ခေတ်သစ်ပိုးလမ်းမပေါ်မှ မြန်မာ

ခေတ်သစ်ပိုးလမ်းမစီမံကိန်း သို့မဟုတ် ၂၁ ရာစု ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI or One Belt and One Road-OBOR) သည် တစ်ချိန်က ပိုးထည် များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ချမ်းသာကြွယ်ဝမှုများကို သယ်ဆောင်ပေးခဲ့သည့် ရှေး ဟောင်းပိုးလမ်မကြီးကို ပြန်လည်ဆန်းသစ်ဖော်ထုတ်ရန် ရည်ရွယ်လုပ်ဆောင်သည့် တရုတ် နိုင်ငံ၏ မဟာစီမံကိန်း ကြီး ဖြစ်သည်။ ရှေးဟောင်းပိုးလမ်းမကြီး ပိုးလမ်းမကြီး (Silk Road) ခေါ် ပိုးလမ်းကြောင်းကြီး (Silk Route) ကား အဓိက အားဖြင့် ရောမနှင့်တရုတ် ဟူသော မဟာယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီးနှစ်ခုတို့အကြား ကုန်စည်များ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်အယူအဆများ၊ ယုံကြည်သက်ဝင်မှုများနှင့် အတတ် ပညာများ အပြန်အလှန်စီးဆင်းကူးလူးဖလှယ်ခဲ့ရာ တရုတ်ပြည်နှင့် အနောက်တိုင်းကို ချိတ် […]

Read More →
မီဒီယာ၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် အရှေ့တောင်အာရှ

မီဒီယာ၏ သဘောသဘာဝ မီဒီယာဟူသည်မှာ လူထုဆက်သွယ်ရေးလုပ်ငန်း ၏ နည်းလမ်းများပင် ဖြစ်သည်။ မီဒီယာအမျိုးမျိုးအစားစား မီဒီယာကို အဓိကအားဖြင့် ပုံနှိပ်၊ အသံလွှင့်နှင့် အင်တာနက်အမျိုးအစားများအနေဖြင့် ခွဲခြားတွေ့မြင်နိုင် သည်။ ပုံနှိပ်မီဒီယာတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အခြားထုတ်ဝေဖြန့်ချိမှုများ ပါဝင်ပြီး ရှေးအကျဆုံး အမျိုးအစားဖြစ်သော်လည်း ယနေ့ထိတိုင် လူအများ အသုံးပြုနေဆဲဖြစ်သည်။ အသံလွှင့်မီဒီယာတွင် ရေဒီယို ထုတ်လွှင့်မှုနှင့်ရုပ်သံထုတ်လွှင့်မှုတို့ ပါဝင်ပြီး ၁၉၅၀ ပြည့်နှစ်များမှ စတင်တွင်ကျယ်လာခဲ့သည်။ ပင်မရေစီးမီဒီယာအမျိုးအစားထဲတွင် မကြာသေးမီ ဆယ်စုနှစ်အနည်းငယ်အတွင်း သတင်းနည်းပညာ ပေါက်ကွဲမှုနှင့်အတူ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာသော နောက်တိုးမီဒီယာအမျိုးအစားမှာ အင်တာနက်မီဒီယာ ဖြစ်သည်။ ယင်းတွင် ဘလော့(ဂ)များ၊ ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများ ပါဝင်ကာ လူထု ကြားသို့ တစ်ဟုန်ထိုး တိုးဝင်ပျံ့နှံ့လာကာ မူလပင်မရေစီးမီဒီယာများ၏ အနာဂတ်ရေရှည်တည်တံ့မှုကိုပင် ခြိမ်းခြောက်လာ […]

Read More →
နိုင်ငံတကာအထူးစီးပွားရေးဇုန်စီမံကိန်းများနှင့် မြန်မာ

အထူးစီးပွားရေးဇုန် (Special Economic Zone-SEZ)  ဆိုသည်မှာ အထူးစီးပွားရေးဇုန် (SEZ) ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ရေး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရရှိရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ထိရောက်သော စီးပွားရေး စီမံအုပ်ချုပ်မှုဖြစ်ပေါ်ရေး စသည်တို့အတွက် ရည်ရွယ် ဖန်တီးထားသော သီးခြားစီးပွားရေးနယ်မြေတစ်ခုဖြစ် သည်။ ထိုရည်ရွယ်ချက်များ ဖြစ်မြောက်ရေးအတွက် အခွန်၊ အကောက်၊ သွင်းကုန်စည်းကြပ်မှု စသည်တို့တွင်  အထူးကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပေးထားပြီး အလုပ်သမားစည်းမျဉ်းဥပဒေများကိုလည်း အရစ်ကုန် လျှော့ပေါ့ပေးထားသည်။ တစ်နည်းဆိုရလျှင် SEZ များ  ရှိ စီးပွားရေးနှင့် ကုန်သွယ်ရေးဥပဒေများမှာ နိုင်ငံ တစ်ဝန်းရှိ အခြားဒေသများ၏ ပုံမှန်ဥပဒေများနှင့် မတူ ခြားနားကွဲပြားကြသည်။ SEZ  အတွင်းရှိ ကုမ္ပဏီတစ်ခု အတွက် ကမ္ဘာလုံးဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ယင်း၏ကုန်စည်များကို […]

Read More →
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)၏ လက်ရှိအနေအထားနှင့်အနာဂတ်အလားအလာ

SMEs အဓိပ္ပာယ်သတ်မှတ်ချက်များ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် သဗ္ဗရနံပေါင်းသောင်းပြောင်းတွေ လာရောနှောပေါင်းစည်းနေသော အစုတစ်ခုဖြစ်သည်။ SME များကို ကျေးရွာဈေးကွက်အတွက် လယ်ယာသုံး ကိရိယာများ ထုတ်လုပ်ပေးသည့် လက်မှုပညာလုပ်ငန်းကလေး၊ ကျေးရွာလမ်းဆုံလမ်းခွမှ လက်ဖက်ရည်ဆိုင် ငယ်၊ မြို့ငယ်လေးတစ်မြို့မှ အင်တာနက်ကဖေး စသည် မှသည် ပင်လယ်ရပ်ခြားဈေးကွက်များသို့ တင်ပို့ရောင်းချ နေသော ခေတ်မီဆန်းသစ်သည့် အင်ဂျင်နီယာပစ္စည်း သို့မဟုတ် ဆော့လ်ဝဲလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များရှိ နိုင်ငံစုံကားလုပ်ငန်းကုမ္ပဏီများသို့ တင်ပို့ရောင်းချနေသော အလတ်စားကားအစိတ်အပိုင်း ထုတ်လုပ်ရေးလုပ်ငန်းအထိရှိသည့် စီးပွားရေးလှုပ်ရှားမှု အခင်းအကျင်းကျယ်ကြီးထဲတွင် မမြင်ချင်အဆုံး တွေ့ မြင်နိုင်သည်။ မြို့ပြ၊ ကျေးလက်၊ ဒေသခံ၊ နိုင်ငံတွင်းနှင့်နိုင်ငံတကာ စသော လွန်စွာကွဲပြားခြားနားသည့် ဈေးကွက်များအတွင်း SME လုပ်ငန်းများက လည်ပတ်နေကြသည်။ မတူကွဲပြားသည့် အတတ်ပညာ၊ ကျွမ်း ကျင်မှု၊ အရင်းအနှီး၊ […]

Read More →
Social media & sharing icons powered by UltimatelySocial