နိုင်ငံတော်အသုံးစရိတ်များကို သုံးသပ်လေ့လာခြင်း

Info Digest ဂျာနယ် အမှတ်(၅)

Info Digest ဂျာနယ် အမှတ်(၅)

မြန်မာနိုင်ငံ၏ နိုင်ငံ‌တော် ရသုံးမှန်း‌ခြေဆိုင်ရာ မူဝါဒများသည် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ ပညာ‌ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အ‌ခြေခံအ‌ဆောက်အအုံများ တည်‌ဆောက်‌ရေး အစရှိ‌သော အစိုးရအဖွဲ့၏ ပြည်သူ့ ဝန်‌ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ‌ဆောင် ရွက်ရန်အတွက် ၂ဝ၁၁ ခုကတည်းကပင် ပြုလုပ်ခဲ့‌သော မူဝါဒအ‌ရွွှေ့အ‌ပြောင်းများနှင့် ကြုံခဲ့ရပြီးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်‌နှောင်းပိုင်းတွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန် ခဲ့‌သော Public Expenditure Review (PER) for Myanmar ‌ခေါ် နိုင်ငံ‌တော်အသုံးစရိတ်များကို သုံးသပ် ‌လေ့လာသည့် အစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်‌သော အစီရင်ခံစာဖြစ်ပြီး ဦးစား‌ပေး‌ဆောင်ရွက်ရမည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဦးတည်‌သော အနာဂတ်ရသုံးမှန်း‌ခြေဆိုင်ရာ မူဝါဒများ ကို ရည်ညွွှန်း‌ဖော်ထုတ်ရန် ရည်ရွယ်သည့် သုံးသပ် ‌လေ့လာမှုလည်းဖြစ်သည်။

ဝင်‌ငွေနိမ့်ကျမှုနှင့် အခွန်‌ပေး‌ဆောင်မှု အ‌လေ့အထ အားနည်းခြင်းတို့၏ အကျိုးဆက်အဖြစ် ပြည်သူ့ဝန် ‌ဆောင်မှုလုပ်ငန်းများတွင် အစိုးရက ဆယ်စုနှစ်များစွာ ကြာမြင့်သည့်တိုင်‌အောင်ပင် ရန်ပုံ‌ငွေလုံ‌လောက်စွာ ချ မှတ်သုံးစွဲနိုင်ခြင်းမရှိသဖြင့် စီးပွား‌ရေးချည့်နဲ့မှုနှင့် နိမ့် ကျ‌သော လူမှုဆိုင်ရာရလဒ်များ ထွက်‌ပေါ်လာခဲ့ရသည်။ သို့ဖြစ်၍ ၂ဝ၁ဝ ပြည့်နှစ်တွင် အာဏာရရှိလာသည့် အစိုးရ သစ်က အဆိုပါအခက်အခဲများကို ‌ဖော်ထုတ်‌ဖြေရှင်းနိုင် ရန် ဝန်‌ဆောင်မှုဦးတည်သည့် ပြုပြင်‌ပြောင်းလဲမှုများကို အ‌ကောင်အထည်‌ဖော်ကာ ‌ဆောင်ရွက်လာခဲ့သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ ဘဏ်က ထုတ်ပြန်‌ပေး‌သော PER သည် နိုင်ငံ‌တော် ရသုံးမှန်း‌ခြေဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ ‌ဆွေး‌နွေးမှုများကို ထဲထဲဝင်ဝင် ‌ဆောင်ရွက် နိုင်‌ရေးအတွက် ပထမ‌ခြေလှမ်းလည်းဖြစ်သည်။

Myanmar PER 2015 ကို အပိုင်းငါးပိုင်းခွဲခြား၍ သုံးသပ်‌ဖော်ပြထားသည်။ ယင်းတို့မှာ ဘဏ္ဍာ‌ရေး ဆိုင်ရာ မူဝါဒ‌ရေရှည်တည်တံ့နိုင်‌ရေး၊ နိုင်ငံ‌တော် ရသုံး မှန်း‌ခြေစုဖွဲ့ပုံကို ပြန်လည်ချိန်ညှိ‌ရေး၊ ပညာ‌ရေးဆိုင်ရာ ဝန်‌ဆောင်မှုလုပ်ငန်းများတွင် ထည့်ဝင်ရင်းနှီးမှု၊ တန်းတူ ညီမျှဖြစ်မှုနှင့် လွွှမ်းခြုံနိုင်စွမ်းတိုးတက်မြင့်မား‌ရေး၊ ကျန်းမာ‌ရေးအသုံးစရိတ် ရန်ပုံ‌ငွေပိုမိုခွင့်ပြုချထား‌ရေးနှင့် ‌ဒေသန္တရအဆင့် ဝန်‌ဆောင်မှုများအတွက် ဘဏ္ဍာ‌ရေး ဆိုင်ရာ မူ‌ဘောင်များ ချမှတ်‌ရေးစသည်တို့ ဖြစ်ကြသည်။

သုံးသပ်ချက် အစီရင်ခံစာတွင် ‌ဖော်ပြထားသည့် ‌တွေ့ရှိချက်များနှင့် လမ်းညွွှန်အကြံပြုချက်များကို သက် ဆိုင်ရာ ‌ခေါင်းစဉ်အလိုက် တစ်ခုချင်း‌ဖော်ပြထားပြီး အဆိုပါ‌ဖော်ပြချက်များကို အစိုးရအဖွဲ့နှင့် ကျယ်ပြန့်စွာ အ‌သေးစိတ်‌ဆွေး‌နွေးခြင်းဖြင့် ခိုင်မာ‌သော လမ်းညွွှန် စီမံကိန်းတစ်ရပ် ‌ရေးဆွဲ‌ဖော်ထုတ်ခြင်းကို အ‌ထောက် အကူပြုမည်ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ထုတ် ပြန်ခဲ့‌သော Myanmar PER 2015 သည် အနာဂတ်နိုင်ငံ ‌တော် ရသုံးမှန်း‌ခြေဆိုင်ရာ မူဝါဒများအား စနစ်တကျ ‌လေ့လာဆန်းစစ်ခြင်း နိဒါန်းပင်ဖြစ်သည်။

ဘဏ္ဍာ‌ရေးဆိုင်ရာ မူဝါဒ ‌ရေရှည်တည်တံ့နိုင်‌ရေး

မြန်မာနိုင်ငံသည် ‌ရေရှည်‌မျှော်ကိုး‌သော ဘဏ္ဍာ‌ရေး ဆိုင်ရာ မူဝါဒရပ်တည်မှု တစ်ရပ်ကို ထိန်းသိမ်းထားနိုင် ခဲ့သည့်တိုင် ပ‌ဒေသာပင်သီးသည့်အလား ရရှိလာ‌သော ဝင်‌ငွေများကို ရှာ‌ဖွေ‌ပေးနိုင်သည့် တစ်ပွဲတိုး မူဝါဒများ ဖြင့်လည်း အ‌ထောက်အကူပြု ရပ်တည်ခဲ့ရသည်။ အဆိုပါမူဝါဒများ ဆုတ်ယုတ်‌လျော့ကျစပြုလာသည့် အခါ အသစ်တစ်ဖန်ပြန်လည်‌ပေါ်‌ပေါက်လာ‌သော ဖိအားများက နိုင်ငံ၏ဘဏ္ဍာ‌ရေးမျှ‌ခြေ‌ပေါ်သို့ သက် ‌ရောက်လာမည်ဖြစ်သည်။

အစိုးရ၏အကန့်အသတ်တစ်ရပ်အတွင်း ဘဏ္ဍာ‌ရေး အသုံးစရိတ် သတ်မှတ်ခွဲ‌ဝေပုံ အ‌ပြောင်းအလဲပြုနိုင်မှု အ‌ပေါ် အသုံးစရိတ်‌ရေရှည်မြှင့်တင်‌ရေး စိန်‌ခေါ်မှုအား ‌စောင့်ကြည့်တုံ့ပြန်နိုင်မည့် ‌ရေတိုနှင့် အလယ်အလတ် ကာလ‌ရွေးချယ်ရန် နည်းလမ်းများကို အကြီးစား ဘဏ္ဍာ‌ရေး အဖွဲ့အစည်းများအတွက် ‌ဖော်ထုတ်‌ပေးရန် Myanmar PER 2015 က ရည်ရွယ်သည်။

မြန်မာအစိုးရ၏ အရွယ်အစားမှာ အခြား‌သောနိုင်ငံ များနှင့် နှိုင်းစာလျှင် ‌သေးငယ်ပါသည်။ ဤအချက်က ရာဇဝင်နှင့်ချီ၍ ကျဉ်း‌မြောင်းခဲ့‌သော ဝင်‌ငွေအ‌ခြေခံကို ‌ပေါ်လွင်ထင်ဟပ်ခြင်းဖြစ်သကဲ့သို့ ပြည်သူ့ဝန်‌ဆောင်မှု လုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် အတိုင်းအတာ အကန့် အသတ်ဖြစ်လာ‌စေခဲ့ခြင်းလည်းဖြစ်သည်။

၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း အစိုးရ၏ အ‌ထွေ‌ထွေဝင်‌ငွေမှာ ပြည်တွင်းအသားတင် ကုန်ထုတ် လုပ်မှု၏ ၆ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့သည်။ ‌ငွေ‌ကြေးလဲလှယ်မှုနှုန်းထား ‌ပြောင်းလဲ သတ်မှတ်ခြင်း၊ ဆက်သွယ်‌ရေး‌အော်ပ‌ရေတာ လိုင်စင် များ‌ရောင်းချခြင်း၊ အခွန်တိုးချဲ့‌ကောက်ခံခြင်းစသည့် တစ်ပွဲတိုးလုပ်‌ဆောင်ချက်များ၏ အကျိုး‌ကျေးဇူး‌ကြောင့် ထိုသို့မြင့်တက်လာရခြင်းဖြစ်သည်။ သို့ရာတွင် အစိုးရ၏   အသုံးစရိတ်မှာ နှစ်ဆနီးပါးမျှ မြင့်တက်ကာ ဂျီဒီပီ‌ခေါ် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်း မျှအထိ ‌ရောက်ရှိလာခဲ့သည်။

နိုင်ငံ‌တော်၏ ‌ကြွေးမြီအရပ်ရပ်‌ပေါင်းမှာ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာ‌ရေးနှစ်တွင် ဂျီဒီပီ၏ ၇ရ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေးနှစ်တွင် ၄ရ ရာခိုင်နှုန်း  အထိ ‌လျော့ကျလာခဲ့သည်။ ပုဂ္ဂလိက ဘဏ္ဍာ‌ရေး ‌ကြွေးမြီမှာမူ နှိုင်းရစံနှုန်းအတွင်းရှိ‌နေ‌သေး‌သော်လည်း ဂျီဒီပီတိုးနှုန်းနှင့် ဘဏ္ဍာ‌ရေးစံနှုန်း လွဲ‌ချော်မှုတို့ကို ‌လျှော့ချနိုင်ရန် အားနည်းလှသည်။

အဆိုပါအားနည်းမှုမှာ ကာလတိုပြည်တွင်း ‌ငွေ‌ကြေး‌ထောက်ပံ့မှုများနှင့် လိုက်‌လျောမှုမရှိ‌သော ပြည်ပ‌ချေး‌ငွေများပါဝင်သည့် နိုင်ငံ‌တော်‌ကြွေးမြီစုဖွဲ့ပုံ ကို အ‌ခြေပြု‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။ ဤဖြစ်စဉ် က အစိုးရအ‌နေဖြင့် ‌ချေး‌ငွေရယူကာ ပြည်တွင်း‌ငွေ‌ကြေး ‌ထောက်ပံ့မှုမျိုးကို ပိုမိုဂရုထား‌ဆောင်ရွက်ရန် သတိ‌ပေး သကဲ့သို့ရှိသည်။

မြန်မာနိုင်ငံ၏ အလယ်အလတ်ကာလ ဘဏ္ဍာ‌ရေး ရှုမြင်သုံးသပ်ချက်မှာ ကျဆင်း‌နေ‌သော သဘာဝဓာတ်‌ငွေ့ ‌ဈေးနှုန်းအပါအဝင်ဖြစ်‌သော အန္တရာယ်ဖြစ်နိုင်သည့် အ‌ရေးကြီးအ‌ခြေအ‌နေများအ‌ပေါ် မူတည်‌နေသည်။ အသုံးစရိတ်တိုးနှုန်းအား‌ကောင်းလာသည်နှင့်အမျှ ကျ ဆင်းလာ‌သော သဘာဝဓာတ်‌ငွေ့မှရ‌ငွေကို အခွန်နှင့် အခွန်မဟုတ်‌သောဝင်‌ငွေရလမ်းများဖြင့် ‌ထေမိ‌စေနိုင်ပါ သည်။ အ‌ရေးပါ‌သော အသုံးစရိတ်ချိန်ကိုက်ညှိနှိုင်းမှု အတွက် ‌မျှော်လင့်မထားသည့် ကြီးမား‌သော ရိုက်ခတ် သက်‌ရောက်မှုတစ်ရပ် လိုအပ်ပါသည်။

Myanmar PER 2015 က ဘဏ္ဍာ‌ရေးအန္တရာယ် နယ်ပယ်သုံးရပ်ကို ထုတ်‌ဖော်ပြသထားသည်။ ‌ဒေသန္တရ အစိုးရများသို့ ‌ကြွေးမြီစီမံခန့်ခွဲမှု လွွှဲ‌ပြောင်း‌ပေးခြင်း၊ အစိုးရဝင်‌ငွေတွင်ပါဝင်‌သော ကုန်စည်‌ဈေးနှုန်းများ အဆိုးဘက်သို့ ရုတ်တရက်‌ပြောင်းလဲသက်‌ရောက်ခြင်း နှင့် နိုင်ငံပိုင်စီးပွား‌ရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာ‌ရေး ဆိုင်ရာကြီးကြပ်မှုကို ‌စေ့စပ်‌သေချာစွာ‌ဆောင်ရွက်နိုင် စွမ်း အစရှိသည်တို့ဖြစ်သည်။

Myanma PER 2015 က အကြံပြုသည်မှာ (၁) အလယ်အလတ်ကာလ ‌ကြွေးမြီရယူခြင်းသို့ ‌နောက်ဆုံး ဦးတည်သည့် ‌ချေး‌ငွေစီမံကိန်းတစ်ရပ်ကို နိုင်ငံ‌တော် ရသုံးမှန်း‌ခြေစာရင်းတွင် ထည့်သွင်း‌ရေးဆွဲ‌ဖော်ပြရန်၊ (၂) ‌ချေး‌ငွေအသစ်များ ချထား‌ရေးအတွက် ညှိနှိုင်း အတည်ပြုခွင့်ကို ပြည်‌ထောင်စုဘဏ္ဍာ‌ရေးဝန်ကြီးဌာနက သာ ဦးစီးလုပ်ပိုင်ခွင့်ပြုရန်၊ (၃) မြန်မာ့‌ရေနံနှင့် သဘာဝ ဓာတ်‌ငွေ့လုပ်ငန်းမှ ငှားရမ်းခရ‌ငွေအားလုံးကို နိုင်ငံ‌တော် ရသုံးမှန်း‌ခြေစာရင်းတွင် ထည့်သွင်း‌ရေးဆွဲ‌ဖော်ပြရန်၊ (၄) ဘဏ္ဍာ‌ရေးစည်းမျဉ်းများနှင့် စံနှုန်းများ ပြန်လည် စဉ်းစားရန်၊ (၅) နိုင်ငံပိုင်စီးပွား‌ရေးအဖွဲ့အစည်းများအား ဘဏ္ဍာ‌ရေးဆိုင်ရာ ကြီးကြပ်မှုအတွက် ပြည့်စုံကျယ်ပြန့် ‌သော မူ‌ဘောင်တစ်ရပ်ချမှတ်ရန်တို့ ဖြစ်ပါသည်။

ရသုံးမှန်း‌ခြေစုဖွဲ့ပုံကို ပြန်လည်ချိန်ညှိ‌ရေး

မြန်မာနိုင်ငံအစိုးရ၏ ဝန်‌ဆောင်မှု အ‌ခြေပြုချဉ်းကပ် မှုကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ‌ရေးနှစ်ကတည်းကပင် ရသုံး မှန်း‌ခြေဆိုင်ရာ အ‌ရေးပါ‌သောချိန်ညှိမှုများဖြင့် အသွင် ကူး‌ပြောင်း‌ဆောင်ရွက်လာခဲ့သည်။ ‌ရှေ့‌လျှောက် ဖြစ်‌ပေါ် လာမည့် အသုံးစရိတ်တိုးပွားမှုအား ‌ငွေ‌ကြေး ‌ထောက်ပံ့ မှုနှင့် ‌ထောက်ပံ့နိုင်စွမ်း အကန့်အသတ်ချမှတ်ခြင်းတို့ဖြင့် ဟန်ချက်ညီ‌စေရန် ထိန်း‌ကျောင်းရမည် ဖြစ်သည်။

ဝင်‌ငွေဆိုင်ရာမူဝါဒများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် အုပ်ချုပ်‌ရေး အဖွဲ့အစည်းများ အား‌ကောင်းလာ ‌စေ‌ရေးအတွက် ‌ရွေးချယ်နိုင်မည့် နည်းလမ်းများကို ‌ဖော် ထုတ်ရန် Myanmar PER 2015 က ရည်ရွယ်ပါသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်မှု ဦးစား‌ပေးလုပ်ငန်းများအတွက် အစိုးရ၏ ဘဏ္ဍာ‌ရေးဆိုင်ရာ ပြုပြင်‌ပြောင်းလဲ လွယ်မှုကို ဖန်တီးရန်၊ ရသုံးမှန်း‌ခြေ‌ငွေစာရင်း‌ပေါ်တွင် ‌ရှေ့‌လျှောက် ဖြစ်‌ပေါ်လာမည့် အသုံးစရိတ်ဆိုင်ရာ ချိန်ညှိမှုများကို စူးစမ်း‌ဖော်ထုတ်ရန်တို့ကိုလည်း ရည်ရွယ်ပါသည်။

‌ယေဘုယျအားဖြင့် ဝင်‌ငွေတိုးပွား‌ရေး အားထုတ် ကြိုးပမ်းမှုများမှာ နှစ်ကာလကြာရှည်စွာပင် နိမ့်ကျခဲ့ သည်။ တစ်ပွဲတိုး‌ဆောင်ရွက်ချက်များဖြင့် စီးပွား‌ရေး နာလန်ပြန်ထလာခြင်းနှင့် ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်ငန်း စဉ်များအားဖြင့် ဝင်‌ငွေရလမ်းအ‌ခြေကို တိုးချဲ့ခဲ့ရာတွင် ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်ကြားကာလအတွင်း ဂျီဒီပီ ၏ ၆ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

ဝင်‌ငွေခွန်၊ ကုန်စည်နှင့်ဝန်‌ဆောင်မှုအခွန်၊ အခွန် မဟုတ်‌သော ဝင်‌ငွေတစ်ခုချင်းစီက စုစု‌ပေါင်းဝင်‌ငွေ၏ သုံးပုံတစ်ပုံခန့်စီ ရှာ‌ဖွေ‌ပေးနိုင်ခဲ့သည်။ အဆိုပါဝင်‌ငွေ အမျိုးအစားသုံးမျိုးလုံးမှာလည်း နိုင်ငံတကာစံနှုန်းများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိ‌နေဆဲဖြစ်သည်။ ဥပမာအား ဖြင့် အ‌ကောက်ခွန်မှရ‌ငွေမှာ ဂျီဒီပီ၏ ဝ.၃ ရာခိုင်နှုန်း သာရှိသည်ကို ‌တွေ့ရသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်‌ရေးအတွက် အခွန်ကင်း လွတ်ခွင့်ပြုခြင်းကိုလည်း တွင်ကျယ်စွာအသုံးပြုလျက်ရှိ သည်။ သို့ရာတွင် အခွန်စရိတ်နှင့် စီမံကိန်းအသစ် တစ်ရပ်အတွက် တိုးပွားရရှိလာ‌သော လုပ်ငန်းလည်ပတ် ‌ငွေဖြစ်သည့် Incremental Investment ‌ခေါ် ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတို့အ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှုတို့ကို ဆန်းစစ်အကဲဖြတ်ခြင်းမရှိပါ။ အခွန်ဆိုင်ရာ စီမံခန်ခွဲမှု တွင် အဓိကအာရုံစိုက်ရမည့်နယ်ပယ်နှစ်ရပ်မှာ ‌ကြွေးကျန် စီမံခန့်ခွဲမှု ‘အခြား’ ‌ငွေစာရင်း‌ခေါင်းစဉ်ဖြင့် အပို‌ဆောင်း ‌ဖော်ပြ‌သော လက်ခံရရှိမှုတို့ကို ပွင့်လင်းမြင်သာစွာဖြင့် တစ်‌ပေါင်းတည်း‌ဖော်ပြရန်တို့ဖြစ်သည်။

၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံ‌တော် ရသုံးမှန်း‌ခြေစာရင်းတွင် အသုံးစရိတ်ဆိုင်ရာ ကြီးမား ‌သော အ‌ပြောင်းအလဲများပြုလုပ်ခဲ့သည်။ ယင်းတို့အနက် အ‌ထွေ‌ထွေပြည်သူ့ဝန်‌ဆောင်မှုလုပ်ငန်းများအတွက် ၄၅ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းသို့ ‌လျှော့ချခြင်း၊ လူမှုဝန် ‌ဆောင်မှုလုပ်ငန်းများအတွက် ၁ဝ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်း၊ ကာကွယ်‌ရေးအသုံးစရိတ်ကို ၂၁ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်း၊ ‌ငွေလုံး ‌ငွေရင်းပမာဏကို ၆၃ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ‌လျှော့ချခြင်းစသည်တို့ အပါအဝင်ဖြစ်သည်။

မြန်မာအာဏာပိုင်တို့က မကြာ‌သေးခင်အချိန်က အထိ ဌာနဆိုင်ရာအရွယ်အစား၊ လစာနှင့် အကျိုးခံစား ခွင့်များကို အကန့်အသတ်ပြုခြင်းဖြင့် လုပ်ခ၊ လစာ စရိတ်ကို ထိန်းချုပ်ထားဆဲရှိသည်။ သုံးသပ်‌လေ့လာချက် ပြုလုပ်သည့်ကာလအတွင်း အစိုးရကကျခံရသည့် လုပ်ခ၊ လစာ‌ငွေပမာဏမှာ ဝင်‌ငွေအလယ်အလတ်နှင့် အလယ် အလတ်‌အောက်‌ခြေရှိ နိုင်ငံများနှင့် နှိုင်းစာပါက နည်းပါး လျက်ရှိ‌နေ‌ပေ‌သေးသည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ‌ရေးနှစ် ရသုံးမှန်း‌ခြေစာရင်းတွင်မူ လုပ်ခ၊ လစာပမာဏမှာ နှစ်ဆ နီးပါးမျှ မြင့်တက်လာသည်။ ‌ငွေလုံး‌ငွေရင်း အသုံး စရိတ်ပမာဏကို ‌လျှော့ချထားသည်ဖြစ်၍ လုပ်ခ၊ လစာ တိုးလာခြင်းက အလယ်အလတ်ကာလအတွင်း စိုးရိမ်ရန် အ‌ကြောင်းမရှိ‌သေးပါ။ ထိုသို့ဆို‌စေကာမူ အာဏာပိုင် တို့အ‌နေဖြင် လုပ်ခ၊ လစာပမာဏ တိုးမြှင့်ရာတွင် ဘဏ္ဍာ ‌ရေးဆိုင်ရာ‌လေ့လာဆန်းစစ်ချက်များနှင့် ကျယ်ပြန့်‌သော အုပ်ချုပ်‌ရေးဆိုင်ရာ ပြုပြင်‌ပြောင်းလဲမှုတို့နှင့် ဆက်စပ် ချိန်ထိုးကြည့်ရှုရန် လိုအပ်ပါသည်။

ဤကဏ္ဍတွင် Myanmar PER 2015 က အကြံပြု သည်မှာ (၁) အခွန်စရိတ်‌လေ့လာဆန်းစစ်ချက်အားဖြင့် အခွန်ကင်းလွတ်ခွင့်များကို ‌ကြောင်းကျိုးဆီ‌လျော်မှု ရှိ‌စေ ရန် ပြန်လည်သုံးသပ်ခြင်းနှင့် ထပ်မံ‌ပေးအပ်မည့် အခွန်ကင်းလွတ်ခွင့်များကို တစ်‌ပေါင်းတစ်စည်းတည်း ပြုလုပ်ခြင်း၊ (၂) ရရန်ကျန်ဝင်‌ငွေများ စီမံခန့်ခွဲ‌ရေးကို ဦးစား‌ပေး‌ဆောင်ရွက်ရန်နှင့် ‘အခြား’‌ငွေစာရင်း‌ခေါင်း စဉ်ကို ရသုံးမှန်း‌ခြေစာရင်းမှ ဖြည်းဖြည်းချင်း ပယ်ဖျက် သွားရန်၊ (၃) ကာကွယ်‌ရေးအသုံးစရိတ်များကို သုံးသပ် ‌လေ့လာမှု စတင်ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးဖြစ် ထွန်းမှု အလားအလာကို ‌ဖော်ထုတ်ရန်၊ (၄) နိုင်ငံ‌တော် ၏ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုနှင့် အကျိုးဖြစ်ထွန်းမှုတို့ ကို သုံးသပ်‌လေ့လာရန်၊ (၅) ကျွမ်းကျင်မှုအဆင့် အလိုက် လစာ‌ပေးသည့် အ‌လေ့အထရရှိ‌စေရန် ‌ဆောင် ရွက်ခြင်းဖြင့် အနာဂတ်ကာလတွင် ကြုံ‌တွေ့ရမည့် လုပ်ခ၊ လစာအ‌ပြောင်းအလဲကို အ‌ထောက်အကူပြုရန် တို့ဖြစ်သည်။

ပညာ‌ရေးဆိုင်ရာ ထည့်ဝင်ရင်းနှီးမှု၊ တန်းတူညီမျှဖြစ်မှု နှင့် လွွှမ်းခြုံနိုင်စွမ်းတိုးတက်မြင့်မား‌ရေး

ပညာ‌ရေးရန်ပုံ‌ငွေကို အစိုးရအဆက်ဆက်က ဆယ်စုနှစ်များစွာ ကြာမြင့်သည့်တိုင်‌အောင် လုံ‌လောက် စွာ ချထား‌ပေးမှု မရှိခဲ့ခြင်းနှင့် စိတ်ပျက်‌လောက်ဖွယ် မြင့်မား‌သော မိသားစု‌ငွေ‌ကြေးလိုအပ်ချက်များက ပညာ ‌ရေးရလဒ်များကို ကြီးမား‌သောကွာဟချက်များ ဖြစ်‌ပေါ် ‌စေခဲ့သည်။

Myanmar PER 2015 က ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာ ‌ရေးနှစ်နှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေးနှစ်ကြားကာလ အတွက် အစိုးရ၏ အ‌ခြေခံပညာ‌ရေးကဏ္ဍာအသုံးစရိတ် နှင့် မူဝါဒများကို ဆန်းစစ်‌လေ့လာ‌ဖော်ပြသွားမည်ဖြစ် သည်။ ထို့အပြင် ပညာ‌ရေးထည့်ဝင်ရင်းနှီးမှု၊ တန်းတူ ညီမျှဖြစ်မှုနှင့် လွွှမ်းခြုံနိုင်စွမ်း တိုးတက်မြင့်မား‌ရေးတို့ အတွက် မူဝါဒအ‌ပြောင်းအလဲများနှင့် အသုံးစရိတ် ဆိုင်ရာ ‌ရွေးချယ်စရာနည်းလမ်းများကိုလည်း အကြံပြု တင်ပြမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ‌ကျောင်းအပ်နှံမှုနှုန်းထားနှင့် ‌ကျောင်းပြီးဆုံးမှုနှုန်းထား နိမ့်ကျမှုဒဏ်ကို ခံစားခဲ့ရပြီ ဖြစ်သည်။ (Grade 1 အတန်းတွင် စတင်အပ်နှံသည့် ‌ကျောင်းသားဦး‌ရေ ၁.၂ သန်းအနက် သုံးပုံတစ်ပုံခန့်သာ Grade 11 အတန်းပြီးဆုံးသည်အထိ ပညာသင်ကြားကြ ကာ Grade 11 ပြီးဆုံးသည့်‌ကျောင်းသားအ‌ရေအတွက်၏ သုံးပုံတစ်ပုံခန့်သာ စာ‌မေးပွဲ‌အောင်မြင်ကြသည်။) ပညာ တတ်‌မြောက်မှုရလဒ်မှာလည်း နိမ့်ကျလှသည်။ (ရန်ကုန် မြို့မှ Grade 3 အတန်းတစ်တန်း၏ ‌ကျောင်းသားအ‌ရေ အတွက်အနက် သုံးပုံတစ်ပုံခန့်မှာ အင်္ဂလိပ်စာစကားလုံး တစ်လုံးကိုပင် မှန်ကန်စွာ မဖတ်နိုင်ပါ။) ပညာသင်ယူ ခွင့်နှင့် ပညာ‌ရေးအရည်အ‌သွေးမှာလည်း မြို့ကြီးများနှင့် ‌ကျေးလက်‌ဒေသများအကြား ညီမျှမှုမရှိပါ။ (နိုင်ငံ‌တော် အဆင့်၊ မူလတန်း‌ကျောင်းအပ်နှုန်းထားမှာ ၈၅ ရာခိုင် နှုန်းအထိရှိ‌သော်လည်း ‌ငွေ‌ကြေးမပြည့်စုံသည့်‌ဒေသများ တွင် မူလတန်း‌ကျောင်းအပ်နှုန်းထားမှာ ၆၉ ရာခိုင်နှုန်း သာရှိသည်။)

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ‌ရေးနှစ်အတွင်းအစပြုခဲ့ ‌သော ပညာ‌ရေးဆိုင်ရာပြုပြင်‌ပြောင်းလဲမှုများတွင် မူလတန်း၊ အလယ်တန်းအခမဲ့ပညာသင်ကြား‌ရေး၊ အ‌ခြေခံ ပညာမူလတန်းအထိ မသင်မ‌နေရ ပညာ‌ရေးအဖြစ် သတ်မှတ်ခြင်း၊ ဆရာ/ဆရာမ ၇၉,ဝဝဝ အထိ ထပ်မံ ခန့်အပ်ခြင်း၊ ဆင်းရဲနွမ်းပါး‌သော ‌ကျောင်းသားများအ တွက် ပညာသင်စရိတ်‌ထောက်ပံ့‌ရေး အစီအစဉ်များ တိုး ချဲ့‌ဆောင်ရွက်‌ပေးခြင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ပညာ‌ရေး မှူးများ၊ ‌ကျောင်းအုပ်များအား ရန်ပုံ‌ငွေသုံးစွဲခွင့်၊ တာ ဝန်‌ပေးအပ်ခြင်းစသည်တို့ ပါဝင်သည်။ အဆိုပါ မူဝါဒ အ‌ပြောင်းအလဲများကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက် နိုင်ရန်အတွက် အစိုးရက ၂ဝ၁၁-၂ဝ၁၂ မှ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေးနှစ် ကာလအပိုင်းအခြားအတွင်း ပညာ‌ရေးအသုံးစရိတ်ကို ‌လေးဆနီးပါးခန့် တိုးမြှင့်ချ ထား‌ပေးခဲ့သည်။

သို့တိုင်‌အောင် ပညာ‌ရေးဝန်ကြီးဌာနသည် အုပ်ချုပ် ‌ရေး၊ ဘတ်ဂျက်ရန်ပုံ‌ငွေနှင့် စွမ်း‌ဆောင်နိုင်မှု သတင်း အချက်အလက်ဆိုင်ရာ အကန့်အသတ်များ၊ မူဝါဒနှင့် ရန်ပုံ‌ငွေသုံးစွဲခွင့်အကြား ဆက်စပ်မှုကို ဆန်းစစ်နိုင်စွမ်း မပြည့်စုံ‌သေးခြင်း၊ ပမာဏများပြား‌သော ‌ငွေသား ကိုင်တွယ်သုံးစွဲမှုနှင့် အားနည်း‌သောဝယ်ယူ‌ရေးဆိုင်ရာ စည်းမျဉ်းများအကြားမှ ထွက်‌ပေါ်လာသည့် ယုံကြည် စိတ်ချမှုဆိုင်ရာ ပြဿနာများနှင့်လည်း နပန်းလုံး‌နေရဆဲ ဖြစ်သည်။

ထို့အပြင် အခြားအ‌ရေးတကြီး လိုအပ်ချက်များ ဖြစ်သည့် ဆရာ၊ ဆရာမများအား ‌လေ့ကျင့်သင်ကြား ‌ပေး‌ရေး၊ အ‌ခြေခံပညာအဆင့် စာသင်နှစ်တိုးမြှင့်‌ရေး၊ အတန်းအစားမခွဲခြားဘဲ ပိုမိုကျယ်ပြန့်‌သော ပညာ‌ရေး လွွှမ်းခြုံမှု အ‌သေအချာရရှိ‌စေ‌ရေးနှင့် က‌လေးငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိ‌စေ‌ရေး စသည်တို့ကလည်း ပညာ ‌ရေးဝန်ကြီးဌာနအ‌ပေါ် ဖိအားများအဖြစ် သက်‌ရောက် လျက်ရှိ‌ပေသည်။ ပညာ‌ရေးကဏ္ဍတွင် ထပ်မံ‌ပေါ်ထွက် လာမည့် ပြဿနာတစ်ရပ်မှာ လုပ်ပိုင်ခွင့်ကို မည်မျှ မြန်မြန်နှင့် မည်သည့်အတိုင်းအတာအထိ လွွှဲအပ်မည် ဆိုခြင်းပင် ဖြစ်သည်။

မူဝါဒ‌ရေးဆွဲချမှတ်‌ရေးနှင့် ‌စောင့်ကြပ်ထိန်းသိမ်း ‌ရေးကို အ‌ထောက်အကူဖြစ်‌စေရန်၊ Myanmar PER 2015 က အကြံပြုသည်မှာ ‌ကျောင်းသားတို့၏ ပညာ တတ်‌မြောက်မှုရလဒ်ကို စံကိုက်အကဲဖြတ်စနစ်များ အသုံးပြုစစ်‌ဆေးခြင်းဖြင့် ပညာ‌ရေးစနစ်၏ အရည် အ‌သွေးကို ‌စောင့်ကြပ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ ပညာ‌ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း‌ဒေသကြီးတွင် ၂ဝ၁၄ ခုနှစ်က ‌ရှေ့‌ပြေးစမ်းသပ်ခဲ့‌သော Early Grade Reading Assessment (EGRA) ‌ခေါ် အတန်းငယ် ‌ကျောင်းသားများ၏ ပညာ‌ရေးအ‌ခြေခံကျွမ်းကျင်မှုကို လွယ်ကူရိုးရှင်း‌သော နှုတ်‌မေးခွန်းများဖြင့် စကားလုံးများ  မှတ်မိနိုင်စွမ်း၊ ဖတ်ကြားနိုင်စွမ်း၊ နားလည်နိုင်စွမ်း ရှိ၊ မရှိစစ်‌မေးသည့်စနစ်ကို ဆက်လက်ကျင့်သုံးခြင်းဖြင့် အစပြု‌ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လျင်မြန်စွာတိုးပွားလာမည့် အသုံးစရိတ်ရန်ပုံ‌ငွေ များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်စွမ်းနှင့် လိုက်‌လျောညီ‌ထွေဖြစ်‌ရေးအတွက် Myanmar PER 2015 က ဆက်လက်အကြံပြုလိုသည်မှာ စီမံကိန်းအသစ်များ အတွက် ကုန်ကျစရိတ်ကို ပညာ‌ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာနတို့က ကိုင်တွယ်‌ဆောင်ရွက်ရန် နှင့် (ဥပမာအားဖြင့် စာသင်နှစ်တိုးမြှင့်ခြင်း၊ ဆရာ၊ ဆရာမများအား ‌လေ့ကျင့်သင်ကြားမှုတိုးမြှင့်ခြင်း၊ သင်ရိုးညွွှန်းတမ်းများ ‌ခေတ်မီတိုးတက်‌စေခြင်း၊ လူထု လူတန်းစားမ‌ရွေး ပညာ‌ရေးလွွှမ်းခြုံမှုရရှိ‌စေခြင်း၊ က‌လေးငယ်ပညာ‌ရေး အဆင့်မြင့်မား‌စေခြင်းစသည်တို့ ဖြစ်သည်။) အဆိုပါ ဝန်ကြီးဌာနနှစ်ရပ်က အရင်းအမြစ် လိုအပ်ချက်များကို အ‌ကောင်အထည်‌ဖော်‌ဆောင်‌ရေး စီမံကိန်းများနှင့်တကွ တင်ပြ‌တောင်းခံရန်၊ ဝယ်ယူ‌ရေး နှင့် စာချုပ်စီမံခန့်ခွဲမှုသင်တန်းများ ပို့ချခြင်းဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုစွမ်း‌ဆောင်ရည် အား ‌ကောင်းလာ‌စေရန်တို့ ဖြစ်ပါသည်။

ထို့အပြင် စာသင်‌ကျောင်းများတွင် ‌နေ့စဉ်စီမံခန့်ခွဲ မှုအတွက် တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ပိုမိုလွွှဲအပ်သွားနိုင်ရန် အတွက် Myanmar PER 2015 က အကြံပြုလိုသည်မှာ ပညာ‌ရေးဝန်ကြီးဌာန၏ ဦး‌ဆောင်မှု‌အောက်တွင် ချမှတ် ‌ပေးထား‌သော တာဝန်ခံ‌ဆောင်ရွက်မှု မူ‌ဘောင်အတွင်း ခရိုင်ပညာ‌ရေးမှူးများနှင့် ‌ကျောင်းအုပ်များကို လုပ်ပိုင် ခွင့်အပ်နှင်းရန်၊ ဝန်ကြီးဌာန၏လမ်းညွွှန်ချက်များနှင့်အညီ စာသင်‌ကျောင်းများက ရန်ပုံ‌ငွေအမှန်တကယ်ရရှိမှုကို ဆန်းစစ်‌လေ့လာရန် Public Expenditure Tracking Survey ‌ခေါ် အစိုးရက ကျခံသည့် အသုံးစရိတ်သုံးစွဲပုံ စစ်တမ်း‌ကောက်ယူရန်ဖြစ်သည်။

ကျန်းမာ‌ရေးအသုံးစရိတ်ရန်ပုံ‌ငွေ ပိုမိုခွင့်ပြုချထား‌ရေး

မြန်မာနိုင်ငံ၏ ကျန်းမာ‌ရေးဝန်‌ဆောင်မှုကဏ္ဍသည် လည်း ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်‌သော အစိုးရ ခွင့်ပြုရန်ပုံ‌ငွေ မလုံ‌လောက်မှု၏ ‌နောက်ဆက်တွဲအဖြစ် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစနစ် ချည့်နဲ့လာခြင်းနှင့် စွမ်း ‌ဆောင်ရည်ထိန်းသိမ်းနိုင်စွမ်း အားနည်းလာခြင်းတို့ကို ကြုံ‌တွေ့‌နေရ‌ပေသည်။ မြန်မာအစိုးရက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ‌ရေးနှစ်တွင် အစပြုခဲ့‌သော ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်ငန်းများဖြင့် အ‌ခြေအ‌နေကို တိုးတက်‌ပြောင်းလဲ‌စေ ရန် ရည်ရွယ်လုပ်‌ဆောင်ခဲ့သည်။

Myanmar PER 2015 က ၂ဝဝ၉-၂ဝ၁ဝ နှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေးနှစ်များကြားကာလအတွက် အစိုးရက ချ‌ပေးထား‌သော ကျန်းမာ‌ရေးအသုံးစရိတ်နှင့် မူဝါဒများကို ‌လေ့လာဆန်းစစ်သွားမည်ဖြစ်သည်။ ထို့အပြင် ပိုမိုထိ‌ရောက်ပြီး ‌ကြောင်းကျိုးဆီ‌လျော်‌သော အသုံးစရိတ်များအားဖြင့် အသုံးစရိတ်နှင့် မူဝါဒ အ‌ပြောင်းအလဲများ ဆက်လက်‌ဆောင်ရွက်နိုင်မည့် ‌ရွေး ချယ်စရာနည်းလမ်းများကိုပါ တင်ပြသွားမည်ဖြစ်သည်။

၂ဝ၁၂ ခုနှစ်တွင် ပြည်သူ့ကျန်းမာ‌ရေးကဏ္ဍအတွက် အစိုးရက ချထား‌ပေး‌သော ခွင့်ပြုရန်ပုံ‌ငွေမှာ လူတစ်ဦး အတွက် တစ်နှစ်လျှင် အ‌မေရိကန်‌ဒေါ်လာ ၁.၆ ‌ဒေါ်လာမျှသာရှိသည်။ အဆိုပါနှစ်အတွက် စုစု‌ပေါင်း ကျန်းမာ‌ရေးအသုံးစရိတ်၏ ၈ဝ ရာခိုင်နှုန်းခန့်ကို ပြည်သူ တို့ကိုယ်တိုင် ကျခံခဲ့ကြရခြင်းဖြစ်သည်။ ထိုအ‌ခြေအ‌နေ က ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုခံယူရာတွင် ကြီးစွာ‌သော အဟန့်အတားများကို ဖြစ်‌ပေါ်‌စေခဲ့ပြီး ‌ကျေးလက်‌ဒေသ များနှင့် ‌ဝေးလံ‌ခေါင်သီ‌သော‌ဒေသများတွင် အများဆုံး ခံစားကြရ‌ပေသည်။ ဤသို့ဖြင့် အာဆီယံ‌ဒေသတွင်း နိုင်ငံများအလယ်တွင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုရလဒ် အနိမ့်ကျဆုံး‌ဒေသများ ဖြစ်လာခဲ့ရသည်။

ပြည်‌ထောင်စုအစိုးရက ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ခံယူနိုင်စွမ်း မြင့်မား‌ရေးအတွက် မူဝါဒသစ်များကို မိတ် ဆက်လာခဲ့သည်။ ကျန်းမာ‌ရေးဝန်ထမ်းများ ပိုမိုခန့်အပ် ခဲ့သည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ‌ရေးနှစ်အစတွင် က‌လေး သူငယ်များ၊ ကိုယ်ဝန်‌ဆောင်မိခင်‌လောင်းများ၊ အ‌ရေး ‌ပေါ်ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့်လူနာများအတွက် မရှိမဖြစ်လိုအပ်‌သော ‌ဆေးဝါးနှင့် ကျန်းမာ‌ရေးဝန်‌ဆောင် မှုများကို အခမဲ့‌ထောက်ပံ့‌ပေးအပ်နိုင်ခဲ့သည်။

အဆိုပါ‌ဆောင်ရွက်ချက်များက ပြည်သူတို့အ‌နေဖြင့် များပြားလှ‌သော ‌ဆေးဝါးကုသမှုစရိတ်များအား ကိုယ် တိုင်ကျခံ‌နေရခြင်းမှ ‌လျော့ပါးသက်သာ‌စေရန်၊ အ‌ထောက် အကူပြုမည့်လက္ခဏာများပင်ဖြစ်သည်။ ထိုသို့‌ဆောင် ရွက်‌ပေးခြင်းဖြင့် အစိုးရကကျခံရ‌သော ‌ဆေးကုသမှု ဆိုင်ရာ ကုန်ကျစရိတ်များ အ‌မြောက်အများမြင့်တက် လာမည်ဖြစ်သည်။ လုပ်ခ၊ လစာတိုးမြှင့်‌ပေးခြင်းနှင့် အ‌ဆောက်အအုံနှင့် စက်ကိရိယာပစ္စည်းများ ဝယ်ယူ ခြင်း စသည်တို့ကလည်း တစ်ပါတည်း လိုက်ပါလာမည့်အသုံးစရိတ်များပင်ဖြစ်သည်။ အဆိုပါမူဝါဒအ‌ပြောင်း အလဲများအရ ၂ဝဝ၉-၂ဝ၁ဝ မှ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေး နှစ်ကာလအတွင်း ကျန်းမာ‌ရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ရန်ပုံ‌ငွေကို ကိုးဆမျှအထိ မြှင့်တင်‌ပေးခဲ့ ရသည်။

ကျန်ရှိ‌နေဆဲဖြစ်‌သော စိန်‌ခေါ်မှုများတွင် မူဝါဒ ‌ရေးဆွဲချမှတ်‌ရေး အဟန့်အတားများနှင့် ယုံကြည်စိတ်ချ ရခြင်းမရှိ‌သော ပြည့်စုံမှုမရှိသည့် သတင်းအချက်အ လက်များ၊ ထိ‌ရောက်မှုမရှိ‌သော သုံးစွဲမှုပုံစံ‌ကြောင့် စရိတ်စကကြီးမားမှုများ ပါဝင်‌ပေသည်။ အစိုးရအ‌နေ ဖြင့် အလယ်အလတ်ကာလအပိုင်းအခြားအတွင်း ‌ကျေး လက်‌ဒေသများ၌ အ‌ခြေခံကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ပိုမိုရရှိ‌ရေး၊ သာ၍‌ကောင်းမွန်‌သော ‌ငွေ‌ကြေးကာကွယ်မှု ဆိုင်ရာ မူဝါဒများချမှတ်‌ရေးနှင့် ပြည်သူ့ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ထောက်ပံ့‌ရေး ထည့်ဝင်ရင်းနှီးမှု တိုးမြှင့်‌ရေးတို့ အတွက် ‌ရွေးချယ်စရာအခြား‌သောနည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစား‌ကောင်း စဉ်းစားလာမည် ဖြစ်သည်။

ကျန်းမာ‌ရေးကဏ္ဍအတွက် မူဝါဒချမှတ်ခြင်းနှင့် ‌စောင့်ကြပ်ထိန်းသိမ်းခြင်းတို့အတွက် Myanmar PER 2015 က အကြံပြုလိုသည်မှာ ကျန်းမာ‌ရေး‌စောင့်‌ရှောက် မှုလွွှမ်းခြုံနိုင်စွမ်း မြှင့်တင်ရန်၊ ကျန်းမာ‌ရေးကဏ္ဍတွင် အစိုးရက ကျခံ‌သောအသုံးစရိတ်နှင့် အခြား‌သော ပြင်ပ ‌ထောက်ပံ့မှုများအတွက် ယုံကြည်စိတ်ချရ‌သော သတင်း အချက်အလက်များ ရရှိ‌ရေးအရှိန်အဟုန်မြှင့်တင်‌ဆောင် ရွက်ရန်၊ အိမ်‌ထောင်စုအလိုက် ‌ငွေ‌ကြေးသုံးစွဲပုံ စစ်တမ်း ‌ကောက်ယူခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍမှ ကျခံ‌နေရ‌သော ကျန်းမာ‌ရေးအသုံးစရိတ်ကို ဆန်းစစ်ရန်တို့ဖြစ်သည်။

ထိ‌ရောက်မှုမရှိ‌သော ‌ငွေ‌ကြေးသုံးစွဲပုံကို ‌လျှော့ချ နိုင်ရန်အတွက် အကြံပြုလိုသည်မှာ ကျန်းမာ‌ရေးဝန်ကြီး ဌာန၏ အသုံးစရိတ်ခွဲ‌ဝေပုံတွင် ‌ရောဂါကာကွယ်‌ရေး အသုံးစရိတ်ရန်ပုံ‌ငွေ ခွင့်ပြုချက်တိုးမြှင့်ချထား‌ပေးရန်၊ ‌ဆေးဝါးနှင့်စပ်ဆိုင်‌သော ဝယ်ယူမှုများတွင် ဝယ်ယူ‌ရေး ဆိုင်ရာ မူဝါဒများကို နည်းဗျူဟာကျစွာ ‌ရေးဆွဲထားရန် တို့ဖြစ်သည်။

ပြည်သူ့ဝန်‌ဆောင်မှုလုပ်ငန်းများကို ပိုမို၍ ‌ကြောင်း ကျိုးဆီ‌လျော်‌စေရန် ‌ဆောင်ရွက်ရာတွင် Myanmar PER 2015 က အကြံပြုလိုသည်မှာ ‌ကျေးလက်‌ဒေသများတွင် ကျန်းမာ‌ရေးဆိုင်ရာ အ‌ဆောက်အအုံ‌ဆောက်လုပ်ခြင်းနှင့် တန်ဖိုးကြီးမား‌သော ‌ဆေးဘက်ဆိုင်ရာ အဆင့်မြင့် စက်ကိရိယာများဝယ်ယူခြင်းတို့ကို ‌ကောင်းစွာချိန်ကိုက် ‌ပေးနိုင်မည့် ‌ငွေလုံး‌ငွေရင်းအသုံးစရိတ်ဆိုင်ရာ မူဝါဒ တစ်ရပ် တွက်ချက်‌ရေးဆွဲရန်၊ ကျန်းမာ‌ရေး‌စောင့်‌ရှောက် မှုကို နိုင်ငံတစ်ဝန်းလုံးခံယူနိုင်‌ရေး ‌မျှော်မှန်းချက်‌ဆောင် ကြဉ်းရာတွင် အ‌ထောက်အကူဖြစ်‌စေမည့် ‌ငွေ‌ကြေးကာ ကွယ်မှုဆိုင်ရာ မူဝါဒများ ‌ရေးဆွဲထားရှိရန်တို့ဖြစ်သည်။

ဒေသန္တရအဆင့် ဝန်‌ဆောင်မှုများအတွက် ဘဏ္ဍာ‌ရေး ဆိုင်ရာ မူ‌ဘောင်များချမှတ်‌ရေး

မြန်မာနိုင်ငံသည် ၂ဝဝ၈ ခုနှစ်၊ နိုင်ငံ‌တော်ဖွဲ့စည်း ပုံအ‌ခြေခံဥပ‌ဒေအရ ဗဟိုဦးစီးအစိုးရစနစ်မှ လုပ်ပိုင်ခွင့် အာဏာခွဲ‌ဝေဖြန့်ကျက်‌ပေး‌သော အစိုးရစနစ်သို့ အသွင်ကူး‌ပြောင်း ‌ဆောင်ရွက်လာခဲ့ပြီဖြစ်သည်။ ‌ဒေသန္တရ အစိုးရအဖွဲ့အစည်းသစ်များတွင် ပြည်နယ်နှင့် တိုင်း‌ဒေသ ကြီးအဆင့် လွွှတ်‌တော်များအပါအဝင်ဖြစ်ပြီး လက်‌အောက်ခံ ဌာနများကို အချိန်ယူဖွဲ့စည်း‌နေဆဲဖြစ်သည်။ သို့ရာတွင် ‌ဒေသန္တရအစိုးရများသည် ဗဟိုဦးစီး အုပ်ချုပ်‌ရေးနှင့် ဘဏ္ဍာ‌ရေးစီမံခန့်ခွဲမှုတို့ဖြင့် လက်တွဲ‌ဆောင်ရွက်‌နေ သည်ဖြစ်၍ လုပ်ပိုင်ခွင့်အပြည့်အဝ မရရှိနိုင်‌သေး‌ပေ။

Myanmar PER 2015 က ၂ဝဝ၉-၂ဝ၁ဝ နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ‌ရေးနှစ်ကာလအပိုင်းအခြား အတွင်း အစိုးရအဖွဲ့များအကြားမှ ဘဏ္ဍာ‌ရေးဆက်နွွှယ် မှုကို အကဲဖြတ်ဆန်းစစ်မည်ဖြစ်သည်။ ထို့အပြင် အုပ် ချုပ်‌ရေးနှင့် ဘဏ္ဍာ‌ရေးပြုပြင်‌ပြောင်းလဲ‌ရေး ဦးစား‌ပေး ‌ဆောင်ရွက်ရမည်တို့ကိုလည်း တင်ပြသွားမည်ဖြစ်သည်။ အဆိုပါ ပြုပြင်‌ပြောင်းလဲမှုများကို အသုံးစရိတ်နှင့် ဝင်‌ငွေဆိုင်ရာ တာဝန်ရှိမှုများ၊ ဘဏ္ဍာ‌ရေးလွွှဲ‌ပြောင်းမှု များစသည်တို့ အပါအဝင်ဖြစ်‌သော အချက်အလက် များစွာတို့ကို ထည့်သွင်း‌ရေးဆွဲထားသည့် မူ‌ဘောင်တွင် ပါဝင်မည်ဖြစ်သည်။

၂ဝဝ၈ ခုနှစ် နိုင်ငံ‌တော်ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ သည် ‌ဒေသန္တရအစိုးရအုပ်ချုပ်‌ရေးအတွက် အများ လက်ခံ‌သော မူ‌ဘောင်တို့ကို ချမှတ်‌ပေးထားပြီးဖြစ် သည်။ ကနဦး‌ခြေလှမ်းအားဖြင့် ဥပ‌ဒေပြု‌ရေးနှင့် အုပ် ချုပ်‌ရေးအဖွဲ့အစည်းများကို ပြည်နယ်နှင့်တိုင်း‌ဒေသကြီး များအလိုက် ဖွဲ့စည်းထားပြီးဖြစ်သည်။

အသစ်ဖွဲ့စည်းလာ‌သော ‌ဒေသန္တရအစိုးရအဖွဲ့ အစည်းများနှင့် ဗဟိုချုပ်ကိုင်မှုစနစ်၏ အစဉ်အလာ အတိုင်း စီစဉ်‌ဆောင်ရွက်မှုတို့အကြား လုပ်ငန်းသ‌ဘော အရ ဖြစ်ပွား‌သော အားပြိုင်မှုများ ‌ပေါ်‌ပေါက်လာခဲ့ သည်။ ထိုအားပြိုင်မှုက စီမံခန့်ခွဲမှုနှင့် ပြည်သူ့ဝန် ‌ဆောင်မှုလုပ်ငန်းများအ‌ပေါ် တာဝန်ခံနိုင်စွမ်းတို့အ‌ပေါ် ရှုပ်‌ထွေးမှုများဖြစ်‌ပေါ်လာ‌စေနိုင်‌ပေသည်။ ပြည်သူ့ဝန် ‌ဆောင်မှုလုပ်ငန်းများ၏ ရလဒ်‌စောင့်ကြည့်မှုကို အများ ပြည်သူသိရှိ‌စေရန် စနစ်တကျ ထုတ်ပြန်‌ကြေညာ‌ပေး မည်ဆိုပါက တာဝန်ခံနိုင်စွမ်းရလဒ်သည်လည်း လွယ် ကူ‌ကောင်းမွန်လာမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများ၏ အသုံးစရိတ်များ မှာ ‌မျှော်မှန်းဝင်‌ငွေနှင့် ပြည်‌ထောင်စုအစိုးရထံမှ လွွှဲ ‌ပြောင်း‌ပေး‌ငွေတို့အ‌ပေါ် ချိန်ကိုက်‌ရေးဆွဲထားခြင်းဖြစ်ရာ ပုဂ္ဂလိကကဏ္ဍမှ ‌ငွေ‌ချေးယူမှုအ‌ပေါ် သက်‌ရောက်မှုမဆို စ‌လောက်သာရှိသည်။ ၂ဝဝ၈ အ‌ခြေခံဥပ‌ဒေအရ လုပ်ငန်း ပိုင်းဆိုင်ရာ လက်‌တွေ့တာဝန်ရှိမှုကို ပြည်‌ထောင်စု အစိုးရကသာတာဝန်ယူရပြီး ပြည်နယ်နှင့်တိုင်း‌ဒေသကြီး အစိုးရများအ‌ပေါ်မူ တာဝန်များစွာမရှိလှပါ။ သို့ဖြစ်၍ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေးနှစ်အတွက် ‌ဒေသန္တရ အစိုးရတို့ ၏ အသုံးစရိတ်မှာ များပြားခြင်းမရှိလှ။ (နိုင်ငံ‌တော် ကဏ္ဍ အသုံးစရိတ်ရန်ပုံ‌ငွေ၏ ရ ရာခိုင်နှုန်းမျှသာရှိပါ သည်။) ပြည်နယ်နှင့်တိုင်း‌ဒေသကြီးအစိုးရတို့၏ အများ ဆုံး‌သော အသုံးစရိတ်သုံးစွဲမှုမှာ ‌ငွေလုံး‌ငွေရင်းအသုံး စရိတ်ပင်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးအသီးသီး ၏အသုံးစရိတ်များကို ‌ဒေသတွင်းလူဦး‌ရေနှင့် အချိုးချ ကြည့်ပါက ဆင်းရဲနွမ်းပါးမှုနှင့် မဆိုစ‌လောက်ဆက်စပ် ‌နေဟန်ရှိသည်ကို ‌တွေ့ရမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း‌ဒေသကြီးအစိုးရတို့၏ ဝင်‌ငွေ လျာထားမှုမှာလည်း အကန့်အသတ်များစွာရှိ‌နေ‌ပေ သည်။ (နိုင်ငံ‌တော်ဝင်‌ငွေကဏ္ဍ၏ ၆ ရာခိုင်နှုန်းမျှသာ ရှိပါသည်။) ‌ဒေသန္တရအစိုးရများ၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ‌ရေးနှစ်အတွင်း စုစု‌ပေါင်းအသုံးစရိတ်၏ ၃၆ ရာခိုင်နှုန်းကို ယင်းတို့ကိုယ်တိုင်ရှာ‌ဖွေရရှိ‌သော ‌ဒေသ တွင်းဝင်‌ငွေများဖြင့် ‌ပေး‌ချေခဲ့ခြင်းဖြစ်ပြီး ကျန် ၆၄ ရာခိုင်နှုန်းမှာ ပြည်‌ထောင်စုအစိုးရက လွွှဲ‌ပြောင်းချထား ‌ပေး‌သော ရန်ပုံ‌ငွေဖြင့် ‌ပေး‌ချေထားခြင်းဖြစ်သည်။ Own Source Revenue ‌ခေါ် ‌ဒေသန္တရအစိုးရတို့၏ ကိုယ်ပိုင် ဝင်‌ငွေများကို ဖြန့်‌ဝေပုံမှာလည်း ပုံမှန်မဟုတ်ပါ။ ရန်ကုန် နှင့် မန္တ‌လေးတိုင်း‌ဒေသကြီးတို့၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ‌ရေးနှစ်အတွက် ကိုယ်ပိုင်ဝင်‌ငွေများမှာ စုစု‌ပေါင်းဝင်‌ငွေ ၏ ၆၈ ရာခိုင်နှုန်းစီရှိကြသည်။ ‌ဒေသန္တရအစိုးရတို့၏ ကိုယ်ပိုင်ဝင်‌ငွေကို ‌ဒေသခံလူဦး‌ရေဖြင့် အချိုးချကာ တစ်ဦးချင်းဝင်‌ငွေ တွက်ချက်ရရှိမှုကို ဆင်းရဲနွမ်းပါးမှု ဖြစ်စဉ်နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ‌ဒေသန္တရအစိုးရ တို့၏ ဝင်‌ငွေဝန်ထုပ်ဝန်ပိုးမှာ အနည်းငယ်မြင့်တက်လာ သည်ကို မြင်‌တွေ့ရ‌ပေသည်။

အစိုးရအဖွဲ့အစည်းများအကြား ဘဏ္ဍာ‌ရေးလွွှဲအပ် မှုများမှာ ပြီးခဲ့သည့်သုံးနှစ်တာကာလအတွင်း လျင်မြန် စွာကြီးထွားလာခဲ့‌သော်လည်း အ‌ထွေ‌ထွေခွင့်ပြု‌ငွေများ ချထား‌ရေးဆုံးဖြတ်ရာတွင် စည်းမျဉ်းအ‌ခြေခံ‌သော စနစ် ကင်းမဲ့မှု‌ကြောင့် ကြုံရာကျပမ်း‌ဆောင်ရွက်မှုများ ဖြစ် ‌ပေါ်‌စေခဲ့ပြီး တစ်နှစ်ချင်းအ‌ခြေခံစနစ်ဖြင့် ‌ရှေ့နှစ်အတွက် ကြိုတင်ခန့်မှန်းနိုင်ခြင်းမပြုနိုင်‌တော့‌ပေ။

ဤကဏ္ဍအတွက် Myanmar PER 2015 က အကြံ ပြုသည်မှာ ‌ဒေသန္တရအစိုးရတို့၏ ဌာနဆိုင်ရာအဖွဲ့ အစည်းသစ်များအား အုပ်ချုပ်‌ရေးဌာနက တာဝန်ခံမှုကို  ပိုမိုအား‌ကောင်းလာ‌စေ‌ရေးနှင့် ထိုသို့တာဝန်ခံမှု အား ‌ကောင်းလာ‌စေ‌ရေးအတွက် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီး ဌာနအရာရှိများ၏ လုပ်ပိုင်ခွင့်ကို ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ကာ ‌ဒေသတွင်း‌ရွေး‌ကောက်တင်‌မြှောက်ခံ        ရသူ၊ အာဏာပိုင်တို့ထံ အပြည့်အဝ တာဝန်ခံမှုရှိ‌စေရန်၊ စွမ်း‌ဆောင်ရည်‌စောင့်ကြည့်စနစ် တစ်ရပ်နှင့် အကဲဖြတ် မူ‌ဘောင်တို့ကို အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအခန်းကဏ္ဍမှ ဝန်ကြီးဌာနတို့ တွဲဖက်‌ရေးဆွဲ မိတ်ဆက်‌ဖော်ထုတ်ခြင်းအားဖြင့် ဝန်‌ဆောင်မှု‌ပေးရာ တွင် တာဝန်ခံမှုမြင့်မားလာ‌စေရန်၊ လုပ်ငန်းတာဝန်‌ပေး အပ်မှုနှင့် အသုံးစရိတ်ချထားမှုဆိုင်ရာ မူဝါဒတစ်ရပ် ‌ရေးဆွဲကျင့်သုံးရန်၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီး အစိုးရ တို့၏ ဝင်‌ငွေပိုင်းဆိုင်ရာ မူဝါဒတစ်ရပ်‌ရေးဆွဲကျင့်သုံး ရန်နှင့် ထိုသို့‌ရေးဆွဲရာ၌ ဝင်‌ငွေရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‌ဒေသဖြစ်လာနိုင်‌ခြေအတွက် အခြားနည်းလမ်းများကိုပါ ထည့်သွင်း‌ရေးဆွဲရန် အစိုးရချင်း ရန်ပုံ‌ငွေအလွွှဲအ‌ပြောင်း များကို လွယ်ကူရှင်းလင်း‌သော တွက်နည်းအ‌ခြေပြု စနစ်တစ်ရပ် ‌ရေးဆွဲကျင့်သုံးရန်တို့ပင်ဖြစ်သည်။

Reference:

Realigning the Union Budget to Myanmar’s Development Priortes.

Myanmar Public Expenditure Review 2015.September 2015. The World Bank.

ရာပြည့်

Please follow and like us:
0