နိုင်ငံ့ပုံရိပ်အတွက် ချမှတ်သင့်တဲ့ မူဝါဒတွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခရီးစဉ်အပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာမှာရော ပြည်တွင်းရဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာပါ အပြောင်းအလဲတွေ ရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စစ်အာဏာရှင်သက်တမ်းတလျှောက် ပြည်သူလူထုက  ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အကူအညီကို အမျှော် လင့်ကြီး မျှော်လင့်ခဲ့ကြပေမယ့် သူတို့ဟာ ရောက်မယ့် ရောက်လာတော့ ခုလို လူမှုရေးသဟဇာတအရ ဆတ်ဆတ်ထိ မခံဖြစ်နေတဲ့ အခြေအနေမျိုးမှာမှ ရောက်လာ ခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ ကြီးငါးကြီး ကြီးစိုး ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လက်ထဲကို ဘယ်လိုအစီရင်ခံစာတင်ပြလွှာတွေ ရောက်သွားသွား ဗီတိုမဲ တစ်မဲ ဒါမှမဟုတ် နှစ်မဲကြောင့် မြန်မာ့ဒီမိုက ရေစီရေးအတွက် ထိရောက်ပီပြင်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းချက်တွေ မရှိခဲ့ဖူးပါဘူး။ ပြင်းထန်စွာ သတိပေး တာမျိုး၊ ပြစ်တင်ရှုတ်ချတာမျိုးလောက်နဲ့ပဲ ပြီးခဲ့တာများ ပါတယ်။ ခုတော့ ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို […]

Read More →
၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲ၏ စိတ်ဝင်စားဖွယ်အချက် ၃ ချက်

၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် အရေးကြီးသည့် စိတ်ဝင်စားဖွယ် အချက်သုံးခုရှိသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားသည်။ အဆိုပါ စိတ်ဝင်စားဖွယ် အချက်သုံးချက်မှာ- ၁။ လူထုထောက်ခံမှု ဆက်တိုက်ရလာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း။ ၂။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်ထံသို့ အာဏာလွှဲအပ်ခြင်းသည် ၂၀ဝ၈ ခုနှစ်အခြေခံဥပဒေအရ ပထမဆုံးအကြိမ် အာဏာလွှဲပြောင်းမှုဖြစ်လာခြင်း။(၂၀၁၁ ခုနှစ်က အာဏာလွှဲပြောင်းမှုသည် အသွင်ကူးပြောင်းမှုကာလ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။) ၃။ အစိုးရက နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မစ်ရှင်များကို ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ခြင်း။ ကိုးကား။ ။ စာ-၇၊ ၂၀၁၅ မြန်မာနိုင်ငံရွေးကောက်ပွဲအခင်းအကျင်း၊ ကျော်သွင်ကို၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်၊ လင်းလွန်ခင်စာပေ […]

Read More →
အတည်ပြုကြောင်း ကြေညာခြင်း

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုကြောင်း ကြေညာခြင်း နိုဝင်ဘာ ၈ ရက် ညနေပိုင်း မဲရုံပိတ်ချိန်အပြီးတွင် မဲရေတွက်၍ ရရှိလာသော ဆန္ဒမဲရလဒ်များကို သက်ဆိုင်ရာမဲရုံတွင် ကပ်ထားပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။ ယင်းဆန္ဒမဲရလဒ်များကို စုစည်းပြီး ရပ်ကွက်မှတစ်ဆင့် မြို့နယ်၊ မြို့နယ် မှတစ်ဆင့် ခရိုင်၊ ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီး (သို့) ပြည်နယ်ကော်မရှင်အဖွဲ့ခွဲထံသို့ ပေးပို့ရမည်။ ထိုစာရင်းများအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်ကို တိုင်းကော်မရှင်ရုံးမှ အတည်ပြုကြောင်း ကြေညာရမည်။ မဲရုံအတွင်းဆန္ဒမဲရရှိမှုရလဒ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ကြိုတင်ဆန္ဒမဲရလဒ်နှင့် မဲရုံတွင် မဲပေးသည့် ဆန္ဒမဲရလဒ်တို့ကိုပေါင်း၍ စာရင်းမှန်ကန်ကြောင်း မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အနည်းဆုံးသက်သေ လေးဦးက လက်မှတ်ရေးထိုးပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တစ်စောင်၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ […]

Read More →
Social media & sharing icons powered by UltimatelySocial