ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

သဘာဝအလျောက် ဖြစ်တည်နေသော ဓာတုပစ္စည်းများထက် လူတို့တီထွင်ထုတ်လုပ်ထားသော ဓာတုပစ္စည်းအရေအတွက်က ပိုမိုများပြားနေသော ယနေ့ကမ္ဘာကြီးတွင် ပလတ်စတစ်သည်လည်း လူလုပ်ဓာတုပစ္စည်းတစ်ခုအဖြစ် ပါဝင်သည်။ အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် Alexander Parkes က ၁၈၆၂ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပ သော Great International Exhibition နိုင်ငံတကာပြပွဲကြီး၌ လူသိ ရှင်ကြားထုတ်ပြန်ပြသခဲ့သော Parkesine အမည်ရှိ အော်ဂဲနစ်ဓာတုပစ္စည်းမှာ လူတို့ပြုလုပ်သော ပထမဆုံး ပလတ်စတစ်ပင် ဖြစ် သည်။ Parkesine သည် Cellulose အော်ဂဲနစ်ပိုလီမာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အပူပေး၊ ပုံသွင်း နိုင်သော လူလုပ်ဓာတုပစ္စည်း ဖြစ်သည်။ ပလတ်စတစ်ရုပ်ဂုဏ်သတ္တိများဖြစ်သော ပေါ့ပါးခြင်း၊ ပျော့ပျောင်းခြင်း၊ ရေငွေ့ဒဏ်ခံနိုင်ခြင်း၊ ခိုင်ခန့်ခြင်းတို့အပြင် ဈေးနှုန်းအားဖြင့်လည်း အထိုက်အလျောက်ချိုသာမှုတို့ကြောင့် ၁၉၅၀ ပြည့်နှစ် များ အတွင်းမှ […]

Read More →
မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသော နိုင်ငံဖြစ်ပြီး၊ တစ်ဦးချင်းရေအရင်းအမြစ်ပိုင်ဆိုင်မှု အချိုးချကြည့် ပါက အိမ်နီးချင်းနိုင်ငံများထက် သာလွန်သည် ကိုတွေ့ရသည်။ ရေအရင်းအမြစ်နှင့် အခြားသောသဘာဝသယံဇာတ များ ပြည့်စုံကြွယ်ဝသည့့်် နိုင်ငံတစ်ရပ်အနေဖြင့်ဘက်ညီသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းနိုင်မည့် အလား အလာကောင်းများစွာလည်း ရှိနေပေသည်။ မြန်မာ့ရေအရင်းအမြစ်အားလုံးသည် နိုင်ငံတော်နယ်နိမိတ်အပိုင်းအခြား အတွင်း၌သာတည်ရှိကာ ယင်းတို့၏ လေးပုံ၊ သုံးပုံခန့်မှာ အမျိုးသားအဆင့်သတ်မှတ်ထားသော မြစ်များဖြစ်သည်။ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းရေအရင်းအမြစ် ပိုင်ဆိုင်မှုအချိုးမှာ နှစ်စဉ်လူတစ်ဦးလျှင် ၁၉,ဝ၀ဝ စတုရန်း မီတာရှိသည်။ အဆိုပါအချိုးမှာ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်း ရေအရင်းအမြစ်ပိုင်ဆိုင်မှုအချိုးထက် ကိုးဆမြင့်မား ကာ အိန္ဒိယထက် ၁၆ ဆ၊ ဗီယက်နမ်ထက်ငါးဆနှင့် ဘင်္ဂလားဒေ့ရှ်ထက် ၁၆ ဆမြင့်မားသည်။ နိုင်ငံတော်အတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ရေကြောင်းခရီးလမ်းများသည် ဒေသတွင်းကုန်စည် နှင့် ပြည်သူတို့အားပေါင်းစည်း ဆက်သွယ်ပေးမည့်၊ […]

Read More →
ကျန်းမာရေးမူဝါဒများ မချမှတ်မီလေ့လာဆန်းစစ်ရမည့် အကျိုးသက်ရောက်မှုများ

သူငယ်ချင်းဖြစ်တဲ့စာ‌ရေးဆရာမကြီးက ကျန်းမာ‌ရေး အ‌ပေါ် အကျိုးသက်‌ရောက်မှုများ ‌လေ့လာဆန်းစစ်ခြင်း (Health Impact Assessment-HIA) အ‌ကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ခုခု‌ရေးပါဆို‌တော့ ကျွန်‌တော်လည်း HIA နဲ့ ပတ်သက်လို့ ကိုယ့်‌ခေါင်းထဲရှိတာ‌တွေ စဉ်းစား ရင်းအရင်ဆုံး‌ပေါ်လာတဲ့အချက်‌တွေက ကျွန်‌တော့်ရဲ့ ဖားကန့်‌ဒေသ‌နေစဉ်က အ‌တွေ့အကြုံ‌တွေ၊ သတင်း မျက်နှာစာများမှာ မကြာခဏ‌တွေ့‌နေရတဲ့ မြစ်ဆုံ ပြဿနာ၊ လက်ပံ‌တောင်း‌တောင်ပြဿနာ၊ ‌ကျောက်မီး ‌သွေးသုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများနဲ့ပတ်သက်တဲ့ ပြဿနာ၊ ‌ရှေးယခင်က ‌ရေလွွှမ်းမိုးခြင်းဆိုတာ မရှိခဲ့ဘူး တဲ့‌ဒေသ‌တွေမှာ ‌ရေကြီး‌ရေလျှံတဲ့ ပြဿနာ‌တွေစတဲ့ အ‌ကြောင်းအရာ‌တွေက ‌ခေါင်းထဲအရင်ဝင်လာပါတယ်။ HIA ဆိုတဲ့စကားလုံးက ကျွန်‌တော်စတင် သိကျွမ်း ခဲ့ရတာ ပြည်သူ့ကျန်းမာ‌ရေးပညာဘွဲ့လွန်သင်တန်း တက်ဖြစ်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်မှပါ။ ဘွဲ့လွန်သင်တန်းမှာ မယူမ‌နေရဘာသာရပ် (၈) ခုအပြင် အခြား‌ရွေးချယ် သင်ယူနိုင်တဲ့ဘာသာရပ် (၆) […]

Read More →
ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်လို့ အကြောတက် ခါးနာ မဖြစ်အောင် ဘယ်လိုထိုင်သုံးကြမလဲ

ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်တာမှာ အနေအထားမမှန်ရင် ခါးနာ၊ ဇက်နာ၊ ဒူးနာသလို ခြေထိပ်လက်ထိပ် ထုံကျင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုထိုင်မလဲဆိုတာကို ကြည့်ရအောင်ပါ။                                                                 ၇။ မော်နီတာမျက်နှာပြင်ကနေ လက်တစ်ကမ်းအကွာမှာ ထိုင်ပါ။ အလင်းမပြန်အောင် ဂရုစိုက်ထိုင်ပါ။ ၈။ စာရိုက်ဖို့ စာရွက်ကို မျက်စိနဲ့ တတန်းတည်းမှာ […]

Read More →
Social media & sharing icons powered by UltimatelySocial