လူထုကို ဦးတည်ကာ ဗဟိုပြုမည့် အာဆီယံစီးပွားရေးအသိုက်အဝန်း

Info-Digest_Feb_Mar_2016_Cover

Info-Digest_Feb_Mar_2016_Cover

ဒုတိယကမ္ဘာစစ်အပြီး စစ်‌အေး‌ခေတ်ကို လွန်သည့်အခါ ယဉ်‌ကျေးမှုနှင့်လူမှု‌ရေးဓ‌လေ့ထုံးတမ်းတို့နီးစပ်သည့် ဥ‌ရောပနိုင်ငံအချို့ကြားတွင် နိုင်ငံ‌ရေးနှင့်စီးပွား‌ရေး အရ ပူး‌ပေါင်း‌ဆောင်ရွက်သည့် အသိုက်အဝန်းတစ်ခု‌ပေါ်ထွက်လာကာ ဥ‌ရောပသမဂ္ဂအဖြစ် အမည်တွင်‌လေသည်။ သည့်‌နောက်အ‌ရှေ့‌တောင်အာရှ ၁ဝ နိုင်ငံ အစုအဖွဲ့ဖြစ်သည့် အာဆီယံ ASEAN ‌ပေါ်ထွက်လာခဲ့သည်။ သို့ရာတွင် အာဆီယံသည် အီးယူဟု အတို‌ကောက်‌ခေါ်သည့် ဥ‌ရောပသမဂ္ဂနှင့်မတူကွဲပြား‌သော အသင်းအဖွဲ့ဆန်သည့် နိုင်ငံ‌ပေါင်းချုပ်ဟန် အစုအဖွဲ့ဖြစ်‌နေသည်။ တစ်နည်းအားဖြင့် နိုင်ငံ့အုပ်ချုပ်‌ရေးမဏ္ဍိုင်ဦး‌သျှောင်များ၏ ‌မောင်းနှင်မှုဖြင့် တည်တံ့‌နေ‌သော အစုအဖွဲ့ ဖြစ်‌နေ‌သေးသည်။ သို့ဖြင့် အာဆီယံစီးပွား‌ရေးအသိုက်အဝန်းASEAN Economic Community (AEC) ဟူ‌သော ‌ရေရှည်‌မျှော်အိပ်မက်တစ်ခု‌မွေးဖွား လာခဲ့သည်။ ယင်းတွင် ရည်ရွယ်ချက် ၅ ခုရှိကာ ယင်းတို့အနက် ၁ ခုမှာ ခိုင်မာပြီး အားလုံးပါဝင်‌သော လူထုကို ဦးတည်ကာ ဗဟိုပြုသည့် အာဆီယံဖြစ် လာရန်ဖြစ်သည်။

ထိုအ‌ခြေအ‌နေတွင် မြန်မာနိုင်ငံအတွင်း လွွှတ်‌တော်အသစ်၊ အစိုးရအသစ်ကို ၂ဝ၂ဝ ပြည့်နှစ်အထိ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအ‌နေဖြင့် မြန်မာ၏အခန်းကဏ္ဍသည်လည်း တစ်မျိုးတစ်ဖုံ ‌ပြောင်းလဲလာဦးမည်ဖြစ်သည်။ အထူးသဖြင့် ခိုင်မာပြီး အားလုံးပါဝင်‌သော လူထုကို ဦးတည်ကာ ဗဟိုပြု သည့် အာဆီယံဖြစ်လာရန်ဟူသည့်ရည်ရွယ်ချက်သည် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ နိုင်ငံ‌ရေးမူဝါဒများကို ချုပ်ကိုင်ထား‌သော အစိုးရအဖွဲ့များ‌ပေါ်တွင် များစွာမူ တည်‌နေသည်။ သဘာဝအားဖြင့် ၆၂၂ သန်း‌သော လူထုအားလုံးပါဝင်ပြီး ယင်းတို့ကို ဗဟိုပြုရန်အားထုတ်မှုကို အစိုးရအဖွဲ့များအ‌နေဖြင့် ‌ဆောင်ရွက်နိုင်‌ရေးမှာ အမှန်တကယ်ပင် လက်‌တွေ့မဆန်‌ချေ။ သည်‌နေရာတွင် လူထုအ‌ခြေပြုလူမှုအဖွဲ့အစည်းများ CSOs ၏ အခန်းကဏ္ဍသည် လွန်စွာအ‌ရေးပါလာ‌ကြောင်း သတိပြု ရမည်ဖြစ်သည်။ လူထုကို ဦးတည်ကာ လူထုကို ဗဟိုပြုမည်ဆိုလျှင် အစိုးရအဖွဲ့၏ ကြိုးပမ်းမှုမျှဖြင့် မလုံ‌လောက်ဘဲ လူထုအ‌ခြေပြုလူမှုအဖွဲ့အစည်းများ CSOs ၏ မည်သည့်အစိုးရ အ‌ပြောင်းအလဲအ‌ခြေအ‌နေမျိုးတွင်မဆို လူထုကို ဦးတည်အ‌ခြေပြုကာ ‌ဆောင်ရွက်‌နေမြဲဖြစ်‌သော အားထုတ်မှုများကို မဖြစ်မ‌နေ ထည့်သွင်းတွက်ချက်ရ‌ပေမည်။

စင်စစ် မြန်မာနိုင်ငံအတွင်းရှိ လူထုအ‌ခြေပြုလူမှုအဖွဲ့အစည်းများ CSOs သည် စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံ‌ရေးအ‌ပြောင်းအလဲအတွက် မရည်ရွယ်နိုင် သည့်တိုင် လူထုကို ဦးတည်ကာ လူထုကို အ‌ခြေပြုပြီး လူမှုဘဝတိုးတက်မြင့်မား‌အောင် ရှု‌ထောင့်များစွာ၊ ကဏ္ဍများစွာမှ ကြိုးပမ်းအားထုတ်ခဲ့၊ အားထုတ်ဆဲ ဖြစ်‌ပေသည်။

ထို့‌ကြောင့် ပိုမိုပွင့်လင်းလွတ်လပ်လာမည်ဟု ‌မျှော်မှန်းရ‌သော လွွှတ်‌တော်အသစ်၊ အစိုးရအဖွဲ့အသစ် ဦး‌ဆောင်မည့် မြန်မာနိုင်ငံတွင် မြန်မာ့လူထုကို ဦးတည် အ‌ခြေပြုကာ ‌ခေတ်အဆက်ဆက် မ‌လျှော့‌သောဇွဲလုံ့လများဖြင့် အပတ်တကုတ် အားထုတ်‌နေ ကြသည့် လူထုအ‌ခြေပြုလူမှုအဖွဲ့အစည်းများ CSOs  ၏ အခန်း ကဏ္ဍကို ယခင်အစိုးရ အဆက်ဆက်ထက် ပိုမိုကာ ‌တောက်ပလုံခြုံလွတ်လပ်စွာ ‌တွေ့မြင်လာနိုင်မည်ဟု ‌မျှော်လင့်ပါသည်။ သို့မှသာ မြန်မာနိုင်ငံအ‌နေဖြင့် လည်း အာဆီယံစီးပွား‌ရေးအသိုက်အဝန်း ASEAN Economic Community (AEC) ၏ ၂ဝ၂၅ ပန်းတိုင်အတွက် လိုအပ်‌သောအခင်းအကျင်းနှင့်‌လျှောက်လမ်းကို ခင်းကျင်း‌ဖောက်ထွင်ထားရာ ကျမည်ဖြစ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0