ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် DDR, SSR နှင့် မြန်မာ

စစ်နှင့်ငြိမ်းချမ်းရေး လူသားတို့၏ ဖြစ်ပေါ်တိုးတက်မှု သမိုင်းအဆက် ဆက်တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုဟူ၍ ပီပီပြင်ပြင်၊ မယ်မယ် ရရ ဖွဲ့စည်းတည်ဆောက်မှု မရှိသေးသော သမယ၊ သမိုင်းဦးဘုံမြေခေတ်ကာလ၌ သဘာဝလောကနှင့် လူသားအကြား ရှင်သန်ရပ်တည်ရေးရုန်းကန်မှုမှအပ လူသားမျိုးနွယ်ချင်းဆက်ဆံရေးတွင် ပဋိပက္ခသဘော ဆောင်သည့် ဖြစ်ရပ်များမရှိခဲ့ဟု သမိုင်းဆရာတို့က ဆိုသည်။ ထိုကာလက လူသားတို့သည် သဘာဝ ပတ်ဝန်းကျင်မှရရှိသော စားရေရိက္ခာများအား အပို စုဆောင်းထားမှုမရှိ၊ မိမိတစ်ကိုယ်ရည်လောက်ငပြည့်စုံ ရုံသာ သုံးစွဲခဲ့ကြသည်။ ရရှိသမျှမှာ ဘုံပိုင်ဆိုင်မှုအောက် တွင် အညီအမျှရှိခဲ့ကြသည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုများ တိုးပွားလာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားပြဿနာများ စတင်ပေါ်ပေါက်လာခဲ့ သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်၍ ပိုင်ဆိုင်မှုများအား လုယူသည်။ ပိုင်ဆိုင်မှုအနေအထား အရ လူတန်းစားလူ့အလွှာများလည်း ကွဲပြားလာကာ လူမှုဆက်ဆံရေးမှာ ကုန်လုပ်ဆက်ဆံရေး၏ မောင်းနှင် ခံဖြစ်လာသည်။ တစ်ချိန်တည်းတွင် […]

Read More →
လုံခြုံရေးကဏ္ဍကို အမြော်အမြင်ဖြင့်သာ ပြုပြင်ပြောင်းလဲရေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးရရှိရေးအတွက် မဖြစ်မနေ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟုဆိုရာတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနားသတ်လုပ်ငန်းများထဲမှ အရေးကြီးသောလုပ်ငန်းတစ် ခု ဖြစ်ပါသည်။ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဖြစ်စေရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်သော လုံခြုံရေးကဏ္ဍကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲမည်နည်း။ တစ်နည်းအားဖြင့် လက်နက်ကိုင်များအား သာမန် လူ့အဖွဲ့အစည်းအတွင်း မည်ကဲ့သို့  ပြန်လည်ရှင်သန်ပေါင်းစည်းစေမည်နည်းဆိုသည့်အရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေဆဲအချိန်မှာပင် လွန်စွာအလေးထားတွေးတောကာ ဆုံးဖြတ်ရမည့်ကဏ္ဍ ဖြစ်ပေသည်။ စင်စစ် ပြည်တွင်းစစ်နှစ်ခုနစ်ဆယ် ကြာမြင့်ခဲ့သော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက်နှင့် တပ်ဖွဲ့ဝင်အရေအတွက်မှာ လွန်စွာများပြားပြီး မျိုးဆက်အဆက်ဆက်တွင် ရှိနေသည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးအလွန်ကာလများတွင် ယင်းတို့၏အခန်းကဏ္ဍနှင့် အမှတ်လက္ခဏာအတွက် တင်ကြို စိတ်ကူးဆုံးဖြတ်ထားရေး မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ စိန်ခေါ်မှုပင် ဖြစ်ပါသည်။ သို့သော် သည်အရေးကို ဆွေးနွေးငြင်းခုန်ခြင်း အလျဉ်းမပြုဘဲ တစ်ဘက်ဘက်က လက်နက်ကိုင်တစ်စုစု၏ […]

Read More →
ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာ့လူ့အခွင့်အရေးပြဿနာ

လူ့အခွင့်အရေး (Human Rights) လူ့အခွင့်အရေးဆိုသည်မှာ အခြေခံလူ့ကျင့်ဝတ်မူများ သို့မဟုတ် စံသတ်မှတ်ချက်များ ဖြစ်ပြီး တစ်နိုင်ငံချင်းနှင့် နိုင်ငံတကာဥပဒေတို့တွင် ပင်ကိုသဘာဝအရနှင့် ဥပဒေအရ မွေးရာပါ အခွင့်အရေးအဖြစ် ကာကွယ်စောင့်ရှောက်ပေးရမည့် လူသားအခွင့်အရေးဖြစ်သည်။ လူတစ်ဦး တစ်ယောက်အနေဖြင့် ကျားဖြစ်စေ၊ မဖြစ်စေ လူသားတစ်ဦးသာဖြစ်သည့်အလျောက် ယင်း၏ နိုင်ငံ၊ လူမျိုး၊ နေရာဒေသ၊ ဘာသာစကား၊ ကိုးကွယ်မှု၊ ဇာတိပုညနှင့် အခြားအဆင့်အတန်း များကို အပထား၍ လူသားဟူသော ဖြစ်တည်မှုအရ ပင်ကိုသဘာဝအားဖြင့် ဤအခွင့်အရေးကို ပိုင်ဆိုင်သည်။ ယင်းသည် အချိန်တိုင်း၊ နေရာတိုင်းနှင့်သက်ဆိုင်ပြီး လူတိုင်းအတွက် အညီအမျှ အကျုံးဝင်သည်။ ယင်းကို ဥပဒေဖြင့် အကာအကွယ်ပေးရန် လိုအပ်ပြီး လူသားတစ်ဦးချင်းစီ တွင်လည်း အခြားလူသားများ၏ အခြေခံအခွင့်အရေးကို လေးစားရန် ဝတ္တရားရှိပေသည်။ ဤလူ့အခွင့်အရေးအယူအဆသည် နိုင်ငံတကာ ဥပဒေအတွင်းတွင်လည်းကောင်း၊ […]

Read More →
လူ့ရပိုင်ခွင့်များ အသက်ဝင်တည်တံ့ရေးအတွက် ဦးတည်ခြင်း

လူ့ရပိုင်ခွင့်များသည် အာမခံခြင်း၊ လေးစားခြင်း၊ အားပေးခြင်းနှင့်ကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ပါမှ အသက်ဝင်တည်တံ့ရိုး ဖြစ်ပေသည်။ ထို့ကြောင့် ထိုသို့ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမဏ္ဍိုင်၊ အင်စတီကျူးရှင်းနှင့် အစုအဖွဲ့များက သက်ဆိုင်ရာ ဆောင်ရွက်စရာများကို ဆောင်ရွက်ကြရပါလိမ့်မည်။ လူ့ရပိုင်ခွင့်များကို အာမခံခြင်းအား နိုင်ငံ၏အစိုးရဖြစ်သော အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များက ဆောင်ရွက်ကြရပြီး ယင်းအား လေးစား ခြင်းနှင့် အားပေးခြင်းတို့ကို ဥပဒေပြုရေး မဏ္ဍိုင်က ပိုမိုထင်ရှားစွာဆောင်ရွက်ကြလေ့ရှိပေ သည်။ ကျင့်သုံးခြင်းတွင်မူ စတုတ္ထနှင့်ပဉ္စမမဏ္ဍိုင်တို့ဖြစ်ကြသော မီဒီယာနှင့်လူထုကပါ ပူးပေါင်း ဆောင်ရွက်နိုင်ကြပါသည်။ သို့မှသာ နိုင်ငံတွင်း လူ့ရပိုင်ခွင့်များ အသက်ဝင်တည်တံ့နိုင်မည် ဖြစ်ပါသည်။ သို့ဆိုရာတွင် သက်ဆိုင်ရာမဏ္ဍိုင်များက သက်ဆိုင်ရာအစိတ်အပိုင်းများကို မည်မျှ အောင်မြင်ရှင်သန်အောင် ဆောင်ရွက်နိုင်ခြင်းရှိ-မရှိကို လေ့လာအကဲဖြတ်မှုသည်လည်း လိုအပ် ချက်တစ်ခု ဖြစ်ပါမည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းသည့်အနေဖြင့် အာဏာသုံးရပ်ခွဲဝေ ကျင့်သုံးသည့် ဒီမိုကရေစီနိုင်ငံများတွင် လူ့ရပိုင်ခွင့်ဆိုင်ရာ […]

Read More →
Social media & sharing icons powered by UltimatelySocial