျမှ အတော့်ကို တိုးတက်သွားပါတယ်။ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်ကတော့ အခြေအနေ အတော် တည်ငြိမ်ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အတက်အကျအနည်းငယ်ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံ တွေထဲမှာတော့ ထိုင်းနိုင်ငံဟာ ဒီပြည်သူ့လွတ်လပ်မှုရှိခြင်းဟာ ၂၀၁၁ ခုနှစ်လောက်ကနေ တောက်လျှောက် ထိုးကျသွားတာမို့ အခြေအနေအဆိုးဘက်ကို အတော် လေးရောက်သွားပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တော့ ဒီမိုကရေစီကျရင် ဒီပြည်သူ့လွတ်လပ်မှုတွေကျ သလို ပြည်သူ့လွတ်လပ်မှုတွေကျရင်လည်း ဒီမိုကရေစီ ကျတာပါပဲ။

 

အခြားဆန်းစစ်စရာများ

 

            သုတေသနထဲမှာတော့ တခြားညွှန်းကိန်းတွေ အများကြီးရှိနေပါတယ်။ အစိုးရကို စောင့်ကြည့်ထိန်း ကျောင်းခြင်း၊ အုပ်ချုပ်စီမံမှုဘက်မလိုက်ခြင်း၊ လူထု ပူးပေါင်းပါဝင်မှုဆိုတာတွေဖြစ်ပြီး အစိုးရကို စောင့် ကြည့်ထိန်းကျောင်းခြင်းဆိုရာမှာ ထိရောက်တဲ့ လွှတ် တော်ရှိခြင်း၊ တရားစီရင်ရေးစနစ် အမှီအခိုကင်းခြင်းနဲ့ မီဒီယာ ခိုင်မာအားကောင်းခြင်းတွေ ပါဝင်ပါတယ်။ အုပ်ချုပ်စီမံမှု ဘက်မလိုက်ခြင်း ဆိုရာမှာတော့ အဂတိ လိုက်စားမှုကင်းပခြင်းနဲ့ ကြိုတင်မျှော်လင့်ထားနိုင်တဲ့ အရေးယူဆောင်ရွက်မှုများ ရှိခြင်းတို့ ပါပါတယ်။ လူထု ပူးပေါင်းပါဝင်မှုမှာတော့ အရပ်ဘက်အဖွဲ့အစည်း ပူး ပေါင်းမှု၊ ရွေးကောက်ပွဲဆိုင်ရာပူးပေါင်းမှု၊ တိုက်ရိုက် ဒီမိုကရေစီနဲ့ဒေသအလိုက် ရွေးကောက်ပွဲတွေ ပါပါ တယ်။ ဒီထဲမှာ မီဒီယာခိုင်မာအားကောင်းမှုတစ်ခုကိုပဲ ကြည့်တဲ့အခါ မြန်မာအနေနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အရင်ကာလတွေထက်  အတော်လေး မြင့်တက်လာရာ က ၂၀၁၀ ပြည့်နှစ်လောက်မှာ နောက်တစ်ချီ အရှိန်တက် လာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အတက်အကျ လေးတွေ စိပ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ် ကြည့်တဲ့အခါမှာတော့ ထိုင်းဆိုရင် မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှားသုံးနိုင်ငံထက် အစောကြီးကတည်းက အခြေ အနေအမြင့်ပိုင်းမှာသာ တောက်လျှောက်ရှိနေခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ထပ်မြင့်တက်ခဲ့ပေမယ့် ၂၀ဝ၀ ပြည့်နှစ် လောက်မှာ မဆိုစလောက် ပြန်ကျကာ ၂၀ဝ၉ ခုနှစ် လောက်ကနေ ခုထိ တောက်လျှောက်ကျပြီးရင်း ကျနေ ပါတော့တယ်။ အင်ဒိုနီးရှားကသာ ၁၉၈၈ ခုနှစ် နောက်ပိုင်း နည်းနည်းတက်လာပြီး ၁၉၉၇ ခုနှစ်လောက် ကနေ အရှိန်နဲ့တက်လာတာ တည်ငြိမ်ပြီး အခြေအနေ အကောင်းဆုံးမှာ ရှိနေပါတယ်။ စင်ကာပူကတော့ အစ ကတည်းက မြန်မာထက် အခြေအနေကောင်းသလောက် အင်ဒိုနီးရှားနဲ့ ထိုင်းကို မမှီခဲ့သလို ၁၉၇၅ ခုနှစ်ကနေ ခုထိ နှစ်လေးဆယ်ကာလမှာ မီဒီယာခိုင်မာမှုက မပြောင်းမလဲ တန်းနေလိုက်တာ ခုချိန်မှာ ထိုင်းထက် တောင် နိမ့်နေမြဲဖြစ်တာကို တွေ့ရပါတယ်။ မြန်မာက တော့ အင်ဒိုနီးရှားကိုသာ မမှီသေးပေမဲ့ အတော်လေး တိုးတက်နေတာကို တွေ့ရတာပါ။

            ဒါပေမဲ့ ခုလိုလေ့လာချက်မှာ အခြေအနေ မဆိုးဘူး လို့ ဆိုရမှာ ဖြစ်နေသလောက် လူထုက အခြေအနေကို အားမရ ဘဝင်မကျ ဖြစ်နေတာတွေက ရှိနေပါတယ်။  ဒါကလည်း မဆန်းဘူးလို့ ဆိုရပါမယ်။ ဒီသုတေသန ကိုယ်တိုင်က ဒီလိုဖြစ်နေတာကို သတိပြုမိပါတယ်။ လူမှုစီးပွားမညီမျှမှုတွေ အမြဲတစေရှိနေမယ်ဆိုရင်၊ အဲဒီ အတွက် လူအစုအဖွဲ့တွေ ခွဲခြားဖိနှိပ်ခံနေရမယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်စေတာအမှန်ပါပဲ။ ဒီတော့ ဒီမိုကရေစီဆိုတာ ဆင်းရဲမွဲတေမှုကြောင့် နေ့စဉ်နဲ့အမျှ ရုန်းကန်နေရသူတွေ၊ လူမှုရေးဆိုးကျိုးတွေကို ခံစားနေရ သူတွေ အဲဒီလိုလူတွေအတွက် အပြောင်းအလဲကို ဆောင် ကြဉ်းပေးနိုင်တယ်လို့ မမြင်သာစေပါဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ အားနည်းတဲ့ အုပ်ချုပ်စီမံမှု ဒါမှမဟုတ် အဂတိလိုက်စားမှုရှိတဲ့ အုပ်ချုပ်စီမံမှုက အခရာကျပါ တယ်။ ဒီလိုတွေရှိနေရင် ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတဲ့ လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူထုက အဲဒီလို ခံစားနေရပြီဆိုရင် အုပ်ချုပ်စီမံမှုပိုင်းဆိုင်ရာ အားနည်း ချက်တွေကို  ဆန်းစစ်ရှာဖွေဖို့ လိုနေပြီလို့ ဆိုရပါမယ်။

 

ကျဆုံးနိုင်ငံ ဖြစ်နေပြီလား

 

            ဒီနေရာမှာ လက်ရှိအနေအထားကို နိုင်ငံတော် ကျဆုံးခန်းများ ရောက်နေပြီလားလို့ တွေးသူတွေ တွေး ကြတယ်။ အုပ်ချုပ်စီမံမှု ညံ့ဖျင်းတာ၊ ဆင်းရဲမွဲတေတာ၊ အဂတိလိုက်စားတာ၊ မမျှတမှုတွေရှိနေတာနဲ့ လူမှုရေး အကြမ်းဖက်မှုတွေရှိတာ၊ အဲဒါတွေဟာ မပြီးနိုင်မစီးနိုင် သံသရာလည်သလိုကို အဖန်ဖန်ပြန်ကျော့နေပြီဆိုရင် တော့ မှန်ပါတယ်၊ နိုင်ငံတော်ကျဆုံးခန်းရောက်လုပြီ ပေါ့။ မြန်မာ့အခြေအနေမှာတော့ ဒီလိုဖြစ်ရပ်တွေဟာ အာဏာရှင်ခေတ်တစ်လျှောက်လုံး နှစ်ပေါင်းငါးဆယ် ကျော်ခံစားခဲ့ရတာမို့ လူထုဟာ တစ်ခါတလေမှာ အဲဒီလို ဖြစ်နေတာတွေမှန်သမျှကို ပုံမှန်ဖြစ်ရပ်တွေအဖြစ်တောင် ထင်ယောင်ထင်မှား ဖြစ်တတ်ကြတုန်းပါပဲ။ ဒီလို အုပ်ချုပ်စီမံမှုညံ့ဖျင်းတာကို ညံ့ဖျင်းတာလို့ သဘော မပေါက်ဘဲ လုပ်ပိုင်ခွင့်အကန့်အသတ်ရှိနေလို့ဆိုပြီး ဆင်ခြေကို အဖြေလို့ မြင်မယ်ဆိုရင် တကယ့်အဖြေဖြစ် တဲ့ အုပ်ချုပ်စီမံမှု ကောင်းမွန်တိုးတက်လာအောင် အား ထုတ်မှုကို လုပ်ကြတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား လုပ်ပိုင်ခွင့်အကန့်အသတ်ကို လက်ညှိုးထိုးပြီး ဆင်ခြေ တွေချည်း ပြောနေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာနဲ့ အမျှ အများစုဖြစ်တဲ့ ဆင်းရဲနွမ်းပါးနေရသူတွေဟာ အုပ်ချုပ်စီမံမှုရဲ့ အားနည်းချက်ကို မသိမမြင်တာနဲ့အမျှ သူတို့ရဲ့အခက်အခဲတွေ မပြေလည်ရတာဟာ ဒီမိုကရေစီ စနစ်ရဲ့ အားနည်းချက်လို့ ပြောင်းမြင်သွားဖို့ အလား အလာ ရှိပါတယ်။

            အဲဒီလိုပဲ အဂတိလိုက်စားမှုရှိနေတာကို ဖော်ထုတ် အရေးမယူဘဲ လူမှုအစုအဖွဲ့တွေကြား သင့်မြတ်ရေး အတွက် မသိချင်ယောင်ဆောင်ပေးရမယ်လို့ ဆုံးဖြတ် မယ်ဆိုရင်လည်း အဂတိရဲ့ဒဏ်ကို ခံစားရသူတွေက  အုပ်ချုပ်စီမံမှုကို မေးခွန်းထုတ်လာ၊ အပြစ်မြင်လာမှာ ဖြစ်သလို နောက်ဆုံးမှာ ဒီမိုကရေစီစနစ်ကိုယ်တိုင်က အဆင်မပြေလို့ဆိုပြီး အပြစ်မြင်လာနိုင်ပါတယ်။ ဒါ ကြောင့် ဒီမိုကရေစီစနစ်မှာတော့ စီးပွားရေးဖွံ့ဖြိုးမှုကို  ကျိန်းသေရရမယ်လို့ မဆိုနိုင်တဲ့တိုင်အောင် ခုနလို ထင် ယောင်ထင်မှား ဖြစ်မှုတွေ ပျောက်သွားအောင် အားထုတ်  သင့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့  ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ ဈေး ကွက်နဲ့ဘဏ္ဍာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်တဲ့ စည်း မျဉ်းစည်းကမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တနည်း အားဖြင့် ချမ်းသာ-ဆင်းရဲအစုအဖွဲ့တွေကြားမှာ ဖြစ်လာ နိုင်ခြေရှိတဲ့ ပဋိပက္ခတွေကိုလည်း လျော့ချနိုင်အောင် လူလတ်တန်းစားကို အခြေခံတာ ဒီမိုကရေစီပဲလို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ပညာရေးလက်လှမ်းမီခွင့် တိုးတက်အောင် ဆောင်ရွက်တာ၊ နေ့စဉ်ဝင်ငွေ တိုး အောင်လုပ်တာ၊ ဆက်သွယ်ဆက်ဆံရေး တိုးတက်အောင် လုပ်တာ၊ မြို့ပြလူနေမှုဖြစ်အောင် ဆောင်ရွက်တာတွေ ဟာ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ဆောင် ရွက်မှုတွေ ဖြစ်ပါတယ်။

 

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့

 

            ဒီမိုကရေစီကနေ နောက်ကြောင်းပြန်သလို ဖြစ်တာ၊ ပဋိပက္ခအလွန် အပြောင်းအလဲကြုံရတာ၊ အဂတိစနစ်နဲ့ မူဝါဒအကြပ်အတည်း၊ မမျှတမှု၊ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှု၊ ကိုယ်စားပြုမှု အကြပ်အတည်း အဲဒါတွေ ဖြစ်လာတာ ဒါတွေအားလုံးကို ဘယ်လိုရင်ဆိုင်တုံ့ပြန် မလဲဆိုတာက ဒီမိုကရေစီကို ကူးပြောင်းနေစနိုင်ငံတွေ အတွက် တကယ်အရေးကြီးလှပါတယ်။ ပြုလွယ်ပြင် လွယ် ဒီမိုကရေစီစနစ်တစ်ခုကို သွားမယ်ဆိုရင် နိုင်ငံ သူ/သားတွေရဲ့ ဒီစနစ်နဲ့ဖြစ်စဉ်တွေ လမ်းကြောင်းတွေ အပေါ် ထဲထဲဝင်ဝင် ပူးပေါင်းမှု၊ အားလုံးပါဝင်တဲ့ ကူး ပြောင်းမှု၊ ပွင့်လင်းမြင်သာမှုနဲ့ စည်းနှောင်အား၊ တာဝန် ယူ/ခံမှု၊ စီးပွားရေးအရ ပါဝင်ပြောင်းလဲမှု၊ နိုင်ငံရေးနဲ့ လူမှုရေးအရ ပါဝင်မှုတွေကတော့ အဖြေတွေပဲ ဖြစ်ပါ မယ်။ ဒါတွေကို စနစ်တကျဗျူဟာမြောက်မြောက် ဖြည့်ဆည်း ဆောင်ရွက်နိုင်လာတာနဲ့အမျှ ဒီမိုကရေစီဟာ ကျစ်လျစ်ခိုင်မာလာမှာ ဖြစ်ပါတယ်။

            တကယ်တော့ ဒီမိုကရေစီဆိုတာ အခြေအနေနှစ်ခု စုပြုံတည်ဖွဲ့ခိုင်မာမှ ပေါ်ထွက်လာနိုင်တယ်လို့ ဆိုပါ တယ်။ ပထမအခြေအနေကတော့ နိုင်ငံရေးခေါင်းဆောင် တွေရော လူထုကပါ ဒီမိုကရေစီနည်းသည်သာလျှင် နိုင်ငံရေးလုပ်ပိုင်ခွင့် အာဏာအတွက် တစ်ခုတည်းသော တရားဝင်နည်းလမ်းအဖြစ် ယုံကြည်လက်ခံခြင်း ဖြစ်ပါ တယ်။ ဒုတိယအခြေအနေကတော့ ဒီမိုကရေစီကို အင်စတီကျူးရှင်းဖွဲ့တည်သလို သူ့ရဲ့မူဝါဒတွေကို လူထု က ဆွဲယူလက်ခံခွင့်ပြုနိုင်လောက်အောင် သူ့ရဲ့ စည်းမျဉ်း တွေကို သေချာအနက်ဖွင့်၊ သူ့ရဲ့အလေ့အထကို တစစနဲ့ သန့်စင်အောင် အားထုတ်၊ နောက်ဆုံးမှာ လူမှုရေး နောက်ခံရဲ့ ပြောင်းလဲမှုနဲ့အညီ ယဉ်ပါးလာအောင် စီစဉ် ပေးခြင်းပါ။ ဒီတော့ ခေတ်အလိုက် လူထုရဲ့ ပြောင်းလဲ နေတဲ့ အခြေအနေတွေကြားမှာ ဘယ်လိုစိန်ခေါ်မှုတွေ အခက်အခဲတွေပဲကြုံကြုံ ဒီမိုကရေစီနည်းလမ်းကိုသာ ခေါင်းဆောင်တွေရော၊ လူထုတွေကပါ ယုံကြည်သက် ဝင်ပြီး ကျင့်ကြံအားထုတ်ကြမှ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုက ရေစီထွန်းကားတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

            ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို အတိအကျ တက်လျှောက်တော့မယ်လို့ အစိုးရ၊ တပ်မတော်၊ ပြည်သူအားလုံးက တညီတညွတ် တည်း ပြင်ဆင်ပိုင်းဖြတ်ထားကြဖို့ လိုပါတယ်။ ဒီမိုက ရေစီကို အင်စတီကျူးရှင်းအဖြစ် အခြေကျအောင်ဆိုရင် ခုလက်ရှိ လမ်းမြှောင်လေးထဲမှာ ကျင့်သုံးဆောင်ရွက်နေ ကြတာထက် ပိုပြီးစနစ်တကျ ချဉ်းကပ်အားထုတ်ကြဖို့ လည်း လိုပါတယ်။ ဒါ့အပြင် ကြုံဆုံလာရတဲ့ အခက် အခဲတွေကို ပါတီအခြေခံ၊ လူမျိုးအခြေခံ၊ အသက်မွေး အခြေခံ စတဲ့ လူမှုအစုအဖွဲ့အခြေခံပြီး သူ့ဘက်ကိုယ့် ဘက် လက်ညှိုးထိုးအပြစ်မတင်ကြတော့ဘဲ ဘယ်အစု အဖွဲ့ ဘယ်တာဝန်တွေကို ကိုယ်စားပြုထမ်းဆောင်နေရ သည်ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝထား၊ ပွင့်လင်းမြင်သာမှုကို အားလုံးပါဝင်ရေးအတွက် ဆွဲ ဆောင်စည်းရုံးရာလက်နက်အဖြစ် သဘောထား၊ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေးအရ အားလုံးပါဝင်တဲ့ ဒီမိုက ရေစီကူးပြောင်းမှုကို ဦးတည်ပြီး သွားကြဖို့လည်း လိုနေ ပါတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် နှောင့်နှေးရ တယ်လို့ တရားခံရှာကြမယ့်အစား ဘာ့ကြောင့်ဆိုတဲ့ အကြောင်းရင်းကို အတ္တနောမတိကင်းကင်း ဝိုင်းဝန်း ရှာဖွေကြပြီး ဘယ်လိုတုံ့ပြန်ရင်ဆိုင်မယ်ဆိုတဲ့ ဗျူဟာကို အကောင်းဆုံး ဝိုင်းဝန်းရှာကြပြီးတော့သာ နောက် ကြောင်းမပြန် လမ်းကြောင်းမှန် ဒီမိုကရေစီကို အရောက် သွားကြဖို့ ဖြစ်ပါတယ်။

                                                                                                                                                        မသီတာ(စမ်းချောင်း)

ရည်ညွှန်း။ ။ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအထောက်အကူပြုအင်စတီကျူဒ် (IDEA) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီအခြေပြအစီရင်ခံစာ။

Please follow and like us:
0