ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လွှတ်တော်ရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ဖို့

Info Digest Journal_No_21_16_Mar_2017

ဒီကနေ့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အကျပ် အတည်း၊ အခက်အခဲအားလုံးဟာ ငြိမ်းချမ်းရေးကင်းမဲ့ ခြင်းမှာ အခြေခံတယ်လို့ ဆိုရမဲ့အနေအထားပါ။ ပြည်တွင်းစစ်ရှည်ကြာတာနဲ့အမျှ စီးပွားရေးအပါအဝင် အခြေခံလူမှုရေးအဆောက်အအုံ မညီမျှမှုတွေဟာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ လူမှုရေးသဟဇာတ လျော့ကျ မှုကို ကြီးထွားစေပါတယ်။ ဒီလိုအနေအထားမှာ ဥပဒေ ပြုရေးမဏ္ဍိုင်အနေနဲ့ ဘယ်လောက်အရေးပါပါ အား ထုတ်နိုင်ခဲ့သလဲ၊ အားထုတ်သွားမလဲဆိုတာ မေးခွန်း ထုတ်စရာပါ။ တစ်နည်းအားဖြင့် ၂ဝ၁၆ ခု နှစ်ဆန်းက စတင်လိုက်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွွှတ်တော်၊ ပြည်သူ့လွွှတ်တော်၊ အမျိုးသားလွွှတ်တော်နဲ့ တိုင်းဒေသ ကြီး-ပြည်နယ်လွွှတ်တော်တွေမှာ လက်ရှိအာဏာရအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွွှတ်တော်ကိုယ်စား လှယ်တွေ အများစုရှိနေချိန်မို့ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဖို့ရော၊ ပြင်ဆင်ဖျက်သိမ်းဖို့ပါ သိပ်မခက်ခဲနိုင် တဲ့အနေအထား ရှိနေပါတယ်။ ဒီလွွှတ်တော်အသီးသီးက နေ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိရောက် တဲ့ ဆောင်ရွက်မှုတွေ ဘာတွေ လုပ်ခဲ့ပြီးပြီလဲဆိုတာက ဘာဆက်လုပ်သင့်လဲဆိုတဲ့အမေးကို ဖြေပါလိမ့်မယ်။ တစ်နှစ်တာကာလအတွင်း အရေးကြီးတဲ့ဥပဒေတချို့ကို ပြင်ဆင်နိုင်၊ ဖျက်သိမ်းနိုင်၊ ပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုပေမဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ဥပဒေမျိုးကို တော့ ခုထိမကြား၊ မမြင်ရဆဲ ဖြစ်နေပါတယ်။
ဒီနေရာမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘာလို့ ဥပဒေလိုအပ်မှာလဲ၊ တစ်နည်းအားဖြင့် ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရမဲ့အခန်းကဏ္ဍ က ဘာလဲဆိုတာကို မဆွေးနွေးခင် ငြိမ်းချမ်းရေးကင်းမဲ့ ရတဲ့ အကြောင်းရင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြင်ဆင်အားထုတ်ပုံများကို တွေးကြည့်ကြစေချင်ပါ တယ်။

ငြိမ်းချမ်းရေး ကင်းမဲ့ရတဲ့ အကြောင်းရင်းများ

ငြိမ်းချမ်းရေး ကင်းမဲ့ရတဲ့ အကြောင်းရင်းတွေကို ပြန်စိစစ်ကြည့်တဲ့အခါ အောက်ပါအချက်တွေက အဓိက ကျနေတာကို တွေ့ရပါတယ်။

၁။ တန်းတူညီမျှမှုအစား အာဏာရထားသူနဲ့ သူ့ရဲ့ အစုအဖွဲ့(သို့)ပါတီ(သို့)လူမျိုး(သို့)ဘာသာတူသူများက ရပိုင်ခွင့်ရော အခွင့်အရေးပါသာလွန်နေမှုကို ခွင့်ပြုခဲ့ခြင်း၊
တပ်မတော်ကလူတွေအတွက် ဦးစားပေးသီးခြားအခွင့် အရေးတွေကို ရပိုင်ခွင့်လိုပေးထားတာမျိုး၊ အာဏာရ နိုင်ငံရေးပါတီဝင်ဖြစ်မှ ရာထူးရာခံရဖို့ သေချာတာမျိုး၊ လူမျိုးနာမည်တွေကို ပြည်နယ်နာမည်တွေအဖြစ် အသုံး ပြုထားပေမဲ့ သက်ဆိုင်ရာလူမျိုးများရဲ့ အမျိုးသားနေ့ ဆိုတာကို အသိအမှတ်မပြုပေးတဲ့အပြင် ဘာသာစကား တွေကိုလည်း ထွန်းကားအောင် အားမပေး၊ လျစ်လျူရှု ခဲ့တာမျိုး၊ နိုင်ငံတော်ဘာသာနေ့ အတည်ပြုဖို့ ကြိုးစား တာမျိုးတွေ ဖြစ်ပါတယ်။

၂။ နိုင်ငံအဆင့်(အမျိုးသား)လက္ခဏာ National Identityကို နိုင်ငံအတွင်း မှီတင်းနေထိုင်သမျှ လူထု အများပိုင်အဖြစ် ပုံမဖော်နိုင်ခဲ့ခြင်း၊
နိုင်ငံအဆင့်(အမျိုးသား) လက္ခဏာဆိုတာအတွက် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူအားလုံးက ဝိုင်းပြီး စဉ်းစားအဖြေရှာဖို့ အခွင့်အရေးနဲ့ အခြေအနေ မပေးခဲ့ပါ ဘူး။ ဒါကြောင့် လူထုက သူတို့အားလုံးနဲ့သက်ဆိုင်တဲ့ အများပိုင် နိုင်ငံအဆင့်(အမျိုးသား)လက္ခဏာထက် သူတို့နဲ့ တူရာတွေ စုထားတဲ့ အစုအဖွဲ့၊ ပါတီ၊ လူမျိုး၊ ဘာသာဆိုင်ရာ အမှတ်လက္ခဏာတွေအပေါ်မှာပဲ စိတ် ဝင်စားကြပါတော့တယ်။ အာဏာလက်ဝယ်ရှိသူနဲ့တူတဲ့ အစုအဖွဲ့ကပဲ နိုင်ငံကို ကိုယ်စားပြုသလိုမျိုးအားလုံးက ဝိုင်း ခံယူတဲ့အထိ အများပိုင်လက္ခဏာကို ပုံမဖော်နိုင်ခဲ့ ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးအရ သဘောထား ကွဲလွဲလို့ လက်နက်ကိုင်တော်လှန်ကြတယ်သာဆိုတယ် ပေါ်လာသမျှအဖွဲ့တွေဟာ လူမျိုးကိုယ်စားပြုတွေပဲ ဖြစ် နေပါတယ်။ နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုပြီး နိုင်ငံရေး အရ ကွဲလွဲတဲ့အမြင်နဲ့ ရပ်တည်ဖို့ ကြိုးစားတဲ့ နိုင်ငံရေး ပါတီတွေမှာလည်း ကိုယ့်ပါတီဝင်တွေကို နိုင်ငံကိုယ်စား ပြုအမှတ်လက္ခဏာဆိုတဲ့ အများပိုင်ခံယူချက်မျိုး ခံစားရ အောင် အားမထုတ်နိုင်တာ များပါတယ်။

၃။ စစ်ပြုခြင်း(Militarization)ကြောင့် စစ်ဘက်-အရပ်ဘက်ကြား လူမှုရေးသဟဇာတဖြစ်မှု ပျက်ယွင်း အားနည်းခဲ့ခြင်း၊
သမိုင်းတစ်လျှောက်မှာ စစ်ဘက်ဟာ အရပ် ဘက်ထက် သာလွန်တယ်၊ ကျေးဇူးရှင် ဖြစ်တယ်ဆိုတဲ့ သဘောတရားကို အစိုးရအဆက်ဆက် ဝါဒဖြန့်မှိုင်းတိုက် တာ လွန်သွားတော့ အရပ်ဘက်က အများစုကြီးဖြစ်တဲ့ လူထုဟာ သိမ်ငယ်စိတ်နဲ့ပဲ စစ်ဘက်ကို ဆက်ဆံလာ ရရင်း နောက်ဆုံးမှာ စစ်ဘက်-အရပ်ဘက်ကြား လူမှု ရေးသဟဇာတဖြစ်မှုဟာ ပျက်ယွင်းအားနည်းလာရ တယ်။ ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ဆို တဲ့ဝါဒဖြန့်မှုကလည်း စစ်ဘက်နဲ့အရပ်ဘက်ကို ဆက် သွယ်ပေးခဲ့တဲ့ ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’ ဆိုတဲ့အဆိုကို ချေဖျက်ပေးခဲ့တယ်။

၄။ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရများရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဗဟိုချုပ်ကိုင်မှု အား ကောင်းရုံသာမက ဗဟိုမဟုတ်တဲ့နေရာတွေရဲ့ ဖွံ့ဖြိုးရေး အားနည်းမှုတွေပါ အစွန်ဆုံးအနေအထားကို ရောက်ခဲ့ ခြင်း၊
အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးမှု မလုပ်တဲ့ အာဏာရှင်အစိုးရအသီးသီးဟာ အုပ်ချုပ်ရေးအာဏာ ကိုပဲ နေရာတကာမှာ သုံးစွဲနေရတဲ့အတွက် စီမံခန့်ခွဲ အုပ်ချုပ်မှု ယန္တရားဟာ လက်တံတိုလာပြီး ဗဟိုကပဲ ဘာကိုမဆို ဆုံးဖြတ်ချုပ်ကိုင်ရပါတယ်။ ဗဟိုမှာပဲ အား ထည့်နေတာမို့ ဗဟိုမဟုတ်တဲ့ နေရာအားလုံးမှာ ဖွံ့ဖြိုးမှု အားနည်းသွားရတယ်။ အဲဒီနေရာက လူတွေက လူ နည်းစုတိုင်းရင်းသားနဲ့ တခြားလူနည်းစုတွေ ဖြစ်နေတော့ ခွဲခြားဆက်ဆံအုပ်ချုပ်စီမံမှုလို့ ပိုပြီးမြင်သာစေခဲ့တယ်။

၅။ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်မှု၊ ဥပဒေပြုမှုနဲ့ တရားစီရင်မှုအာဏာဟာ ရွေး ကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေလက်ထဲမှာ အပြည့် အဝမရှိတဲ့အတွက် တစ်ဖက်သတ် အပစ်ရပ်စဲခြင်းဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်ခြင်း၊
၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ် ချုပ်သူအစိုးရဟာ ရွေးကောက်ခံကိုယ်စားလှယ်တွေကို ကိုယ်စားပြုပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တိုက်ရိုက်စီမံခန့်ခွဲအုပ်ချုပ်မှု အောက်မှာ ရှိနေတယ်။ ဒါကြောင့် အရပ်သားအစိုးရ အနေနဲ့ ဘယ်လိုပဲ အပစ်အခတ်ရပ်စဲရေးအတွက် တစ် ချက်လွွှတ် ဆုံးဖြတ်ချက်တွေ လုပ်ချင်ချင် အဲဒီအဆုံး အဖြတ်ကို အကောင်အထည်ဖော်ပေးနိုင်စွမ်း ရှိမနေဘူး။
ဒီတော့ ငြိမ်းချမ်းရေးရဖို့အတွက် အထက်က အကြောင်းရင်းတွေကို ရှင်းပစ်လိုက်ရုံပဲလို့ တွေးချင်စရာ ပါ။ လက်တွေ့မှာ အဲဒီလောက် မလွယ်ပါဘူး။ အထူး သဖြင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အရပ်သား အစိုးရလက်ထက်ကျမှ ပေါ်ပေါက်လာတဲ့ အစီအစဉ် အသစ်မဟုတ်ပါဘူး။ အရင်အစိုးရဆီက ဆက်ခံခဲ့တဲ့ လုပ်ငန်း စဉ်သက်သက်မဟုတ်ပေမဲ့ လတ်တလော လုပ်ငန်းစဉ်ဟာ အရင်ကလုပ်ငန်းစဉ်ရဲ့ အဆက်လည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းစဉ်ကို ဘယ်လိုစီမံဆောင်ရွက်ခဲ့သလဲ၊ ဆောင်ရွက်နေဆဲလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြင်ဆင်အားထုတ်ပုံများ

၁။ ဦးသိန်းစိန်အစိုးရလက်ထက်က သုံးစွဲခဲ့တဲ့ တိုက်ရိုက်စေ့စပ်ဆွေးနွေးမှုပုံစံကို ဆက်လက်သုံးစွဲခြင်း
ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်သူတွေဟာ တပ်အရာရှိဟောင်းတွေဖြစ်ပြီး နည်းပညာကူညီသူဆိုတဲ့သူတွေကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ဆံခဲ့ဖူးတဲ့ တောခိုကျောင်း သားဟောင်းတွေဖြစ်တာမို့ တိုက်ရိုက်စေ့စပ်ဆွေးနွေးမှု ပုံစံဟာ အတန်အသင့်အလုပ်ဖြစ်ခဲ့ပါတယ်။ တကယ် တော့ ကြားခံစေ့စပ်သူမပါဘဲ တိုက်ရိုက်ဆွေးနွေးတဲ့ အခါ တစ်ခါက အမ်ပီစီအနေနဲ့ ဒိုင်လူကြီးလိုလို ပြိုင် ဘက်အသင်းလိုလို မပီပြင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ညှိနှိုင်းဘက်တစ်စုဖြစ်တဲ့ မြန်မာ့တပ်မတော်က အမ်ပီစီအပေါ် ကိုယ့်လူဟောင်းအနေနဲ့ အယုံအကြည် ရှိနေတာရော ဦးသိန်းစိန်အစိုးရရဲ့ယန္တရားမှာလည်း ကာ/ ချုပ်လက်အောက်က ဝန်ကြီးဌာနသုံးခုက အဆင်ပြေပြေ လိုက်ပါနေတာရောကြောင့် တိုက်ရိုက်စေ့စပ် ဆွေးနွေးမှု ပုံစံဟာ အဆင်ပြေခဲ့တာတွေ ရှိခဲ့ပါတယ်။
အခု အန်အာပီစီလက်ထက်မှာတော့ အန်အာပီစီကို ကိုယ်စားပြုတဲ့ အရပ်သားအစိုးရကိုယ်စားလှယ်ဟာ အမ်ပီစီလက်ထက်ကလို ဒိုင်လူကြီးယောင်ယောင် ပြိုင် ဘက်ယောင်ယောင် အလုပ်လုပ်ဖို့ ခက်နေတယ်ထင်ပါ တယ်။ ကြားခံစေ့စပ်သူဆိုတာမျိုး မထည့်ဘဲ အရင်ပုံစံ ကို ပြန်သွားတဲ့အခါ၊ အရင်လူတွေ ထူထောင်ထားတဲ့ ဆက်ဆံရေးနဲ့ အခင်းအကျင်းထဲမှာ ဝင်ရတဲ့အခါ ကွင်း စိမ်းသူက အန်အာပီစီကိုယ်စားလှယ်အသစ် ဖြစ်နေပါ တယ်။ ကျန်လူတွေက ကွင်းအကြောင်းရော ကစားကွက် ကိုရော နောကျေနေကြတာမို့ ကွင်းစိမ်းသူက ခြေမပေါ် တာ မဆန်းတော့ပါဘူး။
ဒါကြောင့် အရပ်သားအစိုးရသစ်အနေနဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ကိုယ့်ခြေကိုယ့်လက်ဖြစ်ချင်ရင် နဂို မူလခွင်မဟုတ်ဘဲ ခွင်အသစ်ဆင်မှ အဆင်ပြေပါမယ်။ ရှိပြီးသားခွင်ထဲကို ကိုယ့်မူဝါဒဇွတ်ထည့်ရတာ မလွယ် ပါဘူး။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အသစ်ပြန်ရေးဖို့လိုသလိုလို ပြောလာကြတာလို့ နားလည် ပါတယ်။ ကိုယ့်မူနဲ့ကိုယ် ငြိမ်းချမ်းရေးရချင်ရင် ရှိပြီး သားခွင်ကို မသုံးမှ အလုပ်ဖြစ်မယ်လို့ တချို့တိုင်းရင်း သားလက်နက်ကိုင်တွေက တွေးပုံရပါတယ်။

၂။ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ဦးသိန်းစိန် အစိုးရလက်ထက်ကအတိုင်းမထားဘဲ ပြင်ဆင်အတည် ပြုဖို့ လျာထားခဲ့ပေမဲ့ အဲဒီမူဘောင် အတည်မပြုသေးဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင် လိုက်ခြင်း၊
နိုင်ငံရေးဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရဲ့အသက်သွေးကြောဖြစ်တာ သေချာပါတယ်။ အဲဒီ အတွက် မူဘောင်ကို ဦးသိန်းစိန်လက်ထက်မှာ အတော် လေးပြင်ဆင်ခဲ့ပေမယ့် အစိုးရသစ်တက်လာတော့မှာမို့ အဲဒီကျမှပဲ မူဘောင်ကို အတည်ပြုမယ်၊ လိုတာဖြည့် မလိုတာဖျက်မယ်၊ အဲဒီမူဘောင်အသစ်ကို အခြေခံပြီးမှပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ် ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ပြည်ထောင်စုအဆင့် ညီလာခံကို ဆွေးနွေးပွဲပုံစံမဟုတ်ဘဲ စာတမ်းဖတ်ကြားမှု ပုံစံနဲ့ စတင်ခဲ့ပြီး ဒီနောက်မှာ နောင်လာမဲ့ နိုင်ငံရေးဆွေး နွေးပွဲတွေအတွက် မူဘောင်ချမှတ်တယ်ရယ်လို့ မသိ လိုက်ဘဲ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ် နေကြတာကို မြင်ရပါတယ်။ ဒေသအလိုက် လူမျိုး အလိုက် လုပ်လာကြတဲ့တိုင် ဒေသတိုင်း၊ လူမျိုးတိုင်း လုပ်ခွင့်မရသေးတာကိုလည်း တွေ့ရပါတယ်။ ဒီဆွေး နွေးပွဲတွေမှာ ဘယ်နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို အခြေခံသလဲဆိုတာတော့ မသိရပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အဆိုပြုထားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ဆိုတာတော့ရှိနေပြီး အန်အာပီစီ အနေနဲ့ အတည်ပြုပြဋ္ဌာန်းထားတဲ့ မူဘောင်ကိုတော့ သတိမထားမိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုင်ငံ ရေးဆွေးနွေးပွဲတွေမှာ နိုင်ငံအဆင့်(အမျိုးသား) လက္ခဏာနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သဘောတူနိုင်တဲ့ အဖြေတစ်ခုပေါ်ထွက်လာအောင် ဆွေး နွေးသွားဖို့ဆိုတဲ့မူဝါဒမျိုး ချမှတ်ထားနိုင်ရင် ကောင်းပါ လိမ့်မယ်။

၃။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စွဲကိုင် သင့်သောမူဝါဒများနဲ့ပတ်သက်ပြီး မီဒီယာတွေက တစ်ဆင့် လူထုကို လုံလုံလောက်လောက် ဖွင့်ဆိုရှင်းပြမှု အားနည်းနေခြင်း၊
တကယ်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့ အကြောင်းရော၊ အဲဒီဆွေးနွေးမှုတွေအနေနဲ့ အခြေခံရမဲ့ မူဘောင်ကိုပါ အောက်ခြေလူထုအများအပြားက ကျေ ကျေလည်လည် သိရှိနားလည်ဖို့ လိုပါတယ်။ အမျိုး သားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အင်မတန် မြင့်မြတ်တဲ့ ရည်ရွယ်ချက်ရှိနေတဲ့အတွက် ဆွေးနွေးမှုအကြောင်းရော၊ အခြေခံမူဝါဒကိုပါ တခြား တခြားသောနိုင်ငံရေးပါတီ တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပါအဝင် အခြေခံလူထုလေ့လာသိရှိနိုင်ဖို့ နိုင်ငံပိုင်မီဒီယာသာမက ပုဂ္ဂလိကမီဒီယာတွေကိုပါ အားကိုးရမှာပါ။ (ဒီနေရာမှာ တပ်မတော်ပိုင်မီဒီယာကိုလည်း မမေ့မလျော့ ထည့်သွင်း တွက်ချက်ရပါမယ်) အဲဒီတော့ ဒီလိုမီဒီယာတွေက လူထုကို သတင်းပြန်ပေးတဲ့အခါမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာမူဝါဒနဲ့ ကိုက်ညီဖို့ သိပ်အရေးကြီး ပါတယ်။ အဖြူပေါ်မှာ အမည်းတင်၊ လေလှိုင်းနဲ့ ဖန်သားပြင် ဆိုတဲ့နေရာတွေမှာ ပေါ်ထွက်လာတဲ့ အခေါ် အဝေါ်တစ်ခု၊ အသုံးအနှုန်းတစ်မျိုးဟာ အများစုကြီးဖြစ် တဲ့ လူထုကြားက သင့်မြတ်ရေးကို အထောက်အကူ မပြုတဲ့အပြင် ဆန့်ကျင်နေမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကြီးတစ်ခု လုံးအတွက် နစ်နာနိုင်ပါတယ်။ ဥပမာပြောရရင် သောင်း ကျန်းသူဆိုတဲ့ အသုံးအနှုန်းမျိုးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အကျိုးမရှိနိုင်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒီလိုပဲ တပ်မတော်သားတွေ၊ တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကြားမှာ ‘ပြည်သူသာအမိ၊ ပြည်သူသာအဖ’ဆိုတဲ့ သဘောထား တွင်ကျယ်လာအောင် မီဒီယာမူတစ်ခုထားပြီး အားထုတ် နိုင်မယ်ဆိုရင်လည်း စစ်ဘက်-အရပ်ဘက်ကြား လူမှု ရေးသဟဇာတဖြစ်မှု ပြန်ပြီးအားကောင်းလာနိုင်ပါတယ်။ ဒီတော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ သဘာဝကျလာပါမယ်။

၄။ အမျိုးသားပြန်လည်သင့်မြတ်ရေးဥပဒေကြမ်း မရှိဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်က ဦးဆောင်တဲ့ လုပ်ငန်း စဉ်တစ်ခုသာ ဖြစ်နေခြင်း၊
တကယ်တော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ လွယ် လွယ်ရလာမဲ့အခြေအနေ မဟုတ်ပါဘူး။ ပြည်တွင်းစစ် သက်တမ်း နှစ် ၆ဝ လောက် ရှိခဲ့တာမို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ ဆိုတာ အစိုးရသက်တမ်းတစ်ခုထက်မက ကြာနိုင်တဲ့ ရေရှည်လုပ်ငန်းပါ။ (သမ္မတဦးသိန်းစိန်လက်ထက်မှာ အခြေအနေတိုးတက်ခဲ့ပေမဲ့ အဆုံးသတ်အဖြေကို မချဉ်း ကပ်နိုင်ခဲ့တာ သာဓကရှိပြီးပါပြီ) ဒါကြောင့် ဒီအလုပ်ကို အာဏာရ အစိုးရတစ်ရပ်ရပ်က သူ့ခြေသူ့လက် သူ့မူသူ့ သဘောနဲ့ စိတ်ကြိုက်လုပ်၊ သက်တမ်းစေ့တဲ့အခါ ချထားခဲ့၊ နောက်တက်လာတဲ့ အစိုးရအသစ်ကလည်း သူ့စိတ်ကြိုက်ပြန်ပြင်လုပ်၊ မပြီးပြန်နိုင်တော့ ချန်ထားခဲ့ ဆိုတာမျိုး မလုပ်သင့်တာ သေချာပါတယ်။ ဒါကြောင့် လည်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးဥပဒေကြမ်းရယ်လို့ ရှိသင့်ပါကြောင်း ဆွေးနွေးလိုပါ တယ်။
ဒီနေရာမှာ လူထုက လက်သန်းမင်သုတ်ပြီး ရွေး ချယ်လိုက်တဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ လွွှတ်တော် များရဲ့အခန်းကဏ္ဍက အခရာကျလာပါတယ်။
ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တကယ်အရေးကြီးတဲ့လုပ်ငန်းစဉ်နဲ့ မူဝါဒတွေ ကို ဘယ်အစိုးရတက်တက် မပြောင်းလဲဘဲ လုပ်ဆောင် ကျင့်သုံးနိုင်အောင် ဥပဒေတစ်ခုအဖြစ် ပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အစိုးရသက်တမ်းတစ်ခု ကုန်တိုင်း မူတစ်မျိုး လူတစ်ဖုံနဲ့ အစကနေ ပြန်စရသလို ဖြစ်နေရမဲ့အနေအထားကို ကျော်လွွှားနိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်လိုပဲ အရေးကြီးတဲ့ လုပ်ငန်းစဉ်နဲ့ မူဝါဒတွေကို ဥပဒေတစ်ရပ် အဖြစ် အတည်ပြုနိုင်ရေးဟာ အရေးကြီးပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကြီး အထမြောက်အောင် မြင်သွားရင်တောင် ပြည်ထောင်စုလွွှတ်တော်ရဲ့ အခန်း ကဏ္ဍဟာ အဲဒီညီလာခံက ပေါ်ထွက်လာတဲ့ရလဒ်တွေ ကို အတည်ပြုပေးဖို့ လိုအပ်နေမှာပဲ ဖြစ်ပါတယ်။ ဒါမှ လည်း အဲဒီရလဒ်တွေဟာ တရားဝင်မှာပါ။ ညီလာခံမှာ ဘယ်လိုပဲအစုအဖွဲ့အစုံက ဆွေးနွေးကြပါစေ လူထုရဲ့ ရွေးကောက်ခံကိုယ်စားလှယ်များအနေနဲ့ နိုင်ငံရဲ့ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုင်ရာ မူဝါဒနဲ့လုပ်ငန်းစဉ်အတွက် အခြေခံ ကောင်းမယ့်အချက်အလက်တွေကို ဥပဒေကြမ်းအဖြစ် ဆွေးနွေးအကြံပြုတဲ့အလုပ်ကို လုပ်ကြစေလိုပါတယ်။ ဒီငါးနှစ်သက်တမ်းမှာ ပေါ်ပေါက်အောင် လုပ်ရမယ့် ဥပဒေတွေ၊ ပြင်ရ ဖျက်ရမယ့်ဥပဒေတွေ အများကြီးရှိ မှာပါ။ ဒါပေမဲ့ အခုဒီဥပဒေဟာလည်း ရှိသင့်ရှိထိုက်တဲ့ ဥပဒေတစ်ခုအဖြစ် အခိုင်အမာပေါ်ထွက်လာစေချင် ပါတယ်။
အဲဒီဥပဒေကြမ်းဟာ ငြိမ်းချမ်းရေးဖော်မြူလာအဖြစ် Johan Galtung ပြောခဲ့တဲ့ တန်းတူညီမျှမှုနဲ့ စာနာမှု(သို့) သဟဇာတဖြစ်မှုကို မြှင့်တင်ပေးနိုင်အောင်ရယ်၊ ဒဏ် ရာတွေနဲ့ ပဋိပက္ခတွေ ပြေငြိမ်းအောင်ရယ် လုပ်ပေးနိုင် တဲ့ဥပဒေကြမ်းမျိုး ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းမှာ ဘာတွေပါဝင်သင့်တယ်ဆိုတဲ့ ပညာ ရပ်ဆိုင်ရာအကြံဉာဏ်တွေကိုတော့ ပညာရှင်တွေက ပိုပြီး ပြောပြနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခြေခံအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လက်တွေ့ဖြစ်လာ အောင် အဓိကကျတဲ့ ပဋိပက္ခတွေအတွက် တာဝန်ရှိသူ တွေကို ဘယ်လိုမျိုးနဲ့ ဘယ်လောက်အထိ ခွင့်လွွှတ်မယ်နဲ့ တာဝန်ယူစေမယ်ဆိုတာရယ်၊ အဲဒီက ပေးတဲ့ဒဏ်ရာတွေ ကို ခံခဲ့ကြရသူတွေအတွက် စာနာမှုပြသောအားဖြင့် ဘယ်လိုမျိုးနဲ့ ဘယ်လောက်အထိ တာဝန် ယူပေးမယ်၊ ပြန်ပေးဆပ်ပေးမယ်ဆိုတာတွေရယ်ကိုတော့ သတ် သတ်မှတ်မှတ် ပြဋ္ဌာန်းပေးစေချင်ပါတယ်။
ဒါ့အပြင် ဒီဥပဒေအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြားခံစေ့စပ်သူအစုအဖွဲ့ထားရှိပြီး အဲဒီအစုအဖွဲ့ကို ဘယ် လိုလွတ်လပ်တဲ့လူတွေနဲ့ ဖွဲ့စည်းသင့်တယ်ဆိုတာ၊ တပ် မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုတော့ ညှိနှိုင်းဆွေးနွေးဖော်တွေအဖြစ် စီစဉ်ထားမယ်ဆိုတာ၊ အဲဒီအစုအဖွဲ့တွေရဲ့ တာဝန်တွေက ဘာတွေဆိုတာ စတဲ့ အသေးစိတ်တွေလည်း ပြဋ္ဌာန်းပေးစေချင်ပါတယ်။ ဒါမှ လွတ်လပ်တဲ့ကြားခံစေ့စပ်သူအစုအဖွဲ့ဟာ ဒိုင်လူကြီး အဖြစ် စိတ်နှလုံးဒုံးဒုံးချပြီး ရပ်တည်နိုင်မှာပါ။ အဲဒီလို မဟုတ်ရင် အဲဒီအဖွဲ့ဟာ ကြားဝင်ပြီး ဆုံးဖြတ်ဖို့ထက် ဘက်တစ်ဘက်ဘက်ကနေဝင်ပြီး ဈေးဆစ်ဖို့ အားသန်နေ နိုင်တာမို့ ရေရှည်မှာ အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး။ အထူး သဖြင့် အန်အာပီစီ ဖွဲ့ထားသလို လူသစ်-လူဟောင်း အရောအနှော အခင်းအကျင်းမှာ ညှိနှိုင်းဘက်တွေထဲက အားကြီးသူရဲ့ ဩဇာက အမြဲအလေးသာနေမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီဥပဒေကြမ်းမှာ လုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်တွေကိုလည်း ထည့်သွင်းရှင်းပြထားဖို့ လိုမယ်လို့ ပြောချင်ပါတယ်။
အဲဒီလိုပဲ အားလုံးက လက်ခံထားတဲ့အတိုင်း ပဋိပက္ခတွေကို ဖြေရှင်းလို့ခက်စေမဲ့ အဓိကအကျပ် အတည်းကို ပြေလည်စေအောင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့တာကအစ ခင်း ကျင်းစီစဉ်မှုအသေးစိတ်ကိုလည်း ဒီဥပဒေကြမ်းမှာ တစ်ပါတည်း ထည့်သွင်းရေးဆွဲစေချင်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး မဆောင်ရွက် ချင်ကြရတဲ့အကြောင်းတွေထဲမှာ အနာဂတ်မှာတပ်မ တော်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍ လျော့ကျသွားမှာကို စိုးရိမ် တာအပြင် အတိတ်က အမှားတွေအတွက် အရေးယူခံရ နိုင်တာကို စိုးရိမ်တာလည်း ပါနေပါတယ်။ ဒါကြောင့် အခုအသစ်ရေးဆွဲမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေကြမ်းမှာ ဘယ်လိုခွင့်လွွှတ်မှုတွေ လုပ်ပေးမလဲ ဆိုတာကိုပါအောင် ရေးဆွဲပေးခြင်းဖြင့် စိုးရိမ်စိတ်တွေကို ကျော်လွွှားပေးနိုင်မှာ ဖြစ်ပါတယ်။ အမှားကျူးလွန်ခဲ့သူ တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုကာ ခွင့်လွွှတ်ပေးရုံနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်တဲ့အတွက် အမှားကျူးလွန်ခံခဲ့ရသူတွေအတွက် ဘယ်လိုကုစားမှုမျိုး၊ တာဝန်ယူမှုမျိုး ပြန်လုပ်ပေးမှာလဲဆိုတာကိုလည်း ဥပဒေ အရပဲ အခိုင်အမာအာမခံပေးရပါလိမ့်မယ်။ ဒါမှ မှားခဲ့ သူဖြစ်စေ၊ အမှားကျူးလွန်ခံခဲ့ရသူဖြစ်စေ ဥပဒေကြောင်း အရ လုံခြုံစိတ်ချရတဲ့ အာမခံချက်အပေါ်မှာ သာတူညီမျှ စိတ်အေးကြရမှာပါ။ ဒီလိုဥပဒေမျိုးကို အတိတ်မှာ အကျည်းတန်တဲ့သမိုင်းရှိခဲ့တဲ့နိုင်ငံအချို့မှာ ပြဋ္ဌာန်းတတ် ကြပါတယ်။ ဒီဥပဒေရဲ့ အခြေခံမူဟာ နိုင်ငံရေးဆွေးနွေး ပွဲမူဘောင်အတွက် လမ်းညွွှန်ချက်လည်း ဖြစ်ရမှာပါ။
ဒါ့အပြင် အဲဒီဥပဒေကြမ်းလောက်နဲ့လည်း ငြိမ်း ချမ်းရေးဟာ အာမခံနိုင်ချင်မှ ခံနိုင်ပါဦးမယ်။ ဒါကြောင့် အဲဒီဥပဒေအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အထောက်အကူပြုအောင်ရှိပြီး ရှိဆဲဥပဒေတွေ ကိုလည်း အောက်ပါအချက်တွေနဲ့ ကိုက်ညီအောင် ပြန် လည်ပြင်ဆင်တာမျိုး၊ ဖျက်သိမ်းတာမျိုးတွေ ဖြစ်စေချင် လှပါတယ်။

၁။ ငြိမ်းချမ်းရေး မရတာဟာ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးပျက်ပြားရတာဟာ လူမျိုးရေးကြောင့်၊ ဘာသာရေးကြောင့်ဆိုတဲ့ဘောင်ထဲက ထွက်ကြည့်ဖြစ် ကြဖို့ လိုပါတယ်။
တန်းတူညီမျှမှုအကြောင်းပြောရင် အစုအဖွဲ့(သို့) ပါတီ(သို့)လူမျိုး(သို့)ဘာသာဆိုတဲ့အပေါ်မှာပဲ အခြေခံပြီး ငြင်းခုန်တွေးတောနေကြတာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ရော ငြိမ်းချမ်းရေးအတွက်ရော လုံလောက်တဲ့ အားထုတ်မှုမဟုတ်ဘူးလို့ မြင်စေချင်ပါ တယ်။ တန်းတူညီမျှမှုဟာ လူသားတစ်ဦးချင်းစီကြား မှာပါ အာမခံရမဲ့ကိစ္စ ဖြစ်ပါတယ်။ ရာထူးအာဏာ၊ ပညာအရည်အချင်း၊ ငွေကြေး၊ သက်မွေးဝမ်းကျောင်း စတဲ့ ဘယ်လိုမတူကွဲပြားမှုမျိုးကမှ လူနဲ့လူကြားမှာ တန်းတူညီမျှမှု ကင်းမဲ့သွားအောင် မတတ်နိုင်စေရဘူး ဆိုတဲ့အထိသွားမှ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဟာ လက်တွေ့အသက်ဝင်ပါလိမ့်မယ်။ ဒါမျိုး မမြင်နိုင်လောက်အောင် ဗမာလူမျိုးကြီးဝါဒဖြစ် စေ၊ အခြားလူနည်းစုလူမျိုးငယ်ဝါဒဖြစ်စေ အခြေခံပြီး စဉ်းစားနေကြတဲ့အတွက် အဖြေမထွက်နိုင်အောင် အကျပ်အတည်း ဖြစ်နေရတာပါ။ တပ်မတော်ဟာ ဗမာဗုဒ္ဓဘာသာသက်သက်ကို ကိုယ်စားမပြုသလို တိုင်း ရင်းသားလက်နက်ကိုင်တွေဟာလည်း သက်ဆိုင်ရာတိုင်း ရင်းသားလူမျိုးအသီးသီးရဲ့ တစ်စုတည်းသော ကိုယ်စား လှယ်မဟုတ်တာ သေချာနေပါတယ်။ ဒါ့အပြင် နိုင်ငံ တွင်းမှာ မှီတင်းနေထိုင်ကြတဲ့သူတွေမှာ ဗမာစစ်စစ်၊ ကချင်စစ်စစ်၊ ရှမ်းစစ်စစ်ဆိုတာမျိုး တိုင်းရင်းသား လူမျိုးသွေးတစ်ခုတည်း ပါဝင်တဲ့ လူဦးရေဟာလည်း အင်မတန်နည်းပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂိ္ဂုလ်နဲ့ လူငယ်တွေ စကားဝိုင်းမှာ… နဲ့ …ကပြားဆိုပြီး တိုင်းရင်းသားလူမျိုးအမည်နှစ်ခု လောက်ကို ကိုယ်စားပြုသူတချို့ ပါလာပါတယ်။ အဲဒီ လူငယ်တွေအပေါ် တခြားတိုင်းရင်းသားသွေးမနှောတဲ့ တိုင်းရင်းသားတစ်မျိုးစစ်စစ်တွေကိုယ်တိုင်က ကိုယ်စား ပြုနိုင်သူမဟုတ်လို့ တွေးနေပုံရတာကိုလည်း သတိထား မိပါတယ်။ ဒါဟာ လူမျိုးရေးအရ သွေးကွဲနေရတာကိုပဲ နိုင်ငံရေးအမြော်အမြင်အဖြစ် မှားယွင်းနားလည်နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက ‘ဗမာဆို နောက်မှပြော’လို့ နိုင်ငံ တော်အတိုင်ပင်ခံပုဂိ္ဂုလ်ရဲ့ တုံ့ပြန်မှုအပေါ် မကျေနပ်သံ လည်း ကြားရပါတယ်။ ဒါက ဘာကို ပြလဲဆိုရင် လူမျိုးရေးကို ပြဿနာအခြေခံအဖြစ် တွေးမြင်မှုဟာ ပြေလည်ရေးအတွက် ဘယ်တော့မှ အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။ လူမျိုးတစ်မျိုးမျိုးက ဗိုလ်မကျသင့်ဘူးလို့ တွေးရင် ဘယ်လူမျိုးတစ်မျိုးမျိုးကမှလည်း အနစ်နာ မခံအပ်ဘူးလို့ တွေးရမှာပါပဲ။ ဒီနေရာမှာ တိုင်းရင်း သားတချို့ကိုယ်တိုင်က ဝါဒဖြန့်မှုတွေကို နားယောင်ပြီး နိုင်ငံရေးပြဿနာကို လူမျိုးရေးပြသနာသက်သက်လို့ မြင်နေတာကိုလည်း ပြန်စဉ်းစားကြစေချင်ပါတယ်။ ရှေ့မှာပြောခဲ့သလို လက်နက်ကိုင်တော်လှန်ကြဖို့ အဖွဲ့ တွေပေါ်လာကြပေမယ့် နိုင်ငံရေးမူဝါဒတစ်ခုအပေါ်မှာ အခြေခံပြီး စုဖွဲ့တာထက် လူမျိုးရေးပေါ် အခြေခံပြီး စုဖွဲ့တာပဲ ရှိနေတာကလည်း ကျန်တဲ့နိုင်ငံရေးကို နား မလည်တဲ့လူထုအတွက် လူမျိုးရေးအမုန်းတရားကို ပိုပြီး မွေးဖွားပေးစေပါတယ်။ ဒီကြားထဲ အိမ်နီးချင်းတွေက သူတို့နဲ့ နီးစပ်တူညီတဲ့လူမျိုးတွေကို အားပေးထောက်ခံ လေတော့ မီးလောင်ရာ လေပင့်ဖြစ်ပြီး နိုင်ငံတွင်းမှာ စစ်မီးမငြိမ်းနိုင်ဖြစ်ရပါတယ်။
ဒါကြောင့်ပဲ ဘာသာစကားပေါင်း ၆ဝ ကျော် လောက် သုံးစွဲပြီး လူမျိုးစုပေါင်းတစ်ရာကျော်ရှိနေတဲ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးကို လူမျိုးရေးအပေါ် အခြေခံပြီး စဉ်းစားရင် ဖြေရှင်းဖို့ ခက်ခဲမှာ သေချာတယ်လို့ ဆိုချင် တာပါ။
တန်းတူညီမျှမှုနဲ့ပတ်သက်ပြီး အခြေခံကျကျ နားလည်သဘောပေါက်နိုင်အောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာရော တည်ဆဲဥပဒေတွေမှာ ပါဝင်တဲ့ ဘာသာ စကားအသုံးအနှုန်းကအစ ဂရုတစိုက်သုံးစွဲဖို့အရေးမှာ လက်ရှိလွွှတ်တော်ကိုယ်စားလှယ်များဟာ သိပ်ကို အရေး ကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ လူမျိုးတစ်မျိုး ဘာသာတစ်ခုက သီးခြားဝိသေသဆောင်နေတဲ့သဘော အသုံးအနှုန်းတွေနဲ့ အဲဒီတစ်ခုကိုပဲ ကာကွယ်ထားတဲ့ ဥပဒေမျိုးတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်ရော ငြိမ်းချမ်းရေးအတွက်ပါ အလုပ်မဖြစ်တာမို့ ရှိသမျှဥပဒေများထဲက အသုံးအနှုန်းတွေကို လွွှတ်တော် ကိုယ်စားလှယ်ကြီးများက ပြန်လည်စိစစ်ပြီး ပြင်သင့်တာ ပြင်၊ ဖြုတ်သင့်တာ ဖြုတ်၊ လှယ်သင့်တာ လှယ်ဆိုတာ မျိုး လုပ်ပေးစေချင်ပါတယ်။

၂။ ငြိမ်းချမ်းရေးအတွက် တပ်မတော်ကိုယ်တိုင် ပုံရိပ်မှန်ပြန်ဖြစ်ဖို့ အားထုတ်မှရမယ်လို့လည်း တွေးစေ ချင်ပါတယ်။
ဒီအတွေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံကျတဲ့ အဓိကအတွေး ဖြစ် စေချင်ပါတယ်။ တပ်မတော်ဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အင်စတီကျူးရှင်းတစ်ခုဖြစ်တာ သေချာပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသော အရေးကြီးတဲ့ အင်စတီကျူး ရှင်းဖြစ်တယ်လို့ အားလုံးက နားလည်သွားအောင် အလွန်အကျူး အားထုတ်ခဲ့တာ နှစ်ကာလ သိပ်ကြာလာ တဲ့အခါ တပ်မတော်ရဲ့ပုံရိပ်ဟာ စွန်းထင်းလာခဲ့ပါ တယ်။ ခုနောက်ပိုင်းမှာ ဆိုးရွားတဲ့ ရာဇဝတ်မှုမျိုးတွေကို ကျူးလွန်သူတွေဟာ တပ်မတော်သားဟောင်းတွေနဲ့ တပ်မတော်သားတချို့တွေ ဖြစ်နေတာကို တွေ့ကြရမှာ ပါ။ တပ်မတော်ထဲမှာလည်း နိုင်ငံရေးအာဏာကို လက် ဝယ်ထားနိုင်တဲ့ ရာထူးကြီးကြီးမျိုးရသူတွေရယ်၊ သူတို့နဲ့ ဆွေမကင်းမျိုးမကင်း အခြားအဆင့်တွေရယ်၊ အဲဒီလူတွေ ရဲ့အရိပ်ကို အကျိုးမျှော်ခိုလှုံသူတွေရယ်က တခြားတခြား တပ်မတော်သားတွေထက် ပိုပြီးအခွင့်အရေး ရနေကြ တာလည်း သိသာလှပါတယ်။ ဒီတော့ တပ်မတော်သား ကောင်းစစ်စစ်တွေရဲ့ နိုင်ငံချစ်စိတ်၊ နိုင်ငံတော်ကာကွယ် ရေးအမြော်အမြင်တွေကို အရပ်ဘက်ကလူထုဟာ မမြင် သာတော့ဘဲ တပ်မတော်ယူနီဖောင်းခြုံပြီး ခုနလို ရာဇ ဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေသူတွေရဲ့ အကျည်းတန် ပုံရိပ်တွေကိုပဲ မြင်လာကြတာပါ။ ဒါကြောင့် တပ်မ တော်ဟာ လူဆိုးတကာတို့အတွက် အရိပ်ကောင်းဖြစ် သလောက် သူ့ဆီက လူကောင်းတွေကို အများသိသာ အောင် ထုတ်မပြနိုင်စွမ်းတဲ့အခြေအနေ ဖြစ်လာပါ တယ်။ ဒါဟာ တပ်မတော်သား ဖြစ်ရင်ပြီးရော မှားမှား မှန်မှန် အကာအကွယ်ပေး၊ အခွင့်အရေးပေးတဲ့ အပြုအမူ ကြောင့်ဖြစ်ရတဲ့ အားနည်းချက်ပါ။ ဒါကြောင့် တပ်မ တော်ရဲ့ပုံရိပ်ကို ပြန်မြှင့်တင်ထူထောင်ဖို့ စနစ်တကျ အားထုတ်သင့်ပါတယ်။ ဒါမှလည်း တပ်မတော်ဟာ မူလစံတန်ဖိုးတွေဖြစ်တဲ့ နိုင်ငံကို အမြော်အမြင်ရှိရှိ ချစ် တတ်၊ ကာကွယ်တတ်သူတွေကို ကိုယ်စားပြုတဲ့ ပရော် ဖက်ရှင်နယ်တပ်မတော်စစ်စစ် ပြန်ဖြစ်လာပါမယ်။ ကိုယ့်မူလ ရည်ရွယ်ချက်တွေ တန်ဖိုးတွေနဲ့ပတ်သက် သမျှပေါ်မှာသာ အာရုံထားပြီး အားထုတ်ကာ ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တွေမှာ ဖြေလျှော့ခြင်းဟာ တပ်မတော်အတွက် အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုက သာ တပ်မတော်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို အရောင် တင်ပေးနိုင်မှာပါ။ ဒါကြောင့် တပ်မတေ်ာအနေနဲ့ သူ့ ပုံရိပ်မှန် ပြန်ရစေနိုင်မယ့် ဥပဒေကြောင်းအရ ပြင်ဆင် ဆောင်ရွက်မှုတွေကို တပ်မတော်သားတွေကိုယ်တိုင်က စဉ်းစားသင့်လှပါတယ်။ အင်ဒိုနီးရှားမှာ ဥပဒေပြုရေး မဏ္ဍိုင်မှာ တပ်မတေ်ာသားတွေ ပါခဲ့ပေမယ့် ဘယ်နှနှစ် အတွင်း ဘယ်နှရာခိုင်နှုန်း လျှော့ချသွားမယ်လို့ မူရင်း ဥပဒေမှာကို တစ်ပါတည်း ပြဋ္ဌာန်းခဲ့တာဟာ ဒီအမြော် အမြင်ပေါ်မှာ အခြေခံခဲ့တာ ဖြစ်ပါတယ်။

၃။ ပညာရေးအခြေခံ တိုးမြှင့်ဖို့ လူထုရဲ့သိမှုကို တိုးမြှင့်ပေးနိုင်မယ့်အရာမှန်သမျှ ချက်ချင်းလုပ်စေလို ပါတယ်။
ပညာအခြေခံအသိ မတိုးတက်တဲ့အတွက် ခံစား ချက်အခြေခံအသိတွေကို မျိုးဆက်အလိုက် လက်ဆင့် ကမ်းရာကနေ အမုန်းတွေ၊ အာဃာတတွေ တိုးပွားလာ ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ထိခိုက်နစ်နာခဲ့ ရပါတယ်။ လူထုဟာ ဆင်ခြင်တုံတရားကို အခြေခံပြီး ဆုံးဖြတ်နိုင်လောက်အောင် သိမှုအရာမှာ အားနည်းလွန်း တော့ အမုန်းပြန့်ပွားရေး၊ အာဃာတထားရေးတွေကို မျိုးချစ်စိတ်အဖြစ် အကောက်အယူမှား လာကြပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ လူထု ကို ဘာမဆို ချပြအသိပေးပြီး သူတို့ကိုယ်တိုင် တာဝန် ယူတတ်စွာ ပူးပေါင်းလာနိုင်အောင် လမ်းဖွင့်ပေးဖို့ လိုပါ တယ်။ ဒီအတွက် လူထုရဲ့သတင်းအချက်အလက် သိရှိ ပိုင်ခွင့်ဆိုင်ရာဥပဒေလို ဥပဒေမျိုးဟာ အလွန်အရေး တကြီး လိုအပ်နေပါတယ်။ သိမှုအပေါ် အခြေခံပြီးမှ တုံ့ပြန်မှုတွေ လုပ်ကြမယ်ဆိုရင် ပြဿနာတွေကို ငြိမ်း ငြိမ်းချမ်းချမ်းရင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဥပဒေမျိုး အမြန်ပေါ်ပေါက်ဖို့နဲ့ လူထုရဲ့ သိမှုကို တားဆီးပိတ်ပင်မယ့် ဥပဒေတွေကို ဖျက်သိမ်းပြုပြင်ဖို့ လွွှတ်တော်တွေက အားထုတ်တာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အားထုတ်တာပဲ ဖြစ်ပါမယ်။

၄။ တစ်ပြေးညီ ဖွံဖြိုးတိုးတက်ဖို့ ဗဟိုခွါဖွံ့ဖြိုးရေးစီမံကိန်းတွေ အမြန်အားထုတ်စေချင်ပါတယ်။
တိုင်းရင်းသားအများစုရဲ့ အိပ်မက်ဟာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွက်ဖို့ ဖြစ်ပါတယ်။ ရပိုင် ခွင့်တန်းတူညီမျှမှုအတွက် ဥပဒေကြောင်းအရ အာမခံ ပေးနိုင်တဲ့အနေအထားဟာ ပန်းတိုင်ဖြစ်ပေမဲ့ သာမန် လူထုအတွက် ပိုင်ဆိုင်မှုတန်းတူဖြစ်မှုကသာ ထင်ရှားတဲ့ တရားမျှတမှု ဖြစ်နေဦးမှာပါ။ ဒါကြောင့် ဗဟိုခွါဖွံ့ဖြိုး ရေးစီမံကိန်းတွေကို အမြန်အားထုတ်တာနဲ့အမျှ ဖွံ့ဖြိုးတိုး တက်မှုတွေဟာ တစ်ပြေးညီ လာတယ်ဆိုတဲ့အမြင်ကို ရစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်ခွဲဝေမှုမှာ ဗမာတစ်ကျပ်- ရှမ်းတစ်ကျပ်ဆိုတဲ့ ဝေစုတူသဘော လူမျိုးအလိုက် ခွဲဝေတာထက် ဖွံ့ဖြိုးမှုအနည်းအများပေါ် အခြေတည်ပြီး လိုရာမှာ ပိုဖြည့်ပေးဖို့ ခွဲဝေတာကို အာ မခံပေးမဲ့ ဥပဒေတွေ လိုအပ်နေပါတယ်။ (ဥပဒေအရ မဟုတ်ရင် များများရှိသူက စေတနာအလျောက် ဖဲ့ပေးမှ နည်းနည်းရှိသူက ရမှာမို့ စေတနာမရှိတော့ရင် ငတ်ရမဲ့ ကိန်းမျိုး ဖြစ်နေမှာ စိုးရပါတယ်။) ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်အပြင် ယဉ်ကျေးမှု၊ ဘာသာစကား၊ ပြောရေးဆိုခွင့်ဆိုင်ရာ ဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့စီမံကိန်းတွေအတွက် ဥပဒေကြောင်းအရ အာမခံနိုင်အောင် ဥပဒေအသစ်တွေ လိုအပ်နေပါတယ်။ ဒေသဆိုင်ရာလွွှတ်တော်တွေကပါ ဒီကွက်လပ်ကို ဝိုင်း ဖြည့်ပေးစေချင်ပါတယ်။ လိုအပ်ရင် ဗဟိုအစိုးရက ဝင် တာဝန်ယူပေးနိုင်အောင်ပါ စီစဉ်ပေးကြစေချင်ပါတယ်။ ဒါ့အပြင် တချို့ဒေသတွေရဲ့ ဖွံ့ဖြိုးရေးအတွက် စီမံကိန်း တွေကို ဒေသခံတွေရဲ့ ဆန္ဒသဘောထားမပါဘဲ အတည် ပြုဆောင်ရွက်လို့ မရအောင် ဟန့်တားတဲ့ ဥပဒေမျိုး၊ ဒေသခံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ပြည်တွင်းပြည်ပ အခြားက လုပ်ငန်း ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ အလွန်အမင်း မကွာဟစေအောင် စီမံတဲ့ဥပဒေမျိုး၊ ဒေသခံတွေကို အဲဒီဖွံ့ဖြိုးရေးစီမံကိန်းရဲ့ အဓိကလုပ်သား အင်အားအဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေမျိုး တွေဟာလည်း ရေရှည်အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါတာမို့ အဲဒီလိုဥပဒေတွေကိုလည်း ပေါ် ထွက်စေချင်ပါတယ်။ ဒါမှ မဟုတ်ရင် ဒေသတွင်းစီး ပွားရေးလုပ်ငန်းစီမံကိန်းတွေဟာ ဒေသခံတွေကို အသုံး ချဖို့ ဖြစ်သွားတတ်တာနဲ့အမျှ ဒေသတွင်းငြိမ်းချမ်းရေး ပျက်ယွင်းနိုင်ပါတယ်။

၅။ အခြေခံဒီမိုကရက်တစ်မူဝါဒတွေကို အောက် ခြေကပါ သဘောပေါက်အောင် ကြိုးပမ်းတဲ့အနေနဲ့ လူမှုရေးသဟဇာတဖြစ်ဖို့ လူလူချင်း တန်ဖိုးထားတတ်တဲ့ ဓလေ့အတွက် ကမ်ပိန်းတွေ လုပ်နိုင်အောင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံနိုင်တဲ့ဥပဒေတွေ ဖြစ် စေချင်ပါတယ်။
နိုင်ငံအဆင့်(အမျိုးသား)လက္ခဏာဆိုတာကို အဖြေ ရှာသတ်မှတ်ပြီးရင်လည်း အဲဒါကို လူထုပိုင် အများပိုင် အမှတ်လက္ခဏာအဖြစ် အားလုံး(တစ်ယောက်ချင်းစီ)က မြင်လာဖို့ အားထုတ်ကြရပါဦးမယ်။ အဲဒီလို အားထုတ် တဲ့အခါမှာ အခြေခံဒီမိုကရက်တစ်မူဝါဒတွေကို အောက် ခြေကပါ သဘောပေါက်အောင်လည်း ရည်ရွယ်ကြမှ ဖြစ်ပါမယ်။ လူထုဟာ ဒီမိုကရေစီအမူအကျင့်တွေနဲ့ အသားကျနေဖို့ လိုပါတယ်။ ဒီမိုကရေစီအမူအကျင့် ထဲမှာ အခြေခံအကျဆုံးအမူအကျင့်ဟာ လူလူချင်း တန်ဖိုးထားတတ်တဲ့ အမူအကျင့်ဆိုတာ လူထုသိအောင်၊ ကျင့်လာနိုင်အောင် ကမ်ပိန်းတွေ လုပ်စေချင်ပါတယ်။ နိုင်ငံအဆင့်(အမျိုးသား)လက္ခဏာဆိုတာ အများပိုင်မို့ အများရဲ့အမှတ်လက္ခဏာတွေအားလုံးကလည်း ဒီနိုင်ငံ အဆင့် (အမျိုးသား)လက္ခဏာထဲမှာ အကျုံးဝင်နေတယ် လို့ သိကြအောင် ကမ်ပိန်းတွေလုပ်ဖို့ လိုမှာပါ။ အဲဒီ အတွက် မတူကွဲပြားသူတွေကြားမှာ လူလူချင်း တန်ဖိုး ထားတဲ့စိတ်ကိုသာ လက်ကိုင်ထားပြီး အမုန်းတွေ၊ အာဃာတတွေ ပပျောက်သွားအောင် တတ်နိုင်မယ်ဆိုတဲ့ သဘောတရားထွန်းကားဖို့ လိုပါတယ်။ ဒီသဘောတရား တွေ ပြန့်ပွားအောင် ကြိုးစားတဲ့အခါ အတိုက်အခံလုပ်တဲ့ အပြုအမူတွေဖြစ်တဲ့ အဲဒီလိုသဘောတရားသုံးစွဲပြီး ပြောဆိုသူတွေကို တခြားအကြောင်းအမျိုးမျိုး ရှာကာ အရေးယူလို့ရတဲ့ ဥပဒေမျိုးတွေကို သုံးစွဲတာတွေ ဖြစ် တတ်ပါတယ်။ ၆၆ ဃ၊ ၅ဝ၅ ခ၊ စတဲ့ပုဒ်မတွေဟာ ဒီမိုကရေစီအမူအကျင့်တွေ ကျင့်သုံးရခက်ခဲအောင် တား နိုင်စွမ်းတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ လွွှတ်တော်တွေမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တစ်နည်းနည်းနဲ့ ဟန့်တားမယ့်ဥပဒေတွေကို ပြန်လည် ပြင်ဆင်ဖို့ အားထုတ်စေချင်ပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးဥပဒေဆိုတာမျိုးလိုသလို တခြား တခြားသော အထောက်အကူပြုဥပဒေများစွာ လိုပါ တယ်။ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ရမယ့်အခန်းကဏ္ဍဟာ အုပ်ချုပ်ရေးသမားတွေနဲ့ လက်နက်ကိုင်အစုအဖွဲ့တွေ ဆွေးနွေးပြီးသမျှကို တရား ဝင်ဖြစ်အောင် အတည်ပြုပေးရတဲ့(legitimize) တာဝန် လောက်ပဲမဟုတ်ကြောင်း ကိုယ်စားလှယ်ကြီးများကိုယ် တိုင်လည်း သိပြီးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒုတိယအကြိမ်လွွှတ်တော်သက်တမ်းမှာ အများကြီး မမျှော်လင့်သင့်ဘူးဆိုရင်တောင် အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အာမခံချက်ရှိစေမဲ့ ဥပဒေကြောင်း အခိုင်အမာပေါ်ထွက်ဖို့ကိုတော့ မျှော်လင့်မိပါတယ်။ အားကိုးမိပါတယ်။ နိုင်ငံတော်ဟာ ငြိမ်းချမ်းထိုက်သလို နိုင်ငံတော်ထဲက လူအသီးသီးကြားမှာ ပြန်လည်သင့်မြတ် ရေးဆိုတာ ရထိုက်တဲ့ ရပိုင်ခွင့်တစ်ခု ဖြစ်ကြောင်းပါ။

မသီတာ(စမ်းချောင်း)

Please follow and like us:
0