SME လုပ်ငန်းများ ဖွံ့ဖြိုးရန် ဘဏ္ဍာရေးဆိုင်ရာပညာရေးအစီအစဉ်များနှင့် လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းဆိုင်ရာအစီအစဉ်များ ကူညီပံ့ပိုးပေးနေသည့် Edication for Entrepreneurs ပညာရေးအစီအစဉ်မှ တာဝန်ရှိသူ မမီမီမျိုးဝင်းနှင့် တွေ့ဆုံခြင်း

တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ Small & Medium Enterprise (အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း)တွေဟာ အဓိကအသက်သွေးကြောအဖြစ် တည်ရှိနေပါတယ်။ SME တွေဟာ နိုင်ငံဖွံ့ဖြိုးမှုရဲ့ မောင်းနှင်အားဖြစ်သလို စွန့်ဦးတီထွင်မှု လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာဆိုရင် အသေးစား၊ အငယ်စားနဲ့ အလယ်အလတ်တန်း စားစီးပွားရေးလုပ်ငန်းတွေဟာ GDP ခေါ် ပြည်တွင်း ထုတ်ကုန်ရဲ့ ၉ဝ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေတာဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုလည်း အများ ဆုံးဖန်တီးပေးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ ၉ဝ ရာခိုင် နှုန်းကျော် တည်ရှိနေပြီး နိုင်ငံ့စီးပွားရေးတိုးတက်ဖို့ အတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနေကြပါတယ်။ တကယ်တော့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်ခြင်းဟာ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်မှုပါပဲ။ ဒါကြောင့် SME လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးဆိုင်ရာ အသိအမြင်ဗဟုသုတတွေ၊ နည်းစနစ်တွေသိရှိ ပြည့်ဝနေဖို့ လိုအပ်ပါ တယ်။ ဒီတစ်လမှာတော့ SME လုပ်ငန်းလုပ်ကိုင်သူတွေကို ဘဏ္ဍာရေးဆိုင်ရာ ပညာရေးအစီအစဉ်တွေနဲ့ လူမှု အကျိုးပြုစီးပွားရေးလုပ်ငန်းအစီအစဉ်တွေ ကူညီပံ့ပိုးပေးနေတဲ့ BRITISH COUNCIL နဲ့ Standard Chartered Bank တို့ ပူးပေါင်းဆောင်ရွက် နေတဲ့ Education for Entrepreneurs(E4E) ပညာရေးအစီအစဉ်က တာဝန်ရှိသူ မမီမီမျိုးဝင်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ SME ကဏ္ဍနဲ့ပတ်သက်လို့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ SME ကဏ္ဍတွေမှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မီလာဖို့အတွက် ဘယ်လို ဖြည့်ဆည်းသင့် တယ်လို့ ထင်ပါသလဲ။

အစ်မ သတိထားမိတာ အခုအစိုးရကော၊ အရင် အစိုးရကောပါပဲ။ Private Sector Development အနေ နဲ့က SME တွေကို အဓိကထားပြီး တိုးတက်မှုအတွက် ကို လုပ်ပေးတယ်။ ဥပမာ GIZ ပေါင်းပြီးတော့ SME Development Center ဆိုပြီး ၅ဝ လောက်ရှိမယ်ထင်တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ။ တချို့ SME တွေကျတော့လည်း အဲဒီလိုစင်တာမျိုးတွေရှိနေတာကို မသိဘူးဆိုတာ မျိုးတွေ ရှိတယ်။ ဒါပေမဲ့ အစ်မအနေနဲ့ က Education for Entrepreneurs အတွေ့အကြုံအရ ဆိုရင် တချို့ SME Center တွေက အရမ်း Active ဖြစ် တယ်။ ဥပမာ Ministery of Industry အောက်မှာပေါ့။ မနှစ်က သွားခဲ့တဲ့ထဲမှာဆိုရင် မကွေးဆို သူတို့ SME Department က တော်တော်လေး Active ဖြစ်တယ်။ သူတို့ရဲ့နယ်မှာရှိတဲ့ SME တွေနဲ့လည်း တော်တော် ရင်းရင်း နှီးနှီးထဲထဲဝင်ဝင် အလုပ်လုပ်တာတွေကိုလည်း တွေ့တယ်။ အဲဒီလို နေရာအနှံ့တစ်နေရာနဲ့ တစ်နေရာ သူတို့လုပ်တဲ့ အပိုင်းလေးတွေတော့ မတူဘူးပေါ့။ အထူး သဖြင့် အားလုံး သိနေတာကတော့ SME ကဏ္ဍကို အစိုးရက ပိုပြီးတော့ အားပေးတယ်။ နောက်မြန်မာပြည် မှာရှိတဲ့ စစ်တမ်းအရ ဟိုတစ်လောတုန်းက ဝန်ကြီး ပြောသွားတာ ၉၆ ရာခိုင်နှုန်း ကျော်က SME တွေ ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် World Bank ရဲ့ စစ်တမ်းတွေအရ နိုင်ငံတစ်နိုင်ငံရဲ့ GDP နဲ့ လုပ်သားအင်အားကို ပံ့ပိုးတာ SME Sector က အများဆုံးလေ။ အဲဒီအတွက်ကို အစိုးရက ဝိုင်းပြီးတော့ ဆောင်ရွက်ပေးနေတာမျိုးပေါ့။ အကြမ်းဖျဉ်း ပြောမယ်ဆိုရင် သူတို့ ဘယ်လောက်အထိ ပံ့ပိုးကူညီလဲ ဆိုတာထက် SME တွေဘက်က လိုအပ်ချက်ကို သိတယ်။ SME တွေဘက် က ဘာတွေလိုအပ်မလဲ၊ သူတို့မှာ အားလုံးသိပြီးတဲ့ အတိုင်း ရင်းနှီးမြှုပ်နှံဖို့ ငွေအားလိုတယ်။ နောက်တစ်ခုက သူတို့ရဲ့ Technical know how ပေါ့။ နောက် SME တွေအနေနဲ့ အသုံးပြုကြတဲ့ စက်တွေဆိုရင်လည်း တချို့ စက်ပစ္စည်းတွေက နည်းပညာတိုးတက်ဖို့လိုတယ်။ SME တွေအနေနဲ့က လည်း သူတို့အနေနဲ့ ဒီစက်တွေကို ရင်းနှီးမြှုပ်နှံနိုင်တယ် ဆိုရင်တောင် ဘယ်လိုလည်ပတ် မလဲဆိုတဲ့ Knowledge က လိုသေးတယ်။ နောက်တစ်ခုက Management ပိုင်းဆိုရင်လည်း ကိုယ့်ရဲ့ Tradational ပုံစံနဲ့ပဲ စီမံခန့်ခွဲကြတယ်။ မိရိုးဖလာစီးပွားရေးတွေ။ ဒါအစ်မတို့ E4E Programme ကို သွားရင်းကနေ သိခဲ့ရတယ်။ ဒီ Programme ကနေ သူတို့အနေနဲ့ ငွေကြေးကို စနစ်တကျခန့်ခွဲသုံးစွဲမှုတို့၊ ဘတ်ဂျက်တို့ အဲဒါတွေ သင်ကြားရင်း၊ ဆွေးနွေးရင်းပြောလာ၊ သိလာကြတယ်။ လုပ်ငန်းရှင် တွေဘက်က သူတို့တွေက ခါတိုင်းဆိုရင် ပုံမှန်ဝင်ငွေနဲ့ လုပ်ငန်းပိုက်ဆံနဲ့က အမြဲတမ်းရောထွေးနေ တဲ့ဟာမျိုးတွေ၊ Cash Flow တွေ၊ ဘာတွေကို ကောင်းကောင်း စီမံခန့် ခွဲမှု မလုပ်နိုင်လို့ သူတို့မှာ ငွေအကျပ် အတည်း ဖြစ်တာမျိုးတွေ၊ နောက်ဘတ်ဂျက်ခန့်မှန်းထားတာ မရှိတဲ့အခါ ကျတော့ သူတို့ရဲ့လုပ်ငန်းကို ခန့်မှန်းထားတာက လိုအပ်ချက်တွေရှိတယ်။ နောက် စနစ်တကျသင်ပေးမယ့် အပိုင်း တွေလည်းလိုတယ်။ အဖွဲ့အစည်းတွေက အကူအညီပေးနေတဲ့ အပိုင်းတွေလည်း မြန်မာပြည်မှာရှိတဲ့ ၉၆ ရာခိုင်နှုန်း သော SME တွေဆီ ရောက်နိုင်ဖို့တော့ လိုတာပေါ့။ SME တွေအနေနဲ့လည်း အစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင် ရွက်ကြဖို့လိုပါတယ်။ SME Department တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ Local Chamber of Commerce  အဖွဲ့တွေနဲ့ လည်းပေါင်းပြီး ဆောင်ရွက်မယ်ဆိုရင် SME Sector ကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မယ် လို့ထင်တယ်။ အဲဒီတော့ အစိုးရက ရည်မှန်းချက်ချ မှတ်ထားတဲ့ ရည်မှန်းချက်ရယ်၊ နောက်အစိုးရမဟုတ်တဲ့ အခြား အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွေ၊ နောက်တစ်ခါ UMFCCI လိုမျိုး Private Sector ဘက်ကရော အဲဒီလိုမျိုးအဖွဲ့ အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ်ဆိုရင် ရည် မှန်းချက်က တဖြည်းဖြည်းတော့ ပြည့်ဝလာနိုင်ပါတယ်။

နိုင်ငံတကာမှာဆိုရင် SME ကဏ္ဍက ဖွံ့ဖြိုးတိုးတက်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင်လည်း လက်ရှိအစိုးရက SME ကဏ္ဍကို ဖွံ့ဖြိုးအောင် ကြိုးစားနေတယ်။ အဲဒါကြောင့် နိုင်ငံတကာက SME ကဏ္ဍနဲ့ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍကို သုံးသပ်ပြနိုင်မလား။

ဟုတ်ကဲ့။ နိုင်ငံတကာရဲ့ SME ကဏ္ဍက ဖွံ့ဖြိုးတိုး တက်တယ်ဆိုပေမယ့် နိုင်ငံတကာမှာလည်း ရာခိုင်နှုန်း တော်တော်များများက အသေးစား၊ အလတ်စားလုပ်ငန်း တွေဆိုတော့ သူတို့မှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှု တွေ ရှိတာပဲ။ ဒါပေမဲ့ ရှေ့ကို ပိုရောက်တဲ့ဟာရယ်။ အနောက်မှာ နည်းနည်းကျန်နေသေးတာရယ်ပေါ့။ ဥပမာ နိုင်ငံတကာ အနေနဲ့ကျတော့ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့အခါမှာ သူတို့ဘက်က ငွေကြေးအင်အားရှိတယ်။ နောက်တစ်ခုက ကျတော့ ပေါ်လစီပိုင်းပေါ့။ ပေါ်လစီပိုင်းမှာ သူတို့အနေနဲ့က ပံ့ပိုးမှုတွေရှိတော့ ပိုပြီးလွယ်ကူနိုင်တယ်။ တချို့နိုင်ငံ တွေမှာဆိုရင် လုပ်ငန်းလုပ်တဲ့အခါ ကျရင် SME တွေရော Start-up တွေရော အကုန်လုံး အတူတူပါပဲ။ သူတို့ အတွက် ရင်းနှီးမြှုပ်နှံမှုငွေရဖို့ အတွက် တချို့နိုင်ငံတွေမှာက Business Plan ကို ပြပြီး တော့ ဒီ Business Plan က ခိုင်မာတယ်။ လုပ်ငန်းရဲ့ Income Statement တွေ၊ ဘာတွေကို ကြည့်ပြီးတော့ ဒီလုပ်ငန်းရဲ့ အနေအထားကလည်း အားလုံးအဆင်ပြေတယ်ဆိုရင် ချေးငွေရယူနိုင်တဲ့အပိုင်းတွေရှိတယ်။ ဒါမျိုးတွေ မြန်မာပြည်မှာ စပြီးတော့ ဖြစ်နေပြီလို့ ကြားပါတယ်။ ဒါပေမဲ့ အတိုင်းအတာ အရတော့ နည်းဦးမယ်ဆိုတော့ အဲဒီအပိုင်းမှာ အစိုးရပိုင်းရဲ့ ပံ့ပိုး မှုတွေပိုပြီး ရှိလာမယ်ဆိုရင် တိုးတက်မှုတွေ ပိုလာနိုင်တဲ့အခြေအနေတွေရှိတယ်။ နောက်တစ်ခုက ဥပမာ- မလေးရှား မှာဆိုရင် စလုပ်တဲ့ကုမ္ပဏီတွေပေါ့။ Start-up တွေအတွက်ကို သူတို့ဆီမှာ အစိုးရရဲ့ အစီအစဉ်နဲ့ Start-up တွေ ထွက်လာဖို့အတွက် Local အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ လုပ်ပေးတာမျိုးတွေရှိတယ်။ မြန်မာပြည်မှာက တစ်နိုင်ငံလုံးအတွက် ဖွံ့ဖြိုးတိုးတက်အောင်အဘက်ဘက်ကနေ လုပ်ဆောင်နေရတဲ့အချိန် လုပ်စရာတွေ လည်းများ တယ်ဆိုတော့ မြန်မာပြည်မှာ အဲဒီလိုအပိုင်းတွေက ဖြည်းဖြည်းချင်းပဲ သွားရမှာပဲ။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ နေရာမှာ အခုပြောသလို အစိုးရ ချည်းပဲ လုပ်နေစရာလည်း မလိုဘူး၊ အပြည်ပြည်ဆိုင်ရာတိုးတက်ရေးအဖွဲ့အစည်း တွေရော နောက်တစ်ခုက ပုဂ္ဂလိကကဏ္ဍရော အတူပူးပေါင်းပြီးတော့ လုပ်လို့ ရတာမျိုးတွေရှိတယ်။ SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးကဝိုင်းပြီးလုပ်နေကြတာပဲ။ တချို့လုပ်ငန်းတွေဆိုရင်လည်း လုပ်ငန်းအကြီးတွေက နေရာယူသွားတာမျိုးမဟုတ်ဘဲ အားလုံးအတွက်၊ လုပ်ငန်းအသေးလေးတွေလည်း ပါဝင်ခွင့်ရအောင် ပေါ်လစီတွေ ချမှတ်ပေးနိုင်မယ်။ နောက်တစ်ခုက လုပ်ငန်းငယ်တွေအတွက်ကို အစိုးရကော အခြားအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့အစည်းတွေကပါ စပြီးလုပ်နိုင်ဖို့အတွက် ငွေအရင်းအနှီးတွေ မတည်ပေးမယ်ဆိုတာမျိုးတွေရှိသင့် တယ်။ နောက်တစ်ခုကလည်း လုပ်ငန်းတွေအတွက် နည်းပညာပိုင်းတွေ လိုအပ်တဲ့အပိုင်းတွေဆိုရင် အဖွဲ့အစည်းတွေ အားလုံးပံ့ပိုးပေးနိုင်တဲ့ လူတွေအားလုံးဝိုင်းပြီး ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ SME ကဏ္ဍကို မီနိုင်လာမယ်။ တချို့နိုင်ငံတွေမှာက SME ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး  စီးပွားရေးကိုပဲ ဦးတည်ထားတာတွေ ရှိနိုင်တယ်။ အခုမြန်မာပြည်မှာ လုပ်နေတဲ့ Model က အရမ်းလည်းကောင်းတယ်။ ကျွန်မ တို့က Inclusive Business ပေါ့ နော်။ စီးပွားရေးလုပ်ရင်းနဲ့ Social အတွက်ကိုပါ ကြည့်တယ်။ ပိုပြီး Inclusive ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းမျိုးဖြစ်အောင် လုပ်ဖို့ဆိုတော့ အဲဒါတွေကို တစ်ပြိုင်နက်ပေါင်းပြီး တခြားနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီးတော့ တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းပါလိမ့်မယ်။ ဟိုတလောတုန်းက ဆရာအောင်ထွန်းသက်တို့ လုပ်ခဲ့တဲ့ Business For Peace Conference ကလည်း တကယ်တော့အဲဒီအတွက်ကိုပဲ ရည်ရွယ်တာ။ သူတို့အနေနဲ့ အစိုးရပိုင်းကကော စီးပွားရေးလုပ်ငန်းရှင် တွေကို ဖိတ်ခေါ်ပြီးတော့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေ၊ နောက် တစ်ခုကကျတော့ Conflict ဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတဲ့ လူတွေအတွက်နောက် အဲဒီဒေသကလူတွေ အကျိုးအမြတ်ရဖို့အတွက် အဲဒီဒေသတွေ သို့မဟုတ် အဲဒီဒေသနဲ့ ဆက်စပ်နေတဲ့နေရာတွေမှာ လူမှုအကျိုးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြံရွယ်တယ်။ နောက် လုပ်ငန်းရှင်တွေကိုလည်း အဲဒီ အတွက်ကြောင့် ပိုပြီး Awareness တွေပေးတယ်။ အဲဒီလို အပိုင်းတွေ စပြီး တော့ လုပ်နေပြီ။

အဓိကက လုပ်ပြီးတဲ့နောက်ပိုင်းမှာ ရှေ့ဆက်ပြီးတော့ အစိုးရဘက်ကကော၊ လုပ်ငန်းရှင်တွေဘက်က ကော၊ နောက်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တွေကပါ ပါဝင်ဖို့ လိုတာပေါ့နော်။ အဲဒီတော့ နိုင်ငံ တကာနဲ့ဆိုရင် ကွာခြားချက်က တခြားနိုင်ငံရဲ့ SME ကဏ္ဍတွေမှာ လည်း အနည်းနဲ့အများတော့ စိန်ခေါ် မှုတွေ ရှိနေတုန်းပဲ။ UK ဆိုရင်လည်း ဘယ်လောက် ဖွံ့ဖြိုးတယ်ပြောပြော သူတို့ဆီမှာလည်း စိန်ခေါ်မှုတွေရှိတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ တစ်ခုပြောတာက Social Enterprise ကို Movement အနေနဲ့ UK က သဘောထား တဲ့အခါကျတော့ အသစ် လုပ်တဲ့ SME စီးပွားရေးလုပ်ငန်း သုံးခုမှာဆိုရင် တစ်ခုက အမြဲတမ်း Social Enterprise ပေါ့နော်။ အဲဒီ အခါကျတော့ နောက်ပိုင်းစီးပွားရေးလုပ်ငန်းတွေရဲ့ Trend ကိုက အလုပ်လုပ်ရင်း၊ စီးပွားရေးလုပ်ရင်းကနေ လူမှုရေးပြဿနာတွေကိုပါ ဖြေရှင်းနိုင် မယ်ဆိုတဲ့ သဘောမျိုးကို ယူလိုက်တယ်။ နောက် ဥရောပမှာဆိုရင် သူတို့က ပြောထားတာ သက္ကရာဇ် ၂ဝ၂ဝ မှာ အစိုးရက SME လုပ်ငန်းတွေ ကော၊  NGO တွေကော၊ Social Enterprise တွေကော အားလုံး တစ်ပြေးညီဖြစ်တော့မယ်တဲ့။ တစ်ပြေးညီတည်းလို့ ဆိုလိုတဲ့သဘောက Business ရဲ့သွားမယ့် Movement ကို ပြောတာပေါ့။ စီးပွားရေးလုပ်ငန်းတွေအများစုက အားလုံးတာဝန်ယူမှုရှိသော၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်တော့မယ်။ အဲဒီတော့ အားလုံး နာမည်တွေ ဘယ်လိုပဲထားထား International Ngo,  စီးပွားရေးလုပ်ငန်းလို့ပဲဖြစ်ဖြစ်၊ Social Enterprise ပဲ ဖြစ်ဖြစ် သူတို့အားလုံးဟာ Social Impact ကို အဓိကထား ပြီး အလုပ်လုပ်မယ်။ Social Mission နဲ့ အလုပ်လုပ် မယ်။ သူတို့လုပ်တဲ့ လုပ်ငန်းတွေကနေ Community ထဲကို တစ်ခုမဟုတ်တစ်ခုနဲ့ အကျိုးပြုပြီးတော့ လူမှု ပြဿနာတွေကို ဖြေရှင်းတဲ့လုပ်ငန်းမျိုးတွေ ဆက်ပြီးလုပ်မယ် ဆိုတာမျိုး ဥရောပက ၂ဝ၂ဝ မှာ ရည်မှန်းချက် ထားထားတယ်။ အဲဒီလိုမျိုးဆိုတော့ အနည်းနဲ့အများကတော့ သူတို့ ဆီက အားသာချက်က ငွေကြေးအမြန် ရရှိနိုင်မှုတွေပေါ့။

နောက်တစ်ခုက မလေးတို့၊ စင်ကာပူတို့လို အိမ်နီး ချင်းနိုင်ငံတွေမှာ လုပ်ငန်းစတင် တည်ထောင်ရတာ အရမ်းလွယ်တယ်။ Business Plan ကို ပြရုံနဲ့ ငွေကြေး ရနိုင်တဲ့အပိုင်းတွေရှိနေတယ်။ သူတို့ဆီက အားသာချက်က အဲဒီလိုမျိုးငွေကြေး အမြန်ရနိုင်မှုတွေပါ။ အဲဒီတော့ ကျွန်မတို့မြန်မာပြည်မှာလည်း အဲဒီလိုဖြစ်လာ နိုင်တဲ့ အလား အလာရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေး မယ်ဆိုရင် အစိုးရတစ်ခုတည်း မဟုတ်ဘဲ အဘက်ဘက်က ပူးပေါင်း ဆောင်ရွက်သင့်တယ်။ ဒါ့အပြင် လုပ်ငန်းကြီးတွေအနေနဲ့လည်း လုပ်ငန်းငယ်တွေ ပေါ်ပေါက်လာတဲ့အခါမှာ ကူညီပြီး လက်တွဲခေါ်သွားဖို့ လိုအပ်တယ်။ ဒါတွေဟာ အားလုံးအတူတူလုပ်ကြရမယ့် အပိုင်းတွေပါ။

SME လုပ်ငန်းတော်တော်များများဟာ အစိုးရဌာန တွေနဲ့ ချိတ်ဆက်မှုအပိုင်းမှာ အားနည်း တယ်။ အဲဒီအခါ မှာ တခြားက အထောက်အပံ့တွေ ရယူနိုင်ခြင်းမရှိဘဲ ကိုယ်ပိုင်ငွေကြေးနဲ့ပဲ လုပ်ကိုင်ကြတယ်။ အဲဒါကို ဘယ်လို ပြောင်း လဲနိုင်မလဲ။

အဲဒါကလည်း နှစ်ဘက်လုံးနဲ့ သက်ဆိုင်တယ်။ အစိုးရတွေ  International Organization တွေ Private Sector က လုပ်ငန်းကြီးတွေကိုတင် ပြောနေတာ မဟုတ်ဘဲနဲ့ SME တွေဘက်ကလည်း သူတို့ကိုယ်တိုင်ပြောင်းလဲဖို့ လိုအပ်တယ်။ အဲဒါကြောင့် အစ်မတို့ အခု Educational For Entrepreneurs တို့၊ လုပ်ငန်းရဲ့ Business Plan ကို ဘယ်လိုဆွဲမယ်ဆိုတာမျိုးတွေ သိသွားကြတယ်။  ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ SME လူဦးရေနဲ့ အစ်မတို့ပေးနိုင်တဲ့ လူဦးရေနဲ့ အများကြီးကွာသေးတယ်။ SME တွေအနေနဲ့ကလည်း အစိုးရဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက် တာကို ကြောက်စရာမလိုဘူး။ နောက်ပြီးတုံ့နှေးမှုလည်း မရှိသင့်ဘူးလို့တော့ ယူဆမိတယ်။ အစိုးရအနေနဲ့ သူတို့ ဆီကနေ SME တွေဆီ ရောက်နိုင်ဖို့ကျတော့ သူတို့ ဆီကိုလာပြီး Register လုပ်တဲ့သူကိုပဲ သူတို့ သိနိုင်မှာ။ သူတို့မှာ Data ရှိတဲ့သူကိုပဲ သူတို့ Contact လုပ်နိုင်မှာပေါ့။ SME တွေအနေနဲ့ကလည်း Ministry of Industry အောက်မှာ ရှိတယ်။ ဒါဆို အဲဒီမှာရှိတဲ့ SME ဌာနတွေကို သွားပြီးတော့ မေးမြန်းစုံစမ်းတာတို့၊ ဘယ်လို အစီအစဉ်တွေရှိသလဲ၊ ဘယ်လိုပံ့ပိုးကူညီမှုတွေရှိသလဲ မေးဖို့ဆိုတာ ဒါလုပ်ငန်းရှင်တွေဘက်ကနေလည်း လုပ်ဖို့လိုအပ်တယ်လို့ အစ်မ ကတော့ ယူဆတယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် မပေးနိုင်ဘူးဆိုရင်လည်း သက်ဆိုင်ရာ ကိုယ့်ရဲ့လုပ်ငန်း ဥပမာ နယ်တွေမှာဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာ Chamber of Commerce တွေ ရှိတယ်။ ဒါမှမဟုတ် သူတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရှိတယ်။ ဥပမာ ကုန်စည်ဒိုင်လိုမျိုးပေါ့။ အဲဒီ Chamber of Commerce တွေကလည်း တော်တော် လေးကို လှုပ်ရှားမှုရှိပါတယ်။ တော်တော်လေးလည်း သူတို့ရဲ့ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်ချင်ကြ တယ်။ SME ဘက် က Proactive ဖြစ်ရမယ်။ ကိုယ့်လုပ်ငန်းက ဘာတွေလိုအပ်သလဲဆိုတာကို။ အခု နောက်ပိုင်းဆိုရင် ပိုပိုပြီးတော့ နယ်တွေမှာ ဟောပြောပွဲတွေ များများလာပြီ။ နဂိုတုန်းကဆိုရင် ရန်ကုန်မှာပဲ ရှိတာပေါ့နော်။ အခုဆိုရင် နယ်တွေမှာလည်း ရှိလာပြီဆိုတော့ အဲဒီလို ဟောပြောပွဲတွေ၊ ဘာတွေမှာလည်း ပါဝင်သင့် တယ်။

ကျွန်မတို့ နယ်တွေ သွားတဲ့အခါမှာ လှုပ်ရှားမှုက အလုပ်လုပ်တယ်။ ဒါပေမဲ့ ရန်ကုန်ထက်စာလို့ရှိရင် Speed နှေးနေသေးတယ်။ အေးအေးဆေးဆေးပဲ အလုပ်လုပ်နေသေးတဲ့ အပိုင်းတွေမှာ ရှိနေတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ကျရင် မြန်မာပြည်ကလည်း ASEAN Free Trade တွေ ဝင်လာတဲ့အခါကျရင် လုပ်ငန်းတွေ ပိုပြီးတော့ ကြီးမား ရမယ်။ နောက်ပြီးတော့ အခြားနိုင်ငံမှာ ရှိတဲ့ ကုန်ပစ္စည်းတွေ၊ ကိုယ့်နိုင်ငံဝင်လာသလို ကိုယ့်နိုင်ငံမှာရှိတဲ့ ဘယ်လို ကုန်ပစ္စည်းမျိုးတွေကို အခြားနိုင်ငံ တွေ ပို့ပြီးတော့ ဒီပေါ်မှာ ကိုယ်က ဘယ်လိုမျိုး အကျိုး ကျေးဇူးရယူနိုင်မလဲဆိုတဲ့ အပိုင်းတွေပေါ့နော်။ အဲဒါမျိုးကျတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်း ပေါင်းပြီးတော့ ပူးပေါင်း ဆောင်ရွက်ရမယ့်အပိုင်းတွေက လိုလာပါပြီ။

ဒါ့အပြင် SME ပိုင်းကလည်း တကယ်ကို Proactive ဖြစ်ရမယ်။ ကိုယ့်ဘက်က ဘာတွေကို လိုအပ် သလဲ ကိုယ့်ရဲ့လုပ်ငန်းမှာ ကိုယ့်ရဲ့ရပ်ရွာမှာ ဘယ်အပိုင်းက ဖြစ်နိုင်လဲ။ ဥပမာ- နယ်အလိုက် နယ်အလိုက် စီးပွားဖြစ်တဲ့ Area တွေ ရှိတယ်။ စီးပွားဖြစ်တဲ့ Product တွေ ရှိတယ်။ အဲဒါမျိုးတွေကို ဘယ်လိုဈေးကွက်ကို တင်မလဲ၊ ဈေးကွက် ဆိုတဲ့အခါမှာ ရန်ကုန်ဈေးကွက်တင်မဟုတ်ဘဲနဲ့ အခြားဈေးကွက်တွေကိုပါ ဘယ်လိုရောက်ရှိနိုင်မလဲ၊ ကိုယ့်လုပ်ငန်း ရဲ့ Quality ကို ဘယ်လိုမြှင့်တင်နိုင်မလဲ။ ဒါမှမဟုတ် ပိုပြီးတော့ အရည်အသွေး ကောင်းမွန်တဲ့ ထုတ်ကုန်မျိုး ကိုယ့်ရဲ့ရှိတဲ့ကုန်ကြမ်းက တစ်ဆင့်ဘယ်လိုလုပ်နိုင်မလဲ။ အဓိကက မြန်မာပြည်မှာ ကုန်ကြမ်းအဆင့်မှာတင် အများစု ကပြီးစီးသွားတယ်။ ဒါပေမဲ့ ကုန်ချောဖြစ်နိုင်ဖို့အတွက်ကို လိုအပ်တဲ့ နည်း ပညာပံ့ပိုးမှုတွေ လိုလာပြီ။ နည်းပညာပံ့ ပိုးမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အခုကစပြီးတော့ လာနေပြီ၊ မလာဘူးဆိုတာတော့ မဟုတ်ဘူး။ ဥပမာပြောရရင် ဝါဂွမ်းနဲ့ ပတ်တီးထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု မုံရွာမှာ ရှိတယ်။ အဲဒီကုမ္ပဏီက ဂျပန်နဲ့ပေါင်းပြီးတော့ ပိုကောင်းတဲ့ ထုတ်ကုန်တွေ ထုတ်ပြီး လုပ်လာနိုင်တယ်။ နောက်ပြီး E4E Programme တွေလည်း တက်ဖြစ်သွားတော့ နောက်ပိုင်းမှာ သူတို့က Local Product ကိုသုံးပြီး Local မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရအောင် ဖန်တီးပေးတယ်။ နောက် သူတို့လုပ်ငန်းရဲ့ ဘေးထွက် စွန့်ပစ်ပစ္စည်းဖြစ်တဲ့ သန့်စင်တဲ့ရေတွေကိုလည်း ရေရှားပါး တဲ့ဒေသတွေမှာ ဝေပေးတာတို့ ဘာတို့လုပ်တယ်။ အဲဒီလုပ်ငန်းက နောက်ပိုင်းမှာ ဂျပန်ရဲ့ Investment ပိုရပြီး လုပ်ငန်းချဲ့ထွင်လာခဲ့တယ်။ ဒီလိုနဲ့ သူတို့ Product ကို မြန်မာပြည်မှာတင်မဟုတ်ဘဲနဲ့ Japan ကိုပါ ဖြန့်ဖို့ လုပ်နေ တယ်။ အဲဒါမျိုးတွေ ရှိတယ်။ မြန်မာ ပြည်မှာကတော့ နယ်တွေမှာရှိတဲ့ SME တော်တော်များ များက ဒီလို Model မျိုး ယူနိုင်ပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ပြီးတော့ လုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်ပြီပေါ့။

SME လုပ်ငန်းတော်တော်များများက ငွေကြေး အရင်းအနှီးဆိုရင် Bank ကနေ ချေးယူမှုကိုပဲ အသိများ ကြတယ်။ အဲဒီလိုမဟုတ်ဘဲ စတင်မယ့်လုပ်ငန်းတွေ အတွက် ငွေကြေးအရင်းအနှီးကို ဘယ်လိုရယူနိုင်မလဲ။

ဘယ်လိုရနိုင်တာလဲဆိုတော့ Bank  တွေမဟုတ်ဘဲ နဲ့ အခုဆိုရင် Myanmar Young Entrepreneurs Association ကနေ ပွဲတွေလုပ်နေပြီ သူတို့မှာ Angle Invester Network ရှိတယ်။ Angle Invester Network ဆိုတာ သူတို့က လုပ်ငန်းရဲ့အခြေအနေကို ကြည့်ပြီးတဲ့အခါမှာ ဒီလုပ်ငန်းကို ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စား တယ်ဆိုရင် ရင်းနှီးမြှုပ်နှံပေးတာ။ အဲတော့လုပ်ငန်းအတွက် သူတို့ ပံ့ပိုးမှု ပိုရတာပေါ့။ ဒါ ဒီအစိုးရဘဏ်ကနေ ငွေချေးတာမဟုတ်ဘဲနဲ့ အခုဆိုရင် အဲဒီ Investment  တွေ၊ နိုင်ငံခြား Investment Company  တွေကလည်း မြန်မာပြည်မှာစပြီး အခြေတည်နေပြီ။ အဲဒီလိုဆိုတော့ သူတို့အဲဒီကနေပဲ ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်တယ်။ အချို့ Investment Company  တွေကကျတော့ သူတို့ ဒီငွေကြေးကိုပဲ ကြည့်တဲ့အပိုင်းတွေ ရှိတယ်။ Business ကို ဥပမာ ဒီလုပ်ငန်းကနေ ရင်းနှီးမြှုပ်နှံလိုက် လို့ရှိရင် အမြတ်ငွေရနိုင်ဖို့က ဘယ်လောက်အခြေအနေရှိသလဲ လုပ်ငန်းတိုး တက်မှုက ဘယ်လောက်ရှိသလဲ အဲဒီလို Investment  လည်းရှိသလို အချို့လုပ်ငန်းတွေ ကျတော့ Social Investment ကိုပါ ကြည့် တာတွေလဲရှိတယ် အဲ့တော့ Financial Return တွေ မဟုတ်ဘူးပေါ့ နော်။ Social Return ကိုပါကြည့်တယ်။ ငွေကြေးပြန်လည်ရယူနိုင်မှုအပြင် အဲ့ဒီလုပ်ငန်းကမှတစ်ဆင့် ပိုပြီးတော့ သူရဲ့ Social  နည်းအရ ဘယ်လောက်ထိ Community ကို အကျိုးပြုနိုင်သလဲ အဲလိုမျိုး Return  နှစ်ခု လုံးကိုကြည့်တဲ့အပိုင်းတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ ဆိုရင် Invester တွေအတွက်လည်း Trend တစ်ခု ဖြစ် တယ်ပေါ့နော်။ ငွေကြေး အရကြည့်တာရော Financial Return ရော Social Return ရော ကြည့်တဲ့အပိုင်းတွေပေါ့။ အဲ့ဒီနည်းလမ်း ကနေလည်း SME  တွေအနေနဲ့ Private Investment တွေလည်း ရယူနိုင်ပါတယ်။

ဒီလိုရယူနိုင်တဲ့ အခြေအနေတွေကို Local SME တွေ သိအောင် ဘယ်လိုလုပ်သင့်သလဲ။

အသိပေးဖို့ဆိုတာကတော့ အဖွဲ့အစည်းတွေအပိုင်းက ပံ့ပိုးမှုတွေအများကြီး လိုအပ်လာပြီ။ အဲလိုကျတော့ လည်း Intermediary Organization လို့လည်း ခေါ်လို့ရတာပေါ့နော်။ အဲ့လိုမျိုးတွေကလည်း ဦးဆောင်သင့်တယ်။ Entrepreneurship Summit ဆိုတာလည်း Myanmar Young Entrepreneur ရဲ့ အားထုတ်မှုတစ်ခုပဲ။ ဒီ Summit မှာဆိုရင် Entrepreneur တွေလာကြမယ်။ ဆွေးနွေးကြမယ်။ အဲဒီလိုမျိုး Invester  တွေနဲ့ Investment တွေပူးပေါင်းနိုင်မယ့်ပွဲ မျိုးတွေများများလုပ်ပေးနိုင်လေ ကောင်းလေပါပဲ။ UMFCCI လို အဖွဲ့အစည်းတွေလည်း လုပ်နေပါတယ်။ အဲလိုပဲ Business Matching  တွေ လုပ်နေကြတယ်။ လုပ်တဲ့အခါမှာ အဲ့လို SME  တွေဆိုရင် ခုနပြောတဲ့ Point ကိုပဲ ပြန်ရောက်လာတယ်။ နယ်မှာရှိတဲ့ SME  တွေဟာ သူတို့ နယ်မှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုရှိနေရမယ်။ ဥပမာ ကုန်စည်ဒိုင်လို မျိုးပဲဖြစ်ဖြစ် UMFCCI  လိုမျိုးပဲ ဖြစ်ဖြစ်ပေါ့။ ခုဆို Myanmar Young Entrepreneurs ကလည်း နယ်တွေမှာစပြီး ရုံးခွဲတွေ ဖွင့်နေကြပြီ။ SME တွေအနေနဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်တစ်ခုနဲ့ ဒါမှမဟုတ် အစိုးရရဲ့ SME Department  နဲ့လည်း ချိတ်ဆက်မှုရှိနေရမယ်။ အဲဒီတော့ သူတို့အနေနဲ့က အပြင်မှာ ဘာတွေဖြစ်နေလဲ၊ ဘယ်သူတွေကဘာရလဲ၊ စိတ်ဝင်စားနေလဲဆိုတာ သိမှာ၊ အဖွဲ့အစည်းတွေကလည်း သူတို့ဆီမှာ ဝင်ထားပြီး သူတို့ နဲ့ Network  ရှိပြီးသား လူတွေကို အဲဒီ Information  တွေပေးမှာပေါ့။ ဒါမှမဟုတ် အများဆုံး Public ကို ကြော်ငြာမယ်။ Social Media ကနေ ကြော်ငြာမယ်။ သတင်းကနေ ကြော်ငြာမယ်။ ဒါတွေကလည်း SME တွေက လိုက်ကြည့်မှ သိရမှာ။ အစိုးရဘက်ကလည်း ဒီလုပ်ငန်းတွေ၊ Organization တွေကို ပံ့ပိုးပေးဖို့ လို တယ်။ SME တွေအတွက် လိုအပ်တဲ့ ပတ်ဝန်းကျင်အခြေ အနေကို ဖန်တီးပံ့ပိုးပေးဖို့လိုသလို SME တွေဘက်ကလည်း Proactive ဖြစ်ရမယ်။ ကိုယ်အခြေစိုက်ရာ ဒေသမှာ ရှိတဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေ UMFCCI တို့လို Myanmar Young Entrepreneur Association တို့လို၊ ကုန်စည်ဒိုင်တွေလို အဖွဲ့အစည်းတွေမှာလည်း ချိတ်ဆက်နေရမယ်။ အစိုးရဘက်က SME ဌာနတွေနဲ့လည်း ချိတ်ဆက်နေရမယ်။ ပြီးရင် တစ်ဘက်မှာလည်း ခုနကပြောတဲ့ အလယ်က ချိတ်ဆက်ပေးတဲ့ အဖွဲ့အစည်း တွေက ဦးဆောင်လုပ်ပေးတဲ့ပွဲမျိုးတွေ၊ လုပ်ငန်းတွေမှာ ဆိုရင်လည်း ချိတ်ဆက်ရမယ်။ အဲဒါမှလည်း နယ်တွေ မှာရှိတဲ့ SME တွေက ရန်ကုန်လို နေရာမျိုး၊ ဒေသအနှံ့က Investor တွေနဲ့ ချိတ်ဆက်နိုင်မှာ။ Investor တွေ ဘက်ကလည်း အခုဆို ရန်ကုန်တင် မဟုတ်ဘူးနယ်တွေကိုလည်း ကြည့်နေကြတာပဲ။ မြန်မာပြည်မှာ စပြီးလုပ်တဲ့ Investment Fund တွေကျတော့ ဒီမှာ Investment လုပ်ရင် ဘယ်လောက် Risk ရှိမယ် ဆိုတဲ့အပိုင်း တွေ ရှိနေသေးတယ်။ နောက် မြန်မာပြည်ရဲ့ Infrastrecture နဲ့ အဲဒီလို အခြေခံအဆောက်အအုံတွေ အတွက်လည်း World Bank တို့၊ ADB တို့က ပူးပေါင်းဆောင်ရွက်နေတယ်။ အကုန်လုံးချိတ်ဆက်ပြီး SME တွေဘက်ကလည်း Proactive  ဖြစ်မယ်။ ဒီဘက်က Organization တွေ Local  အဖွဲ့အစည်းတွေအားလုံးကလည်းအားလုံးကို ပါဝင်လာအောင် လုပ်နိုင်မယ်။ နောက်ပိုပြီး Awellness  တွေ ပိုမြင့်မားလာအောင် လုပ်နိုင်မယ် ဆိုရင်တော့ ကျွန်မအမြင် ဒါတွေဟာ ဖြစ်လာမှာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ SME  ကဏ္ဍနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုမြင်သလဲ။

ကဏ္ဍပေါင်းစုံမှာ SME တွေဘက်ကလည်း Proactive  ဖြစ်ရမယ်။ နောက်တစ်ခုက တစ်ဘက်က ဆိုရင် Local Association တွေဘက်ကလည်း Active  ဖြစ်ရမယ်။ နောက် ရန်ကုန်မှာရှိနေတဲ့ Association တွေလည်း ချိတ်ဆက်ကြရမယ်။ များသောအားဖြင့် ရန်ကုန်မှာပဲ Focus  က များတယ်။ လုပ်ငန်းရှင်တွေ၊ Activity တွေဆိုလည်း ရန်ကုန်ကိုပဲ Focus  ပေါ့။ အမှန်ဆို အဲဒီလိုမဟုတ်ဘဲနဲ့ နယ်တွေကိုလည်း  Inclusive ဖြစ်ရမယ်။ အဲဒီလို အခြေအနေတစ်ဆက်တည်းမှာ နယ်က SME  တွေကလည်း ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြရမယ်။ ပြီးရင် နောက်တစ်ခုက ဘာလဲဆိုတော့ အခုဆို Association တွေက နယ်တွေအထိ သွားနေပြီ။ UMFCCI ဆိုလည်း ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ရုံးခွဲတွေ ရှိပြီးသား။ နောက် MYEA  ဆိုရင်လည်း နယ်ရုံးခွဲတွေ စတင်ဖွင့် လာပြီ။ နောက် တချို့နယ်မှာ ဆိုရင် Active  ဖြစ်တဲ့ ကုန်စည်ဒိုင်တွေရှိတယ်။ ပခုက္ကူ ကုန်စည်ဒိုင်တို့၊ မုံရွာ ကုန်စည်ဒိုင်တို့ တောင်ကြီး CCI တို့ကို သွားကြည့်ရင် အရမ်း Active ဖြစ်တာ၊ တောင့်တင်းတာကို မြင်ရလိမ့်မယ်။ အဲဒါကြောင့် ဒီလိုနယ်မှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း ရန်ကုန်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပိုပြီးတော့ ချိတ်ဆက်မှု များရမယ်။ ပါဝင်မှုများရမယ်။ ပြီးတဲ့အခါမှာ International Organization တွေကလည်း ကျွန်မတို့ အခုလုပ် သလိုမျိုးပဲပေါ့။ အထူးသဖြင့် ကျွန်မတို့ဆိုရင် ပညာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းဆိုတော့ ပညာရေးနဲ့ပတ်သက်တဲ့ ပံ့ပိုးမှုတွေလုပ်တယ်။ SME တွေပိုပြီးတော့ Business Development နဲ့ Financial Literacy ဖွံ့ဖြိုးတိုးတက် လာစေဖို့ပေါ့။ အဲဒါမျိုးတွေ လုပ်သလိုမျိုး တခြားအဖွဲ့အစည်းတွေက သူတို့သက်ဆိုင်ရာအလိုက် အစိုးရနဲ့ ပူးပေါင်း ပြီးတော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု Technical know how အကုန်လုံးပေါ့။ အဲဒါတွေကို ပံ့ပိုးပေးနိုင်ရမယ်။ နောက် အစိုးရကိုယ်၌ကလည်း SME တွေကို သေသေချာချာ Focus လုပ်ပြီး တွန်းအားပေးနေမယ်။ သူတို့အတွက် အလား အလာရှိတဲ့ ပတ်ဝန်းကျင်အခြေအနေကောင်းတွေ ဖြစ်လာအောင် ဖန်တီးပေးမယ်ဆိုရင်တော့ ကျွန်မအနေနဲ့က မြန်မာပြည်ရဲ့ SME Sector အတွက် Positive ဖြစ်ပါတယ်။ အားလုံးအနေနဲ့ကတော့ တက်ညီလက်ညီနဲ့ ကဏ္ဍစုံ ကနေ လူတိုင်းလုပ်ကြရမယ့်သဘောပေါ့။

 

Please follow and like us:
0