ရွေးကောက်ပွဲနဲ့ ဖေ့စ်ဘွတ်ခ

ဒီနှစ်ထဲမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။ ဒီနိုင်ငံတွေကို ကြည့်တဲ့အခါ ကမ္ဘာပေါ်မှာရှိတဲ့ ဖေ့စ်ဘွတ်ခ် အသုံးဆုံး ၁၀ နိုင်ငံထဲမှာ ပါတဲ့နိုင်ငံတွေချည်း ဖြစ်နေတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကောက်ယူထားတဲ့ စာရင်းဇယားအရ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အများဆုံးပွားများတိုး တက်မှုရှိတဲ့နိုင်ငံဟာ အိန္ဒိယဖြစ်ပါတယ်။ နောက် တော့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ထိုင်း၊ ပြီးမှ မက္ကဆီကို၊ အမေရိက၊ ဘရာဇီး၊ တူရကီနဲ့ယူကေနိုင်ငံတွေ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာမှာ ဆိုရှယ်မီဒီယာကနေတစ်ဆင့် သတင်း အချက်အလက်အမှားတွေနဲ့ နိုင်ငံရေးကြော်ငြာထိုးတဲ့ ပြဿနာဟာ ကြီးထွားနေဦးမယ့် သဘော မှာ ရှိတယ်ဆိုပါတော့။ ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ […]

Read More →
ခေတ်သစ်ပိုးလမ်းမပေါ်မှ မြန်မာ

ခေတ်သစ်ပိုးလမ်းမစီမံကိန်း သို့မဟုတ် ၂၁ ရာစု ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI or One Belt and One Road-OBOR) သည် တစ်ချိန်က ပိုးထည် များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ချမ်းသာကြွယ်ဝမှုများကို သယ်ဆောင်ပေးခဲ့သည့် ရှေး ဟောင်းပိုးလမ်မကြီးကို ပြန်လည်ဆန်းသစ်ဖော်ထုတ်ရန် ရည်ရွယ်လုပ်ဆောင်သည့် တရုတ် နိုင်ငံ၏ မဟာစီမံကိန်း ကြီး ဖြစ်သည်။ ရှေးဟောင်းပိုးလမ်းမကြီး ပိုးလမ်းမကြီး (Silk Road) ခေါ် ပိုးလမ်းကြောင်းကြီး (Silk Route) ကား အဓိက အားဖြင့် ရောမနှင့်တရုတ် ဟူသော မဟာယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီးနှစ်ခုတို့အကြား ကုန်စည်များ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်အယူအဆများ၊ ယုံကြည်သက်ဝင်မှုများနှင့် အတတ် ပညာများ အပြန်အလှန်စီးဆင်းကူးလူးဖလှယ်ခဲ့ရာ တရုတ်ပြည်နှင့် အနောက်တိုင်းကို ချိတ် […]

Read More →
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခရီးနီးမလား၊ ဝေးမလား

ဖွဲ့စည်းပုံအခြေခံဥပဒေ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ဝတ္တရားများကို ပိုင်းခြား သတ်မှတ်ပေးပြီး ပြည်သူလူထု၏ အခိုင်အမာရပိုင်ခွင့်များကို အာမခံသည့် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမှုအစုအဖွဲ့တစ်ဖွဲ့၏ အခြေခံမူဝါဒများနှင့်ဥပဒေများ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံ တော်နှင့် ယင်း၏ပြည်သူများကြားမှ လူမှုပဋိညာဉ် တစ်ရပ်၏ အခြေခံအုတ်မြစ်ကို စီစဉ်တင်ပြကာ အရာ အားလုံးလွှမ်းခြုံဆက်နွယ်နေသော ဥပဒေရေးရာ မူဘောင်တစ်ခုကို သတ်မှတ်ပေးအပ်သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစိုးရတစ်ရပ်၏ အဆောက်အအုံအဖွဲ့အစည်းများနှင့် ယင်းတို့၏လုပ်ပိုင်ခွင့်အာဏာများအား ထူထောင်ပေးထားပြီး ယင်းတို့ကြားနှင့် ပြည်သူလူထုကြား ဆက်နွယ်မှုကို သတ်မှတ်ပေးထားသည်။ ရှေးဦးဖွဲ့စည်းပုံအခြေခံဥပဒေများ ၁၈၇၇ ခုနှစ်က Ernest de Sarzec ၏ အီရတ်နိုင်ငံ တွင်းတူးဖော်တွေ့ရှိချက်များအရ ဘီစီ ၂၃၀ဝ ပြည့်နှစ်တွင် ဆူမားရီးယန်းဘုရင် Urukagina of […]

Read More →
နိုင်ငံတကာဇာတ်ကောင်များနှင့်မြန်မာ့အရေး

လူ့ရပိုင်ခွင့်စောင့်ကြည့်ရေးအဖွဲ့(HR Watch)က ၂၀၁၈ အတွက် အစီရင်ခံစာကို ၂၀၁၉ ဇန်နဝါရီလဆန်း မှာ နိုင်ငံအလိုက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ရခိုင်ရှိ မွတ်ဆလင် များ(ရိုဟင်ဂျာ)အရေး၊ ပြည်တွင်းစစ်နဲ့ စစ်ရှောင် ရွှေ့ပြောင်းနေရသူ များအရေး၊ လွတ်လပ်စွာပြောဆိုခွင့်အရေး၊ လယ်ယာမြေရပိုင်ခွင့်အရေးတွေကို အဓိကထား အစီရင်ခံထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာက ဇာတ်ကောင်တွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကျန်တဲ့အရေး တွေကို ခဏထားပြီး နိုင်ငံတကာဇာတ်ကောင်တွေကို စိတ်ဝင်စားစွာ လေ့လာကြည့်မိပါတယ်။ အရင်ဆုံးတော့ ဥရောပသမဂ္ဂနဲ့ကနေဒါတို့က ရခိုင်ပြည်နယ်တွင်းက စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး ဖြစ်တဲ့ တပ်မတော်အရာရှိကြီး ခုနစ်ယောက်ကို  နာမည် ပျက်(အမည်မည်း)စာရင်းအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လမှာ တားမြစ်ပိတ်ပင်ကန့်သတ်လိုက်တာကို တွေ့ရပါတယ်။ သြဂုတ်လမှာတော့ အမေရိကအနေနဲ့ လုံခြုံရေးတပ်မှူး […]

Read More →
Social media & sharing icons powered by UltimatelySocial