ကျန်းမာရေးမူဝါဒများ မချမှတ်မီလေ့လာဆန်းစစ်ရမည့် အကျိုးသက်ရောက်မှုများ

Info Digest ဂျာနယ် အမှတ် (၄)

Info Digest ဂျာနယ် အမှတ် (၄)

သူငယ်ချင်းဖြစ်တဲ့စာ‌ရေးဆရာမကြီးက ကျန်းမာ‌ရေး အ‌ပေါ် အကျိုးသက်‌ရောက်မှုများ ‌လေ့လာဆန်းစစ်ခြင်း (Health Impact Assessment-HIA) အ‌ကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ခုခု‌ရေးပါဆို‌တော့ ကျွန်‌တော်လည်း HIA နဲ့ ပတ်သက်လို့ ကိုယ့်‌ခေါင်းထဲရှိတာ‌တွေ စဉ်းစား ရင်းအရင်ဆုံး‌ပေါ်လာတဲ့အချက်‌တွေက ကျွန်‌တော့်ရဲ့ ဖားကန့်‌ဒေသ‌နေစဉ်က အ‌တွေ့အကြုံ‌တွေ၊ သတင်း မျက်နှာစာများမှာ မကြာခဏ‌တွေ့‌နေရတဲ့ မြစ်ဆုံ ပြဿနာ၊ လက်ပံ‌တောင်း‌တောင်ပြဿနာ၊ ‌ကျောက်မီး ‌သွေးသုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများနဲ့ပတ်သက်တဲ့ ပြဿနာ၊ ‌ရှေးယခင်က ‌ရေလွွှမ်းမိုးခြင်းဆိုတာ မရှိခဲ့ဘူး တဲ့‌ဒေသ‌တွေမှာ ‌ရေကြီး‌ရေလျှံတဲ့ ပြဿနာ‌တွေစတဲ့ အ‌ကြောင်းအရာ‌တွေက ‌ခေါင်းထဲအရင်ဝင်လာပါတယ်။

HIA ဆိုတဲ့စကားလုံးက ကျွန်‌တော်စတင် သိကျွမ်း ခဲ့ရတာ ပြည်သူ့ကျန်းမာ‌ရေးပညာဘွဲ့လွန်သင်တန်း တက်ဖြစ်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်မှပါ။ ဘွဲ့လွန်သင်တန်းမှာ မယူမ‌နေရဘာသာရပ် (၈) ခုအပြင် အခြား‌ရွေးချယ် သင်ယူနိုင်တဲ့ဘာသာရပ် (၆) ခုရှိခဲ့‌တော့ ကျွန်‌တော် လည်းဘယ်လိုဘာသာရပ်ကို သင်ရင်‌ကောင်းမလဲလို့ စဉ်းစား‌တော့ HIA ဘာသာရပ်ပါအ‌ကြောင်းအရာ‌တွေက ကျွန်‌တော့်စိတ်ကိုအ‌တော်လွွှမ်းမိုးခဲ့လို့ အဲ့ဒီဘာသာရပ်ကို သင်ယူဖို့ ‌ရွေးချယ်ခဲ့ပါတယ်။

ကျွန်‌တော့်စိတ်ကို အဖမ်းစားဆုံးအ‌ကြောင်းအရာ က‌တော့ HIA ဆိုတာ တိုင်းပြည်တစ်ခုရဲ့အ‌ရေးပါ‌သော မူဝါဒ‌တွေ ချမှတ်ရာမှာလည်း‌ကောင်း၊ နိုင်ငံအဆင့်၊ ‌ဒေသဆိုင်ရာအဆင့်စီမံကိန်း‌တွေ၊ အစီအစဉ်၊ စီမံချက် ‌တွေ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌တော့မယ်ဆိုရင် ဒီမူဝါဒ၊ စီမံကိန်း၊ အစီအစဉ်၊ စီမံချက်‌တွေ‌ကြောင့် ‌ဒေသခံရပ်ရွာ လူထုရဲ့ကျန်းမာ‌ရေးအ‌ပေါ် ဘယ်လိုများ အ‌ကောင်း၊ အဆိုးအကျိုးသက်‌ရောက်နိုင်မှု‌တွေကို ဒီမူဝါဒ‌တွေ၊ စီမံကိန်း‌တွေ မစတင်ခင်ကြိုတင်ပြီး‌တော့ ‌လေ့လာဆန်းစစ်တဲ့ အလုပ်ဆိုလို့ပါ။

ဒီလို‌လေ့လာဆန်းစစ်မှု‌တွေလုပ်ပြီးမှ ‌တွေ့ရှိချက် ‌တွေအ‌ပေါ်အ‌ခြေခံပြီး အဲဒီမူဝါဒ၊ စီမံကိန်း‌တွေ လုပ်သင့် သလား၊ မလုပ်သင့်ဘူးလားဆိုတာကို မူဝါဒချမှတ်သူ ‌တွေ၊ ဆုံးဖြတ်ချက်ချမှတ်သူ‌တွေ စဉ်းစားဆုံးဖြတ်ကြ တယ်ဆိုတာ သိရတဲ့အခါ ဆိုရှယ်လစ်‌ခေတ်မှာ ‌မွေးဖွား၊ ကြီးပြင်းခဲ့ပြီး စစ်အစိုးရ‌ခေတ်မှာ လုပ်ငန်းခွင်ဝင်ခဲ့ရတဲ့ ကျွန်‌တော့်အဖို့ အထူးအဆန်းစကားလုံး‌တွေပါပဲ။

ကျွန်‌တော်မြင်‌တွေ့ခဲ့ရတာ‌တွေ ပြန်သုံးသပ်မိ‌တော့ ကိုယ်‌ကောင်းမယ်ထင်တာ‌တွေ လုပ်ခဲ့တာ၊ အခု‌တော့ မှားမှန်းသိပါပြီဆိုတဲ့ ဆိုရှယ်လစ်ဆရာကြီးများ၊ မင်း ဘာမှ သိစရာမလိုဘူး ငါခိုင်းတာလုပ်ဆိုတဲ့ ဘုမသိ ဘမသိလုပ်လိုက်ရတဲ့ အ‌ခြေအ‌နေ‌တွေအကြားမှာ ရှင် သန်ခဲ့ရသူတစ်‌ယောက်‌နေနဲ့ ဒီဘာသာရပ်နဲ့ သူ့ကို အသုံးချပုံများ ဖတ်ရ‌တော့ ဒီဘာသာရပ်ကို အထူးပဲ စိတ်ဝင်စားမိလို့ ‌ရွေးချယ်သင်ယူဖြစ်ခဲ့တာပါ။

ဒီဘာသာရပ်ကို သင်ယူရချိန်များမှာ ပိုသိလာ‌လေ ပို‌ဒေါသထွက်စရာ‌တွေ ကြုံခဲ့ရပါတယ်။ အထက်မှာ ‌ရေးခဲ့သလိုပါပဲ၊ HIA ဘာသာရပ်ကို အ‌ခြေခံပြီး တိုင်း ပြည်မှာဖြစ်‌နေတဲ့ ပြဿနာ‌တွေကို ဆင်ခြင်ကြည့်တဲ့အခါ တိုင်းပြည်ရဲ့မူဝါဒချမှတ်သူ၊ ဆုံးဖြတ်ချက် ချမှတ်သူ‌တွေ အ‌နေနဲ့ ကိုယ်ဖြစ်ချင်တဲ့ အ‌ကြောင်းအရာ အနည်း အကျဉ်း‌လေးကိုပဲ ဦးထိပ်ထားပြီး သူ့‌ကြောင့်အခြား‌သော ကဏ္ဍ‌တွေအ‌ပေါ် သက်‌ရောက်လာနိုင်တဲ့ အကျိုးတရား ‌တွေကို ကျယ်ကျယ်ပြန့်ပြန့် ချင့်ချင့်ချိန်ချိန် ကြိုကြို တင်တင် ‌လေ့လာဆန်းစစ်သုံးသပ်ခြင်း လုပ်ငန်းကို အ‌လေးမထားခဲ့၊ တတ်သိနားလည်သူများကိုလည်း လုပ်ခွင့်မ‌ပေးခဲ့တာ၊ ‘‘ခွင်’’ ‌တွေ‌လောက်သာကြည့်ပြီး လုပ်ခဲ့ကြလို့ တိုင်းပြည်ဟာ ‌ရေတိမ်နစ်ခဲ့ရ၊ မဖြစ်သင့် တာ‌တွေဖြစ်ရ၊ မကြုံသင့်တာ‌တွေ ကြုံရတယ်လို့ သုံးသပ်မိပါတယ်။

HIA အ‌ကြောင်း မိတ်ဆက်သ‌ဘော‌ပြောရရင် ကမ္ဘာမှာ လွန်ခဲ့တဲ့ ၁၅ နှစ်‌လောက်ကစပြီး တိုင်းပြည်ရဲ့ မူဝါဒချမှတ်ရာမှာ စီမံကိန်းကြီးများ ‌ရေးဆွဲအ‌ကောင် အထည်‌ဖော်ရာမှာ ‌ဒေသခံရပ်ရွာလူထုရဲ့ ကျန်းမာ‌ရေး အ‌ပေါ် အကျိုးသက်‌ရောက်မှုများ ကြိုတင်‌လေ့လာဆန်း စစ်ခြင်း (Health Impact Assessment) HIA လုပ်ငန်းများ ကို စနစ်တကျ၊ ပွင့်လင်းမြင်သာမှုရှိရှိ ‌ဆောင်ရွက်နိုင်‌စေ ‌ရေး အစဉ်တစိုက်ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြပါတယ်။

ပြည်သူ့‌ရေးရာမူဝါဒများကိုချမှတ်ရာမှာ ကျန်းမာ ‌ရေးကဏ္ဍအတွက် အ‌ထောက်အပံ့ ဖြစ်‌စေမယ့်မူဝါဒများ (Healthy Public Policy) ဖြစ်လာ‌အောင် HIA လုပ်ငန်း များနဲ့ ‌ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဥပမာတစ်ခု‌ပေးရရင် နဝတ/နအဖ လက်ထက်မှာ ပြည်ပသွင်းကုန်အစားထိုး‌ရေး မူဝါဒ (Import Substitution Policy) ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြည်တွင်း ကားထုတ်လုပ်‌ရေးလုပ်ငန်းများကို နိုင်ငံ‌တော်ရဲ့ မူဝါဒ တစ်ခုအဖြစ် အား‌ပေးခဲ့တာ အမှတ်ရကြမှာပါ။ နိုင်ငံအနှံ့ လမ်းပန်းဆက်သွယ်‌ရေး ပိုမိုတိုးတက်‌ကောင်းမွန်လာ ‌အောင် ကားလမ်း၊ ရထားလမ်း‌တွေ မိုင်များစွာ၊ တံတား ‌တွေအ‌ရေအတွက်များစွာ၊ ‌ဆောက်လုပ်ခဲ့တာ စာဖတ်သူများ အမှတ်ရကြဦးမှာပါ။ အဲဒီပြည်သူ့‌ရေးရာ မူဝါဒ (Public Policy) ‌တွေဟာ လူထုရဲ့ကျန်းမာ‌ရေးအ‌ပေါ်လည်း အ‌ထောက်အပံ့ ပြုနိုင်ခဲ့တဲ့မူဝါဒများလား (Healthy Public Policy) ဆိုတာကို ‌မေးခွန်းထုတ်မယ် ဆိုရင်‌တော့ စဉ်းစားစရာ‌တွေ အများကြီးရှိလာပါလိမ့် မယ်။ အ‌ကြောင်းက အဲဒီမူဝါဒများနဲ့ ‌ခေတ်ပြိုင်မှာပဲ ကျန်းမာ‌ရေးကဏ္ဍမှာ ထိခိုက်ဒဏ်ရာအထူးကု ဆရာဝန် ‌တွေ ပိုမို‌မွေးထုတ်ခဲ့ရပါတယ်။ ခရိုင်အဆင့်အထိ ‌နေရာ ချထားလာခဲ့ရပါတယ်၊ ခရီးသွားလာစဉ်ထိခိုက်ဒဏ်ရာရ လူနာစာရင်း တစစတိုးလာပါတယ်။ အကယ်၍များ အဲဒီပြည်တွင်းဖြစ်ကားများ လမ်းပန်းဆက်သွယ်‌ရေး လုပ်ငန်းများနဲ့ ပတ်သက်တဲ့မူဝါဒ‌တွေ မချမှတ်ခင်မှာ HIA လုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့ပြီး ‌တွေ့ရှိချက် ‌တွေအ‌ပေါ် အ‌ခြေခံလို့ ယင်းမူဝါဒများကိုမချမှတ်မီ ပြန်လည်သုံးသပ်ခြင်း၊ မူဝါဒအ‌ကောင်အထည်‌ဖော်မှု အပိုင်း‌တွေမှာ လိုအပ်သည့် စိစစ်ထိန်းချုပ်မှုများကို ထည့်သွင်း‌ဆောင်ရွက်ခဲ့ကြမယ်ဆိုရင် အိတ်‌ပေါက်နဲ့ ဖား‌ကောက်ရတဲ့ အဖြစ်မျိုးကို အတိုင်းအတာတစ်ခုအထိ ‌ရှောင်ရှားနိုင်ပါတယ်။

‌နောက်ထင်ရှားတဲ့ဥပမာဆိုရင် ယခုရန်ကုန်-‌နေပြည်‌တော်-မန္တ‌လေးအမြန်လမ်းလို စီမံကိန်းမျိုးပါ။စီမံကိန်းမစတင်မီ HIA လုပ်ငန်းများကို စနစ်တကျ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ၊ ပွင့်လင်းမြင်သာမှုရှိရှိသာ ‌ဆောင်ရွက်နိုင်ခဲ့ပြီး ယင်းလုပ်ငန်းမှ ‌တွေ့ရှိချက်များကို ထည့်သွင်းစဉ်းစားပြီးမှ အမြန်လမ်းကြီးကို တည်‌ဆောက် ခဲ့မယ်ဆိုရင် အမြန်လမ်း‌ပေါ်မှာ အန္တရာယ်ကြုံ‌တွေ့ခဲ့ရသူ ‌တွေ၊ အသက်ဆုံးရှုံးခဲ့ရသူအ‌ရေအတွက်ဟာ ဒီထက် အများကြီး ‌လျော့နည်း‌နေမှာ ဧကန်အမှန်ဖြစ်ပါတယ်။ အခု‌တော့ပြည်သူ့ဘဏ္ဍာ‌ငွေ‌တွေ ထပ်မံအကုန်အကျခံပြီး ဒီလမ်းကြီးကိုပြင်ဆင်ရပါဦးမယ်။ ကျန်းမာ‌ရေး ဝန်ကြီး ဌာနအ‌နေနဲ့လည်း ဒီလမ်းမကြီး‌ပေါ်မှာ သွားလာ‌နေကြ သူများအတွက် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ ‌ရှေးဦးပြုစုမှု အကာအကွယ်များ ပံ့ပိုးရခြင်း‌ကြောင့် မိ‌အေးနှစ်ခါနာ ဆိုသလိုမျိုး ဖြစ်‌နေရပါပြီ။

ကျွန်‌တော်ဖားကန့်‌ဒေသကို ၁၉၉၂ ခုနှစ်မှာ ‌ရောက်ပါတယ်။ ၂ဝဝ၂ ခုနှစ်အထိ ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်‌တော်‌ရောက်စနှစ်များက နိုင်ငံ‌တော်က ‌ကျောက်စိမ်း‌ဈေးကွက်ကို မြန်မာပြည်မှာ ပိုမိုဖြစ်ထွန်းလာဖို့ ရည်ရွယ်ပြီး ‌ကျောက်စိမ်းလုပ်ငန်းကို နိုင်ငံသားလုပ်ငန်းရှင်များကို လုပ်ငန်းလုပ်ပိုင်ခွင့်များ ချမှတ်‌ပေး‌နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီပြည်သူ့‌ရေးရာ မူဝါဒဟာ ‌ကောင်းမွန်သင့်‌လျော်တဲ့မူဝါဒတစ်ခုလို့ မြင်ပါ တယ်။ ဒါ‌ပေမဲ့ Healthy Public Policy ဖြစ်ပါသလား ဆိုရင်‌တော့ ‌မေးခွန်းထုတ်စရာ‌တွေအများကြီးပါ။ ‌ကျောက်စိမ်းလုပ်ငန်းများ‌ကြောင့် ဥရုမြစ်ကြီး အလျင် အမြန်‌ကောသွားပြီး နှစ်စဉ်မြစ်‌ရေလျှံမှု‌ကြောင့် စည်းစိမ် ဥစ္စာ၊ လူ့အသက်‌ပေါင်းများစွာ နှစ်စဉ်ဆုံးရှုံးခဲ့ရပါတယ်။ စက်ယန္တရားကြီးများအသုံးပြုခွင့်‌ပေးထားမှု‌ကြောင့် ပတ်ဝန်းကျင်‌ဂေဟစနစ် လျင်မြန်စွာပျက်စီးသွားခဲ့ရပါ တယ်။ မူဝါဒ‌ကောင်း‌သော်လည်း မူဝါဒ အ‌ကောင် အထည်‌ဖော်မှုအပိုင်းမှာ HIA, EIA လုပ်ငန်းများ မပါဝင် ခဲ့မှု‌ကြောင့် နိုင်ငံအတွက် အကျိုးနဲ့အပျက် ဘယ်အရာ ကများသလဲဆိုတာ ‌မေးမယ်ဆိုရင်အကျိုးချည်းပါလို့ မျက်စိမှိတ်‌ဖြေလို့မရတာ အမှန်ပင်ဖြစ်‌နေပါပြီ။

ဒီ‌နေ့ အချိန်မှာ‌တော့ ဥ‌ရောပနိုင်ငံ‌တွေ၊ ဩစ‌တြေးလျ၊ နယူးဇီလန်၊ အ‌မေရိကန် ပြည်‌ထောင်စုနဲ့ အ‌ရှေ့‌တောင်အာရှရှိ အချို့‌သောနိုင်ငံများမှာ HIA လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ‌ဆောင်ရွက်လျက် ရှိပြီး မူဝါဒချမှတ်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှုများတွင် HIA လုပ်ငန်းကို အ‌ရေးပါ‌သောအဆင့်တစ်ခုအဖြစ် သတ်မှတ်ထားပြီးကြပါပြီ။ HIA လုပ်ငန်းများနဲ့ လူထု အတွင်း ကျန်းမာ‌ရေးဆိုင်ရာ မညီမျှမှုများ ပ‌ပျောက် ‌စေ‌ရေးအတွက် စနစ်တကျ စီစဉ်‌နေကြပါတယ်။ ဖွံ့ဖြိုး ပြီး ကမ္ဘာ့‌ရှေ့တန်း‌ရောက်‌နေတဲ့နိုင်ငံများက HIA လုပ်ငန်းများကို မ‌ရေးလို‌ပေမယ့် ကျွန်‌တော်တို့အိမ်နီးချင်း ထိုင်းနိုင်ငံက HIA လုပ်ငန်းများအ‌ကြောင်းကို‌တော့ ‌ရေးပြ ချင်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံဟာ အ‌ရှေ့‌တောင်အာရှ နိုင်ငံများအနက် HIA လုပ်ငန်းများ ‌အောင်‌အောင်မြင်မြင် ‌ဆောင်ရွက်‌နေတဲ့နိုင်ငံများအနက်မှ တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ HIA ဖြစ်ထွန်းလာမှုသမိုင်း‌ကြောင်းကိုကြည့် ရင် ထိုင်းနိုင်ငံရဲ့‌ခေါင်း‌ဆောင်များဟာ သူတို့နိုင်ငံအ‌ပေါ် ‌မျှော်မှန်းချက်ကြီးကြီးမားမားထားခဲ့သလို တစ်ဖက်မှာ လည်း အဲ့ဒီရည်မှန်းချက်များ အ‌ကောင်အထည်‌ဖော်‌ရေး မှာ အခက်အခဲများလည်း များစွာရင်ဆိုင်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

ထိုင်းအစိုးရအ‌နေနဲ့ သူ့နိုင်ငံကို စီးပွား‌ရေးဖွံ့ဖြိုး တိုးတက်တဲ့ စက်မှုနိုင်ငံတစ်ခုအဖြစ် ‌ပေါ်‌ပေါက်လာဖို့ ဦးတည်ချက်ထားပြီး နှစ်ကာလအတန်ကြာကတည်းက ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြရာမှာ အ‌ခြေခံအ‌ဆောက်အဦ များနဲ့စက်မှုကဏ္ဍအ‌ပေါ် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ဖွံ့ဖြိုး‌ရေးမူဝါဒများနဲ့ မဟာဗျူဟာ‌မြောက် အ‌ကောင်အထည်‌ဖော်မှုများမှာ ‌ဒေသခံလူထုရဲ့ ကျန်းမာ‌ရေးကို ဆိုးရွားစွာထိခိုက်‌စေခဲ့တဲ့ အဖြစ်အပျက်များစွာ ရှိခဲ့ပြီး လူထုနဲ့ပဋိပက္ခ‌ပေါင်းများစွာ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွား ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၁၉၉ရ ခုနှစ်ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေက အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းများအကြား ဆက်ဆံ‌ရေး ပိုမို‌ကောင်းမွန်လာဖို့၊ ဆုံးဖြတ်ချက်ချမှတ် ခြင်းများမှာ ဗဟိုချုပ်ကိုင်မှု‌လျော့နည်းလာ‌စေဖို့နဲ့ နိုင်ငံ အရင်းအမြစ်များခွဲ‌ဝေသုံးစွဲမှု‌တွေမှာ တာဝန်ယူမှု၊ တာ ဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကိုယ်စားပြုမှုတို့အတွက် ပိုမိုတိုးတက်လာ‌စေမယ့် အစီအမံများဖြစ်လာ‌စေဖို့ ပံ့ပိုး ‌ပေးခဲ့ပါတယ်။ ဗဟိုအစိုးရနဲ့ ‌ဒေသဆိုင်ရာ အစိုးရများ အတွင်း မူဝါဒ‌ရေးရာအ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက် မှုများမှာ ရပ်ရွာလူထုရဲ့ ပူး‌ပေါင်းပါဝင်နိုင်‌စေ‌ရေး အခွင့် အလမ်းများ တိုးလာ‌စေခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသားကျန်းမာ‌ရေးစနစ် ပြုပြင် ‌ပြောင်းလဲ‌ရေးလုပ်ငန်းက ၂ဝဝဝ ခုနှစ်မှာ စတင်ခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီပြုပြင်‌ပြောင်းလဲ‌ရေးလုပ်ငန်းမှာ ပြည်သူ့ ‌ရေးရာမူဝါဒချမှတ်ခြင်းဖြစ်စဉ်မှာ လူထုပါဝင်မှု ကို ပိုမိုတိုးတက်လာ‌စေတဲ့ ‌ရှေ့‌ဆောင်လုပ်ငန်းများ ပါဝင်လာခဲ့ပါတယ်။ အစိုးရဲ့ပြည်သူ့‌ရေးရာ မူဝါဒများ ကို ကျန်းမာ‌ရေးကဏ္ဍအတွက် ပံ့ပိုး‌ပေးနိုင်မယ့် မူဝါဒ များဖြစ်‌စေဖို့အ‌ရေး ကြိုးပမ်း‌ဆောင်ရွက်မှုများ ပါဝင် လာခဲ့တယ်လို့ဆိုပါတယ်။

ဒီပြုပြင်‌ပြောင်းလဲမှုမှာ ထိုင်းနိုင်ငံကျန်းမာ‌ရေးစနစ် သု‌တေသနအင်စတီကျု့မှ ဦး‌ဆောင်ပြီး HIA သု‌တေသန နဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းများအစီအစဉ်ကို စတင်‌ဆောင်ရွက်ခဲ့ပါ တယ်။ ဒီအစီအစဉ်မှာ အခြားနိုင်ငံများမှာ ‌ဆောင်ရွက် ‌နေတဲ့ HIA လုပ်ငန်းများကို သု‌တေသနပြု‌လေ့လာခြင်း၊ HIA လုပ်ငန်းများကို ထိုင်းနိုင်ငံမှာ ‌ဆောင်ရွက်မယ် ဆိုရင် ထိုင်းနိုင်ငံအတွက် အထူးအ‌လေးထား စဉ်းစား သင့်တဲ့ အ‌ကြောင်းအရာများ၊ မူဝါဒ‌ရေးရာများကို ‌ဖော် ထုတ်ခြင်းစတာ‌တွေကို ဦးစား‌ပေး‌ဆောင်ရွက်ခဲ့ကြ ပါတယ်။

အဲဒီလိုစဉ်းစား‌ဆောင်ရွက်ခဲ့ကြရာမှာ ထိုင်းနိုင်ငံက HIA အတွက် မူဝါဒချ မှတ်‌ပေးမယ့်သူများအတွက် ‌ခေါင်းခဲစရာအချက်တစ်ခု ကြုံခဲ့တယ်လို့ဆိုပါတယ်။ ဘာလဲဆို‌တော့ HIA ကိုပတ်ဝန်းကျင်အ‌ပေါ် အကျိုး သက်‌ရောက်မှု‌လေ့လာဆန်းစစ်ခြင်း (Environmental Impact Assessment, EIA) လုပ်ငန်းရဲ့ တစိတ်တပိုင်း အဖြစ်ထားပြီး ကျန်းမာ‌ရေးကဏ္ဍအ‌ပေါ် အကျိုးသက် ‌ရောက်မှုကို ဘက်စုံ‌ထောင့်စုံက ချဉ်းကပ်‌လေ့လာမည့် ပုံသဏ္ဍာန်အဖြစ် သတ်မှတ်ရမလား (ဒီပုံစံကို က‌နေဒါနဲ့ နယူးဇီလန် နိုင်ငံများမှာ ကျင့်သုံးကြပါတယ်၊ ဒီလိုချဉ်း ကပ်မှုက HIA ကိုစီမံချက်လုပ်ငန်းများ အဆင့်မှာ ပိုမို စူးစိုက်‌စေတဲ့အဆင့် ဖြစ်ပါတယ်)၊ ဒါမှမဟုတ် HIA ကို ကျန်းမာ‌ရေးကို အ‌ထောက်အပံ့ဖြစ်‌စေတဲ့ ပြည်သူ့ ကျန်းမာ‌ရေးမူဝါဒများ ‌ပေါ်‌ပေါက်လာ‌စေ‌ရေးကို ပိုမို ‌ရှေးရှု‌စေတဲ့ လုပ်ငန်းအသွင်နဲ့ ‌ဆောင်ရွက်ရမလား (ဒီလို ချဉ်းကပ်‌ဆောင်ရွက်မှုပုံစံကို နယ်သာလန်နဲ့ ယူနိက် တက်ကင်းဒမ်းနိုင်ငံများမှာ ‌တွေ့မြင်နိုင်ပါတယ်) ဆိုတဲ့ အချက်ပါ။ ဒီပုံစံနဲ့ ‌ဆောင်ရွက်တဲ့ HIA လုပ်ငန်းများက မူဝါဒချမှတ်သူများ၊ ဆုံးဖြတ်ချက် ချမှတ်သူများအတွက် အ‌ဖြေများထက် အကြံပြုမှုများကို သက်‌သေအ‌ထောက် အထားများနဲ့အတူ ‌ပေးစွမ်းပါတယ်။

ကနဦးပိုင်းမှာ‌တော့ထိုင်းနိုင်ငံက သု‌တေသီများနဲ့ ရပ်ရွာလူထုအဖွဲ့အစည်းများကို ပထမပုံစံကို ပိုမိုနှစ်ခြိုက် ခဲ့ကြပါတယ်။ ဒီနည်းလမ်းကိုသုံးပြီး ထိုင်းနိုင်ငံအတွင်း မှာ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မယ့် စီမံကိန်း၊ စီမံချက်များ မစတင်မီ ၎င်းစီမံကိန်း၊ စီမံချက်များ အ‌ကောင်အထည်‌ဖော်ခဲ့ရင် ဖြစ်လာနိုင်တဲ့ ကျန်းမာ‌ရေး ဆိုင်ရာ အဆိုးအ‌ကောင်း‌တွေကို HIA နည်းလမ်းများနဲ့ ကြိုတင်‌လေ့လာဆန်းစစ်ပြီး အဆိုပါစီမံကိန်း၊ စီမံချက် အဆိုပြုလွွှာများကို‌ဆောင်ရွက်သင့်/မသင့် ဆုံးဖြတ်ခဲ့ကြ ပါတယ်။ သို့‌သော်လည်း လုပ်ငန်းကျွမ်းကျင်သူအ‌ရေ အတွက်၊ အ‌တွေ့အကြုံအားနည်း‌သေးတဲ့ ကနဦး ကာလ မှာ HIA လုပ်ငန်းများဟာ နိုင်ငံ‌ရေးနယ်ပယ်အတွင်းမှာ အတိုင်းအတာတစ်ခုအထိ အကြပ်ကိုင်၊ အသုံးချခံ ဖြစ်ခဲ့ ပါ‌သေးတယ်။

၂ဝဝ၂ ခုနှစ်၊ ဩဂုတ်လမှာ‌တော့ ထိုင်းနိုင်ငံရဲ့ အမျိုးသားကျန်းမာ‌ရေးစနစ် ပြုပြင်‌ပြောင်းလဲ‌ရေး ‌ကော်မတီက ဒုတိယချဉ်းကပ်မှုပုံစုံကို ထိုင်းနိုင်ငံမှာ ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် HIA လုပ်ငန်းများကို Helthy Public Policy များ ‌ပေါ်ထွန်းလာ‌စေဖို့ကြိုးပမ်း‌ဆောင်ရွက်ရာမှာ အသုံးချ ဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အမျိုးသားကျန်းမာ ‌ရေးစနစ် သု‌တေသနအင်စတီကျု့ကလည်း HIA လုပ်ငန်းများ ထိုင်းနိုင်ငံအတွင်း‌ဆောင်ရွက်ရာမှာ အ‌ခြေခံ သင့်တဲ့ ကဏ္ဍ (၄) ရပ်ကို ‌ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ဒီကဏ္ဍများက‌တော့ လူထုရဲ့ပူး‌ပေါင်းပါဝင်‌ဆောင်ရွက် မှုများကို အ‌ခြေခံတဲ့ မူ‌ဘောင်တစ်ခုအတွင်းမှာ လုပ်ငန်း များကို အ‌ကောင်အထည်‌ဖော်ဖို့၊ HIA လုပ်ငန်းများ ‌ဆောင်ရွက်ရာမှာ၊ ‌တွေ့ရှိချက်များကို မူဝါဒချမှတ်သူများ အားတင်ပြု အကြံပြုချက်များ‌ပေးရာမှာ တိကျတဲ့ လမ်း ညွွှန်မှုများနဲ့ စနစ်ပုံစံ သတ်သတ်မှတ်မှတ်‌ဆောင်ရွက်ဖို့၊ အထက်ပါကဏ္ဍနှစ်ရပ်ကို ထိထိ‌ရောက်‌ရောက်ပံ့ပိုး‌ပေး နိုင်တဲ့ ကျွမ်းကျင်သူများကို ဖွဲ့စည်းပြီး အ‌ထောက်အပံ့ ‌ပေးဖို့နဲ့ HIA လုပ်ငန်းများရဲ့ အရည်အ‌သွေးကို အစဉ် ‌လေ့လာဆန်းစစ်ဖို့၊ HIA လုပ်ငန်းများမှ ထွက်‌ပေါ် လာမယ့် ရလဒ်များကိုအ‌ခြေခံပြီး Healthy Public Policy များ ‌ပေါ်‌ပေါက်‌စေ‌ရေးဆက်လက်‌ဆောင်ရွက်ရမယ့် လုပ်ငန်းများအတွက် ပတ်ဝန်းကျင်အ‌ခြေခံ‌ကောင်းတစ်ခု (ဥပမာအားဖြင့်အင်တာနက်စာမျက်နှာများလုပ်‌ဆောင်ဖို့၊ မီဒီယာများ၏ အင်အားကိုအသုံးချဖို့) ‌ပေါ်‌ပေါက်လာ‌စေ ‌ရေး ‌ဆောင်ရွက်ဖို့ စတာ‌တွေဖြစ်ပါတယ်။

အဲဒီ‌ဆောင်ရွက်ချက်များအပြင် အ‌တော့်ကို အ‌ရေး ကြီးတဲ့‌ခြေလှမ်းတစ်ခုကိုလည်း ထိုင်းနိုင်ငံရဲ့ HIA ဦး‌ဆောင်သူများက ‌ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒါက ‌တော့ HIA လုပ်ငန်းများနဲ့ပတ်သက်ပြီး ဦး‌ဆောင်လမ်း ညွွှန်မှု‌ပေးမယ့် ဖွဲ့စည်းပုံတစ်ခုကို ‌ရေးဆွဲဖွဲ့စည်းနိုင်ခဲ့ ခြင်းနဲ့ HIA လုပ်ငန်းများမှတစ်ဆင့် Healthy Public Policy များ ဖြစ်ထွန်းလာ‌စေ‌ရေး အကြံပြုခြင်း၊ လှုံ့‌ဆော် စည်းရုံးခြင်းများဆိုင်ရာ မူ‌ဘောင်တစ်ခုနဲ့ ‌လေ့ကျင့် သင်ကြားမှုအစီအစဉ်များ ‌ဖော်ထုတ်‌ဆောင်ရွက်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း HIA လုပ်ငန်းများကို စီမံ ကိန်း၊ စီမံချက်များ အ‌ကောင်အထည်မ‌ဖေါ်မီ ‌လေ့လာ ဆန်းစစ်ခြင်းများပြုလုပ်ကာ အ‌ကောင်အထည်‌ဖော်သင့် မ‌ဖော်သင့် အကြံဉာဏ်များ‌ပေးရာမှာလည်း‌ကောင်း၊ healthy public policy များ ‌ပေါ်ထွန်းလာ‌စေ‌ရေး ‌ဆောင် ရွက်ရာမှာလည်း‌ကောင်း ထိထိ‌ရောက်‌ရောက် ထည့် သွင်း‌ဆောင်ရွက်‌တော့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အ‌တွေ့ အကြုံများဟာ အထူးပင် အသုံးတည့်နိုင်တယ်လို့ ထင်မြင်မိပါတယ်။

ဒီ‌နေ့နိုင်ငံတကာအသိုင်းအဝိုင်းကို ကြည့်မယ်ဆိုရင် လည်း HIA လုပ်ငန်းများကို မူဝါဒချမှတ်ရာမှာ မဖြစ် မ‌နေ ထည့်သွင်း‌ဆောင်ရွက်ရမယ့်၊ ပုံမှန်လုပ်ထုံး လုပ်နည်းတစ်ခုအဖြစ် ‌ဆောင်ရွက်ကြရန်နိုင်ငံအစိုးရများ၊ အဖွဲ့အစည်းများကိုမူဝါဒတစ်ခုအဖြစ်ထားကာ အား‌ပေး လျက်ရှိပါတယ်။ သို့‌သော်လည်း HIA လုပ်ငန်းများကို မူဝါဒ‌ဖော်‌ဆောင်မှု အစီအစဉ်များမှာ လုပ်ရိုးလုပ်စဉ် အ‌လေ့အကျင့်တစ်ခုဖြစ်လာ‌အောင် ကြိုးပမ်းရသည့်          လုပ်ငန်းများမှာ အထူးပင်ခက်ခဲပြီး စိန်‌ခေါ်မှုများပြား ‌ကြောင်းကို လွန်ခဲ့သည့် နှစ်များအတွင်း HIA လုပ်ငန်း များကို‌ဆောင်ရွက်ရင်း ရခဲ့သည့်နိုင်ငံအသီးသီးမှ အ‌တွေ့ အကြုံများက ‌ဖော်ပြ‌နေကြပါတယ်။

HIA သည် မျှတမှု၊ တန်းတူညီမျှမှုတို့ကို ဦးထိပ် ထားသည်ဆို‌သော်လည်း ရရှိခဲ့သည့် အ‌တွေ့အကြုံ များအရ လက်‌တွေ့အ‌ကောင်အထည်‌ဖော်မှုအပိုင်းတွင်      အကန့်အသတ်များ ရှိ‌နေဆဲပင်ဖြစ်ပါတယ်။

ဒါကလည်း HIA ရဲ့ဖြစ်ထွန်းလာမှု သမိုင်း‌ကြောင်း နဲ့ ဆက်စပ်‌နေပါတယ်၊ HIA က ကနဦးအစမှာ စီမံချက် အဆင့် ‌လေ့လာဆန်းစစ်ခြင်းနဲ့ စခဲ့တာဖြစ်ပြီး မူဝါဒ ချမှတ်ရာမှာ အထက်စီမံချက်လုပ်ငန်းများ စီစဉ်‌ရေး ဆွဲရာမှာအဆင့်တစ်ခုအ‌နေနဲ့ ထည့်သွင်းသတ်မှတ် အ‌ကောင်အထည်‌ဖော်လာတာဖြစ်လို့ပါ။

မူဝါဒချမှတ်ခြင်း၊ အ‌ကောင်အထည်‌ဖော်ခြင်းများ ဟာ စီမံချက်လုပ်ငန်းများ စီစဉ်‌ရေးဆွဲအ‌ကောင်အထည် ‌ဖေါ်ရတဲ့အလုပ်နဲ့နှိုင်းယှဉ်ရင် ပိုမိုရှုပ်‌ထွေးပြီး စိန်‌ခေါ်မှု များလည်းပိုမိုများပြားပါတယ်။ အဓိကအချက်က အချိန် ဇယားပဲဖြစ်ပါတယ်။ စီမံချက်၊ စီမံကိန်းများမှာ HIA ‌ဆောင်ရွက်ဖို့ အချိန်ကာလတစ်ခုကို ထည့်သွင်းရတာထက် မူဝါဒတစ်ခုမချမှတ်မီ HIA လုပ်ငန်းများ‌ဆောင်ရွက်ဖို့ ထည့်သွင်းစီစဉ်ရတာက ပိုမိုလွယ်ကူပါတယ်။

မူဝါဒချမှတ်မှုအပိုင်းမှာ လူထုကိုချပြရမယ့်အချိန်၊ ညှိနှိုင်း‌ဆွေး‌နွေးရမယ့်အချိန်၊ အတည်ပြုရမယ့် အချိန် ဇယား‌ဘောင်တစ်ခုအတွင်းမှာ HIA လုပ်ငန်းများ ‌ဆောင်ရွက်ဖို့၊ ‌တွေ့ရှိချက်များကို အ‌ခြေခံစဉ်းစားဖို့ဆိုတာ အ‌တော်ကြီးတဲ့စိန်‌ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ သို့‌သော် လည်းလုပ်မယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးလို့ ကျွန်‌တော် အ‌နေနဲ့ ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်သူ့‌ရေးရာ မူဝါဒချမှတ်မှုအပိုင်းများမှာ HIA လုပ်ငန်းများကို မပါ မဖြစ် အဆင့်တစ်အဖြစ် ဥပ‌ဒေပြုသူများက စဉ်းစား ‌ဆွေး‌နွေးကြမယ့်‌နေ့၊ ဥပ‌ဒေ သို့မဟုတ် နိုင်ငံ‌တော်အဆင့် စီမံကိန်း၊ စီမံချက်များအ‌ကောင်အထည်မ‌ဖော်မီ HIA ကို မဖြစ်မ‌နေ‌ဆောင်ရွက်ကြဖို့ အစိုးရရဲ့ မူဝါဒဖြစ်ထွန်း ‌ပေါ်‌ပေါက်လာမယ့်‌နေ့ကို ‌စောင့်‌မျှော်လျှက်ရှိပါ‌ကြောင်း။

မူဝါဒချမှတ်မှု၊ အသိ‌ပေးမှု၊ အ‌ကောင်အထည်‌ဖော်မှု ဆိုသည့် အချိန်ဇယားအတွင်း HIA လုပ်ငန်းများ ဟန် ချက်ညီညီထည့်သွင်း‌ဆောင်ရွက်‌ရေးမှာ မူဝါဒ‌ရေးရာ အဆင့်တွင် HIA ကိုထည့်သွင်းရန်အတွက် အဓိက စိန်‌ခေါ်မှုများအနက်မှ တစ်ခုပင် ဖြစ်ပါတယ်။

ဒေါက်တာထွန်းအောင်ရွှေ

Please follow and like us:
0