အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women-CEDAW) ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကုလသမဂဂအထွေ ထွေညီလာခံက ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ နိုင်ငံတကာစာချုပ်တစ်ရပ်အဖြစ် အကျိုးသက်ရောက်မှုစတင်ခဲ့သည်။ စာချုပ်ဝင် နိုင်ငံပေါင်းနှစ်ဆယ်ဖြင့် အစပြုခဲ့ရာမှ လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၉ နိုင်ငံအထိရှိနေပြီဖြစ်သည်။

အဆိုပါ ကွန်ဗင်းရှင်းသည် အမျိုးသမီးများ၏ ရပိုင် ခွင့်များ မြႇင့်တင်ရေးနှင့် ကမ္ဘာ့အမျိုးသမီးထု၏ အခြေ အနေကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၄၆ ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သော UN Commission on the Status of Women ၏ အနှစ် သုံးဆယ်ကျော် ကြိုးပမ်းမှုရလဒ်လည်း ဖြစ်သည်။ ကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်ချက်များက အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် တန်းတူရပိုင်ခွင့် ငြင်းပယ်ခံနေရသည့် နယ်ပယ်များကို ဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီးရပိုင်ခွင့်ဆိုင်ရာ တိုးတက်မှုအသီးအပွင့်များ ဖြစ်သည့် ကြေညာ စာတမ်းများ၊ နိုင်ငံတကာစာချုပ်များ အများအပြားထွက်ပေါ်ခဲ့ရာတွင် CEDAW  ကွန်ဗင်းရှင်းက အခရာအကျဆုံး ကွန်ဗင်းရှင်းတစ်ရပ် ဖြစ်လာ သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှစတင်ကာ CEDAW အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ လိင်ကွဲပြားမှုကို အကြောင်းပြု၍ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းပပျောက်စေရန် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ထိုသို့ခွဲခြားဆက်ဆံမှုမျိုးခွင့်ပြုထားသည့် ဥပဒေများကို ပယ်ဖျက်ရန်၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် ပညာရေးအစရှိသော နယ်ပယ်အသီးသီးတွင် အမျိုးသား၊ အမျိုးသမီးတန်းတူရပိုင်ခွင့်ရရှိရေး အာမခံရန် အစရှိသည့် မူလကွန်ဗင်းရှင်းပါ၊ အမျိုးသမီးဆိုင်ရာ ရပိုင်ခွင့်များကို ထိန်းကျောင်းပေးမည့်အချက် အလက် များပါဝင်သော နောက်ဆက်တွဲသဘောတူညီချက် (Optional Protocol)ကို ၁၉၉၉ ခုနှစ်၊ အောက်တို ဘာလ ၆ ရက်နေ့တွင် ထပ်မံပြာန်းခဲ့ပြီး မြန်မာနိုင်ငံ က ၂ဝဝဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးထားသော်လည်း ဥပဒေကြောင်းအရ  စည်းနှောင်တာဝန်ခံသည့် အဆင့်သို့မရောက်ရှိသေးပေ။

မူလ CEDAW ကွန်ဗင်းရှင်းတွင် အပိုင်းခြောက်ပိုင်းပါဝင်ပြီး ပထမပိုင်းတွင် ခွဲခြားဆက်ဆံမှု အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းလင်းဖော်ပြထားသည်။ ထိုဖွင့်ဆို ချက်အရ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားသောမည်သည့်နယ်ပယ်တွင်မဆို လူ့ ရပိုင်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်များကို ကျား၊ မ မရွေးတန်းတူညီမျှရရှိစေရမည်ဟူသော အခြေခံအားဖြင့် အိမ်ထောင်သည် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အမျိုးသမီးတိုင်း၏ အသိအမှတ်ပြုပိုင်ခွင့်၊ ခံစားပိုင်ခွင့်နှင့် ကျင့်သုံးနိုင်ခွင့်များအား အကျိုးပျက်ပြားစေရန်၊ လျော့နည်းယိုယွင်းစေရန် ကြံရွယ်ခြင်း၊ သို့တည်းမဟုတ် ထိုသို့သော အကျိုးသက်ရောက်မှုမျိုးဖြစ်ပေါ်စေသည့် လိင်ကွဲပြားမှုအခြေပြုသော မည်သည့်ခွဲခြားခြင်း၊ ချန်လှပ်ခြင်း၊ ကန့်သတ်ခြင်းကိုမဆို ဆိုလိုသည်။

အပိုင်း(၁)တွင် ခွဲခြားဆက်ဆံမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ဆို ချက်အပြင် မူဝါဒဆိုင်ရာ ဆောင်ရွက်ရန်များ အခြေခံ လူ့ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်အာမခံချက် အထူးအစီအစဉျများ၊ လိင်ကွဲပြားမှုအခြေပြုခေါက်ရိုးကျိုးအမြင် များနှင့်တင်ကူးမှန်းဆချက်များ၊ ပြည့်တန်ဆာနှင့်လူကုန် ကူးခြင်းဆိုင်ရာအကြောင်းအရာများလည်း ပါဝင်သည်။

အပိုင်း(၂)တွင် နိုင်ငံရေးနှင့် ပြည်သူလူထုလူနေမှု ဘဝ၊ ကိုယ်စားပြုခြင်း၊ နိုင်ငံသားဖြစ်မှုစသည့် အကြောင်းအရာများပါဝင်သည်။ အပိုင်း(၃)တွင်မူ ပညာ ရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှု ခံစားခွင့်များ၊ ကျေးလက်ဒေသနေအမျိုးသမီးများ စသည့် အကြောင်းအရာများဖော်ပြထားသည်။ အပိုင်း(၄) တွင် ဥပဒေပိုင်းဆိုင်ရာများ ထိမ်းမြားလက်ထပ်ခြင်းနှင့် မိသားစုဘဝ စသည့် အကြောင်းအရာများ ပါဝင်သည်။ အပိုင်း(၅)နှင့်(၆)တို့တွင်မူ CEDAW နှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ အစီရင်ခံစာများ၊ စီမံခန့်ခွဲ မှုများ စသည့်အကြောင်းအရာများကို ဖော်ပြထားသည်။

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်း

ကမ္ဘာ့လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းနီးပါးမျှရှိသော အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် လုပ်ငန်းနယ်ပယ် အသီးသီးတွင် အမျိုးသားများနှင့် တန်းတူညီမျှအခွင့် အရေးရရှိရေး၊ လုံခြုံမှုလွတ်လပ်ခွင့်နှင့် လူသားဂုဏ်သိက္ခာတို့ အပြည့်အဝရရှိရေးမှာ ကမ္ဘာ့တစ်လွှားအရေးတကြီးအလေးထားဆောင်ရွက်ရမည့် အကြောင်းအရာ တစ်ရပ်ဖြစ်သည့်အလျောက် အဆိုပါရပိုင်ခွင့်များနှင့် မူဝါဒဆိုင်ရာများကို နိုင်ငံတကာစာချုပ်စာတမ်းများ ဖြစ်သည့် လူ့ရပိုင်ခွင့်ကြေညာစာတမ်း၊ လူထုရပိုင်ခွင့်နှင့် နိုင်ငံရေးရပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာရပိုင်ခွင့် နိုင်ငံတကာသဘောတူညီချက်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံ တကာသဘောတူစာချုပ်၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား သောလူမဆန်သည့် ရက်စက်ကြမ်းကြုတ်သော လူသား ဂုဏ်သိက်ခာကျဆင်းစေသည့် အပြစ်ပေးမှုများ ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များ စသည်တို့တွင် ထည့်သွင်းရေးဆွဲပြီးဖြစ်သည့်တိုင် အဆိုပါ နိုင်ငံ တကာသဘောတူညီချက်စာချုပ်စာတမ်းများကို လက် တွေ့အကောင်အထည်ဖော်ဆောင်ရာ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းက အဓိကအဟန့်အတားတစ်ရပ် သဖွယ်ဖြစ်နေသဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်း (Declaration on the Elimination of Violence Against Women- DEVAW)  ကို ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများအား အကြမ်းဖက်ခြင်းသည် အမျိုးသမီးတို့၏ အခြေခံလူ့ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ချိုးဖောက်ခြင်းပင်ဖြစ်ပြီး အဆိုပါရပိုင်ခွင့်များ ရရှိခံစားခွင့်ကို ပျက်စီးဆုံးရှုံး အကျိုးလျော့နည်းစေခြင်းဖြစ်ရုံသာမက၊ အမျိုးသမီးတို့၏ အခြေခံလူ့ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို စောင့်ရှောက်မြႇင့်တင်ပေးရန် ပျက်ကွက်ခြင်းသို့လည်း ရှေ့ရူစေမည်ဖြစ်သည်။

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်းတွင် ဖွင့်ဆိုဖော်ပြချက်ခြောက်ချက်ပါဝင်ပြီး ပထမဖွင့်ဆိုဖော်ပြချက်တွင် ”အမျိုးသမီးများ အားအကြမ်းဖက်မှု”ဆိုသော စကားရပ်အားအောက်ပါ အတိုင်းအဓိပ်ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရသည်။

အမျိုးသမီးများအားအကြမ်းဖက်ခြင်းဆိုသည်မှာ အများပြည်သူတို့၏ လူမှုဘဝတွင်ဖြစ်စေ၊ ကိုယ်ပိုင်လူမှု ဘဝတွင်ဖြစ်စေ ဖြစ်ပွားသော ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ သို့တည်းမဟုတ် လွတ်လပ်ခွင့်ကို အကြောင်းမဲ့ ဆုံးရှုံးစေမှုစသည်တို့အပါအဝင် အဆိုပါရလဒ်များ ထွက်ပေါ်စေသော၊ သို့တည်းမဟုတ် ထွက်ပေါ်နိုင်ချေရှိသော မည်သည့်လိင်ကွဲပြားမှုအခြေပြုအကြမ်းဖက်မှုမျိုးကိုမဆို ဆိုလိုသည်။

ကြေညာစာတမ်း၏ ဒုတိယမြောက် ဖွင့်ဆိုဖော်ပြချက်တွင် အထက်ပါစကားရပ်၌ အကျုံးဝင်သည့် အကြောင်းအရာများကို အောက်ပါအတိုင်း အသေးစိတ် ထပ်ဆင့်ရှင်းလင်းဖွင့်ဆိုထားသည်။

အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာတွင် အောက်ပါအကြောင်းအရာများ အကျုံးဝင်သည်ဟု မှတ် ယူရမည်ဖြစ်သော်လည်း ထိုအကြောင်းအရာများ သက် သက်ဖြင့် ကန့်သတ်ထားခြင်းမဖြစ်စေရ။

(က)     ရိုက်နှက်ခြင်း၊ အိမ်ထောင်စုအတွင်း အမျိုးသမီးကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ မင်္ဂလာဆောင်ရန်တင်တောင်းငွေနှင့် ပတ်သက် သော အကြမ်းဖက်မှု၊ အိမ်ထောင်ဘက်၏ မုဒိမ်းပြုကျင့်မှု၊ မမျိုးပွားအင်္ဂါချို့ယွင်းစေမှု၊ အမျိုးသမီးများကို ဘေး  ဥပါဒ်ဖြစ်စေသော အခြားရိုးရာဓလေ့လုပ်ဆောင်မှုများ၊ ခင်ပွန်းမဟုတ်သူ၏ အကြမ်းဖက်မှု၊ အကြမ်းဖက်မှုနှင့် စပ်လျဉ်းသော အမြတ်ထုတ်ခံရမှုစသည်တို့အပါအဝင် မိသားစုအတွင်းဖြစ်ပွားသော ကာယကံမြောက် အကြမ်း ဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ။

(ခ)       မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကာယိန္ဒြေပျက်ပြားစေမှု၊ လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှု၊ ပညာရေးအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်း များအတွင်း ခြိမ်းခြောက်မှု၊ အမျိုးသမီးများအား လူကုန်ကူးမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေမှုစသည်တို့ အပါအဝင် ယေဘုယျလူမှုအသိုက်အဝန်းအတွင်းဖြစ်ပွားသော ကာယကံမြောက်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ။

(ဂ)       မည်သည့်နေရာတွင်မဆိုဖြစ်ပွားသည့် နိုင်ငံ တော်ကကျူးလွန်သော သို့တည်းမဟုတ် အပြစ်မယူဘဲ၊ လျစ်လျူရှုထားသော ကာယကံမြောက်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ။

ကြေညာစာတမ်း၏ တတိယမြောက်ဖွင့်ဆိုဖော်ပြချက်တွင် အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉျကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားသောနယ်ပယ်များ၊ လူ့ရပိုင်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်များအားလုံး ကာကွယ်စောင့်ရှောက်မှုနှင့် တန်းတူခံစား ခွင့်ရရှိရေး၊ အကျုံးဝင်ခံစားခွင့်ရှိကြောင်း ဖော်ပြပါ ရှိသည့်အပြင်၊ အဆိုပါအခွင့်အရေးများတွင် ရှင်သန်နေထိုင်ခွင့်၊ တန်းတူညီမျှရပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုရပိုင်ခွင့်၊ ဥပဒေကာကွယ်စောင့်ရှောက်မှုကို တန်းတူရပိုင်ခွင့်၊ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုမှ ကင်းလွတ်ခွင့်၊ ရနိုင်သမျှ အကောင်းဆုံးဖြစ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာစံနှုန်းများရပိုင်ခွင့်၊ တရားမျှတ၍ အလေးပေးဆက်ဆံသော လုပ်ငန်းခွင်အခြေအနေရပိုင် ခွင့်၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အခြားသော ရက်စက်ကြမ်း ကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် လူသားဂုဏ်သိက္ခာကျဆင်းစေသောဆက်ဆံမှု၊ သို့မဟုတ် ပြစ်ဒဏ်ခတ်မှုများမှ ကင်းလွတ်ပိုင်ခွင့် အစရှိသည့် ရပိုင်ခွင့်များ ပါဝင်ကြောင်း ဖော်ပြထားသည်။

ကြေညာစာတမ်း၏ စတုတ်ထမြောက်ဖွင့်ဆိုဖော်ပြချက်တွင် နိုင်ငံအစိုးရတို့သည် အမျိုးသမီးများအား အကြမ်းဖက်မှုကို ထုတ်ဖော်ရှုတ်ချရန်၊ အမျိုးသမီးများ အားအကြမ်းဖက်မှု ပပျောက်ရေးအတွက် နိုင်ငံအစိုးရ တို့ဆောင်ရွက်ရမည့် တာဝန်ဝတ်တရားများကို ဟန့်တားပိတ်ပင်သည့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဘာသာရေးအယူအဆများကို အကြောင်းပြုကိုးကား ဖော်ပြခြင်းမရှိစေရန်၊ နိုင်ငံအစိုးရတို့အနေဖြင့် အမျိုးသမီး များအား အကြမ်းဖက်မှုပပျောက်ရေးမူဝါဒကို မည်သည့် နည်းနှင့်မဆို အချိန်မဆိုင်းဆောင်ရွက်ကြရန်၊ အသေးစိတ် ဖွင့်ဆိုချက်များနှင့်တကွ ဖော်ပြထားသည်။

ပဉ္စမမမြောက်ဖွင့်ဆိုဖော်ပြချက်တွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အထူးပြုအဖွဲ့အစည်း များအနေဖြင့် ကြေညာစာတမ်းပါ အမျိုးသမီးရပိုင်ခွင့် များနှင့် မူဝါဒများကို ယင်းတို့၏ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ပံ့ပိုးဆောင်ရွက်မှုပြုပေးရန်၊ အသေးစိတ်အချက်အလက်များနှင့်တကွ ဖော်ပြထားသည်။

ဆမြမြောက်ဖွင့်ဆိုချက်တွင်မူ နိုင်ငံတစ်ရပ်၏ တည်ဆဲဥပဒေနှင့် နိုင်ငံတကာစာချုပ်များတွင် အမျိုး သမီးများအား အကြမ်းဖက်မှုပပျောက်ရေးနှင့်စပ်လျဉ်းသော ဖော်ပြပါရှိချက်က ဤကြေညာချက်ပါ ဖွင့်ဆို ဖော်ပြချက်ထက်ပို၍ အကျိုးသက်ရောက်မှုရှိပါက ဤကြေညာချက်ပါ စကားရပ်တို့က အဆိုပါဖော်ပြချက်များအပေါ် လွှမ်းမိုးသက်ရောက်မှုမရှိစေရဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘော တူစာချုပ်ဝင်နိုင်ငံတစ်ရပ်ဖြစ်သည့်အလျောက် အမျိုးသမီးရပိုင်ခွင့်ဆိုင်ရာ ပြည်တွင်းဥပဒေများကို ကွန်ဗင်းရှင်းပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိစေရန် ရည် ရွယ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းတစ်ရပ်ကို ကုလသမဂ်ဂအဖွဲ့ Gender Equality Network (GEN) တို့နှင့်ပူးပေါင်းပြုစုရေး ဆွဲလျက်ရှိသည်။

GEN သည် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်း များ၏ အထောက်အပံ့ဖြင့် လုပ်ငန်းလည်ပတ်ပြီး ကမ်ဘာ တစ်လွှားမှ လူမှုအဖွဲ့အစည်းများ၊ အစိုးရနှင့်မသက်ဆိုင် သောအဖွဲ့အစည်းများ၊ စုစုပေါင်းတစ်ရာကျော်နှင့် ချိတ် ဆက်ကာ အမျိုးသမီးများတန်းတူရပိုင်ခွင့်ရရှိရေး ကျယ် ပြန့်စွာဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။

အဆိုပါဥပဒေမူကြမ်းတွင် အမျိုးသမီးများအား အကြမ်းဖက်မှုပုံစံမျိုးစုံမှ ကာကွယ်ပေးရန် လိုအပ်ချက် ကို ထည့်သွင်းရေးဆွဲထားသည်ဖြစ်သည့်အလျောက် မိမိနှင့်ချစ်ကွၽမ်းဝင်နေသူမှ အကြမ်းဖက်ခြင်း၊ အိမ်ထောင် ဘက်မှ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိုက်လံချောင်းမြောင်းသူများမှ အနှောင့်အယှက်ပေးခြင်း၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာနေရာများ တွင် အနှောင့်အယှက်ပေးခြင်း၊ ဓလေ့ထုံးတမ်းနှင့်ရိုးရာ  အစဉ်အလာများမှတစ်ဆင့် အကြမ်းဖက်မှု စသည်တို့လည်း ပါဝင်မည်ဖြစ်သည်။

လက်ရှိကာလအတွင်း အဆိုပါဥပဒေမူကြမ်းကို အများပြည်သူလေ့လာနိုင်ရန် ထုတ်ပြန်သည့်အဆင့်သို့ ရောက်ရှိခြင်းမရှိသေးသော်လည်း မကြာမီကာလအတွင်း ထုတ်ပြန်ပေးနိုင်ဖွယ်ရာရှိကြောင်း မျှော်လင့်ရပေသည်။

ထို့အပြင် လက်ရှိအစိုးရလက်ထက်၌ နိုင်ငံတော် အတွင်းရှိ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား ကျယ်ပြန့်ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို နိုင်ငံတော်သမ်မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၈၁/၂ဝ၁၆ ဖြင့်၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါကြေညာချက်တွင် အမျိုးသမီးရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန် ၁၂ ရပ်ဖော်ပြပါရှိပြီး ယင်းတို့အနက် CEDAW အစီရင်ခံစာအား UNCEDAW ကော်မတီသို့ လေးနှစ်တစ်ကြိမ်တင်ပြရန်နှင့် အသိပညာပေးဆောင်ရွက် ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေရေးဆွဲ အကောင်အထည်ဖော်ရန်၊ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ရန်တို့လည်း ပါဝင်သည်ကိုတွေ့ရှိရပေသည်။

CEDAW နှင့် မြန်မာ့ဥပဒေများ

CEDAW ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အလျောက်၊ မြန်မာနိုင်ငံအတွင်းလက်ရှိပြဋ္ဌာန်းထားသော အမျိုးသမီးရပိုင်ခွင့်ဆိုင်ရာဥပဒေများကို CEDAW  စံနှုန်းများနှင့်ကိုက်ညီစေရန် ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် မြန်မာ့ဥပဒေများနှင့် CEDAW စံနှုန်းတို့ကို  Gender Equailty Network (GEN) က ဆန်းစစ်လေ့လာထားသည့် Mynmar Laws and CEDAW  အမည်ရ အစီရင် ခံစာတစ်ရပ်ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ထုတ်ပြန် ပေးခဲ့သည်။

ထိုအစီရင်ခံစာက မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံစုဝေးနေထိုင်ကြသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အပြင် ကိုလိုနီနိုင်ငံတစ်နိုင်ငံအဖြစ်သို့လည်း ရောက်ရှိ ခဲ့ဖူးသောကြောင့် မြန်မာ့ဥပဒေစနစ်တွင် ကိုလိုနီခေတ် နှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းတို့မှ ဆင်းသက်သည့် ဥပဒေရင်းမြစ်များရောပြွမ်းလျက်ရှိကြောင်း သုံးသပ်ဖော်ပြခဲ့သည်။ ဥပဒေအများအပြားမှာ CEDAW စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့်အပြင် အမျိုးသမီး များ၏ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ပြည့်ဝခိုင်မာမှုရှိသော တန်းတူညီမျှရေးကို မြှင့်တင်စောင့် ရှောက်ပေးရန်အတွက် လုံလောက်မှုမရှိကြောင်းလည်း GEN ၏ အစီရင်ခံစာက သုံးသပ်ဖော်ပြသည်။

မြန်မာဥပဒေများကို အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှဖြစ်ရေး ရှုထောင့်မှ အကဲဖြတ်ကြည့်သည့် အခါ အလွန်တရာပင် ရှုပ်ထွေးလှသည်ကိုလည်း မြင်တွေ့ရသည်။ တရားရုံးတို့သည် သာမန်ဥပဒေလုပ်ထုံး လုပ်နည်းစနစ်များအတိုင်း လုပ်ငန်းလည်ပတ်ကြသော်လည်း  မြန်မာဘာသာဖြင့်ဖြစ်စေ အဂလိပ်ဘာသာဖြင့် ဖြစ်စေ ထုတ်ပြန်ပြြာန်းထားသော ဥပဒေပါစာသားများ မှာ နားလည်သဘောပေါက်ရန် ခက်ခဲလှသည်။ ယခင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို အလွယ်တကူ နားလည်သိရှိနိုင်ခြင်းမရှိသည့်အလျောက် ဥပဒေများကို အနက် ကောက်ယူပုံနှင့် မည်သို့သောစံပေါ်တွင် အခြေ ပြုသည်တို့ကိုပါ သိရှိရန်ခက်ခဲလာရသည်။

မြန်မာနိုင်ငံအနေဖြင့် CEDAW ကွန်ဗင်းရှင်းနိုင်ငံ  တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏  တာဝန်များကို ပြည်တွင်းဥပဒေများနှင့် ပေါင်းစပ်ဆောင် ရွက်ရန်လိုအပ်နေပေသည်။

အခြေခံဥပဒေနှင့်တန်းတူညီမျှမှုကို အာမခံခြင်း

ကုလသမဂ်ဂ၏ CEDAW  ကော်မတီက ယင်းအဖွဲ့ ဝင်နိုင်ငံများထံသို့ အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိ သော စာရွက်စာတမ်းများနှင့် စောင့်ကြည့်အစီရင်ခံစာ များတွင် အဖွဲ့ဝင်နိုင်ငံတို့အနေဖြင့် ယင်းတို့၏ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသမီးများ၏ တန်းတူညီမျှရပိုင်ခွင့်ကို အာမခံကြောင်း ထည့်သွင်းဖော် ပြခြင်းက သာ၍ကောင်းမွန်မည်ဖြစ်ကြောင်း အကြိမ် ကြိမ်ဖော်ပြခဲ့သည်ဟု  GEN အစီရင်ခံစာက ဖော်ပြထားသည်။

ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)၊ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလရပိုင်ခွင့်များနှင့်တာဝန်များ၊ ပုဒ်မ-၃၄၇ နှင့် ၃၄၈ တို့တွင် နိုင်ငံသားတိုင်းကို ဥပဒေ ရေးရာတန်းတူညီမျှမှုရရှိစေရန် အာမခံထားသည့်အပြင် အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းအပါအဝင် အခြားသောအကြောင်းအရာများဖြစ်သည့် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာနန္တရ၊ အဆင့်အတန်း၊ ယဉျကျေးမှု၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရန်လည်း ဖော်ပြထားသည်။ ထို့အပြင် ပုဒ်မ-၃၄၉ တွင်လည်း ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ဝိဇ်ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များရှာဖွေဖော်ထုတ်မှု စသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင် တူညီသော အခွင့်အလမ်းရရှိစေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပုဒ်မ-၃၅ဝ တွင်လည်း အမျိုးသမီးများသည် တူညီသော အလုပ်အတွက်အမျိုးသားများ ခံစားခွင့်ရှိသော ရပိုင်ခွင့်နှင့်လစာတို့ကို ခံစားခွင့်ရှိသည်ဟု ဖော်ပြထားသည်။

သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အမျိုးသမီးများ အား ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့် ဆိုသတ်မှတ်ချက် ဖော်ပြထားခြင်းမရှိသည့်အပြင် တိုက်ရိုက်နှင့်သွယ်ဝိုက်ခွဲခြားဆက်ဆံမှုအကြောင်းကိုလည်း ဖော်ပြထားခြင်းမရှိပါ။ နိုင်ငံဝန်ထမ်းရွေးချယ်ခန့်ထား ခြင်းနှင့်စပ်လျဉျး၍ ဖော်ပြထားသော ပုဒ်မ-၃၅၂ ၌ ‘လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက်ရာထူးခန့်ထားခြင်းကို ခွဲခြားခြင်းမပြုရ’ဟု ဖော်ပြပါရှိသော်လည်း တစ်ဆက်တည်းမှာပင် ‘အမျိုးသားများနှင့်သာ လျော် ကန်သင့်မြတ် သည့် ရာထူးတာဝန်များအတွက် အမျိုး သားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရအဟန့်အတား မဖြစ်စေရဟု ဆက်လက်ဖော်ပြထားခြင်းက အမျိုးသမီးများ၏ အလုပ်ရွေးချယ်ခွင့်အား လိင်ခွဲခြားသော လူမှုအဖွဲ့အစည်းအမြင်ဖြင့် ကန့်သတ်ထား သယောင်ဖြစ်နေကြောင်း GEN အစီရင်ခံစာက သုံးသပ် ဖော်ပြထားသည်။

၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အဓိပ်ပာယ်ပြည့်ဝခိုင်မာသော တန်းတူညီမျှမှုကို အာမခံ ဖော်ပြထားခြင်းမရှိသည့်အပြင် ထိုသို့သော တန်းတူညီမျှမှုမျိုး ရရှိစေရန်ဆောင်ရွက်မည့် အထူးယာယီဆောင် ရွက်မှုများအကြောင်းကိုလည်း ဖော်ပြထားခြင်းမရှိပါ။ ဤအချက်ကို CEDAW ကော်မတီ၏ ၂ဝဝ၈ ခုနှစ် စောင့်ကြည့်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပြီးလည်းဖြစ်ပါသည်။

အထက်တွင်ဆိုခဲ့သကဲ့သို့ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအများအပြားမှာ CEDAW စံနှုန်းများနှင့်ကိုက်ညီ ခြင်းမရှိသော်လည်း အခြေခံဥပဒေသည်ပင်လျှင် CEDAW လိုအပ်ချက်များနှင့် စံကိုက်ရေးဆွဲထားခြင်း မဟုတ်သည့်အလျောက် အဆိုပါ CEDAW စံလွဲ တည်ဆဲဥပဒေတို့သည်လည်း အခြေခံဥပဒေနှင့်မဆန့် ကျင်သမျှ ဆက်လက်၍ အသက်ဝင်အကျိုးသက်ရောက် နေဦးမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် CEDAW စံနှုန်းများကို ထည့်သွင်းရေးဆွဲခြင်းက သာ၍ကောင်းမွန် မည်ဖြစ်ကြောင်း၊ CEDAW ကော်မတီ၏ အကြံပြုချက်မှာ အထူးပင်အလေးထားစဉ်းစားသင့်သည့်အချက်ဖြစ် ပါသည်။

 

အမျိုးသမီးများအား အကြမ်းဖက်ခြင်း

 

အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့်စပ်လျဉျး၍ CEDAW ကွန်ဗင်းရှင်းတွင် သီးခြားဖွင့်ဆိုဖော်ပြချက် မပါရှိသော်လည်း CEDAW ကော်မတီ၏ အထွေထွေ အကြံပြုချက် အမှတ်စဉျ (၁၉) တွင် အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အရေး ပေါ်ကာလများနှင့် ပဋိပက်ခဖြစ်ပွားရာအခြေအနေများ တွင် အမျိုးသမီးများ ကြုံတွေ့ရသည့် လိင်ကွဲပြားမှုအခြေပြု၊ အကြမ်းဖက်မှုများအကြောင်း အသေးစိတ်ဖော်ပြ ထားသည့်အပြင် ၁၉၉၃ ခုနှစ်၊ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်းတွင်လည်း ဖော်ပြပါရှိပြီးဖြစ်သည်။ ထို့အပြင် ကုလသမဂ်ဂလုံခြုံရေး ကောင်စီကလည်း အမျိုးသမီးများ ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်လေးရပ်(အမှတ်စဉ္ ၁၃၂၅၊ ၁၈၂ဝ၊ ၁၈၈၈ နှင့် ၁၈၈၉)တို့ကို ချမှတ်ထားပြီး ဖြစ်သည်။

‘အမျိုးသမီး’ဆိုသော စကားရပ်သည် မည်သည့် အသက်အရွယ်မဆိုဖြစ်သော လူသားမိန်းမဖြစ်ကြောင်း၊ အဓိပ်ပာယ်ဖွင့်ဆိုထားသည့် အင်္ဂလိပ်ကိုလိုနီခေတ်လက် ကျန်ဥပဒေတစ်ရပ်ဖြစ်သော မြန်မာနိုင်ငံရာဇသတ်ကြီး ဥပဒေ-၁၈၆ဝ တွင် လိင်ကွဲပြားမှုအခြေပြုအကြမ်းဖက်မှုကို တိကျစွာဖွင့်ဆိုမှုအနည်းငယ်သာ ပါရှိသည်။ ရာဇသတ်ကြီးဥပဒေပါ ဖော်ပြချက်အများအပြားမှာ အဓိကပြဿနာဖြစ်သည့် အမျိုးသမီးတို့၏ ပုဂ္ဂိုလ်ရေး ဂုဏသိက္ခာများကို ချိုးဖောက်ကြောင်း မီးမောင်းထိုး ဖော်ပြနိုင်ခြင်း မရှိပေ။

မုဒိမ်းမှု

ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅ တွင် အမျိုးသား တစ်ယောက်က အမျိုးသမီးတစ်ယောက်နှင့် ကာမဆက် ဆံရာ၌ မုဒိမ်းမှုမြောက်စေသော အခြေအနေငါးရပ်ကို ထည့်သွင်းဖော်ပြထားသော်လည်းခြွင်းချက်အဖြစ် ကာမပိုင်ခင်ပွန်း သည်က အသက် ၁၃ နှစ်အောက် (ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေအမှတ် ၆/၂ဝ၁၆ အရ ၁၅ နှစ်အောက်)မဟုတ် သည့် ဇနီးသည်အားအထက် အခြေအနေတစ်ရပ်ရပ်တွင် ကာမဆက်ဆံခြင်းသည် မုဒိမ်းမှုမမြောက်ဟု ဖော်ပြထားရာ အိမ်ထောင်ဘက် မုဒိမ်းပြုကျင့်မှုကို ထည့်သွင်းစဉ်းစားထားခြင်း  မရှိ ကြောင်းတွေ့ရှိရသည်။

ထို့အပြင် ရာဇသတ်ကြီးဥပဒေ၌ အဓမ်မပြုကျင့်ရန် ကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်အတိအကျဖွင့်ဆို ထားခြင်း မတွေ့ရှိရသော်လည်း ပုဒ်မ-၅၁၁ အရ ရာဇဝတ်မှုကျူးလွန်ရန် ကြိုးပမ်းမှုဖြင့် မူလပြစ်မှု၏ ပြစ်ဒဏ်ထက် ဝက်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးဆဲဖြစ်သော Code of Criminal Procedure တွင် မုဒိမ်းမှုများနှင့်ပတ်သက်၍ တရားစွဲဆိုခြင်း၊ သက်သေထွက်ဆိုခြင်းဆိုင်ရာ ဥပဒေ ဖွင့်ဆိုချက်များပါရှိခြင်းမရှိဘဲ အဓမ္မမှု ကျူးလွန်ခံရသူထံမှ သက်သေတောင်းခံရာတွင် ဥပဒေအရ အကာ အကွယ်ပေးမှု လွန်စွာနည်းပါးလှသည်။ ထို့အပြင် အဓမ္မ ကျူးလွန်ခံရသူက တရားစွဲဆိုမှုကို ရုံးတော်သို့ လာ ရောက်ရင်ဆိုင်ခြင်းမရှိပါက Criminal Procedure Code ပုဒ်မ-၂၄၇ အရ အမှုကြားနားစစ်ဆေးခြင်းကို ရပ်စဲရမည်ဖြစ်သည်။

လိင်အကြမ်းဖက်မှုဆိုင်ရာ အခြားပုံစံကွဲများ

ရာဇသတ်ကြီးဥပဒေတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများအပြားကို ရာဇဝတ်မှုအဖြစ် ဥပဒေပညတ် ဖော်ပြထားသော်လည်းအမျိုးသမီးတစ်ဦး၏’ကာယိန္ဒြေ ဆိုသည့်စကားရပ်နှင့်စပ်လျဉ်း၍ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုရှင်း လင်းချက် မပါဝင်ပေ။ သို့ဖြစ်၍ မည်သည့် အခြေအနေတွင် အဆိုပါပုဒ်မများနှင့် ငြိစွန်းကြောင်း ခွဲခြားသတ်မှတ်ရန် ခက်ခဲပေသည်။

အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာ ကွယ်ရေးဥပဒေများသည် မုဒိမ်းမှုအဓိပ္ပာယ်သတ်မှတ် ချက်နှင့်လိင်အကြမ်းဖက်မှုဆိုင်ရာ အခြားပုံစံကွဲများ အကြားမှ လစ်ဟာနေသော ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်သော ဥပဒေဖွင့်ဆိုချက်များ ပါရှိရမည်ဖြစ်သည်။ အဓမ္မမှု ကျူးလွန်ခံရသူတို့အနေဖြင့် သက်သေထွက်ဆိုခြင်း၊ တရားစွဲဆိုခြင်း စသည်တို့ကို ဆောင်ရွက်ရာ၌ မလိုလားအပ်သော ပူပင်သောကများကို လျှော့ချပေးနိုင် ရမည်ဖြစ်သည့်အပြင် တရားမျှတသော ရလဒ်ထွက် ပေါ်ရေးကိုလည်း အထောက်အကူပြုနိုင်ရမည်ဖြစ်သည် ဥပဒေအရသင့်တင့်လျောက် ပတ်သော အကာအကွယ်ပေးမှုကိုလည်း အာမခံနိုင်ရမည်ဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်

အိမ်တွင်းအကြမ်းဖက်မှုသည် ကမ္ဘာ့ပေါ်တွင် အများဆုံးကြုံတွေ့ရသည့် အကြမ်းဖက်ပုံစံတစ်ရပ်ပင် ဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှုကို ဖော်ထုတ်ရာ၌ ရှုပ်ထွေးမှုများစွာရှိသည်။ သို့ရာတွင် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အတွက် အကြီးမားဆုံးသော အဟန့်အတားမှာ အိမ်တွင်းရေးအဖြစ် လူအများက လက်ခံနေခြင်းပင် ဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှုများကို ဥပဒေထုတ်ပြန် တားမြစ်ခြင်းသည် သက်ဆိုင်သူတို့၏ အိမ်တွင်းရေး အဖြစ်မှသည် အများပြည်သူနှင့် သက်ဆိုင်သည့်ဘက် သို့ ရွှေ့ပြောင်းလာနိုင်မည့် အရေးပါသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။ ထိုအခါတွင် ပြည်သူလူထုတစ်ရပ်လုံးက အိမ်တွင်းအကြမ်းဖက်မှုကို လက်မခံနိုင်ဖွယ်ရာ အကြမ်းဖက်မှုအဖြစ် တညီတညွတ်တည်း ရှုမြင်လာကြပြီး အကြမ်းဖက်မှုကျူးလွန်သူကို ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်မည် ဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ ဥပဒေ ပြြာန်းချက်မရှိဘဲ ရာဇဝတ်မှုမြောက်သော ထိခိုက်နာကျင်စေမှု၊ ပြင်းထန်စွာနာကျင်စေမှု စသည့် ဥပဒေ ပုဒ်မများနှင့်သာ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ သွေးသားရင်းချာချင်း အဓမ်မပြုကျင့်မှုနှင့် လိုက်လံချောင်း မြောင်းမှုတို့တွင်လည်း အလားတူပင် သီးခြားဥပဒေ ဖွင့်ဆိုချက် မတွေ့ရှိရပေ။

လိင်ဖျော်ဖြေမှုလုပ်ငန်းနှင့် လူကုန်ကူးခြင်းဆိုင်ရာဥပဒေများ

CEDAW ကွန်ဗင်းရှင်း၏ ဖွင့်ဆိုဖော်ပြချက်အမှတ် ၆ တွင် နိုင်ငံအစိုးရတို့အနေဖြင့် အမျိုးသမီးများအား လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေကာ အမြတ်ထုတ်ခြင်းတို့ကိုပပျောက်ရေး ဆောင်ရွက်ရန် တောင်းဆိုထားသည်။

အမျိုးသမီးတစ်ဦးအား ပြည့်တန်ဆာအဖြစ်ခိုင်းစေခြင်း၊ ပြည့်တန်ဆာလုပ်ရန် အဓမ်မဖိအားပေးခြင်း၊ ဖြား ယောင်းသွေးဆောင်ခြင်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ် ကိုင်ခြင်း၊ ပြည့်တန်ဆာအဆောင်ဖွင့်ခြင်းတို့သည် ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိမ်နင်းရေးဥပဒေအရ တရားမဝင် သောလုပ်ရပ်များဖြစ်ပြီး ပြည့်တန်ဆာများကို ဖမ်းဆီးနိုင် သည့် အခြားသော ဥပဒေများစွာလည်း ရှိပါသေးသည်။

သို့ရာတွင် အဖမ်းဆီးခံရသော ပြည့်တန်ဆာတို့အား ဥပဒေအရ အကာအကွယ်ပေးနိုင်မည့် ဖွင့်ဆိုချက်များ မရှိပါ။ တရားရုံးလက်စွဲစာပိုဒ် ၆၉ အရ တရားခံသည် ကောင်းမွန်စွာ နေထိုင်ပါမည်ဟူသော ဝန်ခံချက်ဖြင့် တရားရုံးက လွှတ်ပေးနိုင်ခွင့်ရှိသည်ကို တွေ့ရသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၈ တွင် နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်ဟု အတိအလင်းဖော်ပြပါရှိသည့် အပြင် ရာဇသတ်ကြီးဥပဒေနှင့် ၂ဝဝ၅ ခုနှစ် လူကုန် ကူးမှုတိုက်ဖျက်ရေးဥပဒေတို့တွင်လည်း အလားတူ တားမြစ်ထားပါသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေသည် CEDAW ကော်မတီ၏ လမ်းညွန်ချက်များ၊ UN Trafficking Protocol ပါ အချက်အလက်များနှင့် အများစုကိုက်ညီမှုရှိ သည်ကို တွေ့ရှိရသည်။ သို့ရာတွင် လူကုန်ကူးခံရသူတို့၏ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းစောင့်ရှောက်ထားရန်အတွက် ယင်းတို့ကို မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်းမပြုဘဲ အကာအကွယ်ပေးထားရန် လိုအပ်သည့်အပြင် လိုအပ်သောဝန်ဆောင်မှုများ ထောက်ပံ့ပေး အပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ဥပဒေအရ နိုင်ငံတော်နှင့် စေတနာရှင်လှူဒါန်းသူတို့၏ အလှူရန်ပုံငွေ ဖြင့် စရိတ်ကျခံရမည်ဖြစ်ရာ နိုင်ငံတော်က ချမှတ်ပေး သော ရန်ပုံငွေအစား အလှူရန်ပုံငွေအပေါ် ပို၍အားထားခြင်းက လူကုန်ကူးခံရသူတို့အား ဝန်ဆောင်မှုပေးရာတွင် အတိုင်းအတာကွာခြားမှု ပေါ်ပေါက်စေနိုင်မည် ဖြစ်သည်။

ထို့အပြင် ဥပဒေပြြာန်းချက်အရ လူကုန်ကူးခံရသူ တို့အား စောင့်ရှောက်ကာကွယ်မှုပေးရန် တာဝန်အပ်နှင်း ခံရသော လုပ်ပိုင်ခွင့်ရပုဂ်ဂိုလ်များအနေဖြင့် လူကုန်ကူးမှု ဆိုင်ရာပြဿနာများနှင့် စပ်လျဉ်းသော သင်တန်းများ တက်ရောက်ထားရမည်ဆိုသည့်အချက်ကိုလည်း ပြန် လည်သုံးသပ်သင့်ပေသည်။

အခြားဥပဒေများ

GEN အစီရင်ခံစာသည် အမျိုးသမီးရပိုင်ခွင့်နှင့် စပ်ဆိုင်သော လက်ရှိပြည်တွင်းဥပဒေအများအပြားကို ကျယ်ပြန့်စွာ သုံးသပ်ဖော်ပြထားရာ အထက်ဖော်ပြပါ ကောက်နုတ်ချက်အချို့အပြင် ကျန်းမာရေးဆိုင်ရာဥပဒေ များ၊ မိသားစုဆိုင်ရာဥပေဒများ၊ ထိမ်းမြားလက်ထပ်မှု ဆိုင်ရာဥပဒေများ၊ အိမ်ထောင်ကွာရှင်းပြတ်စဲခြင်းဆိုင်ရာ  ဥပဒေများ၊ ပစ်စည်းခန်းခွဲဝေမှုဆိုင်ရာဥပဒေများ၊ သားသမီးအုပ်ထိန်းခွင့်ဆိုင်ရာဥပဒေများ၊ နိုင်ငံသားခံယူမှု ဆိုင်ရာဥပဒေများ၊ အလုပ်သမားဥပဒေများ၊ အစိုးရအဖွဲ့တွင် အမျိုးသမီးများ ပါဝင်ခွင့်ဆိုင်ရာဥပဒေများကိုပါ CEDAW  စံနှုန်းများနှင့် ဆန်းစစ်လေ့လာမှုပြုလုပ်ဖော်ပြခဲ့ပါသည်။

GEN အစီရင်ခံစာမှာ ၂ဝ၁၃ ခုနှစ်က ထုတ်ပြန် ထားခြင်းဖြစ်သော်လည်း အစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်း ထပ်မံပြဋ္ဌာန်းပြင်ဆင်ထားသည့် ဥပဒေအချက် အလက်အသစ်တချို့မှအပ ကျန်ဥပဒေအချက်အလက်အများစုမှာ အစီအရင်ခံစာပါ၊ ဆန်းစစ်လေ့လာချက် အတိုင်း အများစုတည်ရှိနေဆဲပင် ဖြစ်ပါသည်။

နိဂုံး

မြန်မာ့ဥပဒေများကို CEDAW စံနှုန်းများနှင့် ကျယ် ပြန့်စွာကိုက်ညီမှုရှိစေရန် ဥပဒေရေးရာ ပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။

အမျိုးသမီးတို့၏ လူနေမှုဘဝမျက်နှာစာအသီးသီး၌ အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးရေးမှာ ဆက်လက် ဆွေးနွေးကြရဦးမည့် ဆွေးနွေးချက်များအတွက် အဓိက အကြောင်းအရာပင် ဖြစ်သည်။ လက်ရှိဥပဒေရေးရာ စနစ်တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲပစ်ရေးမှာ လွယ်ကူ သောကိစ်စတစ်ရပ်မဟုတ်ဘဲ အချိန်ယူဆောင်ရွက်ရမည့် ကိစ်စတစ်ရပ် ဖြစ်ပါသည်။ ထို့အတူ အခြေခံဥပဒေကိုလည်း လိုအပ်သလို ပြင်ဆင်ကာ အလွန်ကျယ်ပြန့်သော အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှရေးကာကွယ်စောင့် ရှောက်မှုပေးရန်သည်လည်း အလွယ်တကူပေါ့ပေါ့ ပါးပါး ဆောင်ရွက်သွားနိုင်မည့်ကိစ္စမျိုး မဟုတ်ပါ။

အသစ်ထပ်မံပြဋ္ဌာန်းသောဥပဒေတို့သည် အခြေခံ ဥပဒေပါ လက်ရှိဖွင့်ဆိုဖော်ပြချက်များကို ခိုင်မာအား ကောင်းလာစေမည်ဖြစ်သည့်အပြင် CEDAW စံနှုန်းနှင့် လိုက်လျောညီထွေဖြစ်သည့် ခွဲခြားဆက်ဆံမှုဆိုင်ရာ အဓိပ်ပာယ်ဖွင့်ဆိုချက်ကိုထုတ်ဖော်ပေးအပ်နိုင်မည်ဖြစ်သည်။

အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေကြမ်း ပြုစုခြင်းဖြင့်လည်း ဥပဒေ ထိန်းကျောင်းရေးအရာရှိများနှင့် တရားစီရင်ရေးနယ်ပယ်မှ လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် အမျိုးသမီးတို့၏ လူ့ ရပိုင်ခွင့်ပြဿနာများနှင့် လိင်ခွဲခြားမှုဆိုင်ရာ ပြဿနာများကို ဖော်ထုတ်နိုင်မည့်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည်။

ဥပဒေရေးရာ ပြင်ဆင်ပြောင်းလဲမှုများသည် CEDAW စံနှုန်းများအား လက်တွေ့အကောင်အထည် ဖော်ရာတွင် ခြေလှမ်းတစ်လှမ်းမျှသာဖြစ်သော်လည်း ထိုခြေလှမ်းက မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးတို့၏ အဓိပ္ပာယ် ပြည့်ဝခိုင်မာသော တန်းတူညီမျှရပိုင်ခွင့် အကြောင်းကို ပိုမိုနားလည်စေရေးအတွက် အခြေခံအုတ် မြစ်တစ်ရပ်ပင် ဖြစ်ပါသည်။

ဥပဒေပြင်ဆင်ပြောင်းလဲရာ၌ ပုံသေနည်းချမှတ် ထားခြင်းမျိုးမရှိဘဲ ရှေ့လျှောက်လှမ်းသွားရမည့် ခြေလှမ်းများမှာ နိုင်ငံတော်၏ တရားစီရင်ရေးနယ်ပယ် အနေအထားပေါ်တွင်သာ မူတည်ပါသည်။

မည်သို့ပင်ဖြစ်စေ ယနေ့မြန်မာနိုင်ငံတော်သည် နိုင်ငံတကာတန်းဝင် သဘောတူညီချက်စာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးရုံမျှသာမကဘဲ လက်တွေ့ အကောင်အထည်ဖော်ဆောင်မှုများစွာကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာနေပြီဖြစ်ရာ အခြားသောနယ်ပယ်ကဏ္ဍများနည်းတူ အမျိုးသမီးထု၏ အခြေခံလူ့ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ပေးမည့် ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် အကြမ်းဖက်မှုပပျောက်ရေး နယ်ပယ်တွင်လည်း နိုင်ငံတကာတန်းဝင် ဥပဒေအကာအကွယ်အစောင့်အရှောက်များ မကြာမီထွက်ပေါ်လာ တော့မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ရာပြည့်

Reference;                             1)        Convention on the Elimination of

All Forms of Discrimination Against

Women (CEDAW) by UN Women.

2)        Myanmar by UN Women.

3)        Declaration on the Elimination of

Violence Againts Women,

UN General Assembly,

A/RES/48/104, Dec 20, 1993.                               .

4)        အမျိုးသမီးများအား အကြမ်းဖက်မှုမှ

တားဆီးကာကွယ်ရေးဥပဒေမူကြမ်း

(ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူ

ရေးမဟာမိတ်အဖွဲ့- AGIPP)

5)        မြန်မာနိုင်ငံလုံးဆိုင်ရာ

အမျိုးသမီးရေးရာ ကော်မတီဖွဲ့စည်းခြင်း

နိုင်ငံတော်သမ်မတရုံး

အမိန့်ကြေညာစာ အမှတ် ၈၁/၂ဝ၁၆၊

၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်။

6)        Myanmar Laws and CEDAW by

Gender Equality Network,

Jonuary 2013.

ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)

8)        The Myanmar Code Volume VIII

9)        The Code of Criminal Procedure.

Please follow and like us:
0