ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်လို့ အကြောတက် ခါးနာ မဖြစ်အောင် ဘယ်လိုထိုင်သုံးကြမလဲ

ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်တာမှာ အနေအထားမမှန်ရင် ခါးနာ၊ ဇက်နာ၊ ဒူးနာသလို ခြေထိပ်လက်ထိပ် ထုံကျင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုထိုင်မလဲဆိုတာကို ကြည့်ရအောင်ပါ။

com_07

၁။ သင့်တင်ပါးကို ခုံရဲ့ အနောက်ဆုံးထိရောက်အောင်ထားပြီး ထိုင်ပါ။ ခြေဖဝါးတွေကိုတော့ ကြမ်းပြင်မှာအပြားလိုက် ချထားနိုင်ရပါမယ်။ ဒူးခေါင်းတွေ က တင်ပါးထက် နည်းနည်းနိမ့်တဲ့နေရာမှာ ရှိနေပါစေ။ ခုံအနေအထားက သင့်ကျောအပေါ်အောက်နှစ်ခုလုံးကို ထောက်ပေးထားသလို ဖြစ်နေပါစေ။ လိုအပ်ရင် ခေါင်းအုံလေးကျောနောက်မှာ ခုပေးပါ

com_02

၂။ ကီးဘုတ်ကို ကိုယ့်ပခုံးနဲ့ တံတောင်ဆစ်အနေအ ထားအဆင်ပြေတဲ့ အမြင့်မှာ ရှိနေအောင်ထားပါ။ လက်ကောက်ဝတ်ကို မကွေးဘဲထားနိုင်အောင် လုပ် ပါ။

com_01

၃။ ကီး ဘုတ် နား ကို ကပ်ထိုင်ပါ။ ကီးဘုတ် ခလုတ်တွေက ကိုယ် ခန္ဓာရဲ့အလယ်တည့်တည့် မှာ ရှိနေပါစေ။

com_03

၄။ ကီးဘုတ်ကို အပြားလိုက် မချထားဘဲ တစ်ဖက်မြှင့်ထားပါ။ အဓိက လက်ကောက်ဝတ်ကို ဖြောင့်ထားနိုင်အောင် ဂရုစိုက်ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

com_05

၅။ လက်ကောက်ဝတ် အနားယူနိုင်ဖို့ အခုအခံလေးတွေ သုံးပါ။ စာမရိုက်ဘဲနေချိန်မှာ လက်ဖဝါးကို အနားပေးချထားနိုင်အောင် ဖြစ်ပါတယ်။ မောက်စ်ကိုလည်း ကီးဘုတ်နဲ့ အနီးဆုံးမှာ ထားပါ။

com_06

၆။ မော်နီတာကို နေရာတကျထားပါ။ အဓိကက လည်ပင်းအနေအထားကို သက်သောင့်သက်သာဖြစ်ဖို့ ပါပဲ။ ကိုယ့်ရှေ့တည့်တည့်မှာ မော်နီတာရှိပါစေ။ မော်နီတာထိပ်ပိုင်းဟာ သင့်မျက်စိနဲ့ တတန်းတည်းအထက် ၂ လက်မ ၃ လက်မလောက်မှာ ရှိနေအောင် ချိန်ထားပါ။ ဘိုင်ဖိုကယ်မျက်မှန်သမားတွေ ဆိုရင်တော့မျက်စိ တတန်းတည်းကနေ အောက်ဘက်နည်းနည်းရောက်အောင် ချိန်ပါ။

 

 

 

 

 

 

 

 

 

 

 

 

၇။ မော်နီတာမျက်နှာပြင်ကနေ လက်တစ်ကမ်းအကွာမှာ ထိုင်ပါ။ အလင်းမပြန်အောင် ဂရုစိုက်ထိုင်ပါ။

၈။ စာရိုက်ဖို့ စာရွက်ကို မျက်စိနဲ့ တတန်းတည်းမှာ ထားနိုင်အောင် ကြိုးစားပါ။ ဖုန်းကို လက်တကမ်းမှာထား ပါ။ ဖြစ်နိုင်ရင် စပီကာသုံးပြီး ဖုန်းပြောပါ။

၉။ ထိုင်နေစဉ် ခြေထောက်တွေ ကြမ်းပြင်ပေါ် ချလို့မရရင် အောက်မှာ ခုံခုထားပါ။ စားပွဲအမြင့်နဲ့ ထိုင်ခုံ အမြင့်ကို ညှိနိုင်အောင် ကြိုးစားပါ။

com_09

၁၀။ မကြာခဏ ရပ်နားပြီး လေ့ကျင့်ခန်းလုပ်ပါ။ ထိုင်တာဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လမ်းလျှောက်တာ၊ ရပ်တာ၊ အကြောဆန့်တာ ဘာမဆိုလုပ်လိုက်ပါ။

com_08

၁၃။ မိနစ် ၂၀-၃၀ တစ်ခါ ၁ မိနစ် ၂ မိနစ် လောက် အကြောလျှော့ လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ နေ့လယ်စာစားရင် ကွန်ပျူတာက ဝေးဝေးမှာ စားပါ။

၁၁။ မော်နီတာကိုပဲ တစ်ချိန်လုံးကြည့်နေရင် မျက်လုံးညောင်းတာမို့ အဝေးကို လှမ်းကြည့်ပေးပါ။ လက်ဖဝါးနဲ့မျက်လုံးကို ပိတ်ထားတာမျိုး ၁၀ – ၁၅ စက္ကန့် လောက်လုပ်ပေးပါ။

၁၂။ လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ပုံမှာ ပြတဲအတိုင်း လှုပ်ရှားပေးပါ။ တစ်ခါလုပ်ရင် ၁၅ ခေါက်နဲ့ တစ်နေ့ကို ၆ ကြိမ်လောက် လုပ်ပေးပါ။ အဲ ဒီလိုလုပ်ပေးရင် အခု ဘာမှမဖြစ်ဘူးဆိုသူတွေအတွက်တောင်မှ နောက်မှာ ဖြစ်လာမဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

Please follow and like us:
0