၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲ၏ စိတ်ဝင်စားဖွယ်အချက် ၃ ချက်

၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် အရေးကြီးသည့် စိတ်ဝင်စားဖွယ် အချက်သုံးခုရှိသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားသည်။ အဆိုပါ စိတ်ဝင်စားဖွယ် အချက်သုံးချက်မှာ-

၁။ လူထုထောက်ခံမှု ဆက်တိုက်ရလာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း။

၂။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်ထံသို့ အာဏာလွှဲအပ်ခြင်းသည် ၂၀ဝ၈ ခုနှစ်အခြေခံဥပဒေအရ ပထမဆုံးအကြိမ် အာဏာလွှဲပြောင်းမှုဖြစ်လာခြင်း။(၂၀၁၁ ခုနှစ်က အာဏာလွှဲပြောင်းမှုသည် အသွင်ကူးပြောင်းမှုကာလ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။)

၃။ အစိုးရက နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မစ်ရှင်များကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ခြင်း။

ကိုးကား။ ။ စာ-၇၊ ၂၀၁၅
မြန်မာနိုင်ငံရွေးကောက်ပွဲအခင်းအကျင်း၊ ကျော်သွင်ကို၊
၂၀၁၅ ခုနှစ်၊ သြဂုတ်၊ လင်းလွန်ခင်စာပေ

Please follow and like us:
0