၂၁ ရာစု ပင်လုံနှင့် ဆွေးနွေးညှိနှိုင်းနိုင်မည့်အခြေအနေ ဖန်တီးရေး

Info Digest Journal_အမှတ်(၈)

Info Digest Journal_အမှတ်(၈)

စင်စစ် ၂၁ ရာစုပင်လုံညီလာခံသည် လုံးဝဥဿုံအသစ်စက်စက် ငြိမ်းချမ်းရေး ညီလာခံဟု ဆိုရန် ခက်ခဲသည့်အခြေအနေတွင် ရှိပေသည်။ ၂၀၁၁-၁၅ ခုနှစ်အတွင်း ယခင်အစိုးရလက်ထက်တွင် စတင်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အဆက် ဖြစ်ကာ၊ ယင်း၏ရလဒ်များကိုမပစ်ပယ်ဘဲ အသစ်ဖြည့်စွက်ပြုပြင်၍ ဆောင်ရွက်သော ညီလာခံလည်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် အားသာချက်မှာ ယခင်ကျင်းပခဲ့သော ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ဇန်နဝါရီ ၂၀၁၆)တွင် ဆွေးနွေးထား ခဲ့သော ဆွေးနွေးချက်များကို ကြိုတင်လေ့လာထားနိုင်ပြီး ယင်းထဲမှ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူကာ ယခု ၂၁ ရာစု ပင်လုံညီလာခံတွင် ပိုမို ထိရောက်သော ဆွေးနွေးပွဲပုံစံဖြစ်အောင် ဖန်တီးနိုင်ခြင်းဖြစ်ပါလိမ့်မည်။ အားနည်း ချက်မှာ ယခင်ညီလာခံတွင် ဦးဆောင်ခဲ့ဖူးသူများထဲမှ ကျွမ်းကျင်ပြီး အဘက်ဘက်မှ ယုံကြည်မှုရှိသူအချို့ ပြန်ပါမလာတော့ခြင်း၊ ပြန်ပါလာသူများအနေဖြင့်လည်း ယခု အခင်းအကျင်းအသစ်တွင် ယင်းတို့၏အခန်းကဏ္ဍမှာ ပုံစံပြောင်းသွားခြင်း၊ ကွင်းစိမ်း သူများ(ယခင်ဆွေးနွေးပွဲအစဉ်အဆက်နှင့်ကင်းကွာခဲ့သူများ) ပါဝင်လာခြင်းတို့ ဖြစ်ပါ လိမ့်မည်။ ထို့ကြောင့် ယခုကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံကြီးအနေဖြင့် နောက်ခံရည်ရွယ်ချက်နှင့် ကျွမ်းကျင်မှုချင်းမတူသည့် အစုအဖွဲ့တစ်ဖွဲ့ချင်းစီ၏ ဆွေး နွေးပြောဆိုမှုများကို အထိရောက်ဆုံး ညှိနှိုင်းနိုင်မည့်အခြေအနေကို ဖန်တီးရေးမှာ အဓိကအကျဆုံး စိန်ခေါ်မှုဖြစ်ပါလိမ့်မည်။
ယခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကတည်းက ကြားဝင်စေ့စပ်သူ(နြိငအေသမ) ဟူ၍ မထားဘဲ တိုက်ရိုက်ညှိနှိုင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ယခုညီလာခံတွင်လည်း အလားတူပုံစံဖြင့်ပင် ဆောင်ရွက်မည့်အလားအလာကို တွေ့ရပါသည်။ တိုက်ရိုက် ညှိနှိုင်းရာတွင် ညှိနှိုင်းဖော်၊ ညှိနှိုင်းဖက်များအကြား တစ်ဖက်ဖက်က လွှမ်းမိုးအသာ စီးယူကာ ဆွေးနွေးညှိနှိုင်းသည့်အနေအထားသို့ မရောက်အောင် ဆောင်ရွက်သည့် င်္ခေငူငအအေငသည သည် လွန်စွာအရေးကြီးပါသည်။ ယခင်ညီလာခံထက် တက်ရောက်မည့် အစုအဖွဲ့အရေအတွက် ပိုများမည်ဟု ယူဆရသောကြောင့် ယင်းကိစ္စမှာ ပို၍အရေး ကြီးလှပါသည်။
မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုအဆင့်ညီလာခံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၏ ကနဦးအဆင့်သာ ဖြစ်ပါလိမ့်မည်။ နောင်တွင် သက်ဆိုင်ရာဒေသအလိုက် အမျိုး သားအဆင့်ညီလာခံများကို ကာလအလိုက် ဆောင်ရွက်သွားကြမည်ဖြစ်ရာ အဆိုပါ အမျိုးသားအဆင့်ညီလာခံများတွင် င်္ခေငူငအအေငသည ၏ အခန်းကဏ္ဍကို ပိုမိုအလေးအနက် ထားရန်လိုအပ်ကြောင်း သတိပြုစေချင်ပါသည်။ ပြည်ထောင်စုအဆင့်သည် အမျိုးသား အဆင့်မှ သယ်ဆောင်လာသော အကြောင်းအရာများကို နောက်ဆုံးအဆင့် ဆွေး နွေးရမည့် ညီလာခံသဘောဆောင်သဖြင့် ဒေသအလိုက် ကာလအလိုက် ဆောင်ရွက် မည့် အမျိုးသားအဆင့်ညီလာခံများတွင် အကြောင်းအရာအလိုက်၊ အနှစ်သာရအလိုက် အကျေအလည် လူစေ့တက်စေ့ ဆွေးနွေးညှိနှိုင်းပြောဆိုခွင့်ရရေးမှာ သာ၍ပင် အရေး ကြီးလှပါသည်။
အချုပ်အားဖြင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုပုံစံကို အခြေခံပြီး ကြားဝင်စေ့စပ်သူ ဟု မထားသည့် ငြိမ်းချမ်းရေးညီလာခံအဆင့်ဆင့်တွင် နောက်ခံရည်ရွယ်ချက်နှင့် ကျွမ်းကျင်မှုချင်း မတူသည့်အစုအဖွဲ့တစ်ဖွဲ့ချင်းစီ၏ ဆွေးနွေးပြောဆိုမှုများကို အထိ ရောက်ဆုံး ညှိနှိုင်းနိုင်မည့်အခြေအနေအတွက် င်္ခေငူငအအေငသည ၏ အခန်းကဏ္ဍကို အကောင်းဆုံး အားထုတ်နိုင်ပါစေကြောင်း မျှော်လင့်ဆုတောင်းအပ်ပါသည်။
အယ်ဒီတာ

Please follow and like us:
0