မြေမြုပ်မိုင်းနှင့်နောက်ဆက်တွဲပြဿနာ

ပြည်တွင်းစစ်၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြေမြုပ်မိုင်းဒဏ်ကို မြန်မာ့လူ့အဖွဲ့အစည်းက ခံခဲ့ရ၊ ခံနေရဆဲနှင့် ခံနေရဦးမည့်အနေအထားတွင် ရောက်နေပေသည်။ မြေမြုပ်မိုင်းကို တပ်မတော်သာမက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကလည်း သုံးစွဲကြသဖြင့် ပြည်တွင်းစစ်ဖြစ်ပွားရာ ပြည်နယ်များနှင့်တိုင်းဒေသကြီးတို့ တွင် သေကြေထိခိုက်ဒဏ်ရာရမှုများစွာ ဖြစ်ပေါ်နေလေသည်။ ထို့ပြင် လက်ရှိအနေအထားအရ ပြည်တွင်းစစ် ရပ်စဲမည့်အလားအလာသည်လည်း အားမကောင်းလှသည်ဖြစ်၍ မြေမြုပ်မိုင်းအသုံးပြုမှုသည် လုံးဝရပ်ဆိုင်းသွား မည်ဟု ကံသေကံမပြောနိုင် မည် မဟုတ်သေးပေ။ အကယ်၍ ‘လူကို ထိခိုက်စေသော မိုင်းများ အသုံးပြုခြင်း၊ သိုလှောင်ထားခြင်း၊ ထုတ်လုပ်ခြင်းနှင့်လွှဲပြောင်းခြင်းတို့ကို တားမြစ်ခြင်းနှင့် ထိုမိုင်းများ ဖျက်ဆီးပစ်ခြင်းဆိုင်ရာ သဘောတူစာချုပ်’ကို လက်မှတ်မထိုးသေးပါက မြေမြုပ်မိုင်းများ အသုံးပြုမှုသည် တရားဝင်ရပ်တန့်သွားရန် ခက်ခဲနေဦးမည် ဖြစ်ပါသည်။ စင်စစ်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်စွန့်ခြင်း၊ အပစ်အခတ်ရပ်စဲခြင်းတို့ကို အဓိက ထားဆောင်ရွက်ရုံဖြင့် အထမမြောက်နိုင်ကြောင်း လူထုက ရိပ်မိသိရှိပြီး ဖြစ်ပါသည်။ […]

Read More →
မီဒီယာလွတ်လပ်မှုတိုးတက်ရေးအတွက် လုပ်ဆောင်မှာလား၊ ရန်စောင်မှာလား

ကမ္ဘာ့မီဒီယာအခင်းအကျင်းတွင် လွတ်လပ်မှုနှင့်ရေရှည်ရပ်တည်ဖွံ့ဖြိုးမှု၊ မီဒီယာသမားများအား ကာကွယ်ပေးနိုင်မှု စသည့်အချက်(ညွှန်းကိန်း)များကို အခြေခံကာ နိုင်ငံအသီးသီးနှင့်ဒေသဆိုင်ရာတို့၏ မီဒီယာ အခြေအနေကို အကဲဖြတ်မှုများ ရှိနေခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်ကတည်းကပင် ဖြစ်ပါသည်။ လတ်တလောတွင် သတင်းမီဒီယာလွတ်လပ်မှုညွှန်းကိန်းများ(Freedom House နှင့် RSF တို့က ပြုစုကြသည်)၊ မီဒီယာ ရေရှည်ဖွံ့ဖြိုးရပ်တည်နိုင်မှုညွှန်းကိန်း(IREX  က ပြုစုသည်)၊ အာဖရိကမီဒီယာ ဘာရိုမီတာညွှန်းကိန်း(FBS က ပြုစုသည်)နှင့် မီဒီယာဖွံ့ဖြိုးမှုညွှန်းကိန်း(UNESCO က ပြုစုသည်)တို့မှာ ထင်ရှားသည့်ညွှန်းကိန်းများ ဖြစ်ကြ သည်။ မြန်မာနိုင်ငံ၏မီဒီယာ အခြေအနေနှင့်ပတ်သက်လျှင် Freedom House နှင့် RSF တို့က ပြုစုသော သတင်း မီဒီယာလွတ်လပ်မှုညွှန်းကိန်းများကို အခြေခံကာ နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်လေ့ရှိကြ သည်။ (UNESCO က ပြုစုသည့် မီဒီယာဖွံ့ဖြိုးမှုညွှန်းကိန်းမှာမူ နှစ်စဉ်ပုံမှန်ထွက်လေ့ မရှိပါ) […]

Read More →
အထူးစီးပွားရေးဇုန်များနှင့် သက်ရောက်မှု

အထူးစီးပွားရေးဇုန်များသည် နိုင်ငံ၏စီးပွားရေးအခြေအနေကို အဆနှင့်ချီပြီး တိုးတက်စေရန် ရည်ရွယ် ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကိုလည်း အခြေခံကြသည်။ ထို့ကြောင့် ဇုန်အတွင်း စီးပွားရေးလုပ်ငန်းများကို အထူး အခွင့်အရေးများပေးရန် အရေးကြီးသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု အချိုး အစားသည်လည်း အရေးကြီးလာသည်။ သည်နေရာတွင် ငွေပင်ငွေရင်း စိုက်ထုတ်ကုန်ကျခံမည့် ပမာဏကြီးမား သည့်အတွက် ချေးငွေများဖြင့် ဆောင်ရွက်ကြရရာ ချေးငွေကို အာမခံရန် တာဝန်ယူရမည့် ရင်းနှီးမြှုပ်နှံသူမှာ ပြည်တွင်းကဖြစ်လျှင်  အကျိုးအမြတ်ထက် အကြွေးက အလျင်ဦးစွာဖိစီးမည်ကို စိုးရိမ်မှုများရှိနေသည်။ ဥပမာ- မကြာသေးမီက ချုပ်ဆိုအတည်ပြုခဲ့သော ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ချေးငွေကို အာမခံရန် တာဝန်ယူရ မည့်သူမှာ မြန်မာဘက်ကဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘက်က ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာဘက်က ၃၀ ရာခိုင်နှုန်းသော ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ်နှင့်မြေငှားရမ်းခကဲ့သို့သော […]

Read More →
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရေးတွင် သီးခြားစဉ်းစားသင့်သည့်လုပ်ငန်းအချို့

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက် သင့်သည့် စီးပွားရေးလုပ်ငန်းများတွင် ရေတိုရေရှည် နှစ်ခုစလုံးအတွက် သတင်းအချက်အလက်နှင့် နည်းပညာ ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရပါသည်။ တစ်ဖန် ပုံနှိပ်လုပ်ငန်းကိုလည်း အသေးစားနှင့် အလတ်စားကုန်ထုတ်လုပ်မှုလုပ်ငန်းအဖြစ် ထည့်သွင်းသတ်မှတ်ထားပါသည်။ စင်စစ်လတ်တလော အခြေအနေ တွင် အမှီအခိုကင်းသော ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းလုပ်ငန်းများသည် ဆက်လက်ရပ်တည်ရန်ပင် ခက်ခဲလှသဖြင့် ရပ်သူရပ်၊ နားသူနားဖြင့် ကြိုးစားရပ်တည်နေကြရပါသည်။ ထိုလုပ်ငန်းများသည် ရေတိုရေရှည် ဦးစားပေးဆောင်ရွက်ရမည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသာ ဖြစ်နေသည်ကိုလည်း တွေ့ရသည်။ ချေးငွေလျှောက်ထားပြီး လုပ်ဆောင်နိုင်သည့်လုပ်ငန်းများ ဖြစ်ကြသော်လည်း အသေးစား သို့မဟုတ် အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် မှတ်ပုံတင်ရန်ပင် အားထုတ်ခဲ့ကြသည်မှာလည်း ထိုပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများဖြစ်ပါလိမ့် မည်။ အကြောင်းမှာ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ များသောအားဖြင့် ထိုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံရသောကာလမှာ […]

Read More →
Social media & sharing icons powered by UltimatelySocial