မီဒီယာ၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် အရှေ့တောင်အာရှ

မီဒီယာ၏ သဘောသဘာဝ မီဒီယာဟူသည်မှာ လူထုဆက်သွယ်ရေးလုပ်ငန်း ၏ နည်းလမ်းများပင် ဖြစ်သည်။ မီဒီယာအမျိုးမျိုးအစားစား မီဒီယာကို အဓိကအားဖြင့် ပုံနှိပ်၊ အသံလွှင့်နှင့် အင်တာနက်အမျိုးအစားများအနေဖြင့် ခွဲခြားတွေ့မြင်နိုင် သည်။ ပုံနှိပ်မီဒီယာတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အခြားထုတ်ဝေဖြန့်ချိမှုများ ပါဝင်ပြီး ရှေးအကျဆုံး အမျိုးအစားဖြစ်သော်လည်း ယနေ့ထိတိုင် လူအများ အသုံးပြုနေဆဲဖြစ်သည်။ အသံလွှင့်မီဒီယာတွင် ရေဒီယို ထုတ်လွှင့်မှုနှင့်ရုပ်သံထုတ်လွှင့်မှုတို့ ပါဝင်ပြီး ၁၉၅၀ ပြည့်နှစ်များမှ စတင်တွင်ကျယ်လာခဲ့သည်။ ပင်မရေစီးမီဒီယာအမျိုးအစားထဲတွင် မကြာသေးမီ ဆယ်စုနှစ်အနည်းငယ်အတွင်း သတင်းနည်းပညာ ပေါက်ကွဲမှုနှင့်အတူ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာသော နောက်တိုးမီဒီယာအမျိုးအစားမှာ အင်တာနက်မီဒီယာ ဖြစ်သည်။ ယင်းတွင် ဘလော့(ဂ)များ၊ ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများ ပါဝင်ကာ လူထု ကြားသို့ တစ်ဟုန်ထိုး တိုးဝင်ပျံ့နှံ့လာကာ မူလပင်မရေစီးမီဒီယာများ၏ အနာဂတ်ရေရှည်တည်တံ့မှုကိုပင် ခြိမ်းခြောက်လာ […]

Read More →
Le Conqueror တံဆိပ်အဝတ်အထည်များ ထုတ်လုပ်ဖြန့်ချိသူ င်လးကိုကိုနှင့် တွေ့ဆုံခြင်း

ခေတ်စနစ်တစ်ခုထဲမှာ ရှင်သန်နေထိုင်ကြသူတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ အဲဒီခေတ်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ပြောင်းလဲမှုစတဲ့ ဆိုးမွေ၊ ကောင်းမွေတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ် ကြီး တစ်ခုပါပဲ။ ဒီနေရာ မှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် လူသားတွေဟာ သူတို့ရဲ့ ဟိရီသြတ္တပလို့ ခေါ်တဲ့ ရှက်ကြောက်ခြင်း နဲ့ သိက္ခာကို ကာကွယ် ပေးနိုင်တဲ့အတွက် အဝတ်အထည်တွေကို ကမ္ဘာဦး အစကနေ ယနေ့ အချိန် သတ္တဝါတွေရဲ့ ရန်တွေကို ကာကွယ်ဖို့အဓိကအနေနဲ့ သုံးစွဲခဲ့ကြရာက ကမ္ဘာ့ယဉ်ကျေးမှုအဆင့် အတန်းတွေ မြင့်မားပြောင်းလဲလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အဆင်တန်ဆာအနေနဲ့ ဆင်မြန်းလာကြတာကို တွေ့ရပါ တယ်။ အဝတ်အစားအဆင်တန်ဆာကို ဆင်မြန်းအသုံးပြုကြရာမှာ ရှေးယခင် ခေတ်များစွာက အလှအပဆို တဲ့စကားလုံးဟာ အမျိုးသမီးထုအတွက်သာ ဖြစ်တယ်လို့ ယူဆသတ်မှတ်ထားကြရာက ခေတ်စနစ်အခြေအနေ လူ့ယဉ်ကျေးမှုတွေ […]

Read More →
မြန်မာ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော SME လုပ်ငန်းများ A bank (Executive Director) စောဒီးနိုကူးနှင့် တွေ့ဆုံခြင်း

SME Sector  လို့ ပြောတဲ့နေရာမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် နေကြတဲ့ လုပ်ငန်းရှင်တွေ၊ အစိုးရရဲ့ SME ဌာနတွေ၊ စီးပွားရေးတတ်သိပညာရှင်တွေလောက်သာမကပဲ စီးပွားရေး အသိုက်အမြုံကြီးထဲမှာ စီးဆင်းနေတဲ့ ဘဏ်လုပ်ငန်း တွေဟာလည်း မရှိမဖြစ် ပါဝင်နေပါ တယ်။ အသစ်စတင် မယ့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆဲ၊ ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းတွေသာမက အောင်မြင်နေတဲ့ ဖွံ့ဖြိုး ပြီး စီးပွားရေးလုပ်ငန်းတွေစတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးရဲ့ ငွေကြေး ဆိုင်ရာ လုပ်ငန်းဆောင်တာလုပ် ဆောင်မှုတွေမှာ ဘဏ်လုပ်ငန်းတွေဟာ အဓိကနေရာက ပါဝင်နေပါ တယ်။ အဲဒါကြောင့် ဒီတစ်လမှာ တိုင်းပြည်ရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ SME လုပ်ငန်းတွေမှာ လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှု၊ စီးဆင်းမှုလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေကြတဲ့ ဘဏ်လုပ်ငန်း တွေအထဲက ဧရာဝတီတောင်သူလယ်သမားများ […]

Read More →
မြန်မာ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော SME လုပ်ငန်းများ၊ Glory အချိုရည်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သီတာထွန်းနှင့် တွေ့ဆုံခြင်း

`အစာလည်းဆေး၊ ဆေးလည်းအစ´ ဆိုတဲ့ ဆောင် ပုဒ်ဟာ ကမ္ဘာပေါ်က အစားအစာစားသုံးကြသူတိုင်း နဲ့ အကျုံးဝင်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ အတွက် ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုး၊ လေ့ ကျင့်ခန်း အမျိုးမျိုးကို အသုံးပြုပြီး လူပေါင်းများစွာဟာ ကမ္ဘာဦးအချိန်ကစလို့ ဒီကနေ့အထိတိုင်အောင် ကျင့်ကြံ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။`အာရောဂျံ၊ ပရမံ၊ လာဘံ´ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ သတ်မှတ် ခံယူထားကြတဲ့ မြန်မာနိုင်ငံမှာလည်း ကျန်းမာမှုဆိုတဲ့ လာဘ်လာဘကို ရရှိပိုင်ဆိုင်နိုင်ကြဖို့အတွက် နည်းစနစ်၊ ပညာရပ်မျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒီအထဲက အခြေခံအကျဆုံးအချက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ `အစာလည်း ဆေး၊ ဆေးလည်းအစ´ဆိုတဲ့ ဆောင်ပုဒ် အတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားသုံး ခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဝိသမလောဘသားတွေရဲ့ မတော်လောဘတက်မှုကြောင့် ဒီနေ့ခေတ် အစားအစာတွေထဲမှာ ဓာတုပစ္စည်းတွေ၊ […]

Read More →
Social media & sharing icons powered by UltimatelySocial