မီဒီယာ၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် အရှေ့တောင်အာရှ

မီဒီယာ၏ သဘောသဘာဝ မီဒီယာဟူသည်မှာ လူထုဆက်သွယ်ရေးလုပ်ငန်း ၏ နည်းလမ်းများပင် ဖြစ်သည်။ မီဒီယာအမျိုးမျိုးအစားစား မီဒီယာကို အဓိကအားဖြင့် ပုံနှိပ်၊ အသံလွှင့်နှင့် အင်တာနက်အမျိုးအစားများအနေဖြင့် ခွဲခြားတွေ့မြင်နိုင် သည်။ ပုံနှိပ်မီဒီယာတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အခြားထုတ်ဝေဖြန့်ချိမှုများ ပါဝင်ပြီး ရှေးအကျဆုံး အမျိုးအစားဖြစ်သော်လည်း ယနေ့ထိတိုင် လူအများ အသုံးပြုနေဆဲဖြစ်သည်။ အသံလွှင့်မီဒီယာတွင် ရေဒီယို ထုတ်လွှင့်မှုနှင့်ရုပ်သံထုတ်လွှင့်မှုတို့ ပါဝင်ပြီး ၁၉၅၀ ပြည့်နှစ်များမှ စတင်တွင်ကျယ်လာခဲ့သည်။ ပင်မရေစီးမီဒီယာအမျိုးအစားထဲတွင် မကြာသေးမီ ဆယ်စုနှစ်အနည်းငယ်အတွင်း သတင်းနည်းပညာ ပေါက်ကွဲမှုနှင့်အတူ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာသော နောက်တိုးမီဒီယာအမျိုးအစားမှာ အင်တာနက်မီဒီယာ ဖြစ်သည်။ ယင်းတွင် ဘလော့(ဂ)များ၊ ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများ ပါဝင်ကာ လူထု ကြားသို့ တစ်ဟုန်ထိုး တိုးဝင်ပျံ့နှံ့လာကာ မူလပင်မရေစီးမီဒီယာများ၏ အနာဂတ်ရေရှည်တည်တံ့မှုကိုပင် ခြိမ်းခြောက်လာ […]

Read More →
မီဒီယာမြင်းစီးကြမယ်ဆိုရင်

ဆိုရိုးတစ်ခုကတော့ “ကိုယ် စီးတဲ့မြင်းကို အထီ မှန်း အမမှန်း မသိဘူး” လို့ ဆိုပါတယ်။ တကယ်တော့ မြင်းစီးသူဟာ ခရီးရောက်ဖို့ကိုပဲ ရည်ရွယ်တဲ့ ခရီးသည် သက်သက်ဆိုရင်တော့ ကိုယ်စီးတဲ့မြင်းဟာ အထီးလား၊ အမလား သိစရာမလိုလောက်ပါဘူး။ အရေးကြီးတာက သန်စွမ်းပြီး လမ်းကြောင်းမှန်အတိုင်း သွားနိုင်တဲ့မြင်း ဖြစ်ဖို့ပဲ မဟုတ်လား။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ခေတ်မှာတော့ မီဒီယာသမားတွေရော မီဒီယာသုံးစွဲသူတွေပါ ကိုယ်စီး နေတဲ့ မြင်းကို အထီးလား၊ အမလား ခွဲခြားသိရုံတင်မကဘဲ တခြားသိသင့်သိထိုက်တာတွေပါ သိရမယ်လို့ ပြောရတော့မှာပါပဲ။ ခုတလော ပူညံပူညံဖြစ်နေတာတွေကို နားစွင့်ကြည့်တော့ သတင်း(News)နဲ့ သတင်းအချက်အလက် (Information)ကို ရောထွေးနားလည်နေကြသလို သတင်းမီဒီယာသမားတွေကိုယ်တိုင်က သတင်းအချက် အလက်တွေကို လက်လှမ်းမီရေး(Access to Information)ဟာ သူတို့ရဲ့သီးခြားရပိုင်ခွင့်(Exclusive Rights) လို့ ထင်နေကြတာပါပဲ။ […]

Read More →
အာဆီယံအဖွဲ့အကြောင်း

      တစ်ခုတည်းသောနိုင်ငံ အာဆီယံနိုင်ငံများအဖွဲ့ကို တစ်ခုတည်းသောနိုင်ငံဟု မှတ်ယူပါက အာရှ၌ စီးပွားရေးအရ တတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။ ဂျီဒီပီအရ ကမ္ဘာပေါ်တွင် သတ္တမမြောက်အင်အားအကြီးမားဆုံးနိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်သည်။ လက်ရှိအလားအလာများအတိုင်း ဆက်လက်ဖြစ်တည် နေမည်ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ စီးပွားရေးအရ စတုတ္ထအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။ အာဆီယံလူဦးရေနှင့်ဈေးကွက် အာဆီယံနိုင်ငံများတွင် နေထိုင်နေသည့် လူဦး သည် ၆၂၂ သန်းရှိသည်။ ၂.၆ ထရီလီယံဒေါ်လာ တန်ဖိုးရှိသည့် ဈေးကွက်အခွင့်အလမ်းသည် အာဆီယံနိုင်ငံတွင် ရှိနေသည်။ အာဆီယံနိုင်ငံများအဖွဲ့ထူထောင်ခြင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ထိုင်း နိုင်ငံစသော နိုင်ငံ ၅ နိုင်ငံဖြင့် ၁၉၆၇ ခုနှစ် သြဂုတ် လ ၈ ရက်တွင် ထိုင်းနိုင်ငံ၌ စတင်ထူထောင်ခဲ့သည်။ ဘရူနိုင်းနိုင်ငံသည် ၁၉၈၄ […]

Read More →
အီးအိုင်တီအိုင်အကြောင်း

အီးအိုင်တီအိုင်(The Extractive Industries Transparency Initiative, EITI)ဆိုသည်မှာသဘာဝသယံဇာတထုတ်လုပ်ရေးလုပ်ငန်းများတွင် ပွင့်လင်း၍ တာဝန်ခံသော စီမံခန့်ခွဲမှုမျိုးကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် နိုင်ငံတကာစံနှုန်းတစ်ရပ်ဖြစ်သည်။ ပထမဦးဆုံး EITI အစီအစဉ်ကို တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘော့စ်မြို့တွင် ၂၀ဝ၂ ခုနှစ်က ကျင်းပခဲ့သော World Summit on Sustainable Development ခေါ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကမ္ဘာ့ ညီလာခံတွင် စတင်ကြေညာခဲ့သည်။ ထိုကြေညာ ချက်တွင် EITI အဖွဲ့ဝင်လျှောက်ထားခဲ့သည့်နိုင်ငံများအတွက် အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ချက်များကိုပါ ထုတ်ပြန်ကြေညာပေးခဲ့သည်။ စင်စစ်အားဖြင့် EITI အစီအစဉ်သည် အစိုးရအဖွဲ့ အစည်းများနှင့်သယံဇာတလုပ်ငန်းအဖွဲ့အစည်းများ လိုက်နာကျင့်သုံးသည့်စနစ်များကို ပြည့်စုံအားကောင်းလာစေရန် တိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ပေးခြင်းဖြစ်သည်။ ဤနည်းအားဖြင့် အများပြည်သူသို့ သတင်းအချက်အလက်များ အသိပေးထုတ်ပြန်နိုင်မည့်အပြင် ယုံကြည်မှုလည်းတိုးပွားစေရန် ရည်ရွယ်သည်။ EITI အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ သယံဇာတလုပ်ငန်းအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ သုံးဦးသုံးဖလှယ်ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် […]

Read More →
Social media & sharing icons powered by UltimatelySocial