အာဆီယံအဖွဲ့အကြောင်း

Asean Logo

 

 

 

တစ်ခုတည်းသောနိုင်ငံ
အာဆီယံနိုင်ငံများအဖွဲ့ကို တစ်ခုတည်းသောနိုင်ငံဟု မှတ်ယူပါက အာရှ၌ စီးပွားရေးအရ တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ဂျီဒီပီအရ ကမ္ဘာပေါ်တွင် သတ္တမမြောက်အင်အားအကြီးမားဆုံးနိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်သည်။ လက်ရှိအလားအလာများအတိုင်း ဆက်လက်ဖြစ်တည် နေမည်ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ စီးပွားရေးအရ စတုတ္ထအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။

အာဆီယံလူဦးရေနှင့်ဈေးကွက်
အာဆီယံနိုင်ငံများတွင် နေထိုင်နေသည့် လူဦး သည် ၆၂၂ သန်းရှိသည်။ ၂.၆ ထရီလီယံဒေါ်လာ တန်ဖိုးရှိသည့် ဈေးကွက်အခွင့်အလမ်းသည် အာဆီယံနိုင်ငံတွင် ရှိနေသည်။

အာဆီယံနိုင်ငံများအဖွဲ့ထူထောင်ခြင်း
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ထိုင်း နိုင်ငံစသော နိုင်ငံ ၅ နိုင်ငံဖြင့် ၁၉၆၇ ခုနှစ် သြဂုတ် လ ၈ ရက်တွင် ထိုင်းနိုင်ငံ၌ စတင်ထူထောင်ခဲ့သည်။ ဘရူနိုင်းနိုင်ငံသည် ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၈ရက်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ သည် ၁၉၉၅ ခုနှစ် ဇူလိုင် ၂၈ တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး လာအိုနှင့်မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ ကမ္ဘော ဒီးယားနိုင်ငံသည် ၁၉၉၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ
၁။ အင်ဒိုနီးရှား
၂။ မလေးရှား
၃။ ဖိလစ်ပိုင်
၄။ စင်ကာပူ
၅။ ထိုင်း
၆။ ဘရူနိုင်း
၇။ ဗီယက်နမ်
၈။ လာအို
၉။ မြန်မာ
၁၀။ ကမ္ဘောဒီးယား

အာဆီယံဥက္ကဋ္ဌ
အာဆီယံဥက္ကဋ္ဌနေရာကို အဖွဲ့ဝင်နိုင်ငံများအတွင်း နှစ်စဉ် အက္ခရာစဉ်အလိုက်အတိုင်း အလှည့်ကျစနစ် ဖြင့် ဆောင်ရွက်သည်။ အာဆီယံဥက္ကဋ္ဌသည် နှစ်စဉ် ကျင်းပသည့်ထိပ်သီးဆွေးနွေးပွဲများနှင့်ဆက်စပ်အစည်း အဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရသည်။
အာဆီယံဥက္ကဋ္ဌနေရာကို နိုင်ငံအမည်အက္ခရာစဉ် အရ အလှည့်ကျတာဝန်ယူရသော်လည်း အချိန်အခါ အခြေအနေအရ အပြောင်းအလဲရှိသည်။ ၂၀၁၅ ခုနှစ် အတွက် ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက တာဝန် ယူပြီး ၂၀၁၆ ခုနှစ်အတွက် ဥက္ကဋ္ဌတာဝန်ကို လာအို နိုင်ငံက တာဝန်ယူမည်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်း မှာ မြန်မာနိုင်ငံ၏ မေတ္တာရပ်ခံချက်အရ ၂၀၁၄ ခုနှစ် တွင် အာဆီယံဥက္ကဋ္ဌနေရာကို လာအိုနိုင်ငံက မြန်မာ နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရသောကြောင့် ဖြစ်သည်။

အာဆီယံအသိုက်အဝန်း
အာဆီယံအသိုက်အဝန်းကို ၂၀၁၅ ခုနှစ် ဒီဇင် ဘာလတွင် စတင်ထူထောင်သည်။ အာဆီယံအသိုက် အဝန်းတွင်မဏ္ဍိုင် ၃ ရပ်ပါဝင်သည်။
အဆိုပါ မဏ္ဍိုင် ၃ ရပ်မှာ
(၁) အာဆီယံစီးပွားရေးအသိုက်အဝန်း
(၂) အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း
(၃) အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်း
တို့ဖြစ်သည်။

အာဆီယံဖောင်ဒေးရှင်း
၁၉၉၇ ခုနှစ်တွင်ကျင်းပသော အာဆီယံ၏ ၃၀ ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အာဆီယံဖောင်ဒေးရှင်းကို ဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက်မှာ အာဆီယံအကြောင်း ပိုမိုသိရှိလာရေး၊ အာဆီယံ ပြည်သူများအကြား အပြန်အလှန်ကူးလူးဆက်ဆံမှု မြင့် မားလာရေး၊ အာဆီယံလှုပ်ရှားမှုများတွင် ပြည်သူများ ပိုမိုပါဝင်လာကြရေး၊ အပြန်အလှန်ကူညီမှု၊ သာတူညီမျှသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့ကို မြှင့်တင်မည့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာတစ်ရပ် ပေါ်ပေါက်ရေးတို့ဖြစ်သည်။

ဆွေးနွေးဖက် ၁၀ နိုင်ငံ
အာဆီယံအဖွဲ့နှင့် ဆွေးနွေးဖက် ၁၀ နိုင်ငံရှိ သည်။ ထိုဆွေးနွေးဖက်နိုင်ငံများမှာ –
၁။ သြစတေးလျ
၂။ ကနေဒါ
၃။ တရုတ်
၄။ ဥရောပသမဂ္ဂ
၅။ အိန္ဒိယ
၆။ ဂျပန်
၇။ နယူးဇီလန်
၈။ ကိုရီးယား
၉။ ရုရှား
၁၀။ အမေရိကန် တို့ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂနှင့်ဘက်စုံမိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ထားသည်။ လင်တင်အမေရိကနှင့်ဥရောပတို့အထိပင် ဝေးကွာလှသောနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများက အာဆီယံ၏ ဆွေးနွေးဖက်များအဖြစ် ရပ်တည်ရန် ဆန္ဒရှိသည် ဟုဆိုသည်။

အာဆီယံဆိုင်ရာသံအမတ်ကြီးများ
အာဆီယံအဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံပေါင်း ၈၃ နိုင်ငံက အာဆီယံဆိုင်ရာ သံအမတ်ကြီးများကို ခန့်အပ်ထားရှိသည်။

အာဆီယံနှင့်ဆက်စပ်သော အရပ်ဘက်လူ့အဖွဲ့အစည်း
၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ အာဆီယံနှင့်ဆက် စပ်သော အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း ၅၂ ခုရှိ သည်။ ထိုအဖွဲ့အစည်းများမှာ အဲအေးရှားဖောင်ဒေး ရှင်း၊ အာဆီယံလုပ်ငန်းရှင်များအသင်းချုပ်၊ အာဆီယံ ရေလုပ်ငန်းအသင်း၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ အာ ဆီယံဥပဒေပညာရှင်အသင်း၊ အာဆီယံဂီတလုပ်ငန်းအ သင်းနှင့် အရှေ့တောင်အာရှလေ့လာရေးဒေသဆိုင်ရာ ဖလှယ်ရေးအစီအစဉ်ဖောင်ဒေးရှင်းတို့ဖြစ်သည်။ ၂၀၁၅ အလွန်အာဆီယံအသိုက်အဝန်း ခိုင်မာတောင့်တင်းလာရေးလုပ်ဆောင်ရန်နှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖော်ဆောင်ရန် ဒေသအတွင်းရှိ အခြားသောအသင်းနှင့် အစုအဖွဲ့များကို ဖိတ်ခေါ်နေသည်။

အာဆီယံနေ့
သြဂုတ် ၈ ရက်သည် အာဆီယံနေ့ဖြစ်သည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် အာဆီယံကြေညာ ချက်ဖြင့် အာဆီယံအဖွဲ့ကို စတင်ထူထောင်ခဲ့သော ကြောင့် ထိုနေ့ကို အာဆီယံနေ့အဖြစ်သတ်မှတ်ခဲ့သည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံး
အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ ၁၉၈၁ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့သည်။ အာဆီယံဖွဲ့စည်းပြီး ၉ နှစ်(၁၉၇၆ ခုနှစ်) မှသာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ဖွင့်လှစ်ရန် စီစဉ်ခဲ့ပြီး အတွင်းရေးမှူးချုပ်ရုံးကို အတွင်းရေးမှူး ချုပ် ၁ ဦးက ဦးဆောင်ပြီး ဝန်ထမ်း ၃၀ဝ ခန့်ဖြင့် လည်ပတ်လှုပ်ရှားနေသည်။

The ASEAN Secretariat
70A. Jalan Sisingamangaraja, Jakarta 12110
(+6221)7262991, 7243372, 7262991, 7243372
email: public@asean.org, Websiet: http://www.asean.org

Please follow and like us:
0