သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာအနှစ်သာရများ

ယခုကဏ္ဍတွင် အမ်မစ်တီတက္ကသိုလ်၊ မက်(ဒ)ယာပရာဒက်(ရှ)၊ ရွာလီယာမှ ဒေါက်တာ မိုဟစ် ရှားမား ဆန်ဂျေးဆင်း ဘာဒေါရီးယား (လက်ထောက်ပါမောက္ခ)တို့ ရေးသားထားသော ‘သတင်း အချက်အလက်ရပိုင်ခွင့်၊ အားသာချက်နှင့်အားနည်းချက်များ’ ဆောင်းပါးပါအချက်အလက်များ ကို ထုတ်နုတ်တင်ပြသွားမည်ဖြစ်သည်။

သတင်းအချက်အလက်ရပိုင်ခွင့်၏ သဘောသဘာဝ

သတင်းအချက်အလက်ရပိုင်ခွင့်၏ အနက်အဓိပ္ပာယ်မှာ အများဆိုင်ရာ အဖွဲ့အစည်းများမှ သတင်း ရယူပိုင်ခွင့် ပင်ဖြစ်သည်။ ယင်းတွင် အစိုးရအခမ်းအနား မှတ်တမ်းများ၊ အစည်း အဝေးဆုံးဖြတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များ၊ အစိုးရမှတ်ပုံတင်စာရင်း ဝင် ထုတ်ပြန် ကြေညာချက်များ၊ ဖိုင်တွဲများ၊ စာရင်းစာအုပ်များ၊ အသိပေးစာများ၊ စည်းမျဉ်း စည်းကမ်းများ၊ မြေပုံများ၊ သိုမှီးထားသောအချက် အလက်များ၊ ရုပ်ပုံကားချပ်များ၊ ဖန်တီးမှုလက်ရာ များ စသည့်တို့အား ရယူခွင့်အပါအဝင်ဖြစ်သည်။ ကျယ်ပြန့်သော အနက် အဓိပ္ပာယ်အရဆိုလျှင် အများဆိုင်ရာအဆောက်အအုံများမှသာမက ပုဂ္ဂလိကအဆောက်အအုံများ ယင်းကို ပိုင်ဆိုင်သူ၊ လက်ဝယ်ထားရှိ သူနှင့် ချုပ်ကိုင်ထားသူတို့ထံမှ သတင်းအချက်အလက်ရယူပိုင်ခွင့်လည်း ပါဝင် သည်။ ထို့ပြင် ထိုရယူပိုင်ခွင့်ကို နိုင်ငံသားများ သာမက လူသားတိုင်း၊ တရားဝင်အစုအစည်း တိုင်း နှင့် နိုင်ငံခြားသား တိုင်းကို ပေးအပ်ထားသည်။ သတင်းအချက်အလက်ရပိုင်ခွင့်၏ အတိုင်းအတာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
– သတင်းအချက်အလက်နှင့် သတင်းလွတ်လပ်ခွင့်
– သာမန်ပြည်သူများ၏သိပိုင်ခွင့်
– ပြိုင်ဘက်/စိတ်ပါဝင်စားသော ပါတီအဖွဲ့အစည်းများအတွက် သတင်းအချက်အလက်
– အများပြည်သူဆိုင်ရာ အာဏာပိုင်အားလုံး၏ လုပ်ငန်းလုပ် ဆောင်မှုတွင် ထင်သာမြင်သာရှိမှု၊ ပွင့်လင်းမှုနှင့် တာဝန်ယူမှုများ တိုးမြှင့်ပေးသည့် သတင်းအချက်အလက်၊ အကျင့်ပျက် ခြစားမှုကို ထိန်းချုပ်ရာတွင် သို့မဟုတ် အားပျော့အောင်လုပ်ရာ တွင် အကူအညီအထောက်အပံ့ဖြစ်စေသည့် သတင်းအချက်အလက်ဖွင့်ချဖော်ထုတ်မှု။
– ပြည်သူ့အာဏာပိုင်အဖွဲ့မှ ချုပ်ကိုင်ထားသော အခြားသတင်းအချက်အလက်များ။
– ပြည်သူ့အာဏာပိုင်အဖွဲ့တစ်ခုခုက ထိန်းသိမ်းထားသော သို့မဟုတ် ထိန်းချုပ်ထားသော သတင်းအချက်အလက်နှင့် လတ်တလောအခြေအနေတွင် ပြည်သူ့အာဏာပိုင်အဖွဲ့က ဥပဒေတစ်ရပ်ရပ်အောက်တွင် အင်အားသုံးရယူနိုင်သော သတင်းအချက်အလက်။

သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေများအားလက်ခံကျင့်သုံးခြင်းအတွက် အကြောင်းရင်းခံများ

သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေများအား လက်ခံကျင့်သုံးခြင်းအတွက် အကြောင်း ရင်းခံများကဏ္ဍတွင်
၁။ အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုခင်းများ
၂။ နိုင်ငံတကာဖိအား
၃။ ခေတ်မီရေးနှင့်သတင်းအချက်အလက်လူ့အဖွဲ့အစည်းတို့ပါဝင်သည်။

၁။ အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုခင်းများ

အကူးအပြောင်းကာလနိုင်ငံတော်တွင် ယင်းတို့၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများအား ပြောင်းလဲ သွားအောင် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုများ ကြီး ကြီးမားမားအောင်မြင်ခဲ့ကြသည်။ အိုင်ယာလန်၊ ဂျပန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့ ကဲ့သို့သော ဟိုးယခင်ကတည်းက တည်ဆောက်ခဲ့ပြီးသား ဒီမိုကရေစီနိုင်ငံများတွင် ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်တို့နှင့် ဆက်နွယ်သော နိုင်ငံရေးရာဇဝတ်မှုများအတွက် အရပ်ဘက် လူမှုအဖွဲ့ အစည်းက ဇွဲစိတ်သန်စွာ တိုက်ခိုက်လှုပ်ရှားမှုများ၏ ရလဒ်တစ်ခုအနေဖြင့် ထိုဥပဒေများကို နောက်ဆုံးတွင် သဘောတူလက်ခံကျင့်သုံးခဲ့ကြသည်။

၂။ နိုင်ငံတကာဖိအား

ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများက အကျင့် ပျက်ခြစားသမျှ လျှော့ချရန်နှင့် ဘဏ္ဍာရေးစနစ်များအား တာဝန်ယူတာဝန်ခံမှု ပိုမိုပြုလုပ်စေရန် ဥပဒေများကို သဘောတူလက်ခံရေး နိုင်ငံသားများအား ဖိအားပေးခဲ့ကြသည်။

၃။ ခေတ်မီရေးနှင့် သတင်းအချက်အလက်လူ့အဖွဲ့အစည်း

အစိုးရအတွင်း မှတ်တမ်းတင်ထိန်းသိမ်းမှုစနစ်များအား ခေတ်မီရန်လိုအပ်ချက်နှင့် အီးဂါးဗား မင့်ဆီသို့ ဦးတည်လှုပ်ရှားမှုတို့က သတင်းအချက်အလက် ဖြန့်ဖြူးမှုကို တိုးမြှင့်ပေးနေသည့် ပြည်တွင်းဖွဲ့စည်းပုံတစ်ရပ်ကို ယင်းကိုယ်တိုင်၏ ရည်မှန်းချက် ပန်းတိုင်အဖြစ် ဖန်တီးပေးခဲ့ သည်။ ဆလိုဗေးနီးယားနိုင်ငံတွင် သတင်းအချက်အလက် လူမှုအဖွဲ့အစည်းဆိုင်ရာဝန်ကြီးဌာန သည် အောင်မြင်သော ဥပဒေသဘောတူလက်ခံ ကျင့်သုံးရေးအတွက် အထင်ကရအသံဖြစ်လေ သည်။

သတင်းအချက်အလက်ရပိုင်ခွင့်အတွက် ဖွဲ့စည်းပုံပြဌာန်းချက်များ

အချို့သောနိုင်ငံများတွင် သတင်းအချက်အလက်ရပိုင်ခွင့်ကို အခွင့်အရေးတစ်ရပ်အဖြစ် ယင်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကန့်သတ်ချက်များဖြင့် ပေးအပ်ထားရှိကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရက်တစ်သမ္မတနိုင်ငံ တစ်နိုင်ငံအနေဖြင့် နိုင်ငံ၏စီမံအုပ်ချုပ်မှု လုံခြုံရေးအတွက် ကိရိယာတစ်ခုအဖြစ် ရေးဆွဲထားခြင်းဖြစ်ရာ ဖွဲ့စည်းပုံအောက်ရှိ မိမိတို့၏ အခွင့်အရေးမှာ အသားပေးမှုနှင့် အခြေခံအကြောင်းအချက်ကို ဖြစ်မြောက်စေနိုင်ပြီး ထိရောက် စေနိုင်သည့် အဓိပ္ပါယ်တစ်ခုရှိ ရပေမည်။ ထိုအချက်က စာဖြင့်ရေးသားခြင်း၊ စကားဖြင့်ပြောဆို ခြင်း၊ ပုံနှိပ်ထုတ် ဝေခြင်း၊ ရုပ်/သံလွှင့်ထုတ်ခြင်း စသည့် ပုံသဏ္ဍာန်များဖြင့် လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိခွင့်အပါအဝင် အတွေးအမြင်အယူအဆများနှင့် သတင်းအချက်အလက်များအား နိုင်ငံတော်မှ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာဖြန့်ချိရန် လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်တို့အား ညွှန်ပြနေသည်။ သို့သော် အဆိုပါလွတ်လပ်ခွင့်မှာ ပုံနှိပ်မီဒီယာနှင့် ရုပ်/သံ မီဒီယာတို့တွင်မူ အတူတူမဟုတ်ချေ။ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ တွင်အပိုင်း ၃ ၌ပါဝင်သော အခြေခံအခွင့်အရေးများအဖြစ် သတ်မှတ်ပေးထားသည့် အခြေခံကျ ပြီး အပြောင်းအလဲမရှိသော အခွင့်အရေးများပါရှိသည်။

သတင်းအချက်အလက်ရပိုင်ခွင့်နှင့်အများပြည်သူ့အကျိုးစီးပွား

ယေဘုယျအားဖြင့်ဆိုရလျှင် အောက်ပါအချက်အလက်များသည် သတင်းအချက်အလက် ဖော်ထုတ်မှုကို လိုလားသည့် အများပြည်သူ့အကျိုးစီးပွားဖြစ်ဖွယ်ရှိသည်။

၁။ ပြည်သူ့အာဏာပိုင် အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ချရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန် ယူ တာဝန်ခံမှုကို တိုးမြှင့်ပေးခြင်း။
၂။ အများပြည်သူ့ဘဏ္ဍာငွေကြေးသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုကို တိုးမြှင့်ပေးခြင်း။
၃။ အကျင့်ပျက်ခြစားမှု၊ တရားမမျှတမှုနှင့် အပေးအယူပေါ့ဆမှုတို့အား စုံစမ်းစစ် ဆေးခြင်း။
၄။ အများပြည်သူ့လုံခြုံမှုအပေါ် ထိခိုက်စေမည့် သတင်းအချက်အလက်များအား ဖော်ထုတ်ခြင်း။
၅။ သတင်းအချက်အလက် ဖွင့်ချမှုကိုခွင့်ပြုခြင်း၊ အများပြည်သူအား အသိဉာဏ်ပြည့်ဝသောဆုံး ဖြတ်ချက်တစ်ခု ချခွင့်ပြုခြင်း၊ အများပြည်သူအတွက် အရေးပါ သော ကိစ္စရပ်တွင် အချေအတင် ငြင်းခုံဆွေးနွေးခွင့်ပြုခြင်း။

သတင်းအချက်အလက်ရပိုင်ခွင့်နှင့် အကျင့်ပျက်ခြစားမှု

သတင်းအချက်အလက်ရပိုင်ခွင့်က နိုင်ငံသားတိုင်းအား အစိုးရ၏ လုပ်ဆောင် ချက်များနှင့် ဆုံးဖြတ်ချက်များ သည် အများပြည်သူ့အကျိုးစီးပွား၊ ဂုဏ်သိက္ခာ ဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီ မှုရှိ/ မရှိ မေးခွန်းထုတ်စစ်ဆေး၊ စာရင်းစစ်၊ သုံးသပ်၊ အကဲ ဖြတ်ပိုင်ခွင့် ထိထိရောက် ရောက်ပေး ထားသမျှ အကျင့်ပျက်ခြစားမှုကို လျော့ကျ စေ နိုင်ပြီး စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေမည့်ဟန် ရှိပေသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတအေဘရာဟမ်လင် ကွန်းသည် သတင်းအချက်အလက် ရပိုင်ခွင့်၏ အရေးပါမှုကို ကောင်းကောင်းနားလည်သဘော ပေါက်ခဲ့သည်။ ထို့ကြောင့်ပင် ‘ပြည်သူ့ တို့အတွက် ပြည်သူ့တို့တင်မြှောက်သောပြည်သူ့အစိုးရ}ဟု သူပြောခဲ့ခြင်းဖြစ်သည်။ ပြည်သူလူထု၏ ပထမဆုံးအစိတ်အပိုင်းတွင် ပူးပေါင်းပါဝင် စီမံခန့်ခွဲမှု ကို ထည့်သွင်းထားပြီး ပြည်သူလူထုကဟူသော ဒုတိယအပိုင်းတွင် ပွင့်လင်းမှုနှင့်ထင်သာ မြင် သာရှိမှုကို ထည့်သွင်းထားကာ ပြည်သူလူထုအတွက်ဆိုသော တတိယ အပိုင်းတွင်မှု တာဝန်ယူ တာဝန်ခံမှုကို ထည့်သွင်းထား သည်။ ဤသည်မှာ ဗျူရိုကရေစီ ယန္တရား၏ တုံ့ပြန်မှုကို နိုးကြား ထက်မြက် စေခြင်းနှင့် စီမံအုပ်ချုပ်မှု ယန္တရားအတွင်း စွမ်းဆောင်ရည်ရှိမှုကို ဖြစ်ပေါ်စေခြင်းဖြင့် ပူးပေါင်းပါဝင်မှုကို တိုးစေ၊ အကျင့် ပျက် ခြစားမှုကိုနည်းစေ၊ စီမံအုပ်ချုပ်မှုကို ကောင်းမွန်စေ ခြင်း ဖြစ်သည်။ သတင်းအချက်အလက်ဆိုသည်မှာ အများလက်ခံရယူ လိုသောအရာဖြစ်ပြီး နိုင်ငံ သားတိုင်းက ယင်းကို သူတို့ဘဝအတွင်း လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှုအတွက် လိုအပ် ချက် အဖြစ် သဘောထားကြသည်။ နိုင်ငံသားတို့၏ သတင်းအချက်အလက်ရရှိမှု ပိုလေလေ လူမှုအသိုက်အဝန်းအတွက် အစိုးရသစ်၏ အလိုက်သင့်တုံ့ပြန်မှုပိုလေလေ ဖြစ်ပြီး ကန့်သတ် ချက်များအား ရပိုင်ခွင့်များလေလေဖြစ်သည်။ သင့်တော်လျောက် ပတ်သောသတင်းအချက် အလက်မရှိပါက သာမန်ပြည်သူများအနေဖြင့် နိုင်ငံသား များအဖြစ် ယင်းတို့၏ ရပိုင်ခွင့်နှင့် တာဝန်များအား ပြည့်စုံလုံလောက်စွာ မကျင့်သုံး နိုင်ချေ သို့မဟုတ် အသိဉာဏ်ပါပါ ရွေးချယ်မှု တစ်စုံတစ်ရာကို မပြုလုပ်နိုင်ချေ။ အစိုးရက သိမ်းဆည်းသိုမှီးထားသော သတင်းအချက်အလက် သည် နိုင်ငံ့သယံဇာတ ဖြစ်သည်။ မည်သည့် သီးခြားအစိုးရကဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းအရာရှိ များကဖြစ်စေ သူတို့ကိုယ်ပိုင် အကျိုးအတွက် ထိုသတင်းအချက်အလက်ကို ဖန်တီးထားခြင်း မဟုတ် ဘဲ ယင်းတို့၏ တရားဝင်ဝတ္တရားများ ထမ်းရွက်ရန် ထိုသတင်း အချက်အလက်ကို ဖန်တီးပေးထားခြင်းဖြစ်သည်။ ဆိုရလျှင် အများပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်ရန် အတွက်သာ သူတို့အကျိုးဆောင်ရန် အစိုးရအဖွဲ့အစည်း ရှိနေရခြင်း ဖြစ်သည်။ သို့ဖြစ် သောကြောင့် အစိုးရနှင့် ယင်း၏အရာရှိများသည် သာမန်ပြည်သူများအတွက် ဖန်တီးရယူ ထားသည့် ထိုကဲ့သို့သော သတင်းအချက်အလက်ဘဏ္ဍာတိုက်၏ ဂေါပကများပင်ဖြစ်သည်။ သတင်း အချက်အလက်ရပိုင်ခွင့်က အများပြည်သူတို့အား အစိုးရတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် အရသာ ရနိုင်မည့် မှတ်တမ်းမှတ်ရာများပါဝင်သော သတင်းအချက် အလက်များကို ရယူနိုင်စေ သည်။ သို့တစေ လက်တွေ့တွင်မူ လွှမ်းမိုးနေဆဲ ဗျူရိုကရေစီ ယဉ်ကျေးမှုက ကိုလိုနီခေတ်ကာလ များနှင့် အခြေခံအရ ဘာမျှမခြားနားဘဲ လျှို့ဝှက်မှု အလှမ်းကွာမှုနှင့် သိနိုင်ခက်ခဲသောအရာများအဖြစ် သာ ရှိနေပေသေးသည်။ စင်စစ် ဗျူရိုကရေစီစနစ်၏ လျှို့ဝှက်ချက်ဆိုသော ဤလွန်ကဲမှုကို ကိုလိုနီ ဥပဒေတစ်ရပ်ဖြစ် သည့် ၁၉၂၄- ခုနှစ် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားဝင်စေ ခဲ့ခြင်း ဖြစ် သည်။ ထိုဥပဒေက ပြည်သူ့ဝန်ထမ်းတစ်ဦးဦးထံမှ သာမန်လူထုသို့ အစိုးရသတင်း အချက်အလက်တစ်စုံတစ်ရာ ပေါက်ကြားစေခဲ့လျှင် ပြစ်မှုမြောက်ကြောင်းဆိုထားသည်။ သက်ဆိုင်ဆက်စပ်ရာ သတင်းအချက်အလက်နှင့် ဗဟုသုတရပိုင်ခွင့်ကို အာမခံပေးခြင်းဖြင့် နိုင်ငံသားများအနေဖြင့် အစိုးရ၏ လုပ်ဆောင်မှုကို နားလည်သဘောပေါက်စေနိုင်ပြီး တစ်စတစ်စ စုဆောင်းရရှိလာသော ဤလုပ်ငန်းစဉ်၏ သက်ရောက်မှုက အကျင့်ပျက်ခြစားမှုနှင့် ထင်သလိုအာဏာအလွဲသုံးစားမှုတို့အပေါ် ထိန်းချုပ်သွားလိမ့်မည် ဖြစ်ပေသည်။

သတင်းအချက်အလက်ရပိုင်ခွင့်-ထင်သာမြင်သာရှိမှု၊ တာဝန်ယူ တာဝန်ခံမှုနှင့် ပွင့်လင်းမှု

သတင်းအချက်အလက်ရပိုင်ခွင့်-ထင်သာမြင်သာရှိမှု၊ တာဝန်ယူတာဝန်ခံမှုနှင့် ပွင့်လင်းမှုကဏ္ဍတွင်

၁။ ထင်သာမြင်သာရှိမှုနှင့်ပွင့်လင်းမှု
၂။ တာဝန်ယူတာဝန်ခံမှု
၃။ အများပြည်သူ တာဝန်ယူတာဝန်ခံမှု
၄။ ပြည်သူ့အာဏာပိုင်အဖွဲ့၏ တာဝန်ရှိမှု တို့ပါဝင်သည်။

၁။ ထင်သာမြင်သာရှိမှုနှင့် ပွင့်လင်းမှု

ထင်သာမြင်သာရှိမှုဆိုသည်မှာ ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် ယင်းဆုံးဖြတ်ချက်ကို ကျင့်သုံးလုပ် ဆောင်မှုတို့ကြောင့် အကျိုးသက်ရောက်မှုခံရနိုင်သူအားလုံးသို့ သတင်းအချက်အလက် လွတ်လပ် စွာရယူနိုင်ခြင်းနှင့် တိုက်ရိုက်ရောက်ရှိနိုင်ခြင်းပင် ဖြစ်သည်။ တာဝန်ယူတာဝန်ခံမှုနှင့် ထင်သာ မြင်သာရှိမှု နှစ်မျိုးစလုံးရှိသေးသည်။ အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ထိရောက် သော စွမ်းရည်ပြည့်သော တရားမျှတသော စီမံခန့်ခွဲမှုရှိရန်အတွက် ကြိုတင်စည်းမျဉ်းသတ်မှတ် ချက်တစ်ခုဖြစ်ပေသည်။

၂။ တာဝန်ယူတာဝန်ခံမှု

အာဏာသည် အကျင့်ပျက်ခြစားမှုကိုဖြစ်စေပြီး အြွကင်းမဲ့အာဏာသည် အကြွင်းမဲ့အကျင့် ပျက်ခြစားမှုကို ဖြစ်စေပါသည်။ သတင်းအချက်အလက်ရပိုင်ခွင့်က သတင်းအချက်အလက် ယန္တရား၏ ဆက်သွယ်စုဆောင်း၊ စီစဉ်၊ ဖြန့်ဖြူး၊ သိုမှီးသိမ်းဆည်းမှုများအား ချုပ်ကိုင်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ အာဏာလက္ခဏာကို လျော့ရဲသွားစေရန် အားထုတ်မှုပြုပေသည်။ အကြောင်းမှာ ဤသို့သော သတင်း အချက်အလက်များ ထိုသို့သော အာဏာအုပ်စုမှသည် သာမန် လူများဆီသို့ လွှဲပြောင်း ရောက်ရှိသွားပါက ယင်းတို့၏ အာဏာကို လျော့ရဲသွားစေမည်ဖြစ် သည်။ ခေတ်သစ်ဒီမိုကရေစီသည် အစဉ်အလာအရ ကောင်းကောင်းကြီးဦးထိပ်တင် ထားခဲ့သည်။ အုပ်ချုပ်ရေးက ဥပဒေပြုရေးအား တာဝန်ယူတာဝန်ခံသော မူဝါဒကို ကျော်လွန်၍ ပိုမိုကျယ်ပြန့် ၍ တိုက်ရိုက်ပိုကျသော တာဝန်ယူတာဝန်ခံမှု တစ်ခုကို ယုံကြည်လက်ခံပေသည်။ တာဝန်ယူ တာဝန်ခံမှုဆိုသည်မှာ အစိုးရဌာနများ၏ လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မှုနှင့်ပတ်သက်သော သတင်းပညာအချက်များအား သာမန်ပြည်သူ တို့ ရပိုင်ခွင့်ရှိသည့်အခါမှသာ ဖြစ်နိုင်ပါသည်။

၃။ အများပြည်သူတာဝန်ယူတာဝန်ခံမှု

အများပြည်သူ တာဝန်ယူတာဝန်ခံမှုသည် စီမံအုပ်ချုပ်ရေး ကျွမ်းကျင်မှု၏ မျက်နှာစာ တစ်ဘက် ဖြစ်ပြီး မည်သည့်သတင်းအချက်အလက်မဆို ထုတ်ဝေဖြန့်ချိမှုသည် နိုင်ငံသားတို့၏ ကြီးကြပ်မှု အတွက် လက်နက်ကိရိယာတစ်ခုသဖွယ် အထောက်အပံ့ ပြုပေသည်။ သတင်းအချက်အလက်ကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး နည်းလမ်း တစ်ခုအဖြစ် သဘောထားရကား ယုံကြည်ကိုးစား ထိုက်သော သတင်းအချက်အလက် စီးကြောင်းကို ဖန်တီးထုတ်လုပ်သော အစိုးရသည် ပိုမိုကြီး မားသော ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုနှင့် တာဝန်ယူတာဝန်ခံမှုတို့ကို ဖြစ်ပေါ်စေပေသည်။

၄။ ပြည်သူ့အာဏာပိုင်အဖွဲ့၏ တာဝန်ရှိမှု

ပြည်သူ့အာဏာပိုင်အဖွဲ့အနေဖြင့် ယင်း၏မှတ်တမ်းမှတ်ရာများအား ထိန်းသိမ်းထားရန် ဖြစ်နိုင်ပါက ကွန်ပျူတာပေါ်တွင် သိမ်းဆည်းထားရန် တာဝန်ရှိပါသည်။ အာဏာပိုင်အဖွဲ့သည် သတင်းအချက်အလက်ရပိုင်ခွင့်အက်ဥပဒေ ပြဌာန်းပြီးသည်မှ လေးလတာကာလအတွင်း ထို ဥပဒေကို ထုတ်ဝေဖြန့်ချိရန်ဖြစ်သည်။

သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ကောင်းမွန်သောအုပ်ချုပ်မှု

ကောင်းမွန်သော အုပ်ချုပ်မှုအယူအဆတွင် ထင်သာမြင်သာရှိမှု တာဝန်ယူတာဝန်ခံမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူလူထုပူပေါင်းပါဝင်မှုတို့ အပါအဝင်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှုမှာ အပြုသဘောဆောင်သော၊ တုံ့ပြန်ဆောင်ရွက်မှုရှိသော၊ စာနာတတ်သော အုပ်ချုပ် ရေး အယူအဆပေါ်တွင် အဓိကတည်မှီလုပ်ဆောင် ခြင်းဖြစ်သည်။ ယင်းကို အများပြည်သူ့ အကျိုးစီးပွား၊ အများပြည်သူ့သာယာဝပြောရေး၊ အများပြည်သူဝန်ဆောင်မှုနှင့် အများပြည်သူ ကုန်ပစ္စည်းများအပေါ် အားသွန်ခွန်စိုက် အလေးထားသည့် တန်ဖိုးများ ဖြည့်သိပ်နေသောအရာ တစ်ခုအဖြစ် မှတ်ယူသဘော ထားပေသည်။ ကောင်းမွန်သောအုပ်ချုပ်မှုအယူအဆကို ခိုင်မာစေ ရန် အမြင့်မားဆုံး ထုတ်ဖော်ပြောဆိုမှုနှင့် အနိမ့်ဆုံးလျှို့ဝှက်ထားရှိမှုတို့ လိုအပ်သည်။ ကမ္ဘာ့ ဘဏ်၏ အဆိုအရကောင်းမွန်သောအုပ်ချုပ်မှုက ခိုင်မာအားကောင်းသော အများပြည်သူ့ကဏ္ဍ စီမံခန့်ခွဲ မှု (ကျွမ်းကျင်မှု၊ ထိရောက်မှုနှင့် ခြိုးခြံချွေတာမှု)၊ တာဝန်ယူတာဝန်ခံမှု၊ အပြန်အလှန် ဖလှယ်မှု၊ သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းမှု (ထင်သာမြင်သာရှိမှု) နှင့် တိုးတက်မှု အတွက်လိုအပ်သော ဥပဒေရေးရာမူဘောင် (တရားမျှတမှု၊ လူ့အခွင့်အရေးလေးစားမှုနှင့် လွတ်လပ်ခွင့်) တို့ကို ဖြစ်ပေါ်လာစေသည်။ ကမ္ဘာ့ဘဏ်နှင့်သဘော ကိုက်ညီသည်ဟု ယူဆရသော ဂရိတ်ဗြိတိန်ယူနိုက်တက်ကင်းဒမ်းနှင့် မြောက်ပိုင်း အိုင်ယာလန် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အုပ်ချုပ်မှုအဖွဲ့ (ယခု-နိုင်ငံတကာဖွံ့ဖြိုးတိုးတက် ရေးဌာန)က တရားဝင်ဖြစ်မှု (အစိုးရအား အုပ်ချုပ်ခံပြည်သူတို့က သဘောတူလက်ခံမှု)၊ တာဝန်ယူတာဝန်ခံမှု (ထင်သာမြင်သာရှိမှု လုပ်ဆောင်ချက်များအတွက် တုံ့ပြန်ဖြေဆို နိုင်မှုနှင့် မီဒီယာလွတ်လပ်ခွင့်)၊ လုပ်ရည်ကိုင်ရည် (ထိရောက်သော မူဝါဒချမှတ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှု ပို့ဆောင်ရေး) နှင့် ဥပဒေလေးစား မှု၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအမည်ရသော အဓိကအစိတ်အပိုင်းကြီးလေး ရပ်အပေါ် ဆုံချက်ထား၍ ကောင်းမွန်သောအုပ်ချုပ်မှုကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

ပူးပေါင်းပါဝင်မှု

ကောင်းမွန်သောအုပ်ချုပ်မှုဆိုရာဝယ် လူမှုအသိုက်အဝန်းများကို တိုက်ရိုက်အကျိုးသက်ရောက် သည့် ဖွံ့ဖြိုးရေးမဟာဗျူဟာများ စီမံရေးဆွဲစဉ်အတွင်း အရပ်ဘက်လူ့ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ခွင့်ရှိရမည်ဖြစ်ပြီး အစီအစဉ်များ၊ စီမံချက်များနှင့် ဒီဇိုင်းများရေးဆွဲအကောင် အထည်ဖော်ရာတွင်လည်း ထိုအစုအဖွဲ့များပါဝင် ခွင့်ရရန်လိုအပ်ပေသည်။