စစ်၊ ငြိမ်းချမ်းရေးနှင့်မြေမြုပ်မိုင်းပြဿနာ
မြေမြုပ်မိုင်းသမိုင်းအစဉ် မြေမြုပ်မိုင်းကို ဆွန်မင်းဆက်စိုးမိုးစဉ်ကာလ ၁၂၇၇ ခုနှစ်တွင် တရုတ်နိုင်ငံတောင်ပိုင်းမြို့တစ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားသော မွန်ဂိုတို့အား ပြန်လှန်တိုက်ခိုက်ရာ၌ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ ထိုမိုင်းကို တီထွင်ဖန်တီးခဲ့သူမှာ ၁၃ ရာစု တရုတ်နိုင်ငံသား လျူချန်ရှာဖြစ်သည်ဟုဆိုသည်။ ဥရောပတွင်မူ ပထမဆုံးမြေမြုပ်မိုင်းကို စပိန်စစ်သားတစ်ဦးဖြစ်သော ပီဒရိုနဗာရို (၁၅၂၈ ခုနှစ်တွင် ကွယ်လွန်)က တီထွင်ဖန်တီးခဲ့ပြီး ၁၆ ရာစုအစပိုင်းတွင် အီတလီရဲတိုက်များဝန်းကျင်တစ်ဝိုက် စတင်မြှုပ်နှံအသုံး ပြုခဲ့သည်။ ၁၅၇၃ ခုနှစ်၌ ဂျာမနီနိုင်ငံ၊ သြစဘတ်မြို့တွင် ဂျာမန်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သော ဆင်မြူယယ် ဇင်မာမန်းဆိုသူက အလွန်ပြင်းထန်ထိရောက်သော ဖလက်ဒါမိုင်း (Fladdermine) အမည်ရှိ မိုင်းတစ်လုံးကို တီထွင်ခဲ့ပြီး အဓိကခံတပ်ကြီးများတွင် ၁၈၇၀ ပြည့်နှစ်များအထိ အသုံးပြုခဲ့ကြသည်။ ၁၈ ရာစု ဥရောပစစ်ပွဲများစွာတွင် လက်လုပ်မြေမြုပ်မိုင်းများနှင့် ထောင်ချောက်မိုင်းများကိုသာ အသုံး ပြုခဲ့ပြီး အမေရိကန်တော်လှန်ရေးစစ်နှင့် […]
Read More →